Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

Friday, December 2, 2016

သစ်တောဂိတ် ၁၉၈၆

အကို ကိုကင်းနဲ့ ပတ်သက်လို့  လောလောဆယ် သတိရတာတွေရှိတယ်
-
မိခင် သစ်တောဌာနကြီးက တံဆိပ်တွေ ပုခုံးတံဆိပ်တွေ ဦးထုတ်တွေနဲ့ အူနီဖေါင်းတွေနဲ့  ပြန်လည် ဆန်းသစ်ခြင်းလုပ်လာတာကိုး (သစ်တောပြတိုက်ထဲက ကိုလိုနီ ရဲတွေ သစ်တောအူနီဖေါင်းတွေနဲ့ တူပါ့)
-
၁၉၈၅-၈၇ ပတ်ဝန်းကျင်မှာ ကိုကင်းတို့  မောင်ကိုတို့ က ရန်ကုန်တိုင်း သစ်တောပုလိပ်တွေပေါ့
-
မောင်ကိုက လက်ထောက်တိုင်းမှုး ပေးထားတော့ ဂွေးတက်အောင် ကနေတာ၊ ရန်ကုန်တိုင်းကို တကယ် အုပ်ချူပ်နေတာက လက်တွေ့ မှာ ဒုဝန်ကြီး ဦးလှိုင်မြင့်၊ မောင်ကို့ ကို နိုင်ငံခြားလွှတ်တာတောင် မင်း သင်္ကန်းကျွန်းဂိတ်ကို ဘယ်သူ့ အပ်သွားသလဲ တစ်ချက်ပဲ မေးတဲ့ ဆရာ
-
မောင်ကို့ ကို နမူနာယူပြီး သစ်ဖမ်းကြဖို့  တိုင်းမှုးက တခြား မြို့ နယ်မှုးတွေကို ပြောတော့ အကိုကြီး ကိုကင်းတို့ ကလဲ စစ်ဆေးရေးတွေလုပ်ကြတာပေါ့၊
-
မောင်ကို ဖမ်းတယ်ဆိုတာက မြစ်တွေ ချောင်းတွေထဲ တောလမ်းထဲ ဖမ်းတာလေ
-
ဆရာကင်းတို့ တပည့်တွေကတော့ သူတို့ ဖမ်းနေကြ ထုံးစံအတိုင်း ရန်ကုန် မန္တလေး လမ်းမကြီးဘေး စားပွဲလေးချ ကုလားထိုင်လေးချပြီး လာတဲ့ သစ်ကားတွေ စစ်တာကိုး
-
အဲဒီမှာ ကိုကင်းရဲ့ ရင်တွင်းဖြစ် ဝန်ခံချက်
-
ငါ့ကွာ သစ်ဖမ်းတာ တစ်ခါပဲ ရဘူးပါတယ်
-
ဘယ်လို ဘယ်လိုရတာလဲ အကိုရ (မောင်ကိုတို့  သစ်တောဘွဲ့ ရတွေကို တိုင်းမှုးက မျက်စိနောက်လို့  ကျွန်းသင်းသတ်ဆိုပြီး မောင်ကို့ ကို ပေါင်းလင်းကြိုးဝိုင်းထဲလွှတ်တင်လိုက် ဒုတိုင်းမှုးကိုလည်း ကိုမြကြီး ခလေးတွေကို လိုက်ပြလိုက်ဆိုပြီးထည့်လိုက်၊ မောင်ကို့ ကို လိုက်ပို့ ကြရတာ တခြား သစ်တောမြို့ နယ်မှုးတွေ လေးယောက်ရှိသဗျ၊ တောထဲမှာ (တောကောင်းသေးတယ်၊ မြန်မာရမ်ကို ဖန်ခွက်ထဲထည့်၊ လက်နဲ့  warm the glass လုပ် ထင်းတုံး မီးပုံဘေးမှာ တမူးသောက်ကြရင်း အရက်မသောက်တဲ့ ကိုကင်းက ရင်ဖွင့်တာ)
-
ဟကောင်ရ မင်းလို သစ်ဖမ်းမယ်ဆိုပြီး စားပွဲလေးချ ငါ့က ပက်လက်ကုလားထိုင်းလေးနဲ့ ထိုင်နေတုံး
-
ရန်ကုန် မန္တလေး ခရီးသည်တင်ကားကြီးက ဝူးကနဲ ထိုးဆိုက်လာပြီ
-
ဟင် ဘာဖြစ်တာလဲ
-
စပယ်ယာ ချာတိတ်က ပြေးဆင်းလာပြီးတော့ စားပွဲပေါ်မှာ ပက်လက်လှန်ပြီးချွတ်ထားမိတဲ့ ငါ့ ဦးထုပ်ထဲကို ပိုက်ဆံ ငါးကျပ်တန် တစ်ရွက် ပစ်ထဲ့လိုက်ပြီး
-
ဆရာတို့ က ဂိတ်အသစ်လား၊ ဆွဲဆွဲဆရာရေ့  မောင်းတော့ရပြီဆိုပြီး
-
ပြန်ထွက်သွားတော့တာပါပဲကွာ
-
ငါ အဲဒီ ငါးကျပ်ပဲ သစ်ဖမ်းရင်း ရဖူးပါတယ်၊ ဘုရားပေးပေး ကျမ်းပေးပေးပါတဲ့
-
ဒါကြောင့် တက်သစ်စ သစ်တောဝန်ထမ်းများ ဦးထုပ်သစ်များကို
-
လှန်၍ စားပွဲပေါ်မှာ တင်ထားပါ၊ အဲလေယောင်လို့  မထားမိပါစေနဲ့ 

Wednesday, November 30, 2016

ရွှေ ရွှေ ရွှေ

ဧရာဝတီကို တကယ်ချစ်သလား
-
အမိ ဧရာဝတီကို လက်ရှိ တကယ်ဒုက္ခပေးနေတာ
ဒီလို ရွှေတွင်းတွေ
လက်ရှိ တကယ် သက်သေလဲရှိတယ်
ဆက်လဲ လုပ်နေကြတယ်
-
ဖင်ပိတ်ပြီး အော်နေကျသူတွေထဲက ဒါတွေကို လက်တွေ့ ကျကျ ရပ်ပါလို့  ပြောတာ တစ်ခါမှ မကြားဘူးပါ
-
တာဝန်ရှိသူတွေကလဲ ကျနော်တို့  ရပ်ပါ့မယ်လို့  လုံးဝ အသံ မကြားရပါ
-
မြေပိုင်ဆိုင်မှု ရောင်းဝင်မှု ငှားရမ်းမှုတွေ
ထုတ်ပြန်ထားတဲ့ စာရွက်စုတ်တွေနဲ့ ပဲ ကာကွယ် ညင်းခုံနေကြတာ
-
အသဲနာတယ်
-
ပူတာအို မြောက်ဖက်က ရွှေတွင်းဟောင်းနေရာတစ်ခု
-
ကြံဖန်ပြီး ဒီနေရာတွေကနေ အောက်အတွက် နုံးတင် မြေနုတွေ ရပါတယ် ပြောအုံးမှာလား
-
တရုတ်ပဲလုပ်လုပ် နိုင်ငံတော်ကပဲ လုပ်လုပ် လက်ရှိ လုပ်ကြရတော့မဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ ရှိလာမယ်ဆိုရင် ဒါတွေ လုံးဝ အပေါ် ရေဝေတွေမှာ မလုပ်ရတော့ဘူး
-
ပူတာအို မြို့ သားတွေ ကျနော်ပြောတာ သိပါတယ်၊ သူတို့ အချင်းချင်းလဲ ဆိုးဝါးစွာ တူးဖေါ်တာတွေကို သတိရှိရှိနဲ့  တိုင်ကြားပြီး အရေးယူတယ်ဆို သိရတဲ့အတွက် အရမ်း ဝမ်းသာခဲ့ရပါတယ်
-
ကောင်းမွန်တဲ့ စီမံကိန်းတွေ တကယ်စလာရင် ဒါတွေ မလုပ်ရတော့မှာ မို့ လို့  အတင်း ကန့် ကွက်နေတာလား၊ စဉ်းစားစရာပါ



ထိန်းရမဲ့တာဝန်ရှိတဲ့သူကို အထိန်းခံရမဲ့ အဖွဲ့ အစည်းကိုပါ အုပ်ချူပ်ခိုင်းလိုက်တာ အသာလေးကြည့်ရင်တော့ ဟုတ်မလိုလိုပဲ တကယ်တော့ အလုပ်မဖြစ်ဘူးဆိုတာ သစ်တောနဲ့  သစ်လုပ်ငန်းက နမူနာ ပြသွားလို့  တိုင်းပြည်မှာ တောကောင်း ၂၀%အောက်ရောက်နေပြီ၊ အခုလဲ ထိန်း၇မဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအောက်ကို သတ္တုတွင်းကို ပို့ လိုက်တော့ အခု ဝန်ကြီးရုံးမှာ ဘယ်သူတွေ ထောင်နေသလဲဆိုတာ နားနဲ့ မဆန့် ပဲဗျာ
LikeReply3 mins

Maung Maung Than လက်ရှိ အစိုးရရဲ့  မူဝါဒ ဆိုင်ရာကို ဘယ်သူတွေ ကိုင်သလဲတော့မသိ၊ အဲဒီ အကျင့်တွေ မပြောင်းလဲသေးတာတော့ အမှန်ပဲ၊ သောက်ကျင့်လို့ တောင် ပြောလိုက်ချင်သေးတယ်

Tuesday, November 29, 2016

ပြုပြင်ဖျက်ဆီးခြင်း

ပူတာအိုရဲ့  ဒီပြောင်းလဲမှုကိုတော့ 
-
ကျနော်ကတော့ မကြိုက်ပေါင်
-
၂၀၀၀မှာ ရောက်ခဲ့ကထဲက ပြောင်းလဲမှု အစကို မြင်ခဲ့ရတယ်
-
သိတ်နားမလည်သေးတော့ ရင်နာတာပဲသိတယ်
-
အခုတော့ တပြည်လုံးမှာ ဒါမျိုးတွေပဲ မြင်နေရတော့ သူပုန်ထချင်စိတ်ပေါက်တယ်
-
လက်ရှိအစိုးရကတော့ ဒီအမှားမျိုး မကျူးလွန်တန်ကောင်းပါရဲ့ 
ဒါပေမဲ့ ပုဂံမှာ စိတ်မချရသေး


အနည်းဆုံးတော့ ဘုရားပွဲတော်ကို နှစ်ပေါင်းများစွာ ကျင်းပခဲ့ကြတဲ့ မူလအချိန်ကို ပြန်လည် ပြောင်းလဲပေးသင့်ပါကြောင်း ဆန္ဒတွေရှိကြတယ်




 စတင် ပြုပြင် တည်ဆောက်တာလား ပြုပြင် ဖျက်ဆီးတာလား နောင် ထပ်မမှားကြပါနဲ့ တော့


အခုလက်ရှိ aerial view ပါ၊ အရင်က ထုံးဖြူဖြူလေးနဲ့  အာသောက လက်ရာလို့  စိတ်ကူးယဉ်လို့ ရတဲ့ ပုံတော်နဲ့သာဆိုရင် ဘယ်လောက် national heritage cultural heritage ပီသလိုက်မလဲ

တချိန်တုံးက စာရင်း၊ ကွင်းဆင်းတဲ့ Remote Sensing GIS team တွေအတွက်
-
ကင်မရာ
ဂျီပီအက်စ်
မြေပုံ
ဂြိုလ်တုဓါတ်ပုံ hard copy
Cassette recorder
မှတ်စုစာအုပ်
ပိုက်ဆံ
-
အခုဆိုရင်တော့
laptop with internet connection
GPS camera with recording facility, or latest model smart phone
note book or tablet PC for viewing satellite image
car adapter for AC and DC output
Drone with adequate number of spare batteries
-
ပိုက်ပိုက်
All weather vehicle
-
နောက်ဆိုရင်တော့
survey vehicle with 360 camera and satellite receiver
အနာဂတ်အတွက် ပြင်ဆင်ကြရအောင်ကို Nga Mann



လောင်စာ၊ ထင်း၊ ဆင်းရဲခြင်း

ဒီလိုပဲ မေ့မှာ စိုးလို့  ခံစားချက်တွေ ချရေးတာ
ပူတာအိုမှာ ည ၆နာရီ လုံးဝမှောင်နေပြီ
ဆိုင်ရှေ့ ကနေ အဖွားကြီး ၂ယောက် တလှုပ်လှုပ်နဲ့ ရွေ့ နေကြတယ်
နောက်က တယောက်က ပဲစဉ်းငုံရိုးတွေကို စည်းထားတဲ့ အစည်းကို ခေါင်းနဲ့  ထမ်းလာတယ်
-ကျနော်ကတော့ သိနေတယ်လေ ဒီ အစည်းကလေးဟာ သူတို့ အတွက် ည ချက်ဖို့  ပြုတ်ဖို့  လောင်စာပဲ၊ လျှပ်စစ်မီးပဲ အလင်းရောင်ပဲ
-
ဒါတောင် တစ်ဆယ် ဒီဂရီ စင်တီပဲ ရှိသေးတယ်
-
မြို့ အတွက် လျှပ်စစ် စီမံကိန်းတွေ ကြားခဲ့ရတယ်
သူတို့ အတွက် ပါပါ့မလား
မီးလင်းယုံလောက်ပဲလား
-
အိမ်သုံး စွမ်းအင်အတွက်
အထူးသဖြင့်၊ အပူစွမ်းအင်အတွက် ထည့်စဉ်းစားရဲ့လား
-
လင်းထိန်နေတဲ့ ဟိုတယ်ကြီးတွေ resort တွေရဲ့  ကြားမှာ ဒီလိုပဲ
ပဲစဉ်းငုံရိုးတွေ၊ ကိုင်းရွက်ထင်းတွေနဲ့ နေကြမှာလား
-
ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ ထင်းတောတွေ ထိန်းထားပြီး ထင်းခုတ်ရောင်းနေကြလေရဲ့ 
ကလေးတွေ ထင်းစည်းကလေးတွေ ကိုယ်စီနဲ့ 
ဧရာဝတီကို တကယ်ချစ်ရင် သူ့ သားသမီးတွေအတွက် တကယ်ကောင်းတဲ့ အစီအမံတွေလိုနေပါတယ်

ခရီးသွားလုပ်ငန်းနဲ့  ဧရာဝတီ

မေ့သွားမှာစိုးရိမ်ရလို့ ချရေးထားတာ ပူတာအိုလေဆိပ်ထဲက စကားဝိုင်းကလေး
-
မင်း WCS ကမဟုတ်လား
ဟုတ်ပါတယ် မင်းက
ငါ သစ်တောဌာနက အငြိမ်းစား ညွှန်မှုးတစ်ယောက်ပါ
-
အခု Park ထဲကနေ ပြန်လာတာ
-
ဥ.ယျာဉ်ထဲ အခြေအနေကောင်းရဲ့ လား
-
သက်ပြင်းချလျက် ကောင်းပါတယ် ဒါပေမဲ့
-
ဒါပေမဲ့ ဘာဖြစ်တာလဲကွာ
-
ဖုန်ကန်ကို ဒီနှစ်စပြီး ဧည့်သည်တွေ များလာတယ်
ပြသနာက ချက်ရေးပြုတ်ရေးပဲ ရှိတဲ့နေရာက ထင်းပဲ ခုတ်ပြီး သုံးနေကြတယ် ကြာလာရင်
-
အင်း ပြသနာပဲ
-
ငါတော့ စာရေးထားတယ် Alps မှာလို ရေင်္နဆီတို့  တခြား လောင်စာ မီးဖိုတွေ သုံးဖို့ 
-
ကျနော့်စိတ်ထဲကတော့ သူ့ စာက ဘယ်မှ ရောက်မယ်မထင်
-
ဖုန်ကန်ရာဇီ တောင်တက်တဲ့လူတွေကို ထိန်းသိမ်းဖို့  ဘယ်သူ့ တာဝန်လဲ
ပတ်ဝန်းကျင်ဌာနလိုလို ဟိုတယ် ခရီးသွားလိုလို၊ သစ်တောဌာန ဥယျာဉ်တာဝန်ခံလိုလို GAD လိုလိုနဲ့ 
-
သေချာတဲ့ ဖေ့စ်ဘုတ် ပိတ်သတ်ကြီးကိုပဲ တိုင်တည်လိုက်ပါရဲ့ 
-
အဲဒါလဲ အမိဧရာဝတီပဲနော ခင်ဗျားကြီးတို့  မသိချင်ရောင်ဆောင်မနေကြနဲ့ 
-
ဒီလောက်ဝေးတဲ့ နေရာကို အရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်ဟာ လောင်စာအတွက် ပိုကုန်မဲ့ပိုက်ဆံကို ဘာမှ ဖြစ်မှာမဟုတ်ပေမဲ့
-ရသလောက် နှပ်ချေးခွာမဲ့ မြန်မာ ဟိုတယ်ဖက်ကတော့ ထင်းပဲ ခုတ်သုံးမှာ အသေအချာ၊

Monday, November 14, 2016

ဖြေလျှော့ပေးပါ

ဖြေလျှော့ပေးပါ

2 November 2012 at 12:11
မနေ့ က အမျိုးသား အဆင့် ဆွေးနွေးပွဲမှာ မေးခွန်းတခု အမေးခံရတယ်

ကျနော့်ကို မေးတာတော့မဟုတ်ပါဘူး

သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတယောက်က panelist တွေကို တင်ပြပါတယ်

မထိခိုက်ကြအောင် ပြောကျရရင် အစိုးရဌာနတွေက သူတို့ ပြည်နယ်အစိုးရတွေ development project တွေ လုပ်တဲ့အခါမှာ အဆင်ပြေနိုင်ရေးအတွက် ဥပဒေများကို ဖြေလျှော့ပေးကြပါလို့ ၊ တင်ပြ တောင်းဆိုသွားပါတယ်၊ ပြောတဲ့ ကိစ္စကိုတော့ မရေးလိုပါ၊ သူက အများရှေ့ မှာ ပြောပေးမဲ့ ကျနော်က ဒီမှာ ရေးရင် အတွယ်ခံရအုံးမယ်

ကျနော်က landuse plan, environmental law, basin management, green city approach တွေ ဆွေးနွေးထားတော့ ကျနော်ရှိတယ်ဆိုပြီး ပြောပုံပဲ။
panelist ခေါင်းဆောင်ကလဲ မျက်မှန်းတန်းနေပြီဆိုတော့ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ် ဆွေးနွေးနိုင်ရင် ဆွေးနွေးပေးပါ၊ မဆွေးနွေးရင်လဲ ရပါတယ်တဲ့၊ နားလည်ပေးတယ်ပေါ့။

ဘယ်ရမလဲ Zaw Kanlant ဘကြီးပဲ

ကျနော့် adrenalin flow တွေတက်လာတာကို သတိထားမိလိုက်တယ်၊ တကယ်ဆိုရင် ကျနော်က အ၇မ်းကို စကားထစ်တဲ့တယောက်ပါ၊ ဒါပေမဲ့ စိတ်ဒါမျိုးဖြစ်သွားရင် မထစ်တော့ဘူး၊ ပြောချင်တာ ပြောတော့တာပဲ

ကျနော့် အဖြေ၊ ဒါမှမဟုတ် ဆွေးနွေူးချက်ပေါ့။

ကျနော်တို့ က ပြည်နယ်အစိုးရတွေက ဒါမျိုးကိစ္စတွေ၊ စီးပွားရေးသမားတွေက ဒါမျိုးကိစ္စတွေ မေးလာခဲ့ရင် ပြန်ဖြေကြရပါတယ်၊ ဖြေတဲ့အချိန်မှာ ကျနော်တို့ က ၀န်ထမ်းတွေပါ၊ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ ဝန်ထမ်းတွေပါ၊ ကျနော်တို့ ကို ထိန်းကျောင်းနေတာတွေ၊ ကျနော်တို့ က ထိန်းသိမ်းထားရတာတွေက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေပါပဲ

ပြန်ဖြေတဲ့ အဖြေတွေ သဘောထားမှတ်ချက်တွေက ကျနော်တို့ ပါစင်နယ် ခံယူချက်တွေမဟုတ်ပါဘူး တည်မြဲ အမိန့် တွေ ဥပဒေတွေ၊ နည်းဥပဒေတွေက ပြောတဲ့စကားတွေပါ၊
ပြန်ဖြေ၇တဲ့လူဟာ တောထဲက ကျေးရွာသား ဖြစ်ဖြစ် (ကျနော်တော်တော် စကားလုံးရှာလိုက်သေးတယ်) backing ရထားတဲ့ (ဘယ်သူ့ ဆီကဆိုတာတော့ ထဲ့မပြောလိုက်ပါဘူး) စီးပွားရေး သမားဖြစ်ဖြစ် အဲဒီအတိုင်းပါပဲ၊ တညီတညာထဲ ဖြေမှာပါပဲ

အဲဒီ ညီညာမှုကိုပဲ rule of law လို့ ကျနော် နားလည်ထားပါတယ်။၊ နောက် ကျင့်သုံးကြပါလို့ သမတကြီးက လမ်းညွှန်ထားတဲ့ Good Governance တို့ Clean government တို့ ဆိုတာကလဲ ဒါပဲလို့ ခံယူပါတယ်

(ပြောရင်းနဲ့ adrelanin ကပိုမြင့်လာတယ်)

ဆွေးနွေးတဲ့ case ဆိုရင် နဲနဲ ကြုံတုန်းပြောချင်ပါတယ်၊ Eco-tourism ဆိုတာ သူ အသုံးချတဲ့ ကာကွယ်ရေး ဧရိယာProtected area system တွေရဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရမှာပါ၊ ဟိုတယ်ကို အဲဒီနေရာတွေမှာ ဆောက်ရင် မညီတော့ပါဘူး၊ အင်းလေးထဲက ဟိုတယ်တွေလဲ ကမ်းစပ်တွေ ရေထဲတွေ ဆောက်ကြတာလဲ Eco-tourism concept နဲ့ မကိုက်ပါဘူး၊ အကောင်းဆုံးက အေးသာယာလို နေရာမှာ ဟိုတယ်ဇုံထားပြီး အဲဒီကမှ အင်းလေးထဲကို ပို့ ကြည့်ရှု့ ခိုင်းတာ အကောင်းဆုံးပါပဲ။

နောက်ဆုံး ပြောလိုက်မိတာ

ဖြေလျှော့ပေးပါဆိုတဲ့စကား၊

ဥပဒေတွေ နည်းဥပဒေတွေ ဖြေလျှော့ခြင်းမလုပ်နိုင်ပါဘူး၊ အုပ်ချုပ်သူဆိုတဲ့ အစိုးရ အဖွဲ့ တွေကပဲ ဖြေလျှော့ကျတာပါ၊ ဒိတော့ ဖြေလျှော့စေချင်ရင် အဲဒီ အဖွဲ့ အစည်းတွေကိုသာ ပြောပါတော့လို့ 
ကျနော့် ပြောတာတွေထဲမှာ အဖြေပါပါပြီနော်လို့ ပြောလိုက်တဲ့အခါမှာ panelist leader က စကားချောအောင် သုံးသပ်လို့ သိမ်းပလိုက်ပါတယ်။

workshop ပြီးတဲ့အချိန် ကျနော့်ကို ဘယ်သူမှ နှုတ်မဆက်ကြဘူးဗျာ 

ဖြေလျှော့ပေးလိုက်ရတဲ့ ရလဒ် လက်ရှိ ၁၄-၁၁-၂၀၁၆ အနေအထား








Thursday, November 10, 2016

နာရီတလုံး အရင်းပြု၍ The Lone Ranger

The Lone Ranger ကားထဲမှ
ဒုက္ခရောက်နေတဲ့ လူဖြူနှစ်ယောက်ကို အင်ဒီယန်း ခလေးငယ်လေးက ကယ်ခဲ့တယ်၊၊ ရွာမှာ ဆေးကုပေးတယ်၊ ကောင်းသွားတဲ့နှစ်ယောက်က ရွာဘေးက မြစ်ကလေးမှာ ငွေတွေတွေ့ လို့ ဘယ်ကလာလဲလို့ မေးတယ်၊ မပြောတဲ့အခါမှာ အပေါစားကုန်တိုက်က နာရီကို လက်ဆောင်ပေးပြီး မြစ်စတဲ့နေရာက ငွေထွက်တဲ့သိုက်ကိုတွေ့ သွားတယ်
လူဖြူနှစ်ယောက်က ရသမျှငွေတွေကို သယ်သွားတဲ့အပြင် တရွာလုံးကို သတင်းမပေါက်ကြားအောင် သတ်သွားတယ်
နောက်အနှစ်၂၀မှာ ဖွံ့ုဖြိုးရေးဆိုတဲ့ မီးရထားလမ်းကြီးနဲ့အတူ ပြန်လာတယ်၊ အင်ဒီယန်းအယောင်ဆောင် ငြိမ်းချမ်းရေးကို ပျက်အောင်လုပ်တယ်၊ ငွေတွေအကုန်ထုတ်တယ်
အောအော နာရီကလေးနဲ့ လဲသွားတယ်
ကျနော်တို့ လဲ မီးရှုးမီးပန်းတွေနဲ့ ၊ အစည်းအဝေး အဆောက်အဦးတွေနဲ့ ၊ ရထားတွဲတွေနဲ့  တိုက်သဘောင်္အစုတ်တွေ တိုက်လေယာဉ်အစုတ်တွေနဲ့ 
ဝန်ထမ်းဘ၀က တွေ့ ခဲ့ရတဲ့ နိုင်ငံခြားသားတယောက်ရဲ့ presentation မှာ ခါကာဘိုရာဇီနယ်မြေတဲက တိုင်းရင်းသားတယောက်က သားရိုင်းတိရိစ္ဆာန် အရေခွံတွေ သားရေ ဆယ်ချပ်လောက်နဲ့  အိမ်သုံးဆား ငါးဆယ်သားလောက်ကို လဲနေတဲ့ပုံကိုလဲသတိရတယ်
၂၀၀၁တုံးက ပူတာအိုကိုေ၇ာက်တုံးကတွေ့ ခဲ့တဲ့ ဘူမိဗေဒက ရွှေ inspector တွေကိုလည်းသတိတွေရမိနေတယ်
သူတို့ ရေထွက်စမ်းတောတွေကို တရုတ်တွေနဲ့ ကချင် အဖွဲ့ အစည်းတွေနဲ့ ပေါင်းပြီး ထုတ်ပစ်ကျလို့  လက်ထဲ၇ှိတဲ့ ဆိပ်လူးမြှားတွေနဲ့ တောင် တိုက်ကျတယ်ဆိုတဲ့ကချင်ရွာတွေအကြောင်း တပည့်ကျော်ပြောပြတာ သတိရတယ်
အဲဒီမှာဖြစ်နေတဲ့ စစ်ပွဲတွေ အယောင်ဆောင်တွေက ဘယ်လောက်ရှိ တကယ်ဖြစ်တာက ဘယ်လောက်ရှိ သံသယ၀င်မိတယ်
နှစ်ဖက်စလုံးက လက်နက်ကိုင် အဖွဲ့ အစည်းတွေပဲ အုပ်ချူပ်လို့ ရအောင် ညှိလုပ်နေကြတာလား
အလွန်းနေတာလား လည်လွန်းနေတာလား
ဇာတ်လမ်းအဆုံးမှာ ခင်ဗျားပြောတာတွေက ပုံပြင်တွေမဟုတ်လားဆိုတဲ့အချိန်မှာ
မင်းသား Johnny Depp က ဒါကတော့ မင်းအပေါ်မှာပဲ မူတည်တယ်တဲ့
ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ် ခင်ဗျား။

Wednesday, November 9, 2016

ပဲခူးရေကြီးမှု (၁၅-၈-၁၉၆၂ ရှေ့ သို့ စာစောင်) မှုးသမိန်

ပဲခူးရေကြီးမှု (၁၅-၈-၁၉၆၂ ရှေ့ သို့ စာစောင်) အပိုင်း(တစ်)

23 November 2011 at 11:31
ရေကြီးသည့် ပဲခူးနယ်သို့ ရောက်ကြသည်။ ရဟတ်ယာဉ် ပြူတင်းမှ ငုံကြည့်လိုက်သောအခါ ကွင်းပြင်တစ်ခုလုံးမှာ ဖွေးဖွေးဖြူနေလေသည်။ တခါတရံ အပ်ချည်မျှင်ကဲ့သို့  သေးသွယ်သည့် မီးရထားလမ်းနှင့် ကားလမ်းကို တွေ့ ရ၏။ ကားလမ်း ရထားလမ်းဘေးတွင်လည်း ရံဖန်ရံခါ စိမ်းစိုသော သစ်ပင်အုပ်နှင့် မြို့ များ၊ ရွာများကို ကွက်ခနဲ ကွက်ခနဲ မြင်ကြရ၏။ အချို့ အိမ်များမှာ ခေါင်မိုးသာ ပေါ်ပြီး၊ အချို့ ဆန်စက်ကြီးများ၊ အစိုးရအဆောက်အဦးများမှာ ရေ၀ိုင်းလျက်ရှိသည်။
ညောင်လေးပင်နှင့် မဒေါက်အကြား ရထားလမ်းမှာ ရေထည်းတွင် ငုပ်ချည် ပေါ်ချီ ဖြစ်နေ၏။ မီးခိုးတလူလူနှင့် စမ်းတ၀ါးဝါး သွားနေပုံရသော မီးရထား တစင်းကိုလည်း မြင်တွေ့ ရသည်။ စစ်တောင်းမြစ်မှာ ရေပြည့်ရုံတွင်မက ကမ်းစပ်ကိုပင် ကျော်လွှားနေလေပြီ၊ မြစ်ဆိုသော ရုပ်ပင် မပေါ်တော့ပဲ ရှိနေသည်။ သံလွင်မြစ်ကို(စစ်တောင်းမြစ်ဖြစ်ရမည်) စီးဝင်လာသည့် ရွှေကျင်ချောင်း စသည်တို့ မှာလည်း မြစ်ဝပင် ရှာမတွေ့ အောင် ရှိနေလေသည်။ စစ်တောင်းမြစ်ဘေးရှိ ရွှေကျင်၊ မဒေါက်၊ သရက်သမိန် စသည့် မြို့ ရွာ အားလုံးပင် ရေမြုပ်လျက်ရှိ၏။
ပဲခူးသားတို့ သည် နှစ်စဉ်လို ကြုံတွေ့ နေရသောေ၇ဘေးကို သိနားလည်ထားကြ၏။ ထို့ ကြောင့် မိုးဦးကျလာလျှင်ေ၇ဘေးအတွက် မိမိတို့  တတ်နိုင်သည့် ပြင်ဆင်မှုများကို လုပ်ထားရသည်။ မိမိတို့ အိမ်တွင် အထပ်ခိုးလေး ပြုလုပ်ထားရခြင်း၊ ဆန်၊ဆီ၊ဆား၊ထင်းမှအစ သိုလှောင်ထားခြင်း၊ သောက်ရေ သုံးရေ စုဆောင်းထားခြင်းများ ပြုလုပ်ထားကြ၏။ အိမ်ရေမြုပ်လျှင် အထပ်ခိုးသို့ ရွှေ့ ပြောင်းကြသည်။ အထပ်ခိုးအထိ ရေတက်လာသောအခါ ခေါင်မိုးပေါ်သို့ တက်၍ ရွှေ့ ပြောင်းနေကြတော့သည်။ ကျွဲ၊ နွား၊ လှည်းမှအစ လယ်သမားများအတွက် အားပြုစရာ အရင်းအနှီးကလေးများကို လည်း မိမိတို့ နှင့် မခွာနိုင်ပဲ အိမ်အတွင်းကြမ်းတပြင်ထဲတွင် တင်၍ အတူနေထိုင်ကြရသည်။ စားလည်း တထပ်ထည်း၊ အိပ်လည်း တနေရာထည်း၊ အပေါ့အပါးကိစ္စအတွက်လည်း နေရာမေ၇ွးနိုင် ကြတော့ပါ။ေ၇ထည်းတွင် မီးလောင်မှာပင် စိုးရသည်။ မီးဖိုနှင့် ခေါင်မိုးမှာ အတော်ပင် ကပ်နေလေသည်။
တအိမ်နှင့် တအိမ်၊ တရွာနှင့်တရွာ သွားလာမှု စံနစ်သည်လည်း ပြောင်းလွဲလာရ၏။ ကား၊ လှည်း၊ မြင်း၇ထား စသည်နှင့် သွားလာနေရာမှ လှေနှင့်သာ သွားနိုင်သည့် အဖြစ်သို့ ရောက်ကြရ၏။ ပဲခူးကဲ့သို့ သော မီးရထားဘူတာကြီးတွင်ပင် ရထားဆိုင်သောအခါ ထုံးစံအတိုင်း ကား၊ ရထားများ ကြိုနေ၇မည့်အစား လှေကလေးများ အစီအရီ အလုအယက် လာရောက် စောင့်ကြိုနေကြလေသည်။
ဗမာလူမျိုးပီသစွာ တွေ့ ကြုံရသောဘေးကို အတတ်နိုင်ဆုံး ပေါ့ပေါ့ပါးပါးထားပြီး ခပ်ဧဧ ခပ်ပျော်ပျော် နေကြသူများကိုလည်း တွေ့ ရ၏။ ကလေးများမှာလည်း အညာဒေသတွင် တွေ့ ရသည့်အတိုင်း---
``မိုးရွာရင် ရေချိုးမယ်၊ အမေလာရင် နို့ စို့ မယ်´´ ဆိုသလို ဆော့ကစားနေကြလေသည်။
ကျွဲနွားများ ဒုက္ခရောက်နေရသဖြင့် ကောက်ရိုးတွေ စုဆောင်းပေးရသည့် အကြောင်းကို ကြားရသည်။ ဟုတ်ပါသည်။ လူတွေအတွက် ပြင်ဆင်မှု လုပ်နိုင်သော်လည်း ကျွဲနွားများအတွက် လုံလောက်သော ပြင်ဆင်မှု မလုပ်နိုင်ကြရှာပါ။ ကျွဲနွားများသည်လည်းအချို့  ကုန်းစပ်ပေါ်နေသည့် နေရာကွက်ကွက် ကလေးများပေါ်တွင် အလုအယက် တက်နေကြ၏။ အချို့ မှာလည်း ခြောက်သွေ့ သည့် မြေနေရာ ရှာမရ၍ ရေတည်းတွင် အုပ်လိုက် တ၀ဲလည်လည်ပင် ရှိသည်။ ရွာသားအချို့ မှာ မတတ်နိုင်သည့် အဆုံး ဆည်မြောင်းဘက်က တာရိုးပေါ်တွင် တင်ကြိုပို့ ထားကြသည်။ ဆည်ဘက်တာဝန်ခံများကလည်း ဆည်ဘောင်ပေါ်တွင် ကျွဲနွားမထားရ အမိန့် ကြောင့် ရွာသားများနှင့် တကျက်ကျက် ဖြစ်ကြပြန်သည်။ သူတို့ အားလည်း အပြစ်မဆိုသာခြေ။ ဆည်မြောင်းကျိုးသော် ယခုထက် ဆိုးဝါးသည့် ရေဘေးနှင့် ကြုံကြမည် ဖြစ်၏။ ``ပဂိုင်တာကျိုးလျှင် လှည့်၍ပင် မကြည့်နှင့်တော့´´ ဟူသော အယူအဆအစွဲကလေးများကလည်း ``ကပင်´´ ကွင်းတလျှောက် ရွာသားများက ယုံစားလျက် ရှိ၏။ ထို့ ကြောင့်လည်း ကန်ဘောင် ဆည်ဘောင်ထိန်းရသူများနှင့် ကျွဲနွား သမားများအတွက် တင်ပြချက်အသီးသီးနှင့် လုံခြုံရေးနှင့် အုပ်ချူပ်မှု လူကြီးများအတွက် ဖြန်ဖြေပေးမှုများ ပြုလုပ်ပေးနေလေသည်။
ပဲခူးသို့  ရောက်သောအခါ ဘိုသီဘတ်သီနှင့် လုံခြုံရေးနှင့် အုပ်ချူပ်မှုကော်မတီမှ ဗိုလ်မှုး လှမောင်၊ ခရိုင်ဝန် ဦးဘရွှေနှင့် ရဲဝန်ကြီးတို့ ကို တွေ့ ရ၏။
``ရေဒီထက်ကြီးလာရင်တော့ အသွားအလာအပျက်ခံပြီး မီးရထားနဲ့ ကားလမ်းကို ချိုးလိုက်ရမလား။ ဒါမှမဟုတ် တာကျိုးခံပြီး ပဲခူးတမြို့ လုံး ရေလွှမ်းမိုးတာ ကြည့်နေရမလား မသိတော့ဘူး´´
ဗိုလ်မှုးလှမောင်က စိုးရိမ်မှုအပြည့်နှင့် မှတ်ချက်ချလိုက်သည်။
``အမှန်တော့ အမှတ် ၃၀ နီးလာရင် ရှေးက ထုံးစံ ရှိတာက ဆည်မြောင်းအင်ဂျင်နီယာရယ် လမ်းအရေးပိုင်ရယ်၊ မြို့ ကလူကြီးတွေရယ် အရေးတကြီး အစည်းအဝေးခေါ်ပြီး တိုင်ပင်ရတယ်၊ ပဲခူးတာကို ချိုးလိုက်ဘို့ သင့်မသင့် ချင့်ချိန်ဘို့ ပဲ။ မနှစ်ကလဲ ဘေးအန္တရယ်ရောက်ပြီဆိုတဲ့ အမှတ်၃၀ကို ရောက်ခဲ့ပါတယ်။ တာချိုးဘို့ လုပ်ရမဲ့ အချိန်ပေါ့။ ကျနော်တို့ တတွေ တိုင်ပင်ပြီး ခေါင်းကြီးကြီးနဲ့  ခဏစောင့်ကြည့်လိုက်တာ ဘာမှမဖြစ်ပဲ ရေကျသွားလို့  တော်တော်တယ်´´
ခရိုင်ဝန် ဦးဘရွှေက သူ၏ မနှစ်က အတွေ့ အကြုံကို ပြန်ရှင်းပြနေလေသည်။
``ကျနော့်ကိုယ်တွေ့ အရ အမှတ် ၃၀ နဲနဲကျော်တဲ့ အချိန်အထိ စိတ်ချရမယ်ထင်တယ်၊ စောင့်ကြည့်ရင် ကောင်းပါလိမ့်မယ်´´
``အေးဗျာ အရေးပိုင်ကြီး အတွေ့ အကြုံပဲ အားကိုးရတော့မှာပဲ၊ ဇောင်းတူကို လှမ်းမေးစမ်းပါအုံး၊ ရေများတုံးပဲလားလို့ ´´
ဗိုလ်မှုးလှမောင်က အညာမှပြောင်းလာသည့် တပ်မှုးဖြစ်သဖြင့်ေ၇တွေ ဖွေးနေသည်ကို ပင်လယ် အောက်မေ့ကာ အစိုးရိမ်ကြီးနေဟန် ရှိပါသည်။
``ဇောင်းတူမှာ ရေတော့ ကျန်သေးတယ်လို့ အခုပဲ ကြေးနန်းနဲ့ သတင်းပို့ ပါတယ်ဗိုလ်မှုး´´
ပဲခူးလုံခြုံရေးကော်မတီ များသည်၊ ပဲခူးမြစ်၏ အထက်ဘက် ဇောင်းတူစခန်းတွင် ရေစောင့်စခန်းများ ဖွင့်၍ ပဲခူးမြို့ အတွက် ရေဘေးကို တင်ကြိုသိနိုင်ရန် စီစဉ်ထားကြလေသည်။ ဤသို့ ဖြင့် သူတို့ တတွေလည်း နေ့ မအား ညမအား ပဲခူးရေဘေးစစ်ပွဲကို ဆင်နွှဲနေကြတော့သည်။
စင်စစ်သော ``ပဲခူးနယ် ရေကြီးပြန်ပြီ´´ဟူသော သတင်းမှာ ထူးလျက်နှင့် မဆန်းတော့သလိုပင် ဖြစ်နေချေပြီ။

ချောင်းများသည် ပေါက်သည့်နေရာတွင်ပေါက် ကျိုးသည့်နေရာတွင်ကျိုး
ချောင်းများသည် ပေါက်သည့်နေရာတွင်ပေါက် ကျိုးသည့်နေရာတွင်ကျို

တခါတရံ အပ်ချည်မြှင်ကဲ့ သို့  သေးသွယ်သည့် မီးရထားလမ်းနှင့် ကားလမ်းကို တွေ့ ရ၏

တခါတရံ အပ်ချည်မြှင်ကဲ့ သို့  သေးသွယ်သည့် မီးရထားလမ်းနှင့် ကားလမ်းကို တွေ့ ရ၏

ပဲခူးရေကြီးမှု (၁၅-၈-၁၉၆၂ ရှေ့ သို့ စာစောင်) အပိုင်း(နှစ်)

23 November 2011 at 17:18
စင်စစ်သော် ``ပဲခူးနယ် ရေကြီးပြန်ပြီ´´ဟူသော သတင်းမှာ ထူးလျက်နှင့် မဆန်းတော့သလိုပင် ဖြစ်နေချေပြီ။

``ဘတို့ ငယ်ငယ်တုံးကထဲက ခုထိ ပဲခူးနယ်မှာ ရေကြီးလာခဲ့တယ်၊ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ´´ ဟု ပဲခူးသားကြီးတဦးက ငြီးတွားလိုက်ပါသေးသည်။
ကျနော်တို့ တတွေမှာ ရေကြီးရာဒေသများသို့  ကိုယ်တိုင်ရောက်ခဲ့ကြသည့်အပြင် ဒုက္ခရောက်နေသော နယ်သူနယ်သားများနှင့် အစာရေစာပြတ်နေသည့် တိရစ္ဆာန်များကို ကြည့်၍ စိတ်ထိခိုက်လှစွာဖြင့် အရေးတကြီး ဖြစ်နေကြသလောက်၊ ပဲခူးနယ်သား ဘကြီးတစ်ဦးကမူ ခပ်ဧဧပင် ဖေါ်ပြပါအတိုင်း မှတ်ချက်ချလိုက်ခြင်း ဖြစ်ပေသည်။
ဤသို့ ဆိုလျှင် ပဲခူးနယ်ေ၇ကြီးလာခဲ့သည်မှာ မည်မျှကြာမြင့်ခဲ့ပါပြီနည်း။ အသက်၅၀ခန့် လယ်သမား ဘကြီး၏ မှတ်ချက်ကို အကဲခတ်၍ ``ဘတို့ ငယ်ငယ်တုံးကထဲက´´ ဟုဆိုသဖြင့် နှစ်ပေါင်း ၁၅နှစ်၊ ၂၀နှစ်ထက်တော့ မနည်းတော့ဟု ခန့် မှန်းရသည်။
ဤနှစ်ပေါင်းများစွာ အတွင်း၌ ကျနော်တို့ ၏ ရှေးအထက်က ပုဂ္ဂိုလ်များသည် ရေဘေးကို ဤအတိုင်းပင် လက်ပိုက်၍ကြည့်နေခဲ့ကြပါသလော။ အဘယ့်ကြောင့် တားဆီးရန် အားမထုတ်ခဲ့ကြပါသနည်း။
ဆည်မြောင်းကို ကြည့်ရှု ထိန်းသိမ်းနေရသည့် ဘကြီးဝင်းကမူ၊
``ဦးတို့ လဲ ဆည်မြောင်းဌာနအနေနဲ့  ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ဦးတို့ တတ်နိုင်တာက နဲနဲပါ၊ ရှေးကထဲက ပစ်ထားသလို ဖြစ်နေတော့ ရေနုတ်ချောင်း၊ ရေထုတ်မြောင်းတွေက ကောလာခဲ့တယ်။ ငယ်ငယ်တုံးက လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ လယ်တွေဟာ တစစနဲ့  ရေတွေဖုံးလာကြတာပါပဲ´´
``နေပါအုံး၊ ဦးက ဒီနယ်မှာ အတော်ကြာနေပြီလား´´
``ဒီနယ်မှာ ဦးအလုပ်လုပ်ခဲ့တာ နှစ် ၂၀ ကျော်လောက်ရှိပြီ၊ ပဲခူးကွင်းမှာ မရောက်ဘူးတဲ့ နေရာမရှိပါဘူး။ မောင်ရင်တို့ ခေတ်မှာ ဟောဒီ ရေနဲ့ ကြူတောတွေ ဖုံးနေတဲ့ ရှေးကလယ်ကြီးတွေ ပြန်ဖေါ်ပေးနိုင်ရင်တော့ လယ်သမားတွေဟာ မောင်ရင်တို့ ကို ဘုရားလိုကြည်ညိုကြမှာပဲ´´
``ဒါလောက်တောင်ပဲလား ဦးရဲ့ ´´
``ဒါထက် ဆယ်ဆပိုပါလိမ့်မယ် မောင်ရယ်၊ ဘာလို့ လဲဆိုတော့ ဟောဒီကွင်းကြီးတွေ ကြူတောနဲ့ ရေ၀ပ်ပြီး စပါးစိုက်မရတာလောက်သာမဟုတ်ဘူး။ ဦးတို့ တောကလူတွေရဲ့  လူနေမှုစနစ်လဲ သိသိသာသာကြီး ပြောင်းလဲခဲ့တယ်´´
``ရှင်းပါအုံး ဦးရဲ့ ´´
``ဒီလိုလေ၊ ဗမာတောသားဟာ လယ်သမားပဲဆိုတာ စာဆိုလိုရှိနေခဲ့တယ်၊ ဟောဒီကွင်းက ရွာသားလူများစုဟာ လယ်သမားတွေပဲ၊ လယ်ကွက်တွေ ရေမြုပ်ကုန်တော့ ကွင်းထဲက ရွာသားတွေ သူတို့ အားနဲ့  အမျိုးမျိုးကြိုးစားပြီး ကာကွယ်ကြတယ်။ ရေထဲမှာ စပါးစိုက်လို့ ရအောင်လဲ လုပ်ကြပါရဲ့ ၊ ရေကသာနိုင်လာတယ်။ လူက မလိုက်နိုင်တော့ဘူး။ ဒါနဲ့ ပဲ စပါးစိုက်ဘို့  လက်လျှော့လိုက်ကြရတယ်။ အငတ်မခံနိုင်တော့လဲ လယ်သမားဘ၀က ကင်းသမား၊ တံငါတွေ ဖြစ်ကုန်ကြတာပေါ့။ တချို့ လဲ ငါးမလုပ်ချင်လို့ ရွာက ပြောင်းကုန်ကြတယ်။ တချို့ လဲ ကူလီအလုပ်သမားဖြစ်ကုန်ကြတာပေါ့လေ။ ဦး အရွယ်ကောင်းတုန်းက ရွာစဉ်ရှောက်ပြီး လှည့်လိုက်ရင် အားရစရာ ပျော်စရာချည်းပေါ့၊ လယ်ကွင်းတွေက စိမ်းလို့ ၊ ဟော တဖြေးဖြေးနဲ့ ရွာတွေလဲ ပျက်လာကုန်ပြီ၊ နောက်ပြီး ဦးတို့ က ဆည်မြောင်းဘက်ကမဟုတ်လား၊ အရင်ကဆိုရင် ဦးတို့  ဆည်မြောင်းဘက်ကလူတွေဟာ တောမှာ မျက်နှာအပွင့်ဆုံးပေါ့၊၊ အင်္ဂလိပ်ခေတ်တုံးကဆိုရင် ရေဗိုလ်၊ ဆည်ဗိုလ်နဲ့ ဦးတို့ တတွေကို ဖူးဖူးမှုတ်ထားကြတယ်၊ နောက်ဦးတို့ ဆည်မြောင်းက ရေမနုတ်နိုင်တော့ တဖြည်းဖြည်း အယုံအကြည် ကင်းမဲ့လာကုန်ကြပြီး၊ ဦးတို့ ကို လယ်သမားတွေက စကားတောင် တယ်မပြောချင်တော့ဘူး´´

ပဲခူးရေကြီးမှု (၁၅-၈-၁၉၆၂ ရှေ့ သို့ စာစောင်) အပိုင်း(သုံး)

24 November 2011 at 11:23
``လွတ်လပ်ရေးရပြီး ဒီဘက်မှာ ဆည်သစ်တွေ တူးပြီး ရေမထုတ်ပစ်ဘူးလား´´
`` အင်း ဦးမှတ်မိသလောက် ကြီးကြီးမားမား လုပ်နိုင်တာ မရှိပါဘူးကွယ်၊ ဖြစ်ကတတ်ဆန်းသာသာပါပဲ၊ နောက်ပြီး ရေမြောင်း ဆည်မြောင်းဖေါက်ဘို့  တာတမံ တုတ်လို့  ပြည်တော်သာအနေနဲ့  ငွေရတယ်လို့ သိရတယ်၊ ဦးတို့ ဌာနကတော့ အထက်ကို ဘယ်လောက် အစီရင်ခံနေပေမဲ့ အရေးမယူခဲ့ပါဘူး။ ပြည်တော်သာလုပ်ငန်းဆိုတာလဲ ဦးသိရသလောက် နှစ်တိုင်းကြီးလာတဲ့ ရေနဲ့ အတူ မြောကုန်ကြပါပြီ´´
``ရေကြီးလာရတဲ့ အကြောင်း ဦးအမြင် ပြောပြစမ်းပါအုံး´´
`` ဦးတွက်ချက်လို့ ရသလောက်ကတော့ အချက်တွေ အများကြီး ရှိပါတယ်။ ပဌမအချက်ပြောရရင် စစ်တောင်းမြစ် ကိစ္စပဲ၊ ရွာကလူတွေလဲ ပြောကြတယ်၊ ဟောဟို စစ်တောင်းတံတားကြီး ဖေါက်လိုက်ကထဲက စစ်တောင်းဝမှာပိတ်ပြီး ရေက ပင်လယ်ကို ကောင်းကောင်းမစီးချင်တော့ဘူး၊ စစ်အတွင်း တံတားကြီး ပျက်ကြသွားပြန်တော့ ပိုပြီး ပိတ်သွားတယ်၊ ပင်လယ်ဘက် စီးရမဲ့ ရေဟာ ပဲခူးကွင်းဘက်ကို လျှံတက်လာတော့တယ်´´
``ဒီလိုဆိုရင် ရေကာတာတွေ မလုပ်ဘူးလား´´
``ဦးသိရသလောက်တော့ စစ်တောင်းဘက်မှာ ကြီးကြီးကျယ်ကျယ် လုပ်တာမတွေ့ ရဘူးဟိုတောင်ဘက် နယ်သစ်ဖွင့် ပင်လယ်ကမ်းစပ်မှာတော့ ရေငံရေတွေ မတက်အောင် လယ်စိုက်နိုင်ဘို့  မြေ-ကျေး-ရှင်းက ရေကာတာကြီးတခုလုပ်တာသိရတယ်။ ရေတွေက ပဲခူးကွင်းထဲမှာ ဒယ်အိုးလို ဖြစ်နေတယ်။ တဖြည်းဖြည်း ထွက်လို့ မရတော့ဘူး အိုင်နေပြီ။ အင်္ဂလိပ်လက်ထက်တုံးက စစ်တောင်း ပဲခူး တူးမြောင်းတူးထားတာ ရှိတယ်၊ စစ်တောင်းက ချလာတဲ့ သစ်တွေ မျှောဘို့ အဓိကထားပြီး တူးထားတာ၊ နွေကျရင် ရေမလောက်လို့ တောင် `မိုးရင်းကြီး´အင်းဆိုပြီး (လက်ရှိ မိုးယွန်းကြီး ဘေးးမဲ့တော) ရေလှောင်ကန် ကြီးကြီး တစ်ခုတူးပြီး ရေလိုရင် ထုတ်ပေးဘို့ လုပ်ထားရသေးတယ်´´
``အခုတော့ ဘာဖြစ်သွားလို့ လဲ´´
``အခုဒီတူးမြောင်းက ရေနုတ်လို့ မနိုင်တော့ဘူး။ နောက်ပြီး ပဲခူးရိုးမက ကျလာတဲ့ ချောင်းတွေကလဲ အတော်ဆိုးတယ်။ ခြောက်သွေ့ တဲ့အချိန်ကြည့်ရင်တော့ မခုတ်တတ်သလိုပဲ တောင်ပေါ်မှာ မိုးကလေးညိုရင်တော့ ချက်ခြင်းပဲ ရေကျသန်ပြီး တ၀ုန်းဝုန်း ဖြစ်ကုန်ကျတော့တာပဲ၊ ဒီနှစ်ရေကြီးတယ်ဆိုရင်ပဲ ခုတ်ထားတဲ့ သစ်လုံးတွေ တားမရ ဆီးမရ ကျလာလိုက်တာ တံတားတွေပျက်၊ ရေကာတာတွေပျက် ဖြစ်ကုန်ကျတော့တာပေါ့´´
ဟုတ်ပါသည်။ ပဲခူးနယ်၊ ပျဉ်းမနား၊တောင်ငူနယ်၊ ဟံသာဝတီနယ်ဟူသော စစ်တောင်းမြစ်ကို မှီး၍ နေကြသော ခ၇ိုင်များရှိကြ၏။ အကြမ်းအားဖြင့် ပဲခူး၇ိုးမနှင့် စစ်တောင်းမြစ်ကြား မြေပြန့် တည်ရှိ၏။ မြေသြဇာကောင်း၍ စပါးထွက်ကောင်းသည့် မြေပြန့် ဖြစ်သည်။ စစ်တောင်းမြစ် မြစ်ဖျားခံရာနေရာမှ မဝေးလှ၊ ပျဉ်းမနားနယ် အတွင်းသာ ဖြစ်၏။ သို့ သော် စစ်တောင်းမြစ်ကို စီးဝင်လာသည့် မြစ်လက်တက်များသည် ခိုင်မာသည့် တောတောင်ကျောကို မြစ်ဖျားခံကြသဖြင့် မိုးရွာလျှင်ေ၇အပြည့် စုံဆင်းလာကြတော့သည်။ စစ်တောင်းမြစ်အဖြစ် ပေါက်ဖွားရန်အတွက် ပျဉ်းမနားနယ်တွင် ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တို့ သည် စတင်တွေ့ ဆုံခဲ့ကြခြင်းဖြစ်၏။ တောင်ငူခရိုင်သို့  ရောက်သောအခါ ရေအားကောင်းလှသည့် ကဘောင်းချောင်း (ခပေါင်း) မုန်းချောင်း၊ ဖြူးချောင်း၊ ကွန်းချောင်း၊ အိုင်ဒုံချောင်းတို့ သည် လာရောက်ပေါင်းကြ၏။ ပဲခူးနယ်ဘက်သို့ ခရီးဆက်ပြန်သောအခါ နံမည်ကြီးသည့် ဘိုင်းဒါးနှင့် ရဲနွယ်ညီနောင်တို့ က ၀င်ရောက်လာပြန်၏။ ရွှေကျင်ချောင်းကလည်း အနောက်ဘက်မှ ၀င်ရောက်လာသည်။ ထို့ အပြင် ဒိုက်ဦးတ၀ိုက်တွင် လယ်ချောင်းကလေးများ ဖျာထွက်နေသလို ပဲခူးရိုးမမှ စီးဆင်းလာကြသည့် တကောင်းချောင်း၊ ကောလိမ်ချောင်း (ကောလိယ)၊ ကဒုတ်ချောင်း၊ ဘောနီချောင်း၊ ပနွယ်ချောင်း စသည့် ချောင်းကလေးများကလည်း မိုးညို့ လိုက်သည်နှင့် ရေလုံးကြီးစွာဖြင့် ပဲခူးကွင်းနှင့် စစ်တောင်းမြစ်ရေအားကို တိုးပွားကြပြန်တော့သည်။
အချူပ်အားဖြင့်ဆိုလျှင် စစ်တောင်းမြစ်ရေသည် ပင်လယ်ဝဘက်သို့ ကောင်းစွာမစီးဆင်းတော့သဖြင့် မြစ်လက်တက် များလှသည့် စစ်တောင်းသည် ပဲခူးကွင်းဘက်သို့  ဖြန့် ၍ ထွက်ပေါက်ရှာရသည်။ ပို၍ဆိုးသည်ကား ပဲခူးရိုးမမှ စီးဆင်းလာသည့် ချောင်းများပင်ဖြစ်သည်။ ၄င်းချောင်းများကို ထိန်းနိုင်မှလည်ူ ပဲခူးနယ်တွင်း ရေကြီးမှုကို ကာကွယ်နိုင်ပေလိမ့်မည်။
ကားလမ်း၊ မီးရထားလမ်း၊ တံတားများနှင့်ေ၇လွှဲပေါက်ပြုလုပ်သည့် စီစဉ်မှုတွင် သေချာစွာ စီစစ်ညှိနှိုင်း ပြုပြင်ရန် အချက်များလည်း ရှိနေပါသေးသည်။ ဒိုက်ဦးနယ်ကိုဖြတ်၍ ဆင်းလာသည့် ချောင်းများကြောင့် မြစ်ကျိုးနှင့် ဖေါင်တော်သီကြားတွင် ကြီးမားလှသည့် ရေ၀ပ်သော ``လာပင်´´ ကိုင်းတောကြီး ဖြစ်နေချေပြီ။
ဘကြီးဝင်း၏ ပြောကြားချက်တခုတွင် ရွာသားများသည် လွတ်လပ်ရေး ရပြီးသည့်နောက်၌ စောင့်စည်းအပ်သော စည်းကမ်းများ မစောင့်စည်းကြတော့ပဲ လွတ်လွတ်လပ်လပ် လုပ်ချင်ကိုင်ချင်ပုံကို ဖေါ်ပြသွားလေသည်။ ဆည်မြောင်းဌာနအနေနှင့် ပဲခူးရိုးမမှဆင်းလာသော ချောင်းများကို တတ်အားသမျှ တာတမံတုတ်ပေးသော်လည်း လယ်သမားများက မကြာခဏ တာကို ဖေါက်တတ်ပြီး ရေခိုးကြသဖြင့် ဖေါက်စက မကြီးမားသော်လည်း ရုတ်တရက်ရေကျလာသောအခါ တာရိုးကြီးတခုလုံး ကျိုးတတ်ပုံကို ရှင်းပြသွားလေသည်။
ပဲခူးကွင်း ရေကြီးသည့် အကြောင်းရင်းများကို စုံစမ်းရသ၍ ဤမျှသာ ဖြစ်၏။ ပဲခူးမြို့ ရေကြီးမှုတွင် အခြားကြီးမားသည့် အကြောင်းတခုမှာ ပဲခူးမြစ်ဖြစ်၏။ ပဲခူးမြစ်သည် မထိန်းနိုင်ပဲ ရေလျှံတတ်သည်။ ပဲခူးမြို့ အတွင်း ရေမ၀င်ရန် ထိန်းထားခဲ့သော ချောင်းမြောင်းများလည်း ကော၍ နေပါပြီ၊ အကြမ်းအားဖြင့် ခြုံကြည့်လိုက်သော် စစ်အတွင်းမှစ၍ ယခုအထိ သဘာဝအားဖြင့် ချောင်းမြောင်းပေါလှသည့် ပဲခူးနယ်နှင့် တောင်ငူနယ်ရှိ ဆည်မြောင်း၊ တာတမံများ၊ မြစ်ထိန်းသိမ်းမှု လုပ်ငန်းများမှာ အဆက်ဆက် လုပ်သင့်လုပ်ထိုက်သည့် တိုးချဲ့မှု အားပေးမှုများ လုံးဝမရှိသလောက်ပင် ဖြစ်နေသည်။ ဤတာဝန်များကို သာမာန်လောက်သာ သဘောထားခဲ့ကြသည်။ ရွာသားများကလည်း စည်းကမ်း ပျက်သင့်သလောက် ပျက်ကြ၏။ ထိန်းသိမ်းမှုဘက်ကလည်း ၀န်နှင့် အားမျှပုံမပေါ်၊ ဆည်မြောင်းတာတမံ အရေးအခင်း အလေးပေးမှုကို အစိုးရ အဆက်ဆက်၌ ရရှိခဲ့ဟန်မတူ၊ ထို့ ကြောင့် နှစ်ပေါင်းကြာလာသောအခါ၊ ဤရေကြီးခြင်း အဖြေသာ ထွက်လာခဲ့ခြင်း ဖြစ်ပေတော့သည်။

ပဲခူးနယ်သားတို့ သည် နှစ်စဉ် ကြုံတွေ့ ရေရသော ရေဘေးကို သိနားလည်ထားကြ၏။ ထို့ ကြောင့် မိုးကျလာလျှင် ရေဘေးအတွက် မိမိတို့ တတ်နိုင်သည့် ပြင်ဆင်မှုများကို လုပ်ထားရသည်။ မိမိတို့ အိမ်တွင် အထပ်ခိုးကလေး ပြုလုပ်ထားခြင်း၊ ဆန်၊ဆီ၊ဆာ။။ထင်းမှအစ သိုလှောင်ထားခြင်း၊ သောက်ရေ သုံးရေ စုဆောင်းထားခြင်းများ ပြုလုပ်ထားကြရသည်
ပဲခူးနယ်သားတို့ သည် နှစ်စဉ် ကြုံတွေ့ ရေရသော ရေဘေးကို သိနားလည်ထားကြ၏။ ထို့ ကြောင့် မိုးကျလာလျှင် ရေဘေးအတွက် မိမိတို့ တတ်နိုင်သည့် ပြင်ဆင်မှုများကို လုပ်ထားရသည်။ မိမိတို့ အိမ်တွင် အထပ်ခိုးကလေး ပြုလုပ်ထားခြင်း၊ ဆန်၊ဆီ၊ဆာ။။ထင်းမှအစ သိုလှောင်ထားခြင်း၊ သောက်ရေ သုံးရေ စုဆောင်းထားခြင်းများ ပြုလုပ်ထားကြရသည်

အိမ်မြုပ်လျှင် အထပ်ခိုးသို့ ပြောင်းရွှေးကြသည်။ အထပ်ခိုးအထိေ၇တက်လာသောအခါ ခေါင်မိုးပေါ်သို့  တက်၍ ရွှေ့ ပြောင်းနေကြတော့သည်။

အိမ်မြုပ်လျှင် အထပ်ခိုးသို့ ပြောင်းရွှေးကြသည်။ အထပ်ခိုးအထိေ၇တက်လာသောအခါ ခေါင်မိုးပေါ်သို့  တက်၍ ရွှေ့ ပြောင်းနေကြတော့သည်။

ကျွဲနွားလှည်းမှ အစ စားလည်း တထပ်တည်း အိပ်လည်း တနေရာတည်း မိမိတို့ နှင့် မခွာနိုင်ပဲ အိမ်အတွင်း ကြမ်းတပြင်တည်းတွင် တင်၍ အတူနေထိုင်ကြသည်

ကျွဲနွားလှည်းမှ အစ စားလည်း တထပ်တည်း အိပ်လည်း တနေရာတည်း မိမိတို့ နှင့် မခွာနိုင်ပဲ အိမ်အတွင်း ကြမ်းတပြင်တည်းတွင် တင်၍ အတူနေထိုင်ကြသည်

ပဲခူးရေကြီးမှု (၁၅-၈-၁၉၆၂ ရှေ့ သို့ စာစောင်) အပိုင်း(လေး)

24 November 2011 at 13:32
နှစ်စဉ် ဆုံးရှုံးမှုကို အမှတ်တမဲ့ မနေပဲ ပြန်လည် ဆန်းစစ်ကြည့်ရသော်၊
ပြီးခဲ့သည့် ၁၉၆၁ခုနှစ်၊ ရေဘေး အကြီးအကျယ် ဆိုက်ရောက်စဉ်က၊ ပဲခူးနယ် တခုတည်းတွင်xxx
ကျေးရွာပေါင်း             ၇၅ ရွာ
အိမ်ထောင်ပေါင်း         ၂၃၅၃၃ အိမ်ထောင်
လူဦးရေ                             ၁၀၂၆၆၀
တို့ သည် အတိဒုက္ခတွေ့ ခဲ့ကြ၏။
ရေမြုပ်သော လယ်ဧကပေါင်း ၁၂၉၃၀၀ ဧကဖြစ်ရာ ပျက်စီးသည့် လယ်ပေါင်း ၆၃၀၀၀ ဧကဖြစ်ကြ၏။ ဗဟိုကယ်ဆယ်ရေးအဖြစ် ငွေပေါင်း ၁၅၀၅၇၆ကျပ် ကုန်ကျခဲ့၍၊ နွားဝယ်ရန် ၁၅၀၁၇၄ကျပ် ထုတ်ပေးခဲ့ရသည်။ (ခန့် မှန်း ထိုအချိန်က ၁၀ပြားလျှင် ယခု ကျပ် ၂၀၀ခန့် ရှိသည်၊ တကျပ်လျှင် ကျပ်၂ထောင် ထို့ ကြောင့် ငွေ တသိန်းခွဲသည် ကျပ် သိန်း၃ထောင်ဖြစ်ပါသည်။)
အစိုးရ ကယ်ဆယ်ရေးဌာနမှ ဆန်ဝေငှရာ ငွေပေါင်း ၆၅၅၀၀ ကျပ် ကုန်ကျခဲ့သည်။
တောင်ငူခရိုင်တွင်
ကျေးရွာပေါင်း ၇၇ရွာ
အိမ်ထောင် ၁၁၂၁၈
လူဦးရေ ၆၄၁၂၃ ဒုက္ခရောက်ခဲ့ကြသည်။
လယ်ဧက ၃၀၀၀၂ ရေမြုပ်ရာ ၁၂၀၀၀ ပျက်စီးကြသည်။
ဗဟိုကယ်ဆယ်ရေးမှ ၉၈၁၂၇ကျပ်၊ အစိုးရမှ ၁၃၀၅၀ကျပ် ထုတ်ပေးခဲ့ရလေသည်။
ဖေါ်ပြပါ အပျက်အစီးများမှာ မျက်မြင် အပျက်အစီးစာရင်းသာဖြစ်၏။ စပါးမစိုက်နိုင်သဖြင့် တိုင်းပြည်၏ ၀င်ငွေ ဆုံးရှုံးမှု စာရင်း မပါရှိသေးချေ။
မြန်မာပြည်တွင် စစ်မဖြစ်မှီက စိုက်ပျိုးနိုင်သော ဧကပေါင်းမှာ ၁၉၄၀-၄၁ စာရင်းအရ၊ ကြေးတိုင်စိုက်ပြီးဧကပေါင်း ၁၆၄၄၉၇၃၃ (ဆယ့်ခြောက်သန်းကျော်) ဧကဖြစ်၏။ ကြေးတိုင်မစိုက်ရသော ခန့် မှန်းနယ်မြေပေါင်းမှာ ၁၁၁၁၀၁၉ ဧကဖြစ်ရာ၊ စုစုပေါင်း စိုက်ပျိုးနိုင်သည့် ဧကပေါင်း ၁၇၅၆၀၇၅၂ အကြမ်းအားဖြင့် ၁၇သန်းခွဲ ဖြစ်ပါသည်။
စစ်တောင်းမြစ်ကို အားပြုနေသည့် တောင်ငူခရိုင်၊ ရမည်းသင်းနှင့် ပဲခူးခရိုင်၏ စပါးစိုက် ဧရိယာ အခြေအနေမှာ
၁၉၃၈-၃၉နှစ်
ပဲခူးခရိုင်         ၁၀၃၁၉၂၄ ဧက
တောင်ငူ         ၄၅၈၇၅၃
ရမည်းသင်း      ၂၅၉၇၄၃
ဟံသာဝတီ      ၈၂၈၃၅၉
စုစုပေါင်း         ၂၅၇၈၇၇၉
၁၉၆၁-၆၂ခုနှစ်
ပဲခူး               ၈၅၅၀၈၈
တောင်ငူ         ၃၄၄၅၆၁
ရမည်းသင်း      ၂၄၁၈၁၈
ဟံသာဝတီ      ၇၅၅၅၃၉
စုစုပေါင်း         ၂၁၉၇၀၀၆ တို့ ဖြစ်ကြသည်။
အကြမ်းအားဖြင့် စစ်တမ်းထုတ်ကြည့်လိုက်လျှင်
စစ်မဖြစ်ခင်က စစ်တောင်းနှင့် ပဲခူး၇ိုးမမှ ဆင်းလာသည့် ချောင်းများ မြစ်များကို မှီး၍စပါး စိုက်ပျိုးခဲ့သည့် ဧကပေါင်းမှာ ၂၅သိန်းကျော်ရှိခဲ့ရာ၊ ယခု စစ်ပြီး ၁၉၆၁-၆၂ ခုနှစ် စာရင်းအရ ၂၁သိန်းသာ စပါးစိုက်ခဲ့သဖြင့် စပါးစိုက် ဧကပေါင်း ၄သိန်းကျော် ပျက်စီးခဲ့ကြောင်းတွေ့ ရှိရမည်ဖြစ်ပေသည်။
မြန်မာပြည် တပြည်လုံးတွင် စိုက်ပျိုး၍ ရသည့် ဧကပေါင်းကို အထက်တွင် ၁၇သန်းခွဲရှိကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ၄င်းစိုက်ပျိုးသည့်ဧရိယာအနက်မှ ထပ်မံ၍ စပါးစိုက် ဧရိယာကို ခွဲထုတ်ကြည့်လိုက်လျှင်
၁၉၃၈-၃၉ ခုနှစ်တွင် ပြည်နယ်များမပါ ပြည်မရှိ စပါးစိုက် ဧရိယာ ၁၂၃၈၁၃၇၂ဧက ခန့် မှန်းခြေ ပျမ်းမျှ ၁၂သန်းကျော်ရှိ၍၊ ၁၉၆၁-၆၂ ခုနှစ်တွင် ပြည်နယ်များမပါ ပြည်မစပါးစိုက် ဧရိယာမှာ ၁၀၄၈၆၂၈၄ ဧက၊ အကြမ်းအားဖြင့် ၁၀သန်းကျော် ဖြစ်လေသည်။ ထို့ ကြောင့် စစ်မဖြစ်ခင် စံချိန့်မှီ၇န် ဧက၂သန်းပျက်စီးနေလေသည်။ ၄င်းအနက် အထက်ဖေါ်ပြပါအတိုင်း စစ်တောင်းနှင့် ပဲခူးနယ်တွင် ၄သိန်းကျော်ရှိသဖြင့် ဗမာပြည်၏ လယ်ဧကပေါင်း ငါးပုံတပုံအထိ ပဲခူးနယ်တွင် ယုတ်လျော့လျက်ရှိကြောင်း ပေါ်ထွက်လာမည်ဖြစ်သည်။
ထို့ ကြောင့် ပဲခူးနယ် ရေကြီးခြင်းက စံနစ်တကျ ကာကွယ်ရမည်ဆိုခြင်းမှာ တိုင်းပြည်၏ ဆုံးရှုံးနေသော လယ်ဧကပေါင်း ၄သိန်းကို ပြန်လည်ဖေါ်ထုတ်ပေးခြင်းနှင့် ညီမျှလျက် ရှိလေသည်။
တော်လှန်ရေး အစိုးရ၏ တာဝန်ကား ကြီးမားလှ၏။ လယ်ယာစိုက်ပျိုးသော တိုင်းပြည်ဖြစ်သဖြင့် လယ်သမားနှင့် စိုက်ပျိုးရေးကို ဦးစားပေးရန်လည်း ကျေညာပြီးဖြစ်၏။ လက်ရှိ နှုန်းထားအတိုင်း လုပ်ကိုင်နေလျှင် စစ်မဖြစ်မှီ စံချိန်ကို ရောက်ရန် ခရုသွား သွားနေခြင်းသာ ဖြစ်ပေလိမ့်မည်။ လွတ်လပ်ရေးရပြီး ၁၄နှစ်ကျော်ကြာလေပြီ။ တနှစ်တနှစ် လယ်ဧကတက်မလာသည့်အပြင်၊ ပဲခူးနယ်တွင် တဖြည်းဖြည်းသာ ဆုတ်ယုတ်လျက်လာနေ၏။ တော်လှန်ရေးတရပ် စစ်ဆင်ရေး တခုကဲ့သို့  မဆောင်ရွက်ပါလျင် စစ်မဖြစ်မှီင်္ စံချိန်ကို မှီနိုင်တော့မည်မဟုတ်ဟု လေးနက်စွာ ယုံကြည်မိ၏။
ပဲခူးရေကြီးခြင်းနှင့်ဆက်စပ်၍ေ၇တွက်၍ရသော ဆုံးရှုံးမှုများတွင် ဤအကြောင်းအရာများကို ထည့်တွက်ခြင်း မပြုခဲ့ကြပေ။ ထို့ ကြောင့် တော်လှန်ရေး အစိုးရသည် ဤခေတ်တွင် လူလာဖြစ်ရသည်ဟု ဆိုရမည်ကဲသို့  တာဝန်ကြီးလှပါသည်ဟု မှတ်ချက်ချလိုက်ရခြင်း ဖြစ်ပါသည်။
တရုပ်ပြည်ကြီးတွင် မြစ်ဝါမြစ်ကို ထိန်းသိမ်းသည့် စီမံကိန်းကို ကျနော်တို့ တတွေ တအံ့တသြ ဖတ်လိုက်ရ၏။ တွေ့ လည်းတွေ့ ခဲ့ရသည်။ ယခင်အစိုးရကလည်း ချင်းတွင်းမြစ်ကို ထိန်းသိမ်းရန် ပါရဂူများနှင့် တိုင်းထွာလေ့လာခဲ့သည့် သတင်းကို ကြားခဲ့ကြရသည်။ ကုဋေ ၂၀၀ ကုန်မည့် စီမံကိန်းဟူ၍လည်း သိလိုက်ရသည်။
စစ်တောင်းမြစ်မှာ မြစ်အရှည် အလွန်တိုတောင်းပြီး ချင်းတွင်းနှင့်စာလျှင် သေးငယ်လှပါသည်။ ပဲခူးမှ စီးဆင်းလာသော မြစ်များ၊ ချောင်းများကိုလည်း မဝေးကွာလှသော ခရီးတွင် ရေတွက်၍ ၇နိုင်သော အခြေတွင် ရှိကြသည်။ အကယ်၍ ဤစစ်တောင်းမြစ်နှင့် ပဲခူးရိုးမမှ မြစ်ကလေးများကို ကျနောတို့ ခေတ်တွင် စံနစ်တကျ ထိန်းထားနိုင်လျှင် ဧကပေါင်း ၂၅သိန်းကျော်သည် စစ်မဖြစ်ခင်ကအတိုင်း စပါးစိုက်ပျိုးလာနိုင်မည် ဖြစ်လေသည်။
ထို့ အပြင် ရေကို ထိန်းနိုင်သည် ဆိုသည်နှင့် မိုးတွင်းတွင် ယခုစံနစ်အတိုင်း စပါးစိုက်၍ ဆောင်းနှင့် နွေတွင် ထိန်းသိမ်းထားမည့် ဆည်မြောင်းတာတမံမှ ရေကို ကြိုက်သလို အသုံးပြုနိုင်မည် ဆိုပါက ဧကပေါင်း ၂၅သိန်းအနက် အောက်ထစ် တ၀က်ခန့် သည် နှစ်သီးစား၊ သုံးသီးစားသို့  လွယ်လွယ်နှင့်တက်လှမ်းနိုင်မည် ဖြစ်ပါသည်။ နှစ်စဉ်တိုက်ချလာသော အဘိုးတန် မြေသြဇာများကိုလည်း ပဲခူးပြန့် တွင် အသုံးချကြရမည် ဖြစ်ပါသည်။
ဤကား ကျနော်၏ ဈေးတွက်မျှသာ ဖြစ်၏။ မှားချင် မှားပေမည်။ သို့ သော် ကျနော်တို့ သည် ယခုကဲ့သို့ ခေတ်သစ် လယ်ယာစံနစ်ကို တိုးတက်နေသော အခြားတိုင်းပြည်များနှင့် စာလျှင် (၀ါ) အီဂျစ်မှ ကာဆွမ်ရေကာတာ၊ မဲခေါင်စီမံကိန်း၊ မြစ်ဝါမြစ် ထိန်းသိမ်းခြင်း စီမံကိန်းတို့ နှင့်စာလျှင် မကြီးကျယ်လှသော ပဲခူးနှင့် စစ်တောင်းစီမံကိန်းက အကောင်အထည်ဖေါ်နိုင်ရန် မဖြစ်နိုင်စရာ မရှိဟု ယုံကြည်မိပါကြောင်း။
ထို့ ကြောင့် ပဲခူးရေကြီးသည့် ၀မ်းနည်းဘွယ် အဖြစ်မှ ခေတ်သစ်လယ်ယာစံနစ်သို့  ရှေးရှုနိုင်ရန် တော်လှန်ရေး အစိုးရက ပမာဏ စီစဉ်နေပြီဟူသော သတင်းကောင်းကို ကျနော်တို့ သည် ပဲခူးနယ်မှ လယ်သမားကြီးများအား တဆင့် ပြောကြားရမည်ဖြစ်ပါသည်။
မုတ်သုန်လေမှာ အားကောင်းဆဲ ဖြစ်၍ ဘင်္ဂလား ပင်လယ်အော်တွင် လေပွေလှိုင်းတခုမှာ မြောက်ဘက်သို့ ရွေ့ လျားဆဲ ဖြစ်၏။ ကျနော်တို့ ပဲခူးမှ ပြန်လာသောအခါ မိုးမင်းသည် အငြိုးကြီးနှင့် သဲသဲမဲမဲ ရွာသွန်းနေဆဲ ဖြစ်ပါသတည်း။
ဗိုလ်မှုးသမိန်
(ယုံကြည်တဲ့အတိုင်း လုပ်ကြတဲ့ ခေတ်က)

ဒီမြေပုံပါ ဆောင်းပါးမှာ ပါပါကြောင်း

ဒီမြေပုံပါ ဆောင်းပါးမှာ ပါပါကြောင်း
ကယ်ဆယ်ရေးဌာနမှလည်းေ၇လွှမ်းမိုးရာ ဒေသနေရာ အနှံ့ အပြာ်းသို့ ကယ်ဆယ်ရေး ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်ပို့ ခြင်းဖြင့်ကူညီစောင့်ရှောက်ကြသည်
ကယ်ဆယ်ရေးဌာနမှလည်းေ၇လွှမ်းမိုးရာ ဒေသနေရာ အနှံ့ အပြာ်းသို့ ကယ်ဆယ်ရေး ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်ပို့ ခြင်းဖြင့်ကူညီစောင့်ရှောက်ကြသည်

ပဲခူးချောင်းန့ဘေးမှ တာကြီးမကျိုးပေါက်စေရေးအတွက် ကင်းထောက်များကလည်း သဲအိတ်များကို တာဝန်သိသိဖြင့် ကူညီ ဖို့ ပေးကြသည်

ပဲခူးချောင်းန့ဘေးမှ တာကြီးမကျိုးပေါက်စေရေးအတွက် ကင်းထောက်များကလည်း သဲအိတ်များကို တာဝန်သိသိဖြင့် ကူညီ ဖို့ ပေးကြသည်

ပြွန်တံဆာ၊ ရဲနွယ်ချောင်း တာတမံကြီး ကျိုးပေါက်သဖြင့် ဤသို့  အပူတပြင်း ပြန်လည်တည်ဆောက်သည်

ပြွန်တံဆာ၊ ရဲနွယ်ချောင်း တာတမံကြီး ကျိုးပေါက်သဖြင့် ဤသို့  အပူတပြင်း ပြန်လည်တည်ဆောက်သည်










Tuesday, November 8, 2016

သစ်တောဖုံးလွှမ်းလျက်ရှိသောမြေနှင့် သစ်တောမြေစီမံအုပ်ချုပ်မှု ခင်လှိုင် (ညွှန်ကြားရေးမှုး တိုးချဲ့ ) (ဟန်သစ်ဂျာနယ်)

8 November 2012 at 12:57
သစ်တောဖုံးလွှမ်းလျက်ရှိသောမြေနှင့် သစ်တောမြေစီမံအုပ်ချုပ်မှု

          မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုဧရိယာ ကျယ်ဝန်းသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ သစ်တောများအား ရှေးယခင်ကတည်းက စနစ်တကျ စီမံအုပ်ခုပ်ခဲ့ပါသည်။ နိုင်ငံအတွင်း မှီတင်း နေ ထိုင်ကြသော ပြည်သူများသည် သစ်တောကဏ္ဍနှင့် တစ်နည်းမဟုတ် တစ်နည်းဆက်နွှယ်လျက်ရှိပါသည်။  သို့အတွက် သစ်တောစီမံအုပ်ချုပ်မှုတွင် အဓိကကျသည့် သစ်တောဖုံးလွှမ်းမှုဧရိယာ၊ အမြဲတမ်း သစ်တော နယ်မြေ (ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တော၊ ဘေးမဲ့တော၊ သဘာဝဥယျာဉ် စသည့်)တို့ အား တိတိကျကျ သိရှိရန်လိုအပ်ပါသည်။

သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ ( Forest Cover )

          ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီး၏ ကမ္ဘာ့သစ်တောသယံဇာတ အခြေအနေကို ဆန်းစစ် လေ့လာခြင်း(Global Forest Resources Assessment -FRA)၏အဓိပ္ပါယ်သတ်မှတ်ချက်အရ သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ(သို့ ) သစ်တောဖုံးလွှမ်းမှု (Forest Cover)ဆိုသည်မှာ သစ်ပင်ရွက်အုပ် ဖုံးလွှမ်းမှု (Forest Canopy Density) ၁၀% အထက်ရှိပြီးအနည်းဆုံး ဧရိယာအကျယ်အဝန်း ဝ.၅ ဟက်တာ(၁.၂၄ဧက)တွင် သစ်ပင်များ ပေါက်ရောက်နေသည့်မြေကို ခေါ်ဆိုပါသည်။ သစ်ပင်များသည် အနိမ့်ဆုံး ၅မီတာ (၁၅ ပေခန့် ) ကြီးထွားနိုင်စွမ်း ရှိရပါမည်။ လတ်တလော အခြေအနေတွင် သတ်မှတ် ထားသော အခြေအနေမရောက်သေးသော်လည်း အနာဂတ်တွင် ရောက်ရှိကြီးထွားလာနိုင်သည့် သဘာဝအပင်ငယ်များ ပေါက်ရောက်နေသည့် သစ်တော ဧရိယာများလည်း အကျုံးဝင်ပါသည်။ သစ်တောဖုံးလွှမ်း လျက်ရှိသည့် မြေဧရိယာနှင့် သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုအတွက် အမြဲတမ်း သစ်တောနယ်မြေများ တို့သည် အဓိပ္ပါယ်ကွဲပြားခြားနားပါသည်။ သစ်တောဖုံးလွှမ်းလျက်ရှိသောမြေ(Forest Cover) များထဲမှ စနစ်တကျ စီမံအုပ်ချုပ်ရန် ကြိုးဝိုင်းနှင့်ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းထားသည့် ဧရိယာကို သစ်တောနယ်မြေများ (Forest Land) ဟုခေါ်ပါသည်။             

Forest
          Land with tree crown cover (or equivalent stocking level) of more than 10 percent and area of more than 0.5 hectares (ha). The trees should be able to reach a minimum height of 5 meters (m) at maturity in situ. May consist either of closed forest formations where trees of various storeys and undergrowth cover a high proportion of the ground; or open forest formations with a continuous vegetation cover in which tree crown cover exceeds 10 percent. Young natural stands and all plantations established for forestry purposes which have yet to reach a crown density of 10 percent or tree height of 5 m are included under forest, as are areas normally forming part of the forest area which are temporarily unstocked as a result of human intervention or natural causes but which are expected to revert to forest.

သစ်တောဖုံးလွှမ်းမှုကို ရွက်အုပ်ဖုံးလွှမ်းမှု အခြေအနေလိုက်၍ ရွက်အုပ်ပိတ်တော ( Closed Forest) နှင့် ရွက်အုပ်ပွင့်တော (Open Forest ) ဟူ၍ အတန်းအစား(၂)မျိုး ထပ်မံခွဲခြားထားပါသည်။

ရွက်အုပ်ပိတ်တော( Closed Forest)

ရွက်အုပ်ပိတ်တောဆိုသည်မှာ ရွက်အုပ်ဖုံးလွှမ်းမှု ရာခိုင်နှုန်း(၄၀%) အထက်ရှိ၍ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များ ပေါက်ရောက်နေပြီး ဧရိယာအကျယ်အဝန်းအားဖြင့် ဝ.၅ ဟက်တာ တစ်ဆက်တစ်စပ်တည်းရှိသော သစ်တောမြေကိုခေါ်သည်။
Closed Forest – under forestry or no land use, spanning more than 0.5hectares; with trees higher than 5 meters and a canopy cover of more than 40 percent, or trees able to reach these thresholds in situ.

ရွက်အုပ်ပွင့်တော (Open Forest )

          ရွက်အုပ်ပွင့်တောဆိုသည်မှာ အပင်အမြင့် ၅မီတာထက်မြင့်သော သစ်ပင်များပေါက်ရောက်နေပြီး ရွက်အုပ်ဖုံးလွှမ်းမူ ရာခိုင်နှုန်း (၁၀%မှ ၄၀%) အတွင်းရှိ၍ ဧရိယာ ဝ.၅ဟက်တာထက် ပိုမိုကျယ် ပြန့်တည်ရှိကာ အခြားမြေအသုံးချမှုမရှိသော သစ်တောမြေကို ခေါ်သည်။

Open Forest(normally degraded forests) – under forestry or no land use, spanning more than 0.5hectares;with trees higher than 5 meters and a canopy cover between 10 and 40 percent, or trees able to reach these thresholds in situ.    

အခြားမြေများ (Other Wooded Lands )

          အခြားမြေများဆိုသည်မှာ ရွက်အုပ်သိပ်သည်းမှု ၁၀% အောက်ကျရောက်နေပြီး ပိန်လှီနေသော သစ်ပင်များဖြင့် အများဆုံးဖုံးလွှမ်းနေသော ဧရိယာ၊ မြက်ခင်းပြင်နှင့်ခြုံပုတ်တောများကို  ခေါ်ပါသည်။

Other Wooded lands (Scrub and Grass Land)-Areas mostly covered by grassland and stunted trees, shrub forests, lower that 10% crown density.

ထာဝစဉ်တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း

          နိုင်ငံဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန်အတွက် မြေအမျိုးအစားအချို့ကို (နိုင်ငံပိုင်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ) အမြဲတမ်းသစ်တောမြေများအဖြစ်ဖွဲ့ထားရပါမည်။ သစ်တောဖုံးလွှမ်းမှု အမြဲတမ်းရှိ သင့်သည့် မြေအမျိုးအစားများသည် ကာကွယ်ရမည့်မြေ၊ သဘာဝကို ထိန်းသိမ်းရမည့်မြေ၊ သစ်နှင့်အ ခြားသစ်တောထွက်ပစ္စည်းများ ထုတ်ယူရန်မြေနှင့် အဆိုပါကိစ္စရပ်များကို ပူးတွဲဆောင်ရွက်ရန် ရည်ရွယ် သောမြေဟူ၍ ခွဲခြားနိုင်ပါသည်။
          သစ်တောများအဓွန့်ရှည်ကြာစွာတည်တံ့စေရန်နှင့် နောင်သားစဉ်မြေဆက်တိုင်အောင် သစ်တော သယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်အတွက်ထာဝစဉ်တည်တံ့သော သစ်တောစီမံအုပ်ချုပ်  (Sustainble Forest Management S.F.M)  ဖြင့် ရှေးယခင်ကပင် စီမံအုပ်ချုပ်ခဲ့ပါသည်။

          သစ်တောများ ထာဝစဉ်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှုအား အောက်ဖော်ပြပါစံများ (Criteria) ပြဌာန်းထားရှိပါသည်။

၁။ Extent of Forest Resources  -သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့စေမည့် စီမံအုပ်ချုပ်မှုအတွက် လိုအပ်ချက်များဖြည့်ဆည်းရန်၊

၂။ Biological Diversity - ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းရန်၊

၃။  Forest Health and Vitality - သစ်တောများ သန်စွမ်းမှုနှင့် ရှင်သန်မှုအခြေအနေ၊ သစ်တော ဂေဟစနစ်မှ ပတ်ဝန်းကျင်အခြေအနေအား ကာကွယ်ပေးရန်၊

၎။ Productive Functions of Forests - သစ်တောများမှထုတ်လုပ်ပေးသော သစ်နှင့်သစ် မဟုတ်သော သစ်တောထွက် ပစ္စည်းများနှင့်ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှုများကို စနစ်တကျ စီမံအုပ်ချုပ်ရန်၊

၅။   Protective Functions of Forests -  အမြဲတမ်းသစ်တောမြေများ(စိုက်ခင်းများအပါအဝင်) အား အကာအကွယ်ပေးရန်၊

၆။  Socio-economic Benefits and Needs - လူမှုစီးပွားရေးဆိုင်ရာနယ်ပယ်များတွင် သစ်တောကဏ္ဍမှ လိုအပ်ချက်များကို အထောက်အပံ့ဖြစ်စေရန်နှင့်

၇။  Legal,Policy and Institutional Framework -  သစ်တောကဏ္ဍဆိုင်ရာဥပဒေ၊ မူဝါဒ နှင့်အဖွဲ့အစည်းများဆိုင်ရာ မူဘောင်များချမှတ်နိုင်ရန်၊

သစ်တောဖုံးလွှမ်းသောမြေပြောင်းလဲလာမှုအခြေအနေ

          စက်မှုခေတ်ပြောင်းတော်လှန်ရေး မတိုင်မီကာလ(၁၇ နှင့် ၁၈ ရာစုနှစ်များအတွင်းက ကမ္ဘာ့ သစ် တော ပမာဏ သည် (၆.၂၁ ဘီလီယံ ဟက်တာ) ခန့်ရှိခဲ့ပြီး ၂၀၀၀ခုနှစ်တွင် ကမ္ဘာ့သစ်တောပမာဏသည် (၃.၈၇ဘီလီယံ ဟက်တာ) ခန့်သာရှိတော့သည်ဟု  ခန့်မှန်းထားပါသည်။ ထို့ကြောင့် နှစ်ပေါင်း (၂၀၀)ခန့် အတွင်း ကမ္ဘာ့သစ်တော ဧရိယာဟက်တာ (၂.၃၄ ဘီလီယံ) ခန့် (၃၇.၇ ) ရာခိုင်နှုန်း လျော့နည်းသွား ကြောင်း တွေ့ရှိရပါသည်။ မြန်မာသစ်တောများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းလာ ရာ သစ်တော ဖုံး လွှမ်းမှုသည် ၁၉၂၅ ခုနှစ်တွင် ၆၆% ၊၂၀၀၀ခုနှစ်တွင် ၅၂% လက်ရှိအချိန်တွင် ၄၇%ခန့်သာ ကျန်ရှိ ကြောင်း တွေ့ရှိရပါသည်။

          သစ်တောဖုံးလွှမ်းမှု ( ရွက်အုပ်ပိတ်တောနှင့် ရွက်အုပ်ပွင့်တော )၏ နှစ်အလိုက်ပြောင်းလဲမှုမှာ ၁၉၉၀ ခုနှစ်တွင် ဟက်တာ ( ၃.၉၂ )သန်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဟက်တာ ( ၃.၄၉ ) သန်း၊ ၂၀၀၅ ခုနှစ် တွင် ဟက်တာ ( ၃.၃၃ ) သန်း၊ ၂၀၁၀ ခုနှစ် (၃.၁၈) သန်း ဖြစ်ပါသည်။

ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ သဘာဝထိန်းသိမ်းရေးနယ်မြေများ

          သစ်တောများအား ရေရှည်တည်တံ့စေရန်အတွက်  သစ်တောဦးစီးဌာနအနေဖြင့်  ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်းတည်ထောင်၍ စီမံအုပ်ချုပ်ခဲ့ ပါသည်။

သစ်တောနယ်မြေ     -  ဆိုသည်မှာ ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တောတို့ပါဝင်သည့် နယ်မြေဖြစ်ပါသည်။

သဘာဝနယ်မြေဆိုသည်မှာ- တောရိုင်းတိရိ စ္ဆာန်နှင့် သဘာဝအပင်များ သက်ရှိသက်မဲ့ ဖွဲ့စည်းမှုများ သို့မဟုတ် ထင်ရှားသော ပထဝီအနေအထားများ တည်ရှိသည့်ဒေသများကို အရှည်တည်တံ့ရေး အတွက် ကာကွယ်ထိန်းသိမ်းရန်အလို့ငှါ တောရိုင်းတိရိ စ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်ထားသည့်နယ်မြေ ဖြစ်ပါသည်။

ကြိုးဝိုင်းနှင့်ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုအနေဖြင့် ၁၉၈၈-၈၉ ခုနှစ်တွင် ၃၈၈၇၆ စတုရန်း မိုင်၊ ၁၉၉၇-၉၈ ခုနှစ်တွင် ၄၀၄၄၄ စတုရန်းမိုင်ရှိခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်၌ ၆၄၁၈၂.၉၀ စတုရန်းမိုင် ရာခိုင်နှုန်းအားဖြင့် နိုင်ငံတော်ဧရိယာ၏ ၂၄.၅၇ ရာခိုင်နှုန်း ရှိပါသည်။ သဘာဝနယ်မြေများ တည်ထောင်ခြင်း အနေဖြင့် အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသား ဥယျာဉ်၊ တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော စုစုပေါင်း (၃၆) ခု၊ ဧရိယာအားဖြင့် ၁၄၆၃၁.၁၁ စတုရန်းမိုင် ရှိပါသည်။

ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများကို နိုင်ငံဧရိယာ၏ ၃၀%အထိ၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀%အထိ ဖွဲ့စည်းရန် သစ်တော မူဝါဒတွင် ပြဌာန်းထားပါသည်။
သစ်တောဖုံးလွှမ်းမှု ဧရိယာများသည် လူဦးရေတိုးတက်ခြင်း၊ မြို့ရွာချဲ့ထွင်ခြင်း၊ အခြားမြေ အသုံးချမှုအဖြစ် ပြောင်းလဲခြင်းများကြောင့် လျော့နည်းလာနေသော်လည်း သဘာဝတောများ ကာကွယ် ထိန်းသိမ်းရေးနှင့် သစ်တောများရေရှည်တည်တံ့စေရေးအတွက် အမြဲတမ်းသစ်တောနယ်မြေများနှင့် သဘာဝနယ် မြေများကို သစ်တောဥပဒေအရ သစ်တောမူဝါဒပါ ပြဌာန်းချကသို့ ရောက်ရှိအောင် တိုးမြှင့် ဖွဲ့စည်း တည်ထောင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။