Friday, November 11, 2016

ချစ်ပြုံးနှင်းဆီ ဂီတနက်သန် ကိုစောညိန်း

 ချစ်ပြုံးနှင်းဆီ
ဆို- ရေနံ့သာစိုးလှိုင်
(ဖြူပြာလဲ့ မူရာသွယ်နွဲ့ ချစ်တဲ့သူခင်ရယ်၊ မာန်ငြိုမျက်နှာထားတွေရယ်၊ အညှိုးကြီးနဲ့ စိမ်းတာ လေလားကွယ်၊ ရွှေနှင်းဆီငုံကလေးနှယ်၊ နှုတ်ခမ်းတော်စူလွန်းတယ်)၂
နေ့စဉ်စောင့်ပါလို့ ရယ်၊ နေပေမဲ့ကွယ်၊ ပွင့်နိုင်ခဲပါဘိတယ်၊ သန္တာလဲ့ရယ်၊ ဘယ်ခါချစ်ပြုံး၊ မာလာကိုကွယ်၊ ခူးဆွတ်လို့ ဖုန်း မောင်နမ်းသာမယ်။
ချစ်ပြုံးနှင်းဆီပွင့်ကို၊ မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ်၊ ဘယ်ရာသီဝယ်၊ မာလာရယ် ပွင့်မှာလဲကွယ်၊ တငုံထဲမငုံပဲ နဲနဲလဲ လျှော့စေချင်ပါတယ်၊ သဘာဝတရား မထားသာပဲမို့ ကွယ်၊ ပြုံးလိုက်ပါတော့လားကွယ်၊ သနားမဖက်တဲ့ အလှနှင်းဆီရယ်။
နေ့စဉ်စောင့်ပါလို့ရယ်၊ နေပေမဲ့ကွယ်၊ ပွင့်နိုင်ခဲပါဘိတယ်၊ သန္တာလဲ့ရယ်၊ ဘယ်ခါချစ်ပြုံး၊ မာလာကိုကွယ်၊ ခူးဆွတ်လို့ ဖုန်း မောင်နမ်းသာမယ်။

No comments:

Post a Comment