Wednesday, November 9, 2016

ဘေးအန္တရယ်များ ကာကွယ်နိုင်အောင် ပြောင်းလဲရန် အချက်များ Khun San Aung

ဘေးအန္တရယ်များ ကာကွယ်နိုင်အောင် ပြောင်းလဲရန် အချက်များ Khun San Aung
77 reads
ထက်ထက်ကြီး ကလေးရနိုင်တာ မရနိုင်တာ အပထားထား သူ့လို မ hot နိုင်တာလဲ အပထား တိုးတက် ဖြစ်ပေါ်တိုးတက်နေတဲ့ အခြေအနေကို အမှီ လိုက်မပြောင်းဘူး ငြင်းနေတဲ့ အဖွဲ့အစည်းတွေကို အပထား မှန်နေတဲ့ စကားကတော့ Change is happening with or without you. လူတွေရဲ့ တကယ်လိုအပ်နေတဲ့ အခြေအနေကိုတော့ သွားတားလို့မရနိုင်ပါ။ ပြောင်းလဲနေတဲ့ Trend ကို Direction အမှန်ဆီသို့ ရောက်အောင် ၊ ရောက်သွားအောင် Adapt သို့မဟုတ် မှန်ကန်တဲ့ response လုပ်ဖို့ တစုံတယောက်၊ တရားဝင် အဖွဲ့မှာ တာဝန်ရှိပါတယ်။ မှန်ကန်တဲ့ တခုခု နဲ့ တုန့်ပြန် ရပါတယ်။
လူတွေရဲ့ issue တိုင်းကို တုန့်ပြန်ဖို့ မလိုပါဘူး ဒါပေမယ့် လိုအပ်လာရင်၊ လမ်းလွဲလာရင် မှန်ကန်တဲ့ တခုဆီကို ရောက်သွားအောင် သိတတ်သူ လူကြီးတွေက ၊ သက်ဆိုင်ရာ ပညာရှင်တွေက ပြန်လည် တည့်မတ် ရပါတယ်။
ယခင်နည်းဟောင်းတွေနဲ့ တုန့်ပြန်တာ မလုံလောက်ဘူးဆိုရင် နည်းအသစ်တွေနဲ့ ပြောင်းလဲ တုန်ပြန်ဖို့ လိုအပ် လာပါတယ်။
အစမရှိ အဆုံးမရှိ ဘာကိုလာပြောနေတာလဲ? ဆိုလိုရင်းက သက်ဆိုင်ရာ အဖွဲ့အစည်း ၊ အာဏာရ အုပ်စိုးနေသော အစိုးရ ၊ သက်ဆိုင်ရာ ပညာရှင်များကို မိမိလုပ်နေတာသည် လုံလောက်ပါသည်ဟု မထင်မိဖို့ ၊ နှာစီး မနေဖို့ ၊ ရေသာမခိုဖို့ ၊ အသစ်ကို ကြိုးစားဖို့ ဆိုလိုပါတယ်။ အဲဒါမှ မဟုတ်ရင် ၊ တာဝန် မကျေပါဘူး။ အရင်က ရေးထားတဲ့ စည်းမျဉ်း စည်းကမ်းတွေက မလုံလောက်တော့ပါဘူး။
ရာစုသစ် ၊ ခေတ်သစ်ကို လိုက်လျော ညီထွေစွာ တာဝန်ယူ နိုင်တဲ့ institution ဖြစ်ဖို့ လိုလာပါတယ်။
Khun
ယခု FB တွင် ဖြစ်ပေါ်နေသော disaster related ကိစ္စများနှင့် ပါတ်သက်ပြီး ပြည်သူလူထုမှ နည်းအမျိုးမျိုးဖြင့် ကြားသိလာသော အချက်အလက်များဖြင့် ဝေဝါးသွားပါသည်။ တနည်းပြောလျင် ခြောက်ခြားသွားစေပါသည်။ လက်တွေ့ အဖြစ်အပျက်တွေကလည်း တကယ် ဖြစ်စေတာကိုး။ သူတို့ မှားသွားတဲ့ direction ကို ပြင်လို့ မရပါဘူး။ အဲဒီတော့ အားမရတာက သက်ဆိုင်ရာ အဖွဲ့အစည်း ၊ Profession body က မှန်ကန်စွာ တုန်ပြန် ရပါမည်။ မဟုတ်လျင် ၊ မဟုတ်ကြောင်း ၊ ဟုတ်ခဲ့လျင်လည်း ဟုတ်မှန်ကြောင်း တရားဝင် ပြောကြား သင့်ပါတယ်
နောက်ကနေ အပြစ်ထိုင် နေတဲ့လူ သို့မဟုတ် Blaming Game မလုပ်ပါ။ highlight လုပ်ပြခြင်းသာ ဖြစ်ပါသည်။ ဖြစ်သင့်သည့် နည်းလမ်းများနှင့် အကြံအညဏ်များပါ ဆက်ပေးသွားပါမည်။
ယခုဖြစ်ရပ်သည် သက်ဆိုင်ရာ နှင့် ပြည်သူများ အကြား ဆက်စပ်မှု နည်းနေပါသည်။ ဆက်စပ်မှု များအောင် သက်ဆိုင်ရာမှ အလုပ်လုပ်ရပါမည် ၊ response ပုံစံ ပြောင်း သင့်ပါသည်။
အကြံပြုသည်မျာ ၁။ Profession body သို့ သက်ဆိုင်ရာမှ warning များကို မှန်ကန်စွာ အချိန်မှီ ထုတ်ပြန် ၊ ကြေငြာရပါမည်။ ၂။ ပြည်သူလူထုကို ထိရောက်အောင် အသိပေး ရပါမည်။ သိအောင်လုပ်နည်းများစွာထဲက ဘယ်နည်းနဲ့ သိသိ အကုန်ပေးရပါမည်။ ၃။ ပြည်သူလူထုကို မည်သည်က အမှား ၊ မည်သည်က အမှန် ဆိုသည်ကို ရှင်းလင်း ချပြရပါမည်။ ပြိုင်ပေါ့ အခြားလူတွေနဲ့။ ဘယ် Channel ကနေပေးမလဲ ၊ လူတွေ ဘာနားထာင်လဲ ၊ ဘာကြည့်လဲ နေရာ အစုံကို ယခုထက် ပိုပြီး ချဲ့ထွင် နည်းများကို ရပါမည်။ ၄။ သက်ဆိုင်ရာ ၊ Professional body ဖက်မှ ပြည်သူလူထုထံမှ အသံကို နားထောင်နိုင်သည့် ၊ ပြည်သူလုထုမှ သတင်းပေးပို့နိုင်သည့် နည်းလမ်းများကို ယခုထက် ဖွင့်ထားပေးရပါမည်။ ဥပမာ ယခုတလော လူကယ်ပြန်က ဆက်သွယ်ရမည့် ရုံးနှင့် ဖုံးနံပါတ်များကို အများသိအောင် ထုတ်ပြန်ပါသည်။ ထို့ထက် ပိုရပါမည်။ ၅။ ရရှိလာသော အချက်အလက်များဖြင့် မိမိတို့ရဲ့ ထုတ်ပြန်ချက် ၊ ဟောပြောချက်များကို ပြန်လည် သုံးသပ်ကာ အသစ် ထပ်မံ ထုတ်လွင့် ကြောငြာ ရပါမည်။
အဲဒါမှသာ ပြည်သူလူထုက သတင်းအမှားများကို ရှောင်ရှားနိုင်ပြီး ၊ အားကြီးသူ ၊ ပညာသိသူ ၊ အုပ်ချုပ်သူ ထံမှာ ကောင်းသော အချက်အလက်များဖြင့် နေ့စဉ်ဘဝကို လုံခြုံစိတ်ချစွာ နေနိုင်ပါမည်။
မပြောင်းပဲနေသည်ကို အပထား ပြောင်းလဲအောင် ဖြစ်နိုင်သည့် ထောင့်တရာက အသိပေး တွန်ချင်ပါသည်။ အခြေအနေကို ဖန်တီးနိုင်သည့် သင့်တော်သည့်သူထံ လွတ်လပ်စွာ တင်ပြကြလော့
ပြောင်းလဲပုံ ဥပမာ ရာသီဥတု ဖြစ်စဉ်များကြောင့် ပြည်သူလူထုများစွာက ခံစားနေရပါသည်။ သက်ဆိုင်ရမှကူညီနေတာကို တွေ့ရှိရပါသည်။ အထက်ပါ အကြံပြုချက်များကို ဒီထက် ပိုပြီးလုပ်နိုင်တာကတော့ ၁။ ပြည်သူတွေက ဖုန်း ၊ ဓါတ်ပုံ စသည်ဖြင့် ၎င်းတို့ တွေ့ကြုံနေရသည့် ပြသနာ ၊ အခက်အခဲ ၊ အဖြစ်အပျက်၊ အချက်အလက်များ ကို အမြဲတမ်း (၂၄နာရီ၊ ၁၂ လလုံး) တင်ပြနိုင်သည့် နည်း ရှိသင့်ပါသည်။ ပုံတွေကို upload လုပ်နိုင်တဲ့ ၊ website ဖြစ်ဖြစ်၊ FB ဖြစ်ဖြစ် ၊ ဖုန်းဖြစ်ဖြစ်
Complaint or incident reporting portal ပေါ့ ဒီ Portal ကနေ သက်ဆိုင်ရာမှ ကြည့်ရှုပြီး ၊ ချက်ချင်း အရေးယူ ဆောင်ရွက်နိုင်ရပါမည်။ Professional body မှလည်း ခိုင်မာသည့် Ground အချက်အလက် ဖြစ်စေပါသည်။
္ပ္ကဤကဲ့သို့သော mechanism ကို အကောင်အထည်ဖေါ် ပြီး တကယ် အသုံးပြုနေမှသာလျင် အထက်ပါ ပြသနာများကို တန်ပြန် ကျော်လွားနိုင်သည့် စနစ်မျိုး ဖြစ်ပါမည်။ ပြည်သူမှ အစိုးရ ၊ အဖွဲ့အစည်း ပညာတတ်သူများထံမှ အကျိုးကျေးဇူးများကို ပိုမိုထိရောက်စွာ ခံစားရပါမည်။


1 comment: