Wednesday, November 9, 2016

တံပိုးရေကျော်(၈) (၉)

တံပိုးရေကျော်(၈)

12 January 2012 at 09:45
တောဆင်းဘို့ ပြင်ဆင်တဲ့နေရာမှာထူးခြားချက်တွေ၇ှိခဲ့ပါတယ်၊နောက်ပိုင်း တောင်ငူကို ကျွန်တော် ဆင်းဘို့ လုပ်တဲ့အခါပဲ ဒါမျိုးဆက်လုပ်ဖြစ်တယ်၊ နောက်ရပ်သွားပြန်ပြီ

နယ်မြေခံခရိုင်က တာဝန်ခံ ခရိုင်မှုး/မြို့ နယ်မှုများနဲ့ လိုအပ်တဲ့အခါ တိုင်းညွှန်မှုးအထိကိုခေါ်ပြီး စီမံချက်ဆွဲတာပဲ၊ အသိအမှတ်ပြုပါတယ်၊ အဲဒီအချိန်က ဒုညွှန်ချူပ်ရဲ့ စီမံအရည်အချင်းကို၊ မလိုအပ်တာတွေဖြူတ်၊ လိုအပ်တာတွေကို စိတ်ချရအောင် ထပ်ပံ့ပိုးနိုင်ခဲ့ပါတယ်၊

အားလုံးကို လွှမ်းမိုးထားတဲ့ ညွှန်ကြားချက်က အလုပ်မှာ ပြည်သူကို ဒုက္ခမပေးရဆိုတာပဲ၊ ဒါကျွန်တော်တို့  အစိုးရဌာနတွေကို ဝေဖန်လေ့ရှိတဲ့ သူများအတွက် ရေးရခြင်းပါ။

ပထမဆုံး ဘိုကလေးဘက်ကို ကျွန်တော်လိုက်သွားတယ် လူလဲများ အကွက်လဲများကိုး။ ထူးထူးဆန်းဆန်း ကားနဲ့လိုက်ချသွားပါတယ်၊ အရင်က ရေလမ်းကနေ အိပ်ပျက်ခံ ခြင်ကိုက်ခံနဲ့ သွားရတဲ့ခရီး။ အခု သက်သက်သာသာနဲ့ မနက်သွား ညနေရောက်ပါပဲ။

အရင်ကျွန်တော်ဘိုကလေးမှာ ဒီရေတောစိုက်ခင်းတွေစိုက်စဉ်က အသိဟောင်းများအကြောင်းကို တည်ူခိုခန်းပေါ်တက်လိုက်စဉ်မှာပဲ ပိုင်ရှင် အဒေါ်ကြီးဆီကနေ ကြားလိုက်ရပါပြီ၊ ဆရာရေ ဆရာ့မိတ်ဆွေ မရမ်းချောင်က ဦးအောင်မြင့်တို့ တော့ ပါသွားရှာကြပြီတဲ့၊

ရုံးမှာ အကြမ်းဖြင်းရှင်းပြ၊ နောက် ဗြူံးမွှေးကျွန်း အမြန်ဆင်းဘို့ လုပ်၊ ဆက်ထွက်ကြပါတယ်၊ တောရောက်တဲ့ည မှတ်မှတ်ရရ လက ထိန်ထိန်သာလို့ ၊ ကျွန်တော် ပရိတ်တွေ ပဌာန်းတွေရွတ်ပြီးမှ ညအိပ်ပါတယ်၊ တရားတော်တွေ တံခိုးကြောင့်လားမသိ၊ ခရီးတလျှောက် အဲဒီအနှောင့်အယှက် လုံးဝမရှိခဲ့ပါဘူး၊

နောက်နေ့ မနက် ၈ျီပီအက်စ်စသင်ပါတယ်၊ တစ်ခါထဲ စခန်းဘေးကျတဲ့ နမူနာကွက်ကို စမ်းတိုင်းဘို့ လုပ်ပါတယ်။
နံပါတ်တစ်အခက်ခဲစတွေ့ ပါပြီ၊ စမှတ်တွေကို ကွန်ပျူတာစံနစ်ထဲထဲ့တာမှာ projection မှားလာတယ်၊ စီမံချက်ရေးတာမှာ ပြသနာမရှိခဲ့ပေမဲ့၊ ဒီမှာက မြေကြီး၊ မြေပုံ၊ ဂျီပီအက်စ်မှန်မှလေ၊ တညနေလုံး ပါလာတဲ့ ကွန်ပျူတာနဲ့  ဓါတ်ပုံတွေနဲ့  အဲဒီပြသနာရှင်းပြီး စမှတ်တွေ ပြန်ပြင်ထဲ့ပေးလိုက်ရတယ်၊
ကျန်တာအဆင်ပြေတယ်၊ တပည့်ကျော်တွေ တကယ်တော်ကြတယ်၊ လက်ကိုင်ဖုန်းတွေ မစိမ်းတဲ့ကောင်တွေ၊ ဂျီပီအက်စ် ပြသနာမရှိ၊ မြေပုံ သင်ပြီးသား၊ ဒီနယ်ကိုလဲ ကျွမ်းကျင်ပြီးသား လူတွေကလဲ လူငယ်တွေ၊ နည်းပညာအသစ်ရဲ့ ဆွဲဆောင်မှုဆိုတာကလဲ ရှိတယ်လေ၊

မိကျောင်းပြသနာပဲနဲနဲရှိတယ် မိကျောင်းရှိနိုင်တဲ့ အကွက်တွေ ဖျက်ကွာဆိုတဲ့ မန္တလေးသား လက်ထောက်ညွှန်မှုးကို ဆဲဆိုပြီး ကြောက်ရင် ရဲခေါ်သွား သေနတ်တောင်းသွားဆိုပြီး အတင်းမောင်းလိုက်ရတာလေးပဲ ရှိပါ့ဗျာ။
လုပ်ငန်းရဲ့ အသက်က ဂျီပီအက်စ်ပါပဲ၊ ရှုတ်ထွေးလှတဲ့ ဒီရေတောမှာ သာမာန်တောလို ကြိုးဆွဲခြင်း လိုင်းဖေါက်ခြင်းတွေ လုပ်နေရင် ဗျာများသွားမှာပါ

လုပ်ငန်းရဲ့ အသက်က ဂျီပီအက်စ်ပါပဲ၊ ရှုတ်ထွေးလှတဲ့ ဒီရေတောမှာ သာမာန်တောလို ကြိုးဆွဲခြင်း လိုင်းဖေါက်ခြင်းတွေ လုပ်နေရင် ဗျာများသွားမှာပါ

အလုပ်စပြီ
အလုပ်စပြီ

အလုပ်နဲ့ ဒေတာက အရေးကြီးလို့ သာ ကြပ်ရတာ ကျွန်တော့် တပည့်တွေ ဒီလို ချောင်းတွေကို ကူးကြရတာ။ မိချောင်းလာဆွဲရင် မတတ်နိုင်၊ အင်န်၈ျီအိုတွေ ဘေးပတ်ဝန်းကျင်မှာလစာကောင်းကောင်း ထောက်ပံ့မှု အပြည့်နဲ့ လုပ်နေကြချိန်မှာ တပည့်ကျော်များ အခုလို ဌာနအလုပ်ကို စွန့် စွန့် စားစားနဲ့  အပင်ပန်းခံကြပါတယ်ဗျာ။ ပြည်သူ့ ဝန်ထမ်းတွေပါ

အလုပ်နဲ့ ဒေတာက အရေးကြီးလို့ သာ ကြပ်ရတာ ကျွန်တော့် တပည့်တွေ ဒီလို ချောင်းတွေကို ကူးကြရတာ။ မိချောင်းလာဆွဲရင် မတတ်နိုင်၊ အင်န်၈ျီအိုတွေ ဘေးပတ်ဝန်းကျင်မှာလစာကောင်းကောင်း ထောက်ပံ့မှု အပြည့်နဲ့ လုပ်နေကြချိန်မှာ တပည့်ကျော်များ အခုလို ဌာနအလုပ်ကို စွန့် စွန့် စားစားနဲ့  အပင်ပန်းခံကြပါတယ်ဗျာ။ ပြည်သူ့ ဝန်ထမ်းတွေပါ

တံပိုးရေကျော်(ကိုး)

30 January 2012 at 08:25
အဲဒီမှာ လပွတ္တာကို သွားဘို့ ကျွန်တော် ရန်ကုန်ကိုပြန်လှည့်ပြီးလာခဲ့ရပါတယ်၊ လပွတ္တာခရီးကတော့ ကြမ်းတမ်းသဗျာ လွယ်ရမှာကို မလွယ်ဖြစ်သွားတယ်၊ စခန်းသွားဘို့ ကို ငှားပေးလိုက်တဲ့ အပြင်မော်တော်က အမျိုးမျိုးပျက်ပြီးတော့ မြို့ ကနေ မနက်၈နာရီကထဲကဆင်းနေတာကို ညနေလေးနာရီမှ ထွက်ဖြစ်တယ်၊ နောက်ထွက်လာရင် ဘိုကုန်းမရောက်ခင်ပျက်တယ်၊ ဘိုကုန်းမှာ ၀င်ညအိပ်လိုက်ရတယ်၊ နောက် ပြင်ပြီးဆက်ထွက်တယ်၊ အဲ စခမ်းမရောက်ခင်ထပ်ပျက်ပါသေးတယ် မတတ်နိုင်တဲ့အဆုံး သူ့ ထားခဲ့ပြီး မုဆိုးမတစ်ယောက်ထောင်ထားတဲ့ ထင်းမော်တော်ငှားတော့မှပဲ စခန်းကို ရောက်ပါတော့တယ်။ ထူးခြားတာကတော့ ဒီဘက်မှာ (ယုံမယုံတော့မသိ) ကျွန်တော် ပဌာန်နဲ့ ပရိတ်၁၃ခုလုံး ရွတ်ပြီးတိုင်း စက်ပျက်တယ်ဗျာ မှတ်မှတ်ရရပဲ။

ဒါပေမဲ့ အဲဒီလမ်းမှာ တော်တော်လေးသိလိုက်ရတယ်။

ပထမဆုံး သဘောင်္ဆိပ်မှာ အကြာကြီး စက်ပြင်နေတုံး မော်တော်မောင်းတဲ့ ကလေးနဲ့ စကားတွေ အတော်များများပြောဖြစ်တယ်၊ အထူးခြားဆုံးကိစ္စက ကျွန်တော်မရောက်ခင်လေးတင် တပတ်လောက်မှာ မုန်တိုင်းဝင်မယ် သတင်းထွက်သေးတယ်လေ၊ အဲဒါကြောင့်လဲ တပည့်ကျော်တွေက ကျွန်တော် စက်လှေတစ်စီး၊ ဆီအပြည့်နဲ့ ကွန်ပျူတာ၊ ဆိုလာပြားတွေ ဂျီပီအက်စ်ရယ် အားကိုးပြီး ဧရာဝတီကို ဖြတ်ပြီး ကျိန်ချောင်းကြီးကနေ လပွတ္တာကို ကူးမယ်ဆိုတာကို ၀ိုင်းတားကြတာကလား။
လူတွေက မုန်တိုင်းအတွက် ပြင်ဆင်ကြတဲ့အထဲမှာ ဘာပါသလဲဆိုတော့ ဆင်းပြီးလုဘို့ စက်လှေငှားကြသဗျား၊ ကြောက်စရာပါပဲ၊ စက်လှေမောင်းသမားကလေးက သူကိုယ်တိုင်ကြုံတာကို ပြောတာပါပဲ၊၊ နောက် သဘောင်္ဆိပ်မှာ သွားနေလာနေကြတာတွေကို ကျွန်တော်ကြည့်နေမိတယ်၊ စီးပွားရေးကတော့ပြန်လည်နေတာပါပဲ၊ မြန်မာလူမျိုးတွေရဲ့  resilience ကတော့ တကယ်ကောင်းပါတယ်၊ ပြင်ဆင်မှုကသာ အကြီးအကျယ်ညံ့ တာကလား၊ အန္တရယ်ကိုတောင် အသုံးချပြီး စီးပွားရှာဘို့ ပဲစဉ်းစားကြတယ်

ဘိုကလေးဘက်ဆင်းတုန်း ဗြုံးမွှေးကျွန်းမှာ အိပ်ရင် အတော်ဝေးတဲ့ ရွာလေးတွေဆီက မီးရောင်တွေ တညလုံးရယ် သီချင်းသံတွေ ကြားနေရတယ်၊ နောက်ကျွန်တော် ကိုမင်းအိုတို့ ရွာဆောက်ထားတဲ့ ကြိမ်ချောင်းကြီးကို ရောက်သွားတယ်၊ အာလားလား မြို့ ပွဲတော်တွေ ရောက်နေသလိုပဲ၊ တညလုံးဆိုနေလိုက်ကြတယ်။ မနက်ပိုင်း ကျွန်တော်နဲ့ ကျွန်တော့် တပည့်တွေ အလုပ်လိုက်နေကြပြီဆိုရင် ရွာသားတွေက ဘောလီဘောပုတ်နေကြလို့ ကကောင်းတုံး၊ ကျွန်တော်တို့ အလုပ်ကို နယ်မြေပေါက်ဈေးနဲ့ ပေးပေမဲ့၊ လာမလုပ်ကြဘူး၊ အင်န်ဂျီအိုတွေက အမျိုးမျိုး အလကား ဝေပေးနေကြတာကိုး။ ကျွန်တော့်စိတ်ထဲမှာ ဆူးပေါက်လာတယ် ဘာကြီးဖြစ်နေဖြစ်နေ အလုပ်ကလေး ခိုင်းပြီးမှ ဝေပေးသင့်တယ်၊ အန္တရယ်ဖြစ်ပြီးခါစမှာ လုပ်ပါ၊ အခုတော့ ရှစ်လလောက် ကြာသွားပြီ၊ အလကားပေးတာ ရပ်ဘို့ ကောင်းပြီ။ အလုပ်လုပ်မှဖြစ်မဲ့လူတွေကတော့ လုပ်နေကြရပါတယ် လှေကလေးထဲမှာ တနေ့ လုံး ကျောပြောင်နဲ့  ခလေးပါ ပါလိုက်သေး။

လပွတ္တာမှာ စက်လှေ လမ်းပျက်တော့ ဘိုကုန်းမှာ ၀င်အိပ်ရတယ်။ ကျွန်တော့် စက်လှေကို စက်လှေသမားဟာ ချောင်းဘေးကပ်ပြီး ထိုးဝါးနဲ့ ထိုးလာရတယ်၊ တနာရီလောက် အဲဒီလို သွားပြီးမှ စက်လှေတွေ အများကြီးပဲ မှီလာကြတယ်၊ ဘိုကုန်းကို သွားကြမှာ။ ပထမဆုံး ပွဲပြန်ကတဲ့ ဖိုးသဲတို့ ဇာတ်ကိုလေ၊ အားလုံးဟာ ပွဲကိုပဲ မဲနေကြတယ်၊ ဘိုကုန်းရောက်တော့ စက်လှေပိုင်ရှင်က ရပ်ကွက် ဥက္ကဌပဲ ပွဲကြည့်မလား မေးပါတယ်၊ မကြည့်နိုင်တော့ဘူး၊ သူပေးတဲ့ နေရာ ပွဲခင်းကော်မတီ ရုံးခန်းမှာ ဖြစ်သလို အိပ်မယ်လို့ စဉ်းစားပေမဲ့ ကျွန်တော်ရောက်လာတယ်ကြားတဲ့ သစ်တောအဆက်တွေက လာခေါ်တာနဲ့ တိုက်တလုံးကိုရောက်သွားပါတယ်၊ အဲဒီကနေ ပွဲသံနားထောင်ရင်း အိပ်နေရာက အလန့် ထညက် ကြားလိုက်ရတယ် ပွဲဦးအပျိုတော်ကနေတာ အဆိုပုဒ်မှာ ဆိုင်းနဲ့ တီးနေပြီး အကပုဒ်မှာ အော်ဂန်တွေ၊ ဂီတာတွေ၊ ဒရမ်တွေနဲ့  မြတ်စွာဘုရား၊ အကတော့ မမြင်ရတော့ နတ်ကတော် အ၀တ်အစားနဲ့ ဘယ်လို ကနေလဲ မသိတော့ပါဘူးဗျာ

နောက် ခေါက်ဆွဲဆိုင်၊ တရုတ်မလှလှလေးတွေ ရောင်းတဲ့ဆိုင်မှာ ညကထမင်းစားတယ်၊ ခလေးတွေ ခလေးတွေ ဆယ်လေးငါးနှစ်သားတွေလောက်ပဲရှိမယ်၊ ခပ်တည်တည် ကိုင်နေလိုက်ကြတာ၊ အဲဒီအချိန် ကျွန်တော့်ကင်မရာကို မီးမပါပဲ မရိုက်တတ်သေးတော့ ပုံမရလိုက်ဘူး။
မနက် ထတော့ ၇နာရီကျော်နေပြီ၊ နေထွက်နေပြီ၊ ပွဲက ကနေတုံး၊ ညက စတိတ်ရှိုးတွေ ပြဇာတ်တွေ ကလိုက်ကြတာများတော့ နောက်ပိုင်းက အထွက်နောက်ကြသွားတယ်၊ ကတဲ့ဇာတ်ကလဲ ရေငန်ပိုင် ဦးရှင်ကြီး ဇာတ်ဆိုတော့ ဒီကောင်တွေ အပြည့်ကရတော့တာပဲလေ၊ နတ်ကိုင်မှာတော့ အကြောက်သား။
လပွတ္တာစခန်းကိုရောက်ပါပြီ၊ ဒိဇာတ်လမ်းအစမှာ ရေးထားတဲ့ နေရာရောက်ပြီပေါ့၊ အိုင်ပေါ့နာနို နားထောင်ရင်း ပြသနာတွေ ရှင်းရပါပြီ၊

ပထမ လိုင်းဖေါက်တာ၊ လိုင်းဖေါက်စရာမှ မလိုတာ၊ ဂျီပီအက်စ်မှာ ၄၀မီတာ တိုးသွားရင်ကို ရတာပဲ၊ အလွဲကို လက်ခံနိုင်ပါတယ်၊ မြေပုံ၊ ဓါတ်ပုံလွဲတာတွေ ပြင်ပေးလိုက်ရတယ်။ ပြီးတာနဲ့ နေပြည်တော်ပြန်တော့၊ ကျွန်တော့်အတွေးခေါ်အသစ်တွေကို စပေးတဲ့ လူတစ်ယောက်နဲ့ တွေ့ ရပါတော့တယ်။
UNEP (United Nations Environment Programme) က Dr. Nizar Aladin Mohamed ပါပဲဗျာ

သံသရာ ကမ်းကို ထွက်သွားကြပြီ
သံသရာ ကမ်းကို ထွက်သွားကြပြီ

အားမာန်နဲ့ အလုပ်လိုက်နေတဲ့ မိန်းမသားတစ်ယောက်

အားမာန်နဲ့ အလုပ်လိုက်နေတဲ့ မိန်းမသားတစ်ယောက်

ညကမဲ့ ပွဲကို အမျှော်ကြီး မျှော်လို့ 

ညကမဲ့ ပွဲကို အမျှော်ကြီး မျှော်လို့ 





No comments:

Post a Comment