ချည်သေးလို့ ချားမလည်
ကျနော့်ဆရာရဲ့  တပည့်ကျော်များအကြောင်းတွေက တော်တော် မှတ်သားဘို့ ကောင်းတယ်၊ ဆရာတွေ ဆရာတွေထဲမှာလဲ တစ်ခါပြောဘူးသလို။ မင်းတို့ တပ်ရင်း ခွေးတွေ ဒီလောက်ပိန်နေတာ လူတွေမ၀ဘူးဆိုတာ သိသာပါတယ်၊ ငါ့ကို သက်သာချောင်ချိရေးတွေ ဖြီးမနေပါနဲ့ ဆိုတဲ့ ဆရာတွေ အကြောင်း ကြားရနာရပါတယ်။
ရှမ်းပြည်ဖက်မှာ ကျန်ခဲ့တဲ့ တပည့်ကျော်တွေကို ကျနော့ဆရာက တော်တော် သံယောဇင် ရှိတယ်၊ တပည့်တွေက တပ်ကထွက်တော့ နေရပ်တွေ မပြန်တော့ပဲ၊ တပ်ဘေးမှာပဲ လုပ်ကိုင် စားသောက်နေတာကို သွားပြီး မုန့် ဘိုး စသည် သွားပေးတယ်
အဲဒီမှာ ပြသနာတက်တာပဲ
ဆရာ ငါတို့ ကို တခု အကူအညီပေးပါ
အေး ပြော ငါလုပ်နိုင်တာလုပ်ပေးမယ်
ဘေးက ဆရာကြီးဟောင်းတွေက ဟေ့ကောင်တွေ စွတ်ပြောမနေနဲ့  ဗိုလ်မှုးကြီး စိတ်ညစ်အောင်
အေ အေ ပြောပါစေကွာ၊ မင်းတို့ ဘာလိုလို့ လဲ၊ ဆန်လား၊ ဆီလား ပြော
ကိစ္စတစ်ခု မရှင်းလို့ ပါ
ပြောတဲ့ကောင်တွေကလဲ ကိုရာဟုလိုပဲဗျ၊ တိုင်းရင်းသား ရဲဘော်တွေ
ငါတို့ ဒီမှာ အိမ်တွေ ဆောက်ပြီး နေနေကြတာ၊ အရှေ့ ဘက်က တပ်ရင်းက လဲ မီးတွေ ထိန်ထိန်လင်းလို့ ၊ အနောက်ဘက်က ၀က်တွေ
(၀က်မွေးမြူရေးစခန်း၊ ခဏခဏ အခိုးခံရလို့ မီးထွန်းပေးတားတာ) ကလဲ မီးတွေထိန်လို့ ၊ ငါတို့  လူတွေအိမ်ကျတော့ မီးမရဘူး၊
အဲဒါနားမလည်လို့ ပါ
ဟာကွာ ဒီကောင်တွေ
No comments:
Post a Comment