Friday, November 11, 2016

ဝသန်ခါဦး ဂီတနက်သန် ကိုစောညိန်း

၁၂။ ၀သန်ခါဦး
ဆို- ကိုလှထွန်း
မေရှင်
မောင်မောင်ညွန့်
မိုးဦးသစ်ခဲ့ပြန်ပြီ၊ ပြာပြာဝေဆိုင်း၊ အုံကာသာပဲ မှိုင်းတလဲ့လဲ့၊ သိုင်းဖွဲ့ရွှေပစ္စုန်သည် ပြိုမလိုလိုနဲ့  တိမ်ညိုပြိုင်းပြိုင်း ဆိုင်းသွဲ့ဝေရီ မြစိမ်းစိုဖန့်ဖန့်ပြေ၊ စုံခြေနံ့သာ မြိုင်မဟီ၊ မှုံသိင်္ဂိ ရင့်ပင်ယံကြွင်း၊ ပန်တော်မီ၊ ပိတောက်ကျန်ညှာချီ ရာသီခါလင့် ပွင့်ဝါသင်းလို့  တ၀င်းဝင်း ကြွေသက် တညှင်းညှင်းချွေရက်၊ လွမ်းပိုအောင် တောင်ပြန်လေသွေး၊ စက်၍အေးတော့သည်။
မာန်တင်း ဖန်ဆင်းဖွဲ့ကာ၊ ၀ဠာဘောင် စိုပြေ နဂိုနေတိမ်ပန်းချီ၊ ပုံမခြား ဂဠုန်နဂါး ပြေးလွှားဟန်သည်၊ ဆေးစပ်မိလေပြီ၊ မှင်ခိုလဲ့ရီ၊ ခိုပြာနီလာညိုလွှာရင့်တဲ့ မကာရ်းတောင်တိမ်မြင့်က၊ လွှင့်ကာနေပြီ၊ အမ္ဗုန်မောင်က သည်းကျွမ်းလုအောင် ခင်းတော့သည်။
ဗျူဟာဆင်ဖြန့်  စစ်အင်ကျင်းသည်၊ အာကာပြင်နှံ့  သေနင်္ဂါမည်၊ တိမ်လှိုင်း မှိန်မှိုင်းဝိုင်းယံအုံ့ ချီ သနားညှာတာမဲ့၊ တရားမစာနာခဲ့ ပူအောင်ဖန်ပြီ၊ မာန်မငြိုးပါနဲ့  အလိုလိုမအေး၊ ရွှေရင်မှာဖို ငိုချင်ဆွေးပေါ့၊ ဝေးလေဖော်မယ့် တကိုယ်ရေ နွမ်းခဲ့ပြီ၊ အော်- လွမ်းရ၀သန်ရာသီ၊ မိုးနတ်ဆွေရဲ့ ဒီမောင်ချစ်ရေးမညီ။
မာန်တင်း ဖန်ဆင်းဖွဲ့ကာ၊ ၀ဠာဘောင် စိုပြေ နဂိုနေတိမ်ပန်းချီ၊ ပုံမခြား ဂဠုန်နဂါး ပြေးလွှားဟန်သည်၊ ဆေးစပ်မိလေပြီ၊ မှင်ခိုလဲ့ရီ၊ ခိုပြာနီလာညိုလွှာရင့်တဲ့ မကာရ်းတောင်တိမ်မြင့်က၊ လွှင့်ကာနေပြီ၊ အမ္ဗုန်မောင်က သည်းကျွမ်းလုအောင် ခင်းတော့သည်။

No comments:

Post a Comment