Saturday, November 12, 2016

ယဉ်မရိုင်း အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။ ဦးကြော့၏ တောဒဟတ်ပန်းဘွဲ့ 

ဦးကြော့၏ တောဒဟတ်ပန်းဘွဲ့ 

ယဉ်မရိုင်း
အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။

လူမရောက်
ဂူ၊ ချောက်၊ ချောင် တောင်ကတုံးမှာ
စုရုံးကာ သူတို့ ပေါက်ရှာကြ
အညှောက် ကြူကြူ မွှေးရှာဘု
အခေါက် ဖြူဖြူကလေးရယ်နဲ့
ကျေးငှက်ပျော်စံ။

ဇလပ်ဝါ ခတ္တာခပါတဲ့
သာတန်ဆောင် ဝါခေါင်လတွင်မှ
ပွင့်ဖူးကြ ချိန်အမှန်
ဝသန္တ လေချိုဖျန်း။

ယဉ်မဆုံးနိုင်ဘု
ပင်လုံးကုန် ခိုင်ညှာတံမတော့
နံ့သာကျံ ဝါဖန်နှောပါလို့
ယဉ်တမူ မြင်သူမောလောက်တယ်
လောကဓာတ်ခန်းမှာလ
ပြောစမှတ်ဆန်းပေရဲ့
တော ဒဟတ်ပန်း။ ။


(ဦးကြော့)


No comments:

Post a Comment