Friday, November 4, 2016

နှစ်ခါရှိပြီ

လက်ပံတောင်အရေးကို အမေစုကို တာဝန်ပေးလိုက်တယ်

အခုလဲ နောက်အရေးတခုက မရှင်းမဖြစ် ရှင်းကြရအုံးမယ်

ငြိမ်းချမ်းရေး ကော်မတီလား တာဝန်ရှိသူဆိုတော့ ရှင်းရအုံးမဲ့သဘောပဲ

ဘာမဆိုင်ညာမဆိုင်၊ ဆုံးသွားတဲ့ ညီငယ် မင်းနောင်ပြောပြတဲ့ ဗုဒ္ဓ၀င် ပျက်လုံး သွားသတိရတယ်

ရှင်သုမေဓါက ဒီပင်္ကရာ မြတ်စွာဘုရားမှာ ဘုရားဆုပန်တဲ့ဇာတ်

ဘုရား ဆွမ်းစားကြွဘို့ လမ်းပျက်နေတော့ လမ်းပြင်တာ သုမေဓါရသေ့က မပြီးသေးတော့ ကျောခင်းပေးတယ်
ဘုရားက ကျောပေါ်က နင်းလျှောက်ပြီး နောက် သိကြတဲ့အတိုင်း ဘုရားဆုပန်လိုက်တယ်၊

မသိကြတဲ့အပိုင်းက ဘုရားက ဆွမ်းစားပြီး ပြန်လာတော့လဲ လမ်းက မပြီးသေးဘူးတဲ့

ကျောခင်းပေးပြန်တဲ့ သုမေဓါရသေ့ပေါ်ကနေ ဖြတ်လျှောက်ပြီးတော့ ဒီပင်္ကရာ မြတ်စွာဘုရားက စကားကြီးတခွန်း ခြွေသွားလေရဲ့ 

အသင်သုမေဓါ


သင်သည် ငါဘုရားကို ညာပြီး အနင်းခိုင်းတာ နှစ်ခါရှိလေပြီတဲ့

No comments:

Post a Comment