Wednesday, November 9, 2016

ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေ မှတ်စု ၂၀၁၅ ရေလွှမ်းမှု ဖြစ်စဉ်

ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေ မှတ်စု

31 July 2015 at 23:28

ရေလွှမ်းမိုးမှု အရေးပေါ်အခြေအနေ မှတ်စု (၂၀၁၅ ရေကြီးမှု ဖြစ်စဉ်အတွင်း သမတကြီး ဦးသိန်းစိန်ထံ အရေးပေါ်အေခြအနေ ထုတ်ပြန်သင့်ကြောင်း တင်ပြကြစဉ် ကျနော် ပြုစုပေးလိုက်သော မှတ်စု ဖြစ်ပါသည်၊ မှတ်တမ်း အနေနှင့်ပါ၊ တကယ် သုံးမသုံးမသိပါ
-

မြန်မာနိုင်ငံ မုတ်သုန်ဝင်ရောက်ခြင်း Monsoon Front သည် ပစိဖိတ်သမုဒ္ဒရာအတွင်းမှ မုန်တိုင်းတစ်ခု မြောက်ဘက်သို့ တည့်တည့် တက်သွားသည်နှင့် အကြောင်းတိုက်ဆိုင်ကာ မြန်မာပြည် အောက်ဖက် တောင်ပိုင်းဒေသမှ မြန်မာပြည် မြောက်ပိုင်းသို့ ပြောင်းလဲ ရောက်ရှိသွားခဲ့ပါသည်။
-
အဆိုပါဖြစ်စဉ်ကြောင့် မြန်မာပြည်မြောက်ပိုင်းဒေသတွင် မိုးကြီးမားစွာ အဆက်မပြတ်ရွာသွန်းခဲ့ပါသည်
-
၁၇-၇-၂၀၁၅နေ့ များကပင် စစ်ကိုင်းတိုင်းဒေသကြီး ချပ်သင်း၊ ကန့် ဘလူ ကောလင်းစသည့်မြို့ များတွင် ရေစ၀င်လာခဲ့ပါသည်
-
ရေကြီးသတင်းများအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ အရေးပေါ် GIS အဖွဲ့ ဖွဲ့ စည်းကာ ဂျပန်နိုင်ငံ အာကာသအေဂျင်စီသို့ အကူအညီတောင်းခံခဲ့ပါသည်
အာကာသအေဂျင်စီမှ အောက်ပါ ဂြိုလ်တုဓါတ်ပုံများကို ၂၂ရက် ၂၄ရက်နေ့ တို့ တွင် ပထမအကြိမ် ရိုက်ကူးပေးပို့ ခဲ့ပါသည်။ ဆန်းစစ်ချက်များအရ ထပ်မံအကူအညီတောင်းခဲ့ရာ မြစ်ကြီးနားမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ ရေဒါဓါတ်ပုံများကို ၂၈ရက်နေ့ နှင့် ၃၀ရက် နေ့ များတွင် ရိုက်ကူးပေးပို့ ခဲ့ပါသည်။
-
နောက်ဆုံးပေးပို့ လာသော ပုံမှ လက်ရှိ ရေကြီးနေသော နေရာများမှာ
အသေးစိတ်ကြည့်ရှုချက်များ ဆည်မြောင်းဌာန ဒေတာများအရ အထက်ပိုင်း အင်းတော်စသည်မှ ကောလင်း ကန့် ဘလူစသော မူးမြစ်ဝှမ်း၊ ကလေးမြို့ ကဲ့သို့ သော ကဘော်ချိုင့်ဝှမ်း၊ စသည်တို့ တွင် ရေကြီးမှု အခြေအနေ ဆိုးဝါးပါသည်
-
ဤအချိန်အတွင် ရခိုင်ရိုးမတွင် အနောက်တောင်ပင်လယ်ထဲမှ မုန်တိုင်းဒဏ်ကြောင့် မိုးများရွာသွန်းခဲ့ရာ ဥပမာ မုန်းဆည်သည် သုံးရက်အတွင်း +၂၂ မှ +၃၂(ကနေ့ မနက်) +၃၆ ယနေ့ နေ့လည်တမဟုတ်ခြင်းတက်ရောက်လာပါသည်၊ စေတုတ္တရာမြို့ နေလူထု ပိတ်မိနေသည်ဟု သတင်းများရရှိနေပါသည်။
မိုးဆက်လက်ရွာသွန်းလာပါက အခြေအနေပိုမိုဆိုးဝါးလာမည်ဖြစ်ပါသည်။
-
ယခုအခြေအနေမှ မိုးလျော့သွားမည်ဆိုတိုင် ယခုထိခိုက်ပျက်စီးသွားသော အခြေအနေ၊ ရွေ့ လျားနေ၇သော လူထုကို ပြန်လည်နေရာချထားရေး ရေဘေးလွန် ပြသနာများဖြစ်သည့် လူမှုရေး ကျန်းမာရေး၊ စီးပွားရေး (အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဝ) စသည်တို့ ကို ဖြေရှင်းရန် ပမာဏ ကြီးမားစွာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
-
မိုးပိုမိုရွာနေမည်ဖြစ်ပါကလည်း အောက်အရပ်အတွက် လက်ရှိ မုတ်သုန်ရေကြီးမှု (ဖေါ်ပြထားသည့်အတိုင်း) ရေထရက် ဒိရေတက်မှု၊ မြောက်ဘက်မှ ရေများ အလုံးအရင်းနှင်း စီးဆင်းလာမည့် အခြေအနေများကြောင့် အခြေအနေ များစွာဆိုးဝါးလာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများကို သာမာန်နှစ်များထက် လိုအပ်လာမည် ဖြစ်ပါသည်။
-
ပုံမှန်ရေးဆွဲထားသော ကယ်ဆယ်ရေးစီမံချက်များနှင့် ဆောင်ရွက်နိုင်မည် မဟုတ်ပါသဖြင့် အရေးပေါ်အခြေအနေကျေညာ၍ ၄င်းမှ အပ်နှင်းထားသော အခွင့်အာဏာများကို အသုံးချရန် လိုအပ်ပါမည်။

မြန်မာပြည်
မြန်မာပြည် ရေလွှမ်းနေပုံ ရေဒါဓါတ်ပုံ

ကောလင်း

ကောလင်း
မုန်းချောင်း

မုန်းချောင်း

လှည်းကူး

လှည်းကူး

ကလေးမြို့ 

ကလေးမြို့ 





No comments:

Post a Comment