Only two degree for us
Only two degree for us
နှစ်ဒီဂရီ စင်တီဂရိတ်
နိုင်ငံခြား ခရီးတွေမှာ အဲဒီတခေါက်လောက် အသဲအသန်ပြောနေကြတာ မကြုံဘူးပါဘူး။
အစီအစဉ်စတာက မနက် ၈း၃၀
တကယ့် round table discussion ညနေ ၁၇း၄၅
ပြီးတဲ့ reception အချိန်က ၁၈း၀၀ နာရီ
ဧရိယာ ဖုံးလွှမ်းမှုက အာရှ ပစိဖိတ်နိုင်ငံတွေ
နေရာက အီးယူ ဘရပ်ဆယ်လ်၊ နေ့ ရက်၂၀၁၂ ဇွန်လ လေးရက်၊
ကျနော့် အဆင့်တက်ရမှာ မဟုတ်ပါဘူး၊ ကျနော့် ညွှန်ချူပ်အဆင့် သူ မတက်နိုင်တာရယ် နောက် သူ့ ကိုယ်စားတက်မဲ့လူတွေလဲ မအားတာရယ်၊ ကျနော့်ကို လဲ တက်စေချင်တာရယ်ကြောင့် လွှတ်လိုက်တာပါပဲ
ဆွေးနွေးကြတာတွေ အများကြီးမှာ အကျဉ်းချူပ် ကျနော် ချူပ်မိတာကတော့ နှစ် ဒီဂရီ စင်တီဂရိတ်၊
တိုးတက်နေတဲ့ နိုင်ငံတွေက စွမ်းအင်ကို ကောင်းကောင်းထိန်းချူပ်နေကြပြီ၊ ဒါပေမဲ့ ကနဦးကုန်ကျစရိတ်က ကြီးလှပါသနဲ့ ၊
မတိုးတက်တဲ့ နိုင်ငံတွေက အဲဒီကုန်ကျစရိတ်ကို ဘာဘဲ ဖြစ်ဖြစ် မတတ်နိုင်ဘူး
ဒီတော့ ထပ်ပြီး ပူလာမယ် အေးလာမယ်ကို ဂရုမစိုက်နိုင်ဘူး
ဖွံ့ ဖြိုးရေးကို မနဲလိုက်နေရတဲ့အချိန်မှာ မင်းတို့ တုံးကတော့ ဖြတ်သန်းလာခဲ့ရတာ ဒို့ အလှဲ့ ကျမှ ဆိုတဲ့ စိတ်မျိုးတွေ ရှိနေကြပုံပဲ။
အဲဒီမှာ မဖြစ်မနေလျှော့ချရမဲ့ ရည်မှန်းချက် ထွက်လာလေရဲ့ ၊ လျှော့ချရမယ်ဆိုတာထက် အဲဒီ ပမာဏ ထပ်ပြီး မတိုးအောင်ပါ။
မများပါဘူး တမ္ဘာလုံးအတွက် နှစ် ဒီဂရီ စင်တီဂရိတ်ပါ
အဲဒါလေးကို ၀ိုင်းပြောကြတယ်၊ ဒါပေမဲ့ အသဲအသန် မရှိလှဘူး၊ ကိုယ့်ကိုယ် သိတ်မထိဘူးလို့ ယုံကြည်ထားကြပုံပဲ
အဲဒီမှာ အသည်းအသန်တယောက်ကို မြင်လိုက်ရတာပါပဲ
ဒီတရက်ထဲ ကျင်းပတဲ့ ပွဲကိုသူရောက်အောင် နှစ်ရက်ခွဲလောက်လာရတယ်၊ မနက် မစမှီကလေးမှာ ရောက်တယ်။
Reception ကိုမတက်နိုင်ပါ ချက်ခြင်းပြန်ထွက်ရမဲ့ flight အစီအစဉ်နဲ့ နောက် နှစ်ရက်ခွဲ ပြန်သွားရအုံးမယ်။
၁၅မိနစ်လောက် အချိန်တောင်းပြီး သူ ပြင်ဆင်ထာူတာကို ဖတ်တော့တာပါပဲ၊ ဆွေးနွေးချိန် ကျော်လို့ သဘာပတိရဲ့ အတန်တန် သတိပေးချက်ကိုလည်း နားမထောင်နိုင်ဘူး၊ ပြောစရာရှိတာတွေ ပြောပြီးသွားတဲ့အချိန်မှာ သူ့ ရဲ့ စိတ်ချမ်းသာသွားတဲ့ မျက်နှာ ကျနော်မေ့မရတော့ဘူး။
ဒီပွဲကြီးမှာ ဘာမှ မပြောတော့ဘူးလို့ ဆုံးဖြတ်ချက်ချထားတဲ့ ကျနော် စိတ်ပြောင်းပြီး နောက်ဆုံး ဖိုင်နယ် အချိန်မှာမှ ထပြောမိပါတော့တယ် (အဲဒါက တပိုင်း)
ကျနော့်မိတ်ဆွေမ နာမည်ရော နိုင်ငံရောမေ့နေပါတယ်
သူပြောတဲ့ အကြောင်းကတော့ အဲဒီ နှစ် ဒီဂရီကို မလုပ်နိုင်ရင် သူတို့ နိုင်ငံ ဘာဖြစ်မလဲပဲ။
ပစိဖိတ်သမုဒ္ဒရာကြီးကထဲက ကျွန်းနိုင်ငံလေး sea level rise နဲ့ မိပြီး ပျောက်သွားမှာပါ ခင်ဗျား
အင်း နှစ်ဒီဂရီ နှစ်ဒီဂရီ (အဲကွန်း အပူချိန်တွေ ချိန်တိုင်းသတိထားကြပါခင်ဗျား
No comments:
Post a Comment