Tuesday, November 29, 2016

လောင်စာ၊ ထင်း၊ ဆင်းရဲခြင်း

ဒီလိုပဲ မေ့မှာ စိုးလို့  ခံစားချက်တွေ ချရေးတာ
ပူတာအိုမှာ ည ၆နာရီ လုံးဝမှောင်နေပြီ
ဆိုင်ရှေ့ ကနေ အဖွားကြီး ၂ယောက် တလှုပ်လှုပ်နဲ့ ရွေ့ နေကြတယ်
နောက်က တယောက်က ပဲစဉ်းငုံရိုးတွေကို စည်းထားတဲ့ အစည်းကို ခေါင်းနဲ့  ထမ်းလာတယ်
-ကျနော်ကတော့ သိနေတယ်လေ ဒီ အစည်းကလေးဟာ သူတို့ အတွက် ည ချက်ဖို့  ပြုတ်ဖို့  လောင်စာပဲ၊ လျှပ်စစ်မီးပဲ အလင်းရောင်ပဲ
-
ဒါတောင် တစ်ဆယ် ဒီဂရီ စင်တီပဲ ရှိသေးတယ်
-
မြို့ အတွက် လျှပ်စစ် စီမံကိန်းတွေ ကြားခဲ့ရတယ်
သူတို့ အတွက် ပါပါ့မလား
မီးလင်းယုံလောက်ပဲလား
-
အိမ်သုံး စွမ်းအင်အတွက်
အထူးသဖြင့်၊ အပူစွမ်းအင်အတွက် ထည့်စဉ်းစားရဲ့လား
-
လင်းထိန်နေတဲ့ ဟိုတယ်ကြီးတွေ resort တွေရဲ့  ကြားမှာ ဒီလိုပဲ
ပဲစဉ်းငုံရိုးတွေ၊ ကိုင်းရွက်ထင်းတွေနဲ့ နေကြမှာလား
-
ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ ထင်းတောတွေ ထိန်းထားပြီး ထင်းခုတ်ရောင်းနေကြလေရဲ့ 
ကလေးတွေ ထင်းစည်းကလေးတွေ ကိုယ်စီနဲ့ 
ဧရာဝတီကို တကယ်ချစ်ရင် သူ့ သားသမီးတွေအတွက် တကယ်ကောင်းတဲ့ အစီအမံတွေလိုနေပါတယ်

No comments:

Post a Comment