Monday, November 7, 2016

မြန်မာဆန်သူ

မြန်မာဆန်သူ

6 April 2012 at 12:18
မနေ့ က ထမင်းပွဲမှာ ကျနော့်ဆရာ သူတပည့် နားပေါက်နဲ့ ချင်း (မြန်မာစာမတတ်)ရဲ့ မြန်မာဆန်ပုံလေးအကြောင်းကို ပြန်လည်ဖေါက်သည်ချသင့်တယ်ထင်လို့ ဖေါက်သည်ချလိုက်ပါတယ်

ဆရာတပည့် ချင်းစစ်သားက၊ ချင်းမှ နားပေါက်နဲ့ ချင်း
မုဆိုးပညာ၊ ရန်သူ ခြေရာခံကအစ ကျွမ်းကျင်သူ၊
ရိုးလဲရိုးသား၊ အလုပ်ကိုလဲ ဂုဏ်ယူသူ ဆရာက မုန့် ဘိုးပေးပေမဲ့ ကိုယ့်ဘာသာ ၀ါးခုတ် ဖျာယက်ပြီး ပိုက်ဆံရှာစားသူ စသဖြင့်ပေါ့
စာမတတ်ဘူး၊

တမနက်စောစောတော့ စခန်းဘေးမှာ တိုက်ပွဲဖြစ်တယ်၊ အရေးကြီးတော့ ဆရာက ဒီကောင့်ကို ဟေ့ကောင် အခုတိုက်ပွဲဖြစ်နေတာ ဘယ်ဘက်မှာလဲ ခန့် မှန်းပြီး ပြောစမ်း ဆိုတော့ ဒီကောင် ချက်ခြင်းဖြေလိုက်တာ ဆရာ ဒေါပွပြီး ထကန်ပလိုက်ပါတော့တယ်

သူဖြေလိုက်တာက

ဆရာ ရာဟုဒေါင့်မှာလေ တဲ့

သူ့ လဲ ကိုရာဟုဆိုပြီး နာမည်ကြီးသွားဆိုပဲ 

No comments:

Post a Comment