Saturday, November 12, 2016

နေဝင်စ ချိုးမရယ်ကူ ကျပင်း ဆရာဖီး

ကျပင်း ဆရာဖီး
လမင်းကြီး ကျေးဇူးပြုသည်
ဆို ဒေလီညွန့် 
"နေဝင်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး ။
စာကိုသာ စာကိုငတ်လို့
ကူရှာလေသလော ကူသလော ။
ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော ။
နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တည်
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်မိ
ခြေကို မိလို့ ။
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကို နှက်လို့ ။
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်ခွဲ
ရင်ကို ခွဲလို့ ။
ရှားမီးခဲတွင် ၊ ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီကလား
ရွှေချိုးဖိုရယ်လေ
မယ့်လင်သား . . . ။ ။"

No comments:

Post a Comment