Friday, November 11, 2016

သစ္စာ ဂီတနက်သန် ကိုစောညိန်း

သစ္စာ
ဆို- မောင်မောင်ညွန့်၊ ၀င်းဦး
(ရေမြေဆုံးစေတော့ကွယ် ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် ရှာတော့မယ်)၂
ပြောသံကြားနဲ့ နားဝင်ချို ရင်ဖိုကာရယ်၊ ယနေ့ ပင်တွေ့မြင်ချင်ဇောဝယ်၊ အာရုံစိတ်စောမိပါတယ်၊ လုလင်ငယ်သွေး ခလေးသာသာအရွယ်၊ ဟိုစဉ်ကပဲ... အသဲ စွဲစေခဲ့ပေါ့ကွယ်၊ ဆင်းသွင်ရုပ်ဝါ လက္ခဏာ သွယ်သွယ် ဘယ်ပုံမမှန်း ခန့် နိုင်ဖွယ်၊ သညာယဉ်ကျေး ရွှေသစ္စာခင်လေးရယ်။
တရွေ့ရွေ့ဝေးပါလို့ ၊ ရေမြေအဏ္ဏ၀ါ ကမ္ဘာမြေခြားရာဝယ်၊ ထွက်ပြေးရှောင်ဖယ်၊ ပြေးရှောင်ဖယ်၊ မောင့်အပေါ်ဝယ် မူလွန်းနိုင်အားတယ်ကွယ်၊ နာရီတွေနှောင်း၊ ရက်တွေသာညောင်းပါလို့ ရယ်၊ လရာသီတွေ(ပြောင်းကာ)၂ နှစ်ပေါင်းတွေကြာခဲ့ပေါ့... မဟာကပ်ကမ္ဘာ မြေလွှာပြင်ဝယ်၊ မြူခြေငွေနှင်း ကျကာဆင်းသည့်နှယ်၊ သင်္ကာယုံမှားလွဲစွာ မှောင်မည်းအ၀ိဇ္ဇာဖုံးပိတ်ကွယ်၊ အော်- တွေ့ နိုင်ခဲလှတယ်။
သစ္စာ သစ္စာခင်ရယ်၊ မေ့ကိုချစ်ခင်လေသမျှ၊ လောကရဲ့  ပရိယာယ် မာယာအသွယ်သွယ်... ဆန်းကြယ်စွာ သူလှည့်စား၍ ဇရာကား ၀ါးမျိုခဲ့ပြီကွယ်၊ နေစိမ့်တဲ့မေရယ်၊ ကွယ်ပျောက်လို့  ဘယ်ဆီမှာဝေးတယ်၊ သီတာရေမြေဆုံးပါစေတော့ ရှာရတော့မယ် သစ္စာခင်ရယ်၊ မေတမင် ပုန်းရက်မှာလားကွယ်...။

No comments:

Post a Comment