Wednesday, November 9, 2016

တံပိုးေ၇ကျော် (၅) (၆) (၇)

တံပိုးေ၇ကျော် (၅)

2 January 2012 at 15:13
စာကိုရေးပြီးပစ်ထားလိုက်တာ သိတ်မကြာပါဘူး၊ စာအစမှာ ပါတဲ့အတိုင်း လပွတ္တာ စခန်းမှာ ကျွန်တော် စရေးခါစသုံးနေတာက အိုင်ပေါ့နာနို၊ ဒီကြားထဲမှာ ကျွန်တော် အိုင်ပေါ့တပ်ခ်ျပြောင်းကိုင်တယ်၊ စာကို ဆက်မရေးဖြစ်၊ အခုကျွန်တော် အိုင်ပက်(၂)ကို သမီးပို့ ပေးတာနဲ့ စသုံးနေပြီ၊ အဲဒီလောက်ကြာသွားတယ်၊ အလုပ်မှာလဲ ပညာရှင်အလုပ်တွေမလုပ်ရတော့ဘူး၊ ကျွန်တော့်ဆီကနေ အုပ်ချူပ်မှုဆိုင်ရာ ၈၀%လိုအပ်ပါတယ်တဲ့၊ ဒါနဲ့ ကို ဒီစာစုကို ဆက်မရေးဖြစ်တာ၊

စက်ဆန်းမီးရယ် ကြားထဲမှာ လိုအပ်ချက်တွေနဲ့ သေဆုံးကြရတဲ့ အသက်တွေ ပစ္စည်းဥစ္စာတွေရယ် နောက် ကို ကေအောင်လင်း၊ နောက်စိတ်ပါဝင်စားစွာ ဖတ်ရှု ဆွေးနွေးသူများကြောင့် ဒီစာစုတွေကို လက်ကုန်အထိ ဦးစားပေးဆက်ရေးမယ်လို့ ဆုံးဖြတ်ရေးပါတယ်။

ဒီရေတော တိုင်းတာနည်း။ အရင်ကဆရာတွေဟာ ဒီရေရောက်ကျွန်းတွေကို ၀င်ရိုး axis ဆွဲလိုက်တယ် အဲဒီ ၀င်ရိုးကို ကန့် လန့် ဖြတ်ပြီး မီတာ ၂၀၀၀၊ ၁၀၀၀ထောင့်မှန်လိုင်းတွေ ဆွဲပြီးမာ ၄၀မီတာ အကွာမှာ အချင်းဝက် ၅မီတာစက်ဝိုင်းတွေနဲ့ ကောက်ရမယ်။ ကျွန်တော် အဲဒီအတိုင်းပဲ လိုက်မယ်ဆိုပြီး ဒီဇိုင်းဆွဲတယ်၊ စမှတ်တွေကို အရောက်သွားဘို့ အခက်အခဲရှိတယ်ဆိုတာသိပေမဲ့ ဒီလုပ်ငန်းရဲ့ စကေးနဲ့ လိုအပ်ချက်မှာ ရှိတဲ့ ဂျီပီအက်စ်တွေရဲ့ တိကျမှုက လုံလောက်တယ်ဆိုတာ သေသေချာချာသိထားလို့ ပါပဲ။

ကန့် ကွက်ချက်တွေကလဲ များသား။ ဂျီပီအက်စ်ကို ၀န်ထမ်းတွေ ချကိုင်ခိုင်းလို့ မဖြစ်ဆိုပြီးကန့် ကွက်ကျတာ၊ ကျွန်တော့် အတွေ့ အကြုံအရ ခလေးတွေက တကယ်အားကိုးရင် အားကိုးရပါတယ်၊ အားမကိုးတဲ့ ပုံစံပြရင် သူတို့ ဘက်ကလဲ ဘယ်တုန့် ပြန်မှုပြန်လာမလဲ။ နောက် မင်းဂျီပီအက်စ်က ဘယ်လောက်မှန်လို့ လဲဆိုပြီး မတောက်တခေါက် အသိတွေနဲ့ လာပြောကြတာပါပဲ။ ၈ျီပီအက်စ်မသုံးပဲနဲ့  ရိုးရိုးစစ်သုံးမြေပုံတွေသုံးရင်လဲ တိုင်းဘို့ အမှတ်မှတ်ရတဲ့ ခဲသားရဲ့ အထူ ၁မီလီမီတာလောက်ဟာ မြေပြင်မှာ ဂျီပီအစ်တစ်လုံးရဲ့ အမှားလောက်နဲ့ အတူတူပါပဲခင်ဗျား။

နောက် ၀န်ထမ်းတွေ၊ ကျွန်တော် နယ်မြေ၀န်ထမ်းတွေကို သုံးပါတယ်။ ဒီတော ဒီတောင် (ဆောရီးတောင်မရှိ ကျွန်းတွေပဲရှိတယ်) ဒီကျွန်းတွေကို အပိုင်စား၇ထားတဲ့ ဘီအိုခေါ်တဲ့ ဘိနယ်အရာရှိတွေကို ထဲ့သုံးတယ်။

ညွှန်ချူပ်(အဲဒီအချိန်က ဒုညွှန်ချူပ်)က ပံ့ပိုးပေးတာတွေမှာ နယ်မြေလူထုက ဒုက္ခရောက်နေတဲ့အချိန်၊ လူထုကို ဒုက္ခမပေးမိစေနဲ့ ဆိုပြီး ၀န်ထမ်းတွေ နေ့ တွက်ကို လုံလောက်စွာ ပေးတယ်၊ နယ်မြေလူထုလုပ်အားကိုလဲ တကဲ့ နေ့ တွက်နဲ့ တွက်ပေးတယ်၊ မကြုံစဖူး ၀န်ထမ်းတွေ နေ့ တွက်က တနေ့ ၁၅၀၀၊ လုပ်သားခက တနေ့  ၂၅၀၀။ နောက် စီးစရာ စက်လှေများ ကုန်ကျမဲ့ ဆီများ လိုသေးမရှိကို စနစ်တကျတွက်ချက်ပြီးပေးတယ်။ ဆီဖိုးမပါ ကိုးဆယ့်တစ်သိန်း ငါးသောင်းခုနှစ်ထောင်ရှစ်ရာကျပ်ကုန်ကျပါတယ်။

လုပ်ငန်း၇ဲ့ အသက် ၈ျီပီအက်စ်တင်မက၊ ဒေတာတွေကို စစ်ဘို့ ၊ မြေပုံတွေ ကွင်းထဲမှာတင် ပြင်ဆင်နိုင်ဘို့ ၊ လက်တော့ပ်ကွန်ပျူတာများ၊ မီးစက်၊ အင်ဗာတာ၊ ပေကြိုး (မှားပြန်ပြီ အချင်းတိုင်းမီတာကြိုး diameter tape ခေါ်တယ်၊ တိုင်းလိုက်တာနဲ့ အပင်ရဲ့ အချင်းကို တစ်ခါထဲပေးတယ်၊ ထုထည် ဇယားတွေက လုံးပတ်ကို မသုံး အချင်းကို သုံးတာကိုး။နောက် စားအိုးစားခွက်၊ ဆေးဝါး၊ ရွှံ့ စီးဖိနပ်၊ အသက်ကယ်အကျီင်္၊ သောက်ေ၇သန့် ၊ ဒီဂျီတယ်ကင်မရာ။ မနည်း၊ အဆင့်မြင့် နည်းပညာသုံးရမှာကိုး။

အကူအညီဆိုလို့ ဖရီဒါတခုပဲ၊ အက်ဖ်အေအိုက ဆရာ ကိုထွန်းပေါ်ဦးနဲ့  ကွင်းထဲမှာတွေ့ တယ်။ သူသစ်တောမှာရှိစဉ်က ဆောက်ထားတဲ့ ဗြူံမွှေးကျွန်းက အဆောက်အဦးမှာနေနေပေမဲ့ အားနာနာနဲ့ ပဲ ပြောလိုက်ရတာ၊ အကို အကူအညီကို လေနဲ့ ပေးရင် ကျွန်တော်ကလဲ ဒေတာကို လေနဲ့ ပဲပြန်ပေးမှာလို့ ။ ကျွန်တော်အခုလုပ်တဲ့ အလုပ်ကို အက်ဖ်အေအိုနဲ့ တခြားလူများက ဒေါ်လာရှစ်သောင်းဘိုးလောက် ပရိုဂျက်ဆွဲထားတယ်၊ အခုအထိမတိုင်းပါဘူး။ သူတို့ အားလုံးက လူတွေပဲ ဦးစားပေးကျတယ်၊ သူတို့ လုပ်ရပ်တွေကြောင့် ဘယ်လိုလူတန်းစားတွေ ပေါ်နေတယ်ဆိုတာ ဆက်ရေးပါ့မယ်။

ကျွန်တော့်ဒိဇိုင်းကို ကျွန်တော် ကြားကာလထဲမှာ အကိုကြီးခမ်းအောင်နဲ့ ဗီယင်နာသွားနေတုန်း တောင်မြောက် မီတာ ၂၀၀၀အကွာ အရှေ့ အနောက်ပြေးနေတဲ့ လိုင်းတွေအနေနဲ့ ပြောင်းလိုက်ကျတယ်၊ အကြောင်းပြချက်က ဘာမှမဟုတ် ဂျီပီအက်စ်ကို ၀န်ထမ်းတွေ အသုံးပြုမှုကို မယုံလို့ ပဲ။

ထိခိုက်တာပေါ့။ ကျွန်းအများစုက တောင်မြောက်တန်းနေကျတာလေ၊ ကမ်းဘေးစပ်မှာပဲ ပေါက်တဲ့ တောအမျိုးအစားတွေ representative နည်းသွားတယ်၊ မတတ်နိုင်ပါဘူး၊ ပြင်ထားတဲ့အတိုင်းပဲ ဆင်း၇တာပဲ။
တောရှိတဲ့ နေရာတွေကို ကောက်တဲ့ သစ်တော တိုင်းတာခြင်း ဒိဇိုင်း မီတာ ၂၀၀၀ အကွာအဝေး

တောရှိတဲ့ နေရာတွေကို ကောက်တဲ့ သစ်တော တိုင်းတာခြင်း ဒိဇိုင်း မီတာ ၂၀၀၀ အကွာအဝေး

အကွက်တစ်ကွက်ခြင်းမှာ လိုင်းတွေနဲ့  sample plot တွေ ချထားပုံ


တံပိုးေ၇ကျော်(ခြောက်)

3 January 2012 at 09:57
နောက်တစ်ဆင့် ဘာတွေတိုင်းမှာလဲ၊

အရေးကြီးပါတယ်၊ ယခင် သစ်တောအခြေအနေပဲတိုင်းတာကြတာ၊ အခု မုန်တိုင်းရဲ့ သက်ရောက်မှု၊ လူတွေရဲ့ သက်ရောက်မှု၊ သစ်ပင်တွေရဲ့ ထိခိုက်မှု တုန့် ပြန်မှု၊ ဒီနေရာမှာတော့ rapid assessment တွေဝင်သွားတဲ့ JICA , FREDA, FAO စသည်ကျေးဇူးတင်ပါတယ်၊ သူတို့ ဆီက ကောင်းတာတွေ ယူလိုက်ရလို့ ပါပဲ။ သူတို့ အလုပ်ကို ကျွန်တော်မကောင်းဘူးလို့ မပြောပါဘူး၊ ကျွန်တော်တို့ လို detail assessment တွေမ၀င်နိုင်ခင် အများကြီး သုံးရတဲ့ လုပ်ငန်းတွေပါ၊ ပြသနာက သူတို့ က ဒါလုပ်ပြီးရင် အသေကိုင်လိုက်ရော ကျွန်တော်တို့ လို systematic design , နမူနာကွက်အများကြီးကနေ ကောက်တဲ့ sampling error တွေတွက်ချက်ထားတဲ့ ဒေတာ၇လာတောင်မှ သူတို့ နဲ့ လွဲရင် ထအော်တယ်၊ အသေးစိတ်လုပ်ငန်းမှာ ၀င်မပါတော့ဘူး။

ကျွန်တော် ကောက်တာတွေကို အသေးစိတ်ရေးပေးမယ်၊ နောင်များ အလုပ်လုပ်၇အုံးမယ် reassessment လုပ်ရအုံးမယ်ဆိုရင် သုံးနိုင်အောင်

စာတိုင် အမှတ် ၁ကနေ ၅က မြို့ နယ်ကြိုးဝိုင်း အကွက်၊ နမူနာလိုင်းအမှတ်၊ နမူနာကွက်အမှတ်
အမှတ် ၆ကနေ၈က စပြီ၊ ခုတ်ထားတဲ့ သစ်ငုတ်တွေကို တိုင်းတယ်၊ ရတဲ့ အဖြေအရ ထိန်းသိမ်းထားတဲ့ မိန်းမလှကျွန်းမှာကို သစ်ငုတ်တွေက လက်ရှိအပင်တွေထက် များတယ်၊ (ကျန်တဲ့ နေရာများ ဆိုဘွယ်မရှိ)

၉က အပင်နာမည်၊ ၁၀က အပင်အေ၇အတွက်၊ ၁၁က အပင်ကို ကွန်ပျူတာထဲထဲ့ဘို့ ကုဒ်နံပါတ်။ ၁၂မှာ အပင်ရဲ့ အချင်းတိုင်းပါတယ် ပင်စည်ရဲ့ ရင်စို့အမြင့်မှာ အချင်း ၅စင်တီမီတာထက်ပိုတဲ့ အပင်အားလုံးကို နမူနာကွက်ရဲ့ ၅မီတာ အချင်းဝက်အတွင်းမှာ တိုင်းပါတယ်။
၁၃မှာ ပင်စည်အမျိုးအစား၊ ဘာတွေတိုင်းသလဲ၊ လေးမျိုးခွဲတယ်၊ ကျန်းမာသန်စွမ်းတဲ့ ပင်စည်၊ သစ်ကိုင်းတွေပဲ ပျက်စီးတဲ့ ပင်စည်၊ ပင်စည်တစ်ဝက် ကျိုးသွားပျက်သွားတဲ့ ပင်စည်၊ နောက်ဆုံး အပင်သေသွားတာ(သို့ အမြစ်ပါကျွတ်သွားတဲ့ ပင်စည်) damage assessment စပါပြီခင်ဗျား

နမူနာကွက် တစ်ခုစီ အလွယ်တစ်ကူရောက်နိုင်ဘို့  ဂျီအိုင်အက်စ်နဲ့  ဂျီပီအက်စ်ကို လျှပ်တပြက် ပို့ ချချက်နဲ့  အတူ အသုံးချခဲ့ပါတယ်

အလုပ်မစခင် ဗြူံးမွှေးကျွန်းမှာ အနီးကပ် ပို့ ချခြင်း စပါတယ်။ ညာဘက်ကနေ အပင်ခြောက်လေးမှာ တင်နေတဲ့  အမှိုက်ခြောက်က ဒီစခန်းမှာ ရေတက်ခဲ့တဲ့ အမြင့်၊ ဒီလုပ်ငန်းကို သစ်တောဌာန ရံပုံငွေ နည်းပညာများနဲ့ လုပ်ခဲ့ပါတယ် ယူအင်န်အစရှိသည် အကူအညီပေးပါမယ် အော်ခဲ့ပေမဲ့ ဒီလိုအလုပ်မျိုးမှာ ဘာမှ အကူအညီ မရခဲ့ပါဘူး

အလုပ်မစခင် ဗြူံးမွှေးကျွန်းမှာ အနီးကပ် ပို့ ချခြင်း စပါတယ်။ ညာဘက်ကနေ အပင်ခြောက်လေးမှာ တင်နေတဲ့  အမှိုက်ခြောက်က ဒီစခန်းမှာ ရေတက်ခဲ့တဲ့ အမြင့်၊ ဒီလုပ်ငန်းကို သစ်တောဌာန ရံပုံငွေ နည်းပညာများနဲ့ လုပ်ခဲ့ပါတယ် ယူအင်န်အစရှိသည် အကူအညီပေးပါမယ် အော်ခဲ့ပေမဲ့ ဒီလိုအလုပ်မျိုးမှာ ဘာမှ အကူအညီ မရခဲ့ပါဘူး

တံပိုးရေကျော်(၇)

12 January 2012 at 08:45
၁၄မှာ ရွက်အုပ် အမျိုးအစား Storey လို့ ခေါ်ပါတယ်၊ ခြုံပုတ်၊ ပင်လတ်၊ ပင်မြင့်၊ ပင်သစ်ဆိုပြီး လေးမျိုးခွဲတယ်၊ လပွတ္တာဆိုရင် အရမ်းဆိုးပေါ့။

၁၅မှာ အရွက်တွေ အခြေအနေ Leave position  ထိခိုက်မှုတိုင်းတာခြင်းပါပဲ၊ အရွက်လုံးဝမကျန်တဲ့အပင်၊ ပြန်ပြီး ရှင်သန်ဘို့ ရုံးကန်ရာက နာလန်ထနေတဲ့အရွက်တွေ၊ လုံးဝ ပြန်ကောင်းနေတဲ့ အရွက်တွေ၊ ဒီဒေတာကနေ နောင်ကို မုန်တိုင်းဒဏ်ခံနိုင်တဲ့ အပင်အမျိုးအစားတွေကို သိခဲ့ရပါတယ်။
၁၆မှာ သစ်စေ့စုဆောင်းနိုင်မည့် အခြေအနေ၊ ဒီရေတောမှာ သစ်စေ့အပြင် အပင်ပေါ်မှာတင် အညှောင့်ပေါက်တဲ့ propagule ဆိုတာရှိတယ်၊ ကောင်း/သင့်/ညံ့  ခွဲခြားပါတယ်၊ ဒီအပေါ်မူတည်ပြီး တည်ထောင်မဲ့ ပျိုးဥယာဉ်များအတွက် သစ်စေ့၊ အညှောင့် တခြားနေရာတွေ (ရခိုင်/ တနင်္သာရီ အစရှိသည် လှမ်းစုရမလား ချင့်ခြိမ်ကြရပါတယ်။
၁၇နဲ့ ၁၈ဟာ ဓမ္မတာမျိုးဆက်ခြင်း Natural regeneration နဲ့ဆိုင်ပါတယ်။ ၁၇ဟာ အရည်အတွက်ကို တိုင်းပါတယ်။ ၁၈မှာ မုန်တိုင်းကြောင့် ပျက်စီးမှု % ကို No damage, A little (20%), Clearly observed(50%), more than 80% are damaged (100%) ဆိုပြီးခွဲထားပါတယ်။
၁၉ဟာ နုံးပို့ ချခြင်း၊ ကမ်းပါးတိုက်စားခြင်း၊ မြေဆီလွှာတိုက်စားခြင်းများကို တိုင်းတာပါတယ်၊ မရှိတာ၊ အနည်းအကျဉ်းရှိတာ၊ ရှိတာ
ဒါ့အပြင် အရေးကြီးဆုံးက မုန်တိုင်းဒီရေတက်ခဲ့တဲ့ အမြင့်တွေကို တိုင်းခဲ့ပါတယ်၊ သစ်ပင်တွေမှာ အမှိုက်တွေ တက်နေတာ၊ နောက် အလုပ်သမားတွေကို မေးပြီး နမုနာကွက်အားလုံးရဲ့ မုန်တိုင်းဒိရေအမြင့်တွေကို ဂျီပီအက်စ် အညွှန်းတွေနဲ့ အတိအကျ တိုင်းနိုင်ခဲ့ပါတယ်။ အင်မတန် အရေးကြီးတဲ့ ဒေတာပါပဲ။

ဘိုကလေးဘက်က ကျွန်တော့် အဖွဲ့ တွေ ရိုက်ပေးတာပါ မိန်းမလှက မိချောင်း မိချောင်းရှိတဲ့ နေရာတွေ သစ်ပင်မတိုင်းနဲ့ ဆိုပြီး လက်ထောက်တာဝန်ခံက လုပ်နေလို့  မင်းတို့  မိချောင်းဆာဗေးတောင် လုပ်နေရတာ မသွားရဲ ရင် ရဲခေါ်ပြီး သေနပ်ယူသွားလို့ ကျပ်၇သေးတယ်
ဘိုကလေးဘက်က ကျွန်တော့် အဖွဲ့ တွေ ရိုက်ပေးတာပါ မိန်းမလှက မိချောင်း မိချောင်းရှိတဲ့ နေရာတွေ သစ်ပင်မတိုင်းနဲ့ ဆိုပြီး လက်ထောက်တာဝန်ခံက လုပ်နေလို့  မင်းတို့  မိချောင်းဆာဗေးတောင် လုပ်နေရတာ မသွားရဲ ရင် ရဲခေါ်ပြီး သေနပ်ယူသွားလို့ ကျပ်၇သေးတယ်

ပျက်စီးမှု ၃မျိုး ဆာဗေးတွင် အသေးစိတ်တိုင်း၇ပါသည် ၁၉၈၇-၈၈ အိုင်တီစီမှ သင်ခဲ့သော ဘာသာရပ်များ အခုမှ အသုံးချရသည်။ လုံးဝသေသွားသော အပင်များ ပင်စည်မှ အရွက်ပြန်ထွက်နေသော အပင်များ၊ ပြန်လည်ရှင်သန်နေပြီဖြစ်သော ကန့် ဘလာ ပင်များ

ပျက်စီးမှု ၃မျိုး ဆာဗေးတွင် အသေးစိတ်တိုင်း၇ပါသည် ၁၉၈၇-၈၈ အိုင်တီစီမှ သင်ခဲ့သော ဘာသာရပ်များ အခုမှ အသုံးချရသည်။ လုံးဝသေသွားသော အပင်များ ပင်စည်မှ အရွက်ပြန်ထွက်နေသော အပင်များ၊ ပြန်လည်ရှင်သန်နေပြီဖြစ်သော ကန့် ဘလာ ပင်များ







No comments:

Post a Comment