Friday, November 11, 2016

ညွှန်းပြုပရစေ စခန်းအောင်မြေ ရေး/ဆို ရေနံ့ သာစိုးလှိုင်

ညွှန်းပြုပရစေ စခန်းအောင်မြေ
ရေး/ဆို ရေနံ့ သာစိုးလှိုင်
(တမိုးသောက်လျှင်၊ တိမ်ခိုးမြူမှောင် နေရောင် မညိုးခင်၊ ပေါ်လာလိမ့်နိုးနဲ့ ၊ မျှော်ကိုးရသူ ရွှေရင်ဖိုလို့ ပင်၊ ရည်မှန်းကာ တွေးရှုငင်၊ ခြေလှမ်းကာ လာလမ်းဆီသို့ ပင်၊ စခန်းအောင်မြေ နန်းရင်ပြင်က၊ ဆီးကြိုဆိုလျက် ကြိုလျက်ပါအစဉ်၊ ခရီးသည်နှမ လှကညာမေခင်၊ ဘယ်လိုရုပ်သွင်မျိုးနဲ့ ၊ ရှိနေမလဲလို့ ၊ ခုများမြင်စမ်းလှချင်။) ၂
ဤလူ့ နယ်တခွင်၊ ဘယ်တွင်မျှော်မှန်း ခရီးရယ်လမ်းစမမြင်၊ တနေ၀င်ရင်၊ စခန်းမြေဆောင်လျှင်၊ လွမ်းလေအောင်ပင်၊ လွမ်းပါလေနဲ့ စေချင်၊ ရွှေပြည်တော် ရောက်ခါနီးလုပါပေါ့၊ ချွေးပြိုက်တွေကို သိပ်ကာပေးပါ့မယ်ခင်၊ အကြိုတော်လုလင် မောင့်အပါးတွင်၊ ခိုနားလေလှဲ့  မှေးစက်ကာ အပန်းဖြေစေချင်။
ရွှေဟင်္သာမောင်နှံ၊ ငွေသောင်ယံ မြူးကြပြန်၊ တောင်ပံယှက်တင်၊ ဘာသာမာဂဓာ၊ သစ္စာတေးတွေနဲ့ ၊ ရင့်ကြွေးကာပင်၊ သပြေပင် ရေယဉ်စခန်း သည်မှာပင်၊ ပမာတင်စားရင်၊ ချစ်လွန်းတင်၊ နှောင်ကြိုးရစ်ငင်၊ မေတ္တာအောင်နန်းဆင်၊
ဤလူ့ နယ်တခွင်၊ ဘယ်တွင်မျှော်မှန်း ခရီးလမ်းစမမြင်၊ တနေ၀င်ရင်၊ စခန်းမြေဆောင်လျှင်၊ လွမ်းလေအောင်ပင်၊ လွမ်းပါလေနဲ့ စေချင်၊ ရွှေပြည်တော် ရောက်ခါနီးလုပါပေါ့၊ ချွေးပြိုက်တွေကို သိပ်ကာပေးပါ့မယ်ခင်၊ အကြိုတော်လုလင် မောင့်အပါးတွင်၊ ခိုနားလေလှဲ့  မှေးစက်ကာ အပန်းဖြေစေချင်။
ပြန်လည် ရှာဖွေတင်ပြသူ (မယ်ဒလင် ဦးဌေးအောင်)

No comments:

Post a Comment