ရေ (၁)
ရေ
မြန်မာပြည်ရဲ့ ရေနဲ့ပတ်သက်တဲ့ အလုပ်တွေ လုပ်မယ်ကြံတိုင်း ပြသနာတွေ တွေ့ ကျတယ်၊ နတ်လောကမှာ ရေငံပိုင် ဦးရှင်ကြီးဆိုပြီ ပြတ်ပြတ်သားသားရှိပေမဲ့၊ ရေချိုတွေကို ဘယ်သူပိုင်လဲ၊ ရေအတွက် ဘယ်သူတွေ တာဝန်ရှိသလဲ၊ ဘယ်သူတွေကေ၇ခွင်တွေကို ကိုင်ထားလဲ သိစေချင်ကြလို့  ဒီပိုစ့်ကို ရေးကြောင်းပါ။
ရေနဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာနနဲ့ ဦးစီးဌာနဆိုင်ရာ
၁။ ကျန်းမာရေးဝန်ကြီးဌာန
၁) ကျန်းမာရေး ဦးစီးဌာန
(က)ပတ်ဝန်းကျင် သန့် ရှင်းမှုဆိုင်ရာဌာန
(ခ) ကူးစက်
၂။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၁) ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း
(က) ရေ/သန့် 
(ခ) တံတား
၃။ နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာန
၁) စည်ပင်သာယာရေး ဦးစီးဌာန
(က) အောက်/ရေရရှိရေး
(ခ) အထက် ရေ/ရရှိရေး
(ဂ) အောက်/အဆောက်အအုံ/ လမ်းတံတား
(ဃ) အထက်/အဆောက်အအုံ/ လမ်းတံတား
၎။ ပို့ ဆောင်ရေးဝန်ကြီးဌာန
၁) ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
၂) ပြည်တွင်းရေကြောင်းပို့ ဆောင်ရေး
၃) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန
၎) မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန
၅) မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်
၅။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန
၁) ငါးလုပ်ငန်း ဦးစီးဌာန
၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
၁) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန
၂) မီးသတ်ဦးစီးဌာန
၇။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၁) မြန်မာစိုက်ပျိုးရေး လုပ်ငန်း
၂) ဆည်မြောင်းဦးစီးဌာန
၃) ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန
၎) ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန
၈။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန
၁) သစ်တောဦးစီးဌာန
(က) ရေဝေရေလဲ ထိန်းသိမ်းအုပ်ချူပ်ရေးဌာနခွဲ
(ခ) အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန
၉။ သတ္တူတွင်း ၀န်ကြီးဌာန
၁) မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း
၂) မြန်မာဆားနှင့် အဏ၀ါ ဓါတုပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း
၁၀။ အမှတ်(၁) စက်မှု ၀န်ကြီးဌာန
၁၁၊ အမှတ်(၂) စက်မှု ၀န်ကြီးဌာန
၁၂။ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
၁) ရေအားလျှပ်စစ် အကောင်အထည်ဖေါ်ရေး ဦးစီးဌာန
၂) ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်း
၁၃။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ
၁၄။ ရန်ကုန် စည်ပင်သာယာရေး ကော်မတီ
၁၃။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ
ရေကို သုံးသူတွေ၊ ရေငံကအစ အရေးကြီးသူတွေ၊ စိုက်ပျိုးရေးအတွက်သုံးသူတွေ
ရေကို ညစ်ညမ်းစေသူတွေ
ရေကို အသုံးချပြီး ရွေ့ လျားရသူတွေ
ရေကို တိုင်းတာသူတွေ၊ ကာကွယ်သူတွေ
ရေအန္တရယ်တွေနဲ့ ရင်ဆိုင်ရသူတွေ ဖြေရှင်းရသူတွေ
ရေနဲ့ ခွင်ဖြစ်နေသူတွေ
တစ်ခုခြင်း ဆက်ရေးပါအုံးမယ်
ရေနှင့်ပါတ်သက်သော အမျိုးအစား ခွဲခြားမှုများ
ရေကို အမျိုးအစားခွဲထားတာတွေ အများကြီး ရေချို၊ ရေငံ၊ သောက်သုံးနိုင်သောရေ၊ အသုံးပြုနိုင်သောရေ၊ စိုက်ပျိုးနိုင်သောရေ၊ ဆည်မြောင်းရေ၊ မြစ်ရေတင် စီမံကိန်းရေ ၊ အများကြီး အများကြီး၊ အဲဒီထဲက အရေးကြီးဆုံး ခွဲခြားမှုက
မြေပေါ်ရေနဲ့  မြေအောက်ရေ
Surface water & ground water
မနေ့ က ပညာတစ်ခုရလိုက်တယ်၊ သစ်တောဦးစီးဌာနကပိုင်တဲ့ ဒေသခံ ပြည်သူအစုအဖွဲ့ ပိုင်သစ်တောတွေကို scoping mission ဆိုပြီး လေ့လာတဲ့ ပညာရှင်ကပြောတယ်၊ ကျွန်တော်တို့ တတွေဟာတဲ့ ထိန်းသိမ်းတဲ့ အပိုင်း ထူထောင်တဲ့ အပိုင်း protection and rehabilation ကို ဦးစားပေးနေပြီးတော့ အသုံးချမဲ့အပိုင် ဆိုင်ရာ အုပ်ချူပ်မှု အားနည်းပါတယ်တဲ့၊ Managementပေါ့၊ အောင့်သက်သက်နဲ့ ဝန်ခံလိုက်ရတယ်၊ community forestry ( နောက်ကို CF လို့ သုံးပါ့မယ်)ဆိုပြီး သစ်တောတွေ ထောင်ထားတယ်၊ အလှကြည့်နေမဲ့သဘော၊ ရည်ရွယ်ချက်မှာလဲ တိတိကျကျ၊ စမ်းေ၇ရဘို့ ၊ ထင်းလောင်စာထုတ်ဘို့ ၊ မျှစ်ထုတ်ရောင်းစားဘို့ ၊ အိမ်တိုင်ထုတ်ဘို့ စတဲ့၊ တိကျပြီး ပြည်သူအတွက် အရေးပါမဲ့ ရည်ရွယ်ချက်တွေမဟုတ်ပဲ၊ ဒို့ တာဝန်အရေး၃ပါးလို၊ မိမိတို့ ၏ စီးပွားရေ ရည်မှန်းချက်များလိုတွေ မရေမရာတွေ ဖြစ်နေတော့ ပြည်သူက ဘာလုပ်ရမှန်းမသိဘူးဆိုပြီး အဝေဖန်ခံလိုက်ရတယ် (အဲဒီကိစ္စက သတ်သတ်ရေးဘို့ လိုတယ်ဗျ)၊ တခါထပ်ပြီး အရေးကြီးတာလေးတစ်ခုပြောသွားတာ pro-poor policy ရှိဘို့ လိုပါတယ်တဲ့။
အဲဒီတော့ ဒီေ၇၂မျိုးအတွက် ကျွန်တော် အခြေခံမူဝါဒ ရှာလိုက်တယ်၊ Intergrated Watershed management manual ထဲကနေ အောက်ကဟာတွေ သွားတွေ့ တယ်၊ ကျွန်တော်ရထားတာတော့ ကြာလှပါပြီ၊ ဒီမှာ ခေါင်းထဲစွဲထားရမှာက Management ဆိုတာ ထိန်းရုံထိန်းထားမှာမဟုတ်၊ အသုံးချမှာပါတယ် ဆိုတာပါပဲ။
- 1. Objectives of surface water management policies
မြေပေါ်ရေ အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ရည်မှန်းချက်များ
The national/state surface water policy should have the following broad objectives:
နိုင်ငံအဆင့် မြေပေါ်ရေ အုပ်ချုပ်မှု မူဝါဒတွင် အောက်ပါ အတိုင်း ကျယ်ပြန့် သော ရည်မှန်းချက်များ ရှိရမည်။
(a) To manage surface water resources in such a way as to sustain catchment yields and maintain the supply of appropriate and equitable quantities of water to all legitimate water users;
(က) မြေပေါ်ရေ သယံဇာတများကို အုပ်ချူပ်ရာတွင် ရေဝေရေလဲ ဒေသများ၏ ရေထွက်ရှိမှုကို ရေရှည်တည်တံ့စေနိုင်ပြီး၊ တရားဝင်ရေသုံးစွဲသူများထံသို့  သင့်လျှော်သော၊ ခွဲဝေမှုမျှတသော ရေပမာဏကို ထောက်ပံ့နိုင်စွမ်းရှိရမည်၊
(b) To manage surface water resources in such a way as to maintain and where appropriate improve water quality;
(ခ) မြေပေါ်ရေ သယံဇာတများကို အုပ်ချူပ်ရာတွင် ရေ၏ အရည်အသွေးကို နိမ့်ကျမသွားစေပဲ၊ ဖြစ်နိုင်သောနေရာများတွင် တိုးတက်လာအောင် ဆောင်၇ွက်ရမည်။
(c) To ensure that river flows are of adequate quantity and quality to maintain aquatic and wetland habitats and ecosystems and ensure the quality of the riverine environment;
(ဂ) မြစ်များစီးဆင်းမှုသည် ရေနှင့် ရေနက်ကွင်းများဆိုင်ရာ ရင်းမြစ်ဒေသများ၊ ဂေဟစံနစ်များကို ထိန်းသိမ်းနိုင်စွမ်းရှိသည့် အရေအတွက်နှင့် အရည်အသွေးရှိရမည်ဖြစ်ပြီး မြစ်များ၏ သဘာဝပတ်ဝန်းကျင် အရည်အသွေးကောင်းမွန်မှုကိုလည်း အာမခံနိုင်ရမည်။
(d) To manage surface water resources in conjunction with groundwater resources in a planned and coordinated fashion;
(ဃ) မြေပေါ်ရေ သယံဇာတများကို မြေအောက်ရေ သယံဇာတများနှင့် တွဲဖက်ပြီး ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ထားသော စီမံကိန်းများဖြင့် အုပ်ချူပ်လုပ်ကိုင်ရမည်။
(e) To manage surface water resources on a whole-watershed basis and to integrate water management with the management of related soil, vegetation and other land resources.
(င) မြေပေါ်ရေများကို အုပ်ချူပ်လုပ်ကိုင်ရာတွင် ရေဝေရေလဲဒေသ တစ်ခုလုံးအတွက် အခြား မြေဆီလွှာဆိုင်ရာ၊ စိုက်ပျိုးရေး/သစ်တောဆိုင်ရာ၊ မြေသယံဇာတများဆိုင်ရာ အုပ်ချူပ်မှုများနှင့် ပေါင်းစပ် ဆောင်ရွက်သွားရန်။
ကဲ မြေအောက်ရေအတွက် ဖေ့သားကြီး ရုန်းလိုက်အုံး(ဘာသာပြန်ရမှာ ပျင်းတယ်ဗျ)
- 1. Objectives of groundwater management policies
- မြေအောက်ရေ အုပ်ချုပ်မှု မူဝါဒဆိုင်ရာ ရည်မှန်းချက်များ
The national/state groundwater policy should have the following broad objectives:
နိုင်ငံအဆင့် မြေအောက်ရေ အုပ်ချုပ်မှု မူဝါဒတွင် အောက်ပါ အတိုင်း ကျယ်ပြန့် သော ရည်မှန်းချက်များ ရှိရမည်။
(a) To maintain the productivity of groundwater resources and to ensure the long term sustainability of both the quantity and the quality of these resources;
မြေအောက်ရေသယံဇာတများ၏ ထုတ်လုပ်မှုကို ထိန်းသိမ်းထားနိုင်ရေး၊ ဤသယံဇာတများ၏ ပမာဏနှင့် အရည်အသွေး နှစ်မျိုးလုံး တည်တံ့နိုင်စေမှုကို အာမခံနိုင်စေရေး၊
(b) To ensure that the needs of environment systems dependent upon groundwater resources are met;
(ခ) မြေအောက်ရေသယံဇာတများ အပေါ် ရှင်သန်မှုအတွက် မှီခိုနေရသော ပတ်ဝန်းကျင် စံနစ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အာမခံနိုင်ရေး။
(c) To integrate the conjunctive management of surface and groundwater resources on a whole-catchment basis;
(ဂ) မြေပေါ်ရေ သယံဇာတများနှင့် မြေအောက်ရေ သယံဇာတများကို တွဲဖက်ပြီး ရေဝေရေလဲဒေသ တစ်ခုလုံးအနေနှင့် အုပ်ချူပ်ဆောင်ရွက်ရန်
(d) To integrate groundwater management with the wider environmental and resource management framework.
(ဃ) မြေအောက်ရေ အုပ်ချူပ်လုပ်ကိုင်မှုကို ပိုမိုကျယ်ပြန့် သော ပတ်ဝန်းကျင်ဆိုင်ရာနှင့် သယံဇာတများဆိုင်ရာ အုပ်ချူပ်လုပ်ကိုင်မှုများနှင့် စုပေါင်းဆောင်ရွက်သွားရန်
ကဲ စဉ်းစားကြည့်ကြစမ်းပါ။
အပေါ်ဆုံးတုံးက ပြောထားတဲ့ ၀န်ကြီးဌာန ၁၃ခုနဲ့  စည်ပင်သာယာရေးကော်မတီ ၃ခုမှာ ဒီမူဝါဒတွေကို ပြောတဲ့အတိုင်း လုပ်နိုင်မဲ့ နောက် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ law; rule and regulation တွေကို ထုတ်မှာလဲ။ mandate တွေကို ဘယ်သူတွေကလောလောဆယ်ယူထားသလဲ၊ လောလောဆယ် တာဝန်တွေ ဘယ်သူ့ ဆီမှာရောက်နေသလဲ၊ လုပ်ပိုင်ခွင့်တွေက ဘယ်မှာရောက်နေသလဲ၊ ဒီလိုဖြစ်နေလို့ ဘာတွေ လုပ်မရဘူးလဲ၊ နဲနဲ ဆွေးနွေးပေးစမ်းပါဗျာ။
ကဲ ကျွန်တော် နမူနာစကြည့်ပါ့မယ်
အောက်က ပထမဆုံး မြေပေါ်ရေ မူဝါဒကို ပြောကြရအောင်
မြေပေါ်ရေ သယံဇာတများကို အုပ်ချူပ်ရာတွင် ရေဝေရေလဲ ဒေသများ၏ ရေထွက်ရှိမှုကို ရေရှည်တည်တံ့စေနိုင်ပြီး၊ တရားဝင်ရေသုံးစွဲသူများထံသို့  သင့်လျှော်သော၊ ခွဲဝေမှုစံနစ်မျှတသော ရေပမာဏကို ထောက်ပံ့နိုင်စွမ်းရှိရမည်၊
ရေထွက်ရှိမှုကို ရေရှည်တည်တံ့အောင် တာဝန်ရှိသူများ
ဂျပန်နဲ့ လယ်/ဆည်ရဲ့  ရေအရင်းအမြစ် ထိန်းသိမ်းရေး ဆိုတဲ့ အစည်းအဝေးတစ်ခုကို ကျွန်တော် နုစဉ်ကလ (၁၉၉၃ခန့် ) ကတက်ဘူးတယ်၊ ဆည်ထဲကရေကို လယ်သမားဆီကို ရောက်တဲ့အထိ စံနစ်တကျ၊ မလေလွင့်ပဲ သုံးစွဲနိုင်အောင် ပြောကြတယ်၊ ဆိုကြတယ်၊ နောက်ဆုံး လယ်သမားတွေဆီက ရေခွန်ကိုတောင် ဆည်မြောင်းကို အချိုးနဲ့ ပြန်ပေးဘို့ အထိ၊
နုစဉ်က ဆိုတဲ့ အတိုင်းပဲ ကျွန်တော်ဘယ်နေမလဲ ၀င်ပြောမိတာပေါ့၊ အစည်းအဝေး သစ်တောသမားဆိုလို့  ပညာရှင် အသင်းက ကျွန်တော့် စီနီယာကြီး တစ်ယောက်ပဲ ပါတယ်၊
ဆရာတို့ ရယ် ရေကို ဆည်ကနေစပြီး စဉ်းစားတာ အိမ်မှရှိတဲ့ မိသားစုထဲက ခလေးတွေက ပိုက်ဆံဘယ်ကရ၊ အဖေနဲ့ အမေ အိပ်ကပ်ထဲကရ၊ ပိုက်ဆံအိပ်ထဲကရ ဆိုသလိုဖြစ်နေပြီ၊ လက်ရှိဆွေးနွေးတာတွေ အကြံပြုချက်တွေအားလုံးဟာ သင့်တော် မှန်ကန်တဲ့ မလွဲမသွေ လုပ်ဆောင်ရမဲ့ အရာများဖြစ်တယ်ဆိုတာကို မညင်းပါဘူး၊ ဒါပေမဲ့ ဆရာတို့ ဆည်တွေထဲကို ရေက အလိုလိုရောက်လာတာမဟုတ်၊ အိမ်မှာ မိုးရေခံသလို အိုးထဲ၊ ရေစည်ထဲကို တိုက်ရိုက်ကျတဲ့ရေကနည်းနည်းလေးပါ၊ အိမ်ခေါင်မိုးတစ်ခုလုံးကနေ တံစက်မြိတ်၊ ရေတလျောက် သွယ်တန်းပြီး ကျလာတဲ့ ရေကမှ ရေစည်ကို ပြည့်စေတာ၊ ကျွန်တော်တို့ သစ်တောဌာနက ပိုက်ဘောမိနေတဲ့ ရေဝေရေလဲဒေသတွေကနေ တံစက်မြိတ်နဲ့ တူတဲ့ upstream ချောင်းမြောင်းတွေကတဆင့် ဆရာတို့ ဆည်တွေကို ရေပြည့်စေတာပါ၊ အဲဒီအပိုင်းတွေ ကောင်းမွန်ဘို့ ကို ဒီမှာ မပြောတော့ဘူးလား၊ အောက်မှာ ကောက်ရမဲ့ ရေခွန်ဟာ ဒီအပေါ်ကိုလဲ ပြန်မပေးတော့ဘူးလားလို့ ပြောမိပါတော့တယ်။
အဲဒီတုံးက သူတို့ ဘက်မှာ ၀န်ကြီးကလွဲလို့  အကုန်တက်တာကလား၊ အပြန်ပြန်အလှန်လှန်မပြောကြတော့ပါဘူး ကျွန်တော်တို့  Integrated Water Basin management ကိုဆက်လုပ်မှာပါလို့  ဂျပန်တွေကအစ ချွေးသိပ်ပြီး ပြီးသွားတယ်၊ ဒါပေမဲ့ အခုထိ မလုပ်ဖြစ်သေးပါဘူး။
ရေဝေရေလဲဒေသများ၏ ရေထွက်ရှိမှု catchment yield ကို ရေရှည်တည်တံ့စေရန်၊ ပြောတာကတော့ လွယ်လွယ်လေး၊
နောက်တစ်ခု တရားဝင် ရေသုံးစွဲသူများထံသို့ တဲ့၊ တဖန် သင့်လျော်သော၊ ခွဲဝေမှုစံနစ်မျှတသော appropriate and equitable၊ ဒီစကားလုံး လေးးလုံး catchment yield, appropriate, equitable, legitimate user နဲ့တင် နံပြတ်သွားနိုင်တယ်။
catchment yield ကိုရေရှည်တည်တံ့နိုင်စေရန်၊
catchment ဆိုတာကို ရေဝေရေလဲလို့ ပဲ ယူလိုက်ရအောင်
ရေဝေရေလဲရဲ့ ရေထွက်ကို ရေရှည်တည်တံ့အောင်လုပ်ဘို့ ဆိုတာ အဓိက အရေးကြီးတာပေါ့၊ မှန်ပ၊ကဲဒီတော့ နားလည်လွယ်အောင် မြစ်တစ်ခုအနေနဲ့ ပဲ ပြောကြည့်ရအောင်၊ မြေပေါ်ရေဟာ ဘယ်ကရသလဲ၊ မိုးရေကရတယ်၊ နဲနဲထပ်ကွန့် မယ်ဆိုရင် မိုးရေလို့ မပြောပဲ precipitation လို့ ပြောရမှာပေါ့၊ ဆီးနှင်း၊ ရေခဲမြစ်တွေကလဲ ပါတယ်ပေါ့၊ ရေရှည်တည်တံ့ဘို့ ၊ ပုံမှန် စီးပွားရေးသမားကတော့ မိုးရွာတာထက်များ ပိုလိုချင်လို့ ရမှာအုံးမှာလား၊ ဒီရေတွေကို အတတ်နိုင်ဆုံး ဖမ်းထားပြီး သုံးပစ်မှာပဲ၊ နောက် အနှစ် ၂၀၊ ၅၀သုံးလို့ ရရင် သူ့ အတွက် ကိုက်မှာပဲ (မြစ်ဆုံ)လို စဉ်းစားမှာ၊
ရေမူဝါဒမှာမရဘူး၊ ရေရှည်တည်တံ့နိုင်မှုဟာ နှစ်ရာချီ လောက်ကို တည်တံ့နိုင်ဘို့ လိုမယ်။
နောက်တစ်ခါ ရေကို ဘယ်လို ထိန်းချူပ်မှာလဲ၊ သဘာဝအတိုင်းလား၊ လူက ၀င်ရောက် ထိန်းချူပ်မှာလား၊ ဒိနေရာမှာ ထိန်းချူပ်တယ်ဆိုတာ control ကို ပြောတာမဟုတ် regulation ကို ပြောတာပါ။
catchment yield ကို တစ်နှစ်အတွက်ပဲ စဉ်းစားကြည့်ရအောင်၊ ရွာသမျှမိုးရေဟာ ရေဝေဒေသ အဆုံးပေါက်ကနေ အကုန်လုံး ရွာမသွားပါ၊ surface runoff (`ဆင်းရေ´တဲ့၊ စစ်တက္ကသိုလ်ကထုတ်တဲ့ ၁၉၆၂ခုနှစ်လောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစောင်တစ်ခုမှာ ဆရာမကြီး ဒေါ်မြင့်ကြည် (ပထ၀ီဝင်ဌာန)က ဘာသာပြန်ထားတာ၊ တကယ်လှ၊ ပြည့်ဝတဲ့ စာသားလေးပါ)၊ အနေနဲ့ သွားတာရယ်၊ မြေဆီလွှာရေ (soil water and moisture) အဖြစ်ကျန်မှာရယ် ground water recharge ဆိုပြီး မြေအောက်ရေကို ဖြည့်ပေးမှာရယ် ရှိတယ်၊ တစ်ခါ သစ်တောလို vegetation (မြက်ခင်းများ၊ တခြား ခြုံပုတ်တော အစရှိသည် အပါအ၀င်) က စုပ်ယူထားပြီး မိုးမရွာတဲ့ အချိန်များမှာမှ water regulation အနေနဲ့  ပြန်လည်စိမ့်စမ်းရေအနေနဲ့  ထုတ်ပေးတာရှိတယ်။ ဒါဆိုရင် ဘယ် yield ကို အမှန်ယူထားရမှာလဲ။
ဆည်တွေ မဆောက်ပဲ၊ လူကနေ ၀င်မရှုပ်ပဲ ရမဲ့ yield ကိုအမှန်ယူရတော့မယ်၊ တစ်ခါ ဆင်းရေကို ထိန်းချူပ်ထားတဲ့ လက်ရှိ ရေဝေ ၀ိသေသများ (basin charecteristics) အပြောင်းအလဲကိုလဲ ထဲ့သွင်းတွက်ချက်ရတယ်၊ အဓိက အားဖြစ်၊ မြေမျက်နှာပြင်၊ ချောင်းမြောင်း အလျား၊ မြေအသုံးချမှုတွေပဲ။
လူတွေ ထင်ထားတာနဲ့ ပြောင်းပြန်ကိစ္စတွေရှိတယ်၊ ဆည်တစ်ခုအတွက်ဆိုရင် သစ်တောတွေရှိမှ ရေ၀င်များမယ်ထင်လား၊ ပြောင်းပြန်ပါ၊ သစ်တောတွေ ခုတ်ပလိုက်ရင် ရေ၀င်ပိုတယ်၊ သူက စုတ်ထားမဲ့ဟာ မရှိတော့ဘူးလေ၊ အဲဒါပေမဲ့ တခါထဲပဲ နုံးအ၀င်ပိုလာတယ်၊ ဆည်သက်တမ်းကျသွားတယ်၊ နောက် မိုးရွာနေတဲ့ အချိန်မှာ ဆင်းရေများလွန်းလို့  တွက်ချက်ထားတဲ့ ရေထက်ပိုလာလို့  ဆည်ရေ လွှတ်ပေးရတယ် (မလွှတ်ရင် ဆည်ကျိုးမှာကိုး၊)၊ အပေါ်သစ်တောမှာ ဖမ်းထားနိုင်တဲ့ ရေကို မိုးတွင်းမှာပဲ ဆုံးရှုံးခံလိုက်ရတယ်၊ ဒါ့အပြင် အခု ထိုင်းဖြစ်နေသလို၊ မိုးဗြဲ ကယားဖြစ်သလို ရေကြီးတယ်၊ ပခုက္ကူ တောင်ယမားဖြစ်သလိုဆိုရင် လူတွေပါ သေမယ်။
legitimate user တဲ့။
ပြသနာပဲ ဘယ်သူက တရားဝင်သုံးနိုင်တဲ့သူလဲ၊ ရေသုံးခွင့် ဘယ်သူတွေရထားလဲ၊ ဘယ်ဥပဒေက သတ်မှတ်ထားသလဲ။ ကင်းတားလိုမျိုး ဘက်စုံသုံးဆိုတဲ့ ဆည်ကရေ။ လျှပ်စစ်ထုတ်ဘို့ မှာ သုံးတဲ့လူက လျှပ်စစ်(၁)။ စိုက်ပျိုးရေးလုပ်ဘို့ မှာက လယ်သမားဗျ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက လယ်သမားကို ပိုင်တာမဟုတ်ဘူး၊ ဒါပေမဲ့ လယ်သမားက ရေကို တန်ရာတန်ကြေးပေးဝယ်ပြီး သူစိုက်ချင်တာစိုက်တာမဟုတ်ဘူး။ စိုက်ပျိုးရေးစီမံကိန်းကနေ ချထားတဲ့ စိုက်ပျိုးသီးနှံနဲ့ target တွေရှိတယ်၊ အဲဒီအတိုင်းစိုက်ရမယ်၊ စိုက်တဲ့ မြေကွက်ကရော ကြေးတိုင်းမြေစာရင်းမှာ အမည်ပေါက်ရမယ်၊ ဒါမှ legitimate user ဖြစ်ရမှာလား၊ ရှုတ်ပ ရှုတ်ပ၊ လယ်သမား၊ ယာသမားက ဒီတော့ သူစိုက်ချင်တဲ့ အမြတ်ရမဲ့ သီးနှံဘယ်လိုလုပ်မလဲ၊ ခိုးစိုက်တော့မှာပေါ့၊ ဘယ်ကရေရမလဲ၊ ခိုးသွယ်မှာပေါ့၊ မြေနေရာကရော၊
အားအလယ်ပိုင်း(အပူပိုင်းဒေသ) ဆိုရင် စီမံကိန်းသီးနှံတွေက ၀ါများတယ်၊ ပိုက်ဆံ၇တာက ကြက်သွန်၊ နောက်တစ်ခါ ဆန်ဖူလုံအောင်ဆိုပြီးတော့ စပါးစိုက်ခိုင်းတယ်၊ သူ့ ဘာသာကို ဆည်ရေမလိုတဲ့ dry land farming နဲ့  စိုက်လို့ ရတဲ့ မြေပဲ၊ နှမ်းကို ဖျက်ပြီး။ ဆန်ပေါတဲ့ အောက်အရပ်ကနေ ထရိတ်လုပ်လို့ မရဘူး၊ ဆန်သယ်ခွင့်တွေ ပိတ်ထားတယ်၊ အဲဒီ legitimate ကိစ္စတွေထဲမှာ ရေသုံးပိုင်ခွင့်တွေ အခွန်ကောက်ဘို့ တွေ ရေ အရင်းအမြစ်တွေကို ထိန်း၇မဲ့လူတွေဆီကို အခွန်နဲ့ အသုံးစရိတ်တွေ ပြန်ရောက်ဘို့ 
ပြသနာပဲ ဘယ်သူက တရားဝင်သုံးနိုင်တဲ့သူလဲ၊ ရေသုံးခွင့် ဘယ်သူတွေရထားလဲ၊ ဘယ်ဥပဒေက သတ်မှတ်ထားသလဲ။ ကင်းတားလိုမျိုး ဘက်စုံသုံးဆိုတဲ့ ဆည်ကရေ။ လျှပ်စစ်ထုတ်ဘို့ မှာ သုံးတဲ့လူက လျှပ်စစ်(၁)။ စိုက်ပျိုးရေးလုပ်ဘို့ မှာက လယ်သမားဗျ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက လယ်သမားကို ပိုင်တာမဟုတ်ဘူး၊ ဒါပေမဲ့ လယ်သမားက ရေကို တန်ရာတန်ကြေးပေးဝယ်ပြီး သူစိုက်ချင်တာစိုက်တာမဟုတ်ဘူး။ စိုက်ပျိုးရေးစီမံကိန်းကနေ ချထားတဲ့ စိုက်ပျိုးသီးနှံနဲ့ target တွေရှိတယ်၊ အဲဒီအတိုင်းစိုက်ရမယ်၊ စိုက်တဲ့ မြေကွက်ကရော ကြေးတိုင်းမြေစာရင်းမှာ အမည်ပေါက်ရမယ်၊ ဒါမှ legitimate user ဖြစ်ရမှာလား၊ ရှုတ်ပ ရှုတ်ပ၊ လယ်သမား၊ ယာသမားက ဒီတော့ သူစိုက်ချင်တဲ့ အမြတ်ရမဲ့ သီးနှံဘယ်လိုလုပ်မလဲ၊ ခိုးစိုက်တော့မှာပေါ့၊ ဘယ်ကရေရမလဲ၊ ခိုးသွယ်မှာပေါ့၊ မြေနေရာကရော၊
အားအလယ်ပိုင်း(အပူပိုင်းဒေသ) ဆိုရင် စီမံကိန်းသီးနှံတွေက ၀ါများတယ်၊ ပိုက်ဆံ၇တာက ကြက်သွန်၊ နောက်တစ်ခါ ဆန်ဖူလုံအောင်ဆိုပြီးတော့ စပါးစိုက်ခိုင်းတယ်၊ သူ့ ဘာသာကို ဆည်ရေမလိုတဲ့ dry land farming နဲ့  စိုက်လို့ ရတဲ့ မြေပဲ၊ နှမ်းကို ဖျက်ပြီး။ ဆန်ပေါတဲ့ အောက်အရပ်ကနေ ထရိတ်လုပ်လို့ မရဘူး၊ ဆန်သယ်ခွင့်တွေ ပိတ်ထားတယ်၊ အဲဒီ legitimate ကိစ္စတွေထဲမှာ ရေသုံးပိုင်ခွင့်တွေ အခွန်ကောက်ဘို့ တွေ ရေ အရင်းအမြစ်တွေကို ထိန်း၇မဲ့လူတွေဆီကို အခွန်နဲ့ အသုံးစရိတ်တွေ ပြန်ရောက်ဘို့ 
အခုလို ပြည်ထောင်စု အစိုး၇နဲ့  တိုင်းဒေသကြီး အစိုး၇တွေ ကွဲလာမဲ့ အချိန်မှာ ပိုဆိုးပါတော့မယ်၊ ပြည်ထောင်စု အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို သေသေချာချာ မစဥ်းစားခဲ့တဲ့ အခု တိုင်းဒေသကြီး တာဝန်ခံ ဖြစ်နေသူများ အများကြီး အများကြီး အခက်အခဲ တွေ့ ရပါတော့မယ်။
ဥပမာ ကင်းတားဆည်ပါဆို့ ၊ ဆည်ရေသောက် မြစ်သားနယ်၊ သူဌေးတွေချည်းပဲ၊ ချမ်းသာလိုက်ကြတာ၊ အဲဒီဆည်ရေ ၇အောင် ထိန်းရသိမ်း၇မှာက ရှမ်းပြည်နယ်၊ အောက်နေ ဆည်ရေတွေနဲ့ ချမ်းသာနေတဲ့ လယ်သမားတွေဆီက အခွန်တွေ အပေါ်ကို ပြန်ရောက်မဲ့ အစီအစဉ်တွေ ရှိပါသလား။
ဆည်တွေလိုက်ကြည့်လိုက်ရင် ပဲခူးလိုနေရာက ပြသနာမရှိ၊ သူ့ ရေဝေနဲ့ သူရေသောက်နဲ့ သူ၊ ရေဝေက တခြားတိုင်း/ပြည်နယ်မှာ စံစားတဲ့ ရေသောက်ဧရိယာက တခြားနေရာမှာ၊ အဲဒီမှာ နောက်စကားလုံးတွေဖြစ်တဲ့ appropriate ; equitable စတာတွေ ပါလာပါပြီ။
equitable ဆိုတဲ့ စကားလုံးဟာ အခု ဒီမိုကရေစီခေတ်မှာ တော်တော် ဒုက္ခပေးမယ့် စကားလုံးပါပဲ၊ ဒါကို နိုင်ငံရေးဆရာများကတော့ လူ့ အခွင့်အရေးပုံစံနဲ့  အသုံးချနေမလားပဲ။
Rio + 20 ဆိုပြီး နောက်နှစ် ၂၀၁၂ထဲမှာလုပ်မဲ့  ကမ္ဘာ့မြေ ညီလာခံမှာ အစိမ်းရောင် စီပွားရေးစနစ်၊ အစိမ်းရောင် ဖွံ့ ဖြိုးတိုးတက်မှုဆိုတဲ့ green economy; green growth. ဆိုတာတွေ လာပါတော့မယ်။ ကျွန်တော့် အမှုထမ်းများက ဒါတွေကို အသစ်အဆန်းတွေ လာတော့မယ်ထင်နေပါတယ်၊ အမှန်တော့ မဟုတ်ပါ၊ အရင်ဦးတည်ချက်တွေ စာသားပြောင်းလာတာပါပဲ။
green ဆိုလိုက်တာနဲ့ အားလုံးက သစ်တောဆိုပြီး မြင်ပလိုက် ပြောပလိုက်တာပဲ၊ environment ဆိုတဲ့ စကားလုံးပါတာနဲ့ ပဲ အခုအချိန် ကျွန်တော်တို့ ဝန်ကြီးဌာနကို ကောက်တွယ်ပလိုက်တာပဲ။ green city ပြောတာနဲ့  သစ်ပင်စိုက်ဘို့ ပဲ လုံးပမ်းတော့တာ။
green economy ရဲ့ အနှစ်သာရကို ၃ခုပဲ ရိုးရိုးရှင်းရှင်းနားလည်ထားတယ်
၁။ low carbon economy ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု နည်းနိုင်သလောက်နဲ၇မယ်။
၂။ energy efficiency စွမ်းအင်ကို အလေအလွင့် အနည်းဆုံးနဲ့ အကျိုးအရှိဆုံး အသုံးချနိုင်ရမယ်
၃။ socially inclusive (equity) လူမှုရေးဆိုင်ရာ ညီမျှမှု ရှိ၇မယ်၊ ပါရမယ်။
ဘယ်မှာလဲ သစ်တောတွေ အဓိကစိုက်ရမယ်တို့ ၊ သစ်မခုတ်ရဘူးတို့ ၊
၂၀၀၁လောက်က သစ်တောမဟုတ်သောနေရာမှ သစ်တောပညာ forestry at non-forest areas ဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ မှတ်မိနေတာလေး၊ ထင်းလောင်စာ wood-fuel) ဟာ ကမ္ဘာပေါ်မှာ ဈေးအသက်သာဆုံးနဲ့  efficient အဖြစ်ဆုံး လောင်စာပဲ။
နေရှိမယ်၊ မြေဆီလွှာရှိမယ်၊ မိုးရွာမယ်ဆိုရင် ရနေတာပဲ၊ ထိန်းချုပ်ပြီး ဆောင်ရွက်ဘို့ ပဲလိုတယ်
ဒီအတွေးအခေါ်တွေမှာကို ရေမူဝါဒတွေက လိုက်လာရတော့မယ်။ ရေကိုသုံးရာမှာ နံပါတ်၂ နဲ့  နံပါတ် ၃ ဖြစ်ဘို့ က အဓိကလိုပါပြီ။
ဗဟုသုတအများကြီးရသလို
ReplyDeleteရေငံပိုတွေ
ရေချိုပိုင်တွေ
ခွဲခြားမြင်လာပါပြီဆရာ:-)
ကျေးဇူးတင်ပါတယ်
I have put more today, read
Delete