Monday, November 14, 2016

ဆရာ မင်းကြီးဦးအောင်မြင့်

ဆရာ မင်းကြီးဦးအောင်မြင့် (၁)

25 August 2011 at 13:10
ဆရာ မင်းကြီးဦးအောင်မြင့် (၁)
ကျွန်တော်တို့  ကိုဒိုက်တို့ ပဲ ကရေဇီဖြစ်တယ်ထင်တဲ့ ရှေးဟောင်းမြို့ တော်တွေ ကိစ္စ အကြောင်းကြောင်းကြောင့် ကျွန်တော် အမြန်မှတ်စုတွေမှာ တင်လိုက်ရတယ်။ မထင်ပဲ လူငယ်တွေကလဲ စိတ်ဝင်စားကြတယ်။ စာမူတွေဟာ ကျွန်တော့်ဆရာကြီး မင်းကြီးဦးအောင်မြင့်ရဲ့ ဘ၀တသက်တာ လုပ်ငန်းများပါပဲ။ ကျွန်တော် ကြည်ညိုလေးစားရတဲ့ ဆရာ့အကြောင်းကို သူ့ ဝါသနာအတိုင်း ရှေးဟောင်းမြို့ တော် ပြန်လည် တူးဖေါ်လိုက်ပါတယ်။ ဆရာ့အကြောင်းရေးရင်း ကျွန်တော်တို့ ဌာနအကြောင်းလဲ မှတ်တမ်းတင်ထားခြင်ပါတယ်။
မင်းကြီးဆိုတဲ့ အခေါ်၊ ကျွန်တော်တို့ သစ်တောဌာနမှာ အင်္ဂလိပ်မင်းများက Chief Conservator; Conservator; Extra Assistant Conservator ဆိုပြီး ရာထူးတွေ သတ်မှတ်ထားတယ်။ Conservator နဲ့  Extra Assistant Conservator ကြားမှာ District Forest Officer (DFO) ဆိုတာရှိလေရဲ့ ၊ မြန်မာလိုဆိုရင် ပထမ သုံးနေရာကို မင်းကြီးချူပ်၊ မင်းကြီး၊ သစ်တောဝန်ထောက်လို့  ခေါ်ပါတယ်၊ ဒီအက်ဖ်အိုကိုတော့ သစ်တောဝန် (သစ်တောခရိုင်ဝန်)လို့ ခေါ်တယ်။
အခုခေတ်မှာ ဒီအခေါ်အတိုင်း ပြည်သူ့ ရဲတွေ ခေါ်တုန်းပါပဲ၊
အခုအချိန်မှာ ဆရာဦးအောင်မြင့်ဟာ အသက်အကြီးဆုံး သစ်တောအရာရှိဟောင်း ဖြစ်သလို အားလုံးက မင်းကြီးလို့ ပဲ ခေါ်နေကြတုံးပါ။ နောက်ဆုံး မင်းကြီးအနေနဲ့  တာဝန်ထမ်းခဲ့တာ သစ်တောသယံဇာတ စာရင်းကောက်ယူရေး စီမံကိန်းမှာပါပဲ၊ ပင်စင်ယူတဲ့ နေ့  ကျွန်တော်ဖိတ်ခြင်းခံရလို့  မှတ်မှတ် ရရ ရောက်ပါတယ်။ အဲဒီနေ့ က ဆရာ့ကို ညွှန်ချူပ်က ဆရာပင်စင်ယူပေမဲ့ ကျန်တဲ့ ပညာရပ်တွေ (ဂီတ၊ ပန်းပု၊ ပန်းချီ၊ ကာတွန်း၊ ရှေးဟောင်းသုတေသန) စသည်တို့ နဲ့  ဘ၀ကို နေထိုင်သွားနိုင်ကြောင်း။ ပြသနာမရှိကြောင်းတွေ ရွှမ်းရွှမ်းဝေအောင် ပြောသွားတာတွေ့ လိုက်ရတယ်၊ အဲဒီအချိန်တုန်းက (၁၉၈၆) ကျွန်တော်က ရန်ကုန်တစ်ပိုင်းရဲ့  သစ်တောမြို့ နယ်မှုးပါ၊ လက်ထောက်တိုင်းတာဝန်ခံလဲ လုပ်တယ်၊ ကျောက်တန်းဘက်မှာ ကျွန်တော့်ကားဆိုက်တာနဲ့  အသုဘအိမ်လို ကုန်ပါပြီတော်ဆိုပြီး သစ်စက်ပိုင်ရှင်ကတော်တွေ အော်ငိုရအောင်ကို လူတွေကို ဒုက္ခပေးတဲ့ ကောင်ပေါ့၊ လူမှုရေးနားမလည်တာ အဲဒီကထဲကပဲ။
ဆရာက တခွန်းပဲ ပြန်ပြောတာ မှတ်မိတယ်။ ဘာတွေ ပညာရပ်တွေ ဘယ်လောက်ပဲ စုံစုံ ကိုယ်က ဘယ်လောက် contribute လုပ်နိုင်တယ်ဆိုတာက အဓိကပါတဲ့။
 

ဆရာ မင်းကြီးဦးအောင်မြင့် (၂)
ဆရာ့ကို ကျွန်တော် ပထမဆုံး ဆုံဘူးတာ မိထ္ထီလာမှာ စတုတ္တနှစ်ကျောင်းသားဘ၀ အခု ပျဉ်းမနားမိုးစွေမှာ တောဆင်းပြီး အပူပိုင်းဒေသ လေ့လာရေး၊ ၁၉၇၄ခုနှစ်မှာ slow 45 ဆိုတဲ့ သစ်ထုတ်ရေးက တီအီ ၁၁ ကားများနဲ့  သွားကြရင်း မင်းကြီးကို ဂါရ၀ပြုပါတယ်၊ အဲဒီကထဲက သတိထားလိုက်မိတာ ကင်မရာလေးတစ်လုံး အမြဲပါပါတယ်၊ စကားပြောရင် ပြုံးပြုံးနဲ့  အေးအေးဆေးဆေးပြောတယ်၊
အဲဒီ ခေတ်က သစ်တောစိုက်ခင်းတွေဟာ အပူပိုင်းဒေသမှာကို တကယ်အောင်မြင်ပါတယ်၊
နောက် မတွေ့ လိုက်တာ ၁၉၈၅မှာ မြို့ နယ်မှုးသင်တန်းတက်တော့မှပဲ တချိန်လာပို့ ချပါတယ်။ ကောင်းကင်ဓါတ်ပုံတွေအကြောင်းကို စိတ်ဝင်စားအောင်ပို့ ချရင်း (ကျွန်တော်တို့ ပါမောက© မင်းကြီးဦးထွန်းကျော်လိုပဲ မြေဖြူတစ်ချောင်းနဲ့ ပဲ မှတ်စုမပါ ပြောနိုင်သူတွေပါ) အခုပြီးခဲ့တဲ့ ၂၀၁၀အစအထိ ကျွန်တော့်ဘ၀ဖြစ်ခဲ့ရတဲ့ Remote Sensing ဆိုတဲ့ စကားလုံးလေးကို မိတ်ဆက်သွားပါတယ်။
မင်းကြီးနဲ့  ကျွန်တော်နဲ့ နောက်ကို သားအဖလို ပတ်သက်တော့မယ်ဆိုတာ ကြိုမတွေးမိပါဘူး၊ ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ ကျွန်တော်က သိပ် အကျိုးမပေးခဲ့ဘူးလေ
ရေးနေတုန်း ကိုဝင်းမောင်သန့်  မေးလာပါတယ်
ကိုမောင်မောင်သန်းရေ။ မေးခွန်းလေးတခု ခွင့်ပြုပါ။ ဦးအောင်မြင့် ဟာ ထားဝယ်သားလားဗျ။ ဟုတ်ရင် သူ .ဖခင်ဟာ ၁၉၃၀ပထမကောလိပ် သပိတ် က ခေါင်းဆောင် ဦးဘရှင်(ထားဝယ်)ဆိုတာဘဲ ဗျ။ အမျိုးမကင်း လို့ မေးကြည့်တာပါ။ မဟုတ်ရင်လဲ တောင်းပန်ပါတယ်။ …
ကျွန်တော်လဲ ဟဲဟဲ သစ်တောဌာနရဲ့  အဘိဓါန်ကြီး မင်းကြီးချူပ်ဟောင်း ဆရာဦးတင်လှကို လှမ်းဆက်ရတော့ပါတယ်ခင်ဗျာ။
ဟုတ်ပါတယ် ကိုဝင်းခင်ဗျား၊ ဆရာဟာ ထားဝယ်သားပါ၊ ဆရာ့အဖေတို့ နာမည်တွေ ရွှေတိဂုံဘုရားမှာ ရေးထိုးထားပါတယ်။ ၀ဏကျော်ထင်ဘွဲ့ ကိုလဲ ရှမ်းပြည်ဘက်မှာ တာဝန်ထမ်းဆောင်စဉ်ရဘူးပါတယ်။ တကသိုလ်ကို ဆေးကျောင်း အရင်သွားပြီးမှ သစ်တောကို ၁၉၅၀ကနေ ၁၉၅၃အထိတက်ခဲ့ပါတယ် စစ်ပြီးခေတ် သစ်တောတကသိုလ် တတိယအသုတ်ပါပဲ။
သင်တန်းမှာတွေ့ ပြီးတော့ ကျွန်တော် ပြောထားတဲ့ ပင်စင်ယူတဲ့ နေ့ ကျမှ မြင်လိုက်ပါတယ်။
ဒီကြားထဲမှာ ဘ၀ဇာတ်ဆရာက ကျွန်တော့်ကို တော်တော်မွှေလိုက်ပါတယ် ပညာတော်သင်စာမေးပွဲဖြေပြီး နယ်သာလင်ကို ကျောင်းသွားတက် ပြန်လာတော့ ကောင်းကင်ဓါတ်ပုံပညာသင်လာလို့ ဆိုပြီး သယံဇာတစာရင်းကောက်ယူရေး စီမံကိန်းရဲ့  ကောင်းကင်ဓါတ်ပုံဌာနစိတ်ကို ပို့ ထဲ့လိုက်ပါတယ်။ အတူတက်သူ မြို့ နယ်မှုးတစ်ယောက်က သူ့ မြို့နယ်သူကို ဒုဝန်ကြီးရဲ့  ကိုယ်နေရာကိုယ်ပြန်ကျဆိုတဲ့ မှတ်ချက်အရ ပြန်သွားပေမဲ့ ကျွန်တော့်နေရာကိုတော့ အာဏာသိမ်းထားသူများကြောင့် နေရာမရှိတော့ပါဆိုတဲ့ မှတ်ချက်နဲ့  စီမံကိန်း ကျွန်တော်ရောက်သွားပါတယ်။
အဲဒီမှာ ဘယ်သူမှပြောကြမှာမဟုတ်တဲ့ မင်းကြီးရဲ့ အကြောင်းတစ်ခု တအံ့တသြတွေ့ လိုက်ရပါတယ်၊
ကိုအောင်မြင့်မှာ သစ်တောကအပြင်ကျန်တဲ့ လုပ်စရာတွေ အများကြီးပါဗျာဆိုတဲ့ အဲဒီအချိန်က ညွှန်ချူပ်ရဲ့ နှုပ်ဆက်စကား ကြောင့်လားမသိ၊ သစ်တောဆိုင်ရာ စာအုပ်စာတမ်းများ၊ တစ်ဘ၀လုံးလုပ်ထားခဲ့တဲ့ သုတေသန စာစောင်များ အားလုံးကို ထားပစ်ခဲ့တာ တွေ့ လိုက်ရပါတော့တယ် ခင်ဗျား။

ဆရာ မင်းကြီးဦးအောင်မြင့် (၃)
၁၉၈၈ခုနှစ် အဲဒီ ကောင်းကင်ဓါတ်ပုံဌာနစိတ်မှာ ကျွန်တော် မင်းကြီးထားခဲ့သော စာအုပ်စာတမ်းများ၊ မင်းကြီးလေ့ကျင့်သင်ကြားပေးခဲ့သော ညီငယ်များ၊ မင်းကြီးစခဲ့သော အလုပ်များနဲ့  နပမ်းလုံးလိုက်နိုင်လို့   နဲနဲ လူလူသူသူဖြစ်သွားတယ်လို့ ပြောရမှာပါ၊ တစ်ခုတော့လဲကျန်ပါသေးတယ် မင်းကြီးရော ကျွန်တော်ရော နယ်သာလင်နိုင်ငံ အိုင်တီစီရဲ့  အင်မတန်ကောင်းမွန်တဲ့ ထရိန်နင်ကို ရပါတယ်။ သစ်တောသယံဇာတ စီမံကိန်းဟာ သူ့ လူ သူရွေး သူ့ လေ့ကျင့်ရေး အစီအစဉ်နဲ့ သူ နိုင်ငံခြားတွေလွှတ်ပြီး ဆောင်ရွက်နေတဲ့ စီမံကိန်းပါ၊ ကျွန်တော်တစ်ယောက်ပဲ ပတ်ကား မြို့ နယ်မှုးတစ်ယောက်ကနေ မနေတတ် မထိုင်တတ် မလုပ်တတ်လို့  စီမံကိန်းက လေ့ကျင့်ခြင်း မပြုပဲ ကိုယ့်ဘာသာကိုယ် ကွန်ပျူတာ ပရိုဂရမ်မင်းက အစ တတ်မြောက်ပြီး ရောက်သွားတာ။ အဲဒီမှာ Vax 11-750 Mini Computer ကို ပုပ်ရဟန်းမင်းကြီး အိပ်ဆောင်လို ထိမ်းသိမ်းထားတဲ့ ကွန်ပျူတာဆရာများ၊ သယံဇာတစာရင်းကောက်တဲ့ အဖွဲ့ ကို ကူလီခေါင်းသာသာထားပြီး၊ အသက်တွေ ချွေးတွေနဲ့  ရင်းလာရတဲ့ ဒေတာတွေကို ကွန်ပျူတာထဲရောက်သွားတာနဲ့ စာရင်းကောက်တဲ့လူတွေ ဘယ်လိုမှ ထိခွင့်မရတဲ့ စံနစ်များ။
မြေပြင်စာရင်းကောက်တာကို အလွှာခွဲဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ထုတ်တဲ့ သစ်တောမြေပုံများ၊ ကောင်းကင်ဓါတ်ပုံ ဖတ်တဲ့အဖွဲ့  မြေပုံ အော့ဖ်ဆက်နဲ့ ၇ိုက်တဲ့ အဖွဲ့ တွေ
နောက်မှပဲ သတ်သတ်ရေးပါတော့မယ်ဗျာ၊ ကျွန်တော် လုံးပမ်းနေရတဲ့ ပထမ ၂နှစ်လောက်မှာ ဆရာနဲ့ လုံးဝ မတွေ့ ရပါ၊ ဘာတွေလုပ်နေလဲ မသိပါ၊ ၃နှစ်လောက်ကြတော့မှ ဆရာကျောင်းသားတွေ ခေါ်လာပါတယ်၊ ရန်ကုန် တကသိုလ် ရှေးဟောင်းပညာဌာနမှာ ကောင်းကင်ဓါတ်ပုံတွေ သင်ပေးနေတယ်၊ လေ့ကျင့်ဘို့  နမူနာပြဘို့ ဆိုပြီး ကျွန်တော်တို့ ဆီခေါ်လာပါတယ်။
ဆရာတပည့်တွေ ပြန်ဆုံကျပြီ၊ ဒါပေမဲ့ သစ်တောအကြောင်းတွေ နဲနဲမှ မဟဘူး၊ ကျွန်တော် အဲဒီအချိန်ထဲက သစ်တောဖုံးလွှမ်းမှု ၁၉၉၀ကို ဂြိုလ်တုဓါတ်ပုံသုံးပြီး တိုင်းနေတာ ဘာမှမေးလို့ မရ၊ တစ်ခုပဲရှိတယ် ၁၉၅၃လောက်ကထဲက ဆရာတိုင်းခဲ့တဲ့ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ၅၇%ဟာ အင်မတန် Conservative ဖြစ်တဲ့ တိုင်းတာမှုဖြစ်ကြောင်း အင်မတန်ကောင်းတဲ့ တောတွေကိုပဲ သစ်တောအနေနဲ့  သတ်မှတ်ခဲ့တာ ဖြစ်ကြောင်းပြောပါတယ်၊
အဲဒီအချိန်မှာ ဆရာ့ ရှေးဟောင်းမြို့ တော်စာအုပ်ကို စရေးနေပါပြီ။ လိုတဲ့ ဓါတ်ပုံတွေ လာရှာတယ်၊ စာတမ်းက အရင်ကရေးခဲ့တဲ့ သုံးမြို့ လောက်ပဲရှိမယ်ထင်တယ်။
၁၉၉၃မှာ ကျွန်တော် ဘ၀ပြောင်းလို့  အလွယ်တကုပြောရရင် ၀န်ကြီးရုံးရောက်သွာတယ်၊ ဆရာနဲ့  အဆက်ပြတ်သွားတယ်၊ ကံကောင်းသွားတာက နီပေါကို အိုင်တီစီတုံးက အခြေခံပဲသိခဲ့တဲ့ Geographic Information Systems and Remote Sensing ကို တစ်လတိတိ သွားသင်းလိုက်ရတာရယ် အက်ဖ်အေအိုမှာ တစ်နှစ်နဲ့ ခြောက်လတိတိ ဒေါ်လာလဲရ ပညာလဲရ အင်းလေး၊ ကင်းတား ဖူးကြီးဆည် ရေဝေရေလဲများ မြေအသုံးချမှုဆိုင်ရာ ပညာရှင်အနေနဲ့  သွားလုပ်လိုက်ရတာပါပဲ။
အက်ဖ်အေအိုက အလုပ်ဆက်လုပ်ချင်ရင် အလုပ်ထွက်ရမယ် ဒါတောင်မှ ခြောက်လနားပြီးမှ ပြန်ခန့် နိုင်မယ်လို့  ရာဇသံပေးပါတယ် ဘာလုပ်မလဲ ပြန်လာတာပေါ့၊ ညွှန်ချူပ်ကလဲ မပေးတော့ဘူး၊
ကျွန်တော့်ကို ဒိတစ်ခါတော့ ၀န်ကြီးရုံးက မင်းနဲ့  ငါတို့ နဲ့  မကိုက် သစ်တောပြန်ဆိုပြီး ပြန်ပို့ လိုက်ပါရောဗျာ။
တော်သေးတာပေါ့ အလုပ်တွေက ရှိနေလို့ ။
အဲဒီမှာ ဆရာနဲ့ ပြန်တွေ့ ရပါပြီ၊ ဒိကြားမှာ လှုပ်ရှားခဲ့တဲ့ ကိစ အ၀၀ကနေ ဆရာ့အတွက် ကျွန်တော် အားဖြည့်နိုင်တာကတော့ အေ၃အရွယ် ရှာ့ပ်ကာလာစကင်နာတစ်လုံး (၁၉၉၅ခုနှစ်မှာ အဲဒီစကင်နာဟာ မြန်မာပြည်မှာ ကြေး။မြေနဲ့  ကျွန်တော့်ဆီမှာနဲ့  ၂လုံးပဲ ရှိတယ်။ ဂျီပီအက်စ် နည်းပညာနဲ့  ၈ျီပီအက်စ် ၃လုံး၊ နောက် ဂျီအိုင်အက်စ် နည်းပညာ၊ ဒီ၈ျီတယ် မြေပုံထုတ် နည်းပညာ။



No comments:

Post a Comment