Showing posts with label Gitanet Than. Show all posts
Showing posts with label Gitanet Than. Show all posts

Friday, November 11, 2016

သည်ဆောင်းဟေမန် ဂီတနက်သန် ကိုစောညိန်း

သည်ဆောင်းဟေမန်
သည်ဆောင်းဟေမန်..မြောက်ပြန်လေညှင်း...၊ ဆော်တယ်ကို၊ နတ်တော်ပြာသို၊ ခွာညိုတည့်နှင်းဖုံဖုံ။
ရွှေဝတ်မှုန်၊ ငွေဝတ်မှုန်၊ သုံသုံလေယူလွင့်လို့ ၊ ရိုးတံဆင့်ပင်မြင့်ယံမှာ၊ စမ္ပယ်ညီလာ၊ ထိပ်ခေါင်ပန်းမြတ်၊ သမ္မတဘုရင်၊ ငွေသဇင် ယဉ်နွဲ့ကာ၊ ဝေဟင်ဘုံနန်းဇာတိ၊ မြေမထိတော်ဝင်မာလာ၊ ဖြူဖွေးလှိုင်လှိုင်ဝင်းတဖန့် ဖန့် ၊ ကြူမွှေးကြိုင်သင်းတပျံ့ ပျံ့ ၊ နှင်းသန့် တဲ့မြိုင်မှာ၊ ခိုင်ညှာနော့ကာ၊ ယဉ်ကြော့နိုင်လွန်းကြရှာ။
သွယ်သွယ်ညွှတ်ကိုင်း၊ ရွှေကျိုင်းတလူလူသာ၊ ငွေသိုင်းတံခွန်ထူကာ၊ သဲဖြူငွေ ရာဇမှတ်ကာ၊ မင်းဘဏ္ဍာတော် မှတ် ချူရေးရာလှမ်း သည်ပန်းမြတ်ကိုသာ၊ ပန်ဆင်ချင်သူမှာ၊ မှန်သိင်္ဂိစိန်စီနန်းမှာ၊ အလှမ်းကွာ၊ မနမ်းသာ၊ လ,ရာသီပြောင်း၊ မြောက်ပြန်လေလောင်း၊ သည်ဆောင်းဟေမန်ခါ။

ဆောင်းညဥ့် ဂီတနက်သန် ကိုစောညိန်း

 ဆောင်းညဥ့်
ဆို- မေလှမြိုင်
လှလှတူး မေဆွိ
ဆောင်းရဲ့ညဥ့်ယံ ပုံသဏ္ဍာန်သည်၊ လေပြေယူလွင့် နှင်းမှုန်ပွင့်နဲ့  ကူပင့်ဝိုင်းကာ မှိုင်းပြာပြာဝယ်၊ သာနိုင်ပေစွ သော်တာလငယ်ကို၊
ကြယ်ပေါင်းရံလို့  ရောင်လျှံစို ငွေရည်ယို၊ မယ့်စက်ရာ ဆောင်ကြာယံဆီ၊ ရွှေချည်မျှင်ရွက် ကျကာသက်၍ခို တိမ်လွှာထဲ ပုလဲမှုန်တို့  နှင်းတွေဝေလို့  ဝေ့ကာဝန်းကာ မျှော်လွန်းရန်ကပို၊ ရွှေရင်အုံထဲမှာ သည်းတုန်ကာချမ်းလို့ ဖို၊ ခြုံလွှာထည်နဲ့ မလုံပါပြီတဲ့ ထွေးပိုက်တော်မူပါလှဲ့ ဆို၊ နတ်တော်ပြာသို၊ ငွေနှင်းရည်စိုစို မြညှင်းလေချိုချို၊ မွှေးပျံ့ ကြိုင်သင်း ဇင်မင်းခွာညို၊ မပန်ဆင်ထိုက်သူပျို၊ ချူပေးသူဝေး ပူဆွေးနှောင်ပြီအကို။

သစ္စာ ဂီတနက်သန် ကိုစောညိန်း

သစ္စာ
ဆို- မောင်မောင်ညွန့်၊ ၀င်းဦး
(ရေမြေဆုံးစေတော့ကွယ် ခင်ဖုန်းကိုတော့ တွေ့အောင်ရှာမယ် ရှာတော့မယ်)၂
ပြောသံကြားနဲ့ နားဝင်ချို ရင်ဖိုကာရယ်၊ ယနေ့ ပင်တွေ့မြင်ချင်ဇောဝယ်၊ အာရုံစိတ်စောမိပါတယ်၊ လုလင်ငယ်သွေး ခလေးသာသာအရွယ်၊ ဟိုစဉ်ကပဲ... အသဲ စွဲစေခဲ့ပေါ့ကွယ်၊ ဆင်းသွင်ရုပ်ဝါ လက္ခဏာ သွယ်သွယ် ဘယ်ပုံမမှန်း ခန့် နိုင်ဖွယ်၊ သညာယဉ်ကျေး ရွှေသစ္စာခင်လေးရယ်။
တရွေ့ရွေ့ဝေးပါလို့ ၊ ရေမြေအဏ္ဏ၀ါ ကမ္ဘာမြေခြားရာဝယ်၊ ထွက်ပြေးရှောင်ဖယ်၊ ပြေးရှောင်ဖယ်၊ မောင့်အပေါ်ဝယ် မူလွန်းနိုင်အားတယ်ကွယ်၊ နာရီတွေနှောင်း၊ ရက်တွေသာညောင်းပါလို့ ရယ်၊ လရာသီတွေ(ပြောင်းကာ)၂ နှစ်ပေါင်းတွေကြာခဲ့ပေါ့... မဟာကပ်ကမ္ဘာ မြေလွှာပြင်ဝယ်၊ မြူခြေငွေနှင်း ကျကာဆင်းသည့်နှယ်၊ သင်္ကာယုံမှားလွဲစွာ မှောင်မည်းအ၀ိဇ္ဇာဖုံးပိတ်ကွယ်၊ အော်- တွေ့ နိုင်ခဲလှတယ်။
သစ္စာ သစ္စာခင်ရယ်၊ မေ့ကိုချစ်ခင်လေသမျှ၊ လောကရဲ့  ပရိယာယ် မာယာအသွယ်သွယ်... ဆန်းကြယ်စွာ သူလှည့်စား၍ ဇရာကား ၀ါးမျိုခဲ့ပြီကွယ်၊ နေစိမ့်တဲ့မေရယ်၊ ကွယ်ပျောက်လို့  ဘယ်ဆီမှာဝေးတယ်၊ သီတာရေမြေဆုံးပါစေတော့ ရှာရတော့မယ် သစ္စာခင်ရယ်၊ မေတမင် ပုန်းရက်မှာလားကွယ်...။

လွမ်းဓလေ့ ဂီတနက်သန် ကိုစောညိန်း

လွမ်းဓလေ့
ဆို- မောင်မောင်ညွန့်
လွမ်းတယ်လေ့ မျှော်၍ငယ်စေပင်၊ မိုးယံ၀၀ယ်လကိုမြင်၊
အဇဋာကောင်းကင် ရွှေအမ္ဗုန် ခြုံသင်တိုင်းဆင် ကြက်ညီနောင် မောင်ရင်ဆိုင်းနဲ့ ၊ ဟင်္သာကြယ်ခြံရံဝိုင်းတဲ့ တိမ်နယ်ကျယ် လှိုင်းဖြူလွှာနှုင်းလွင် သွယ်သွယ်မိုးသားကျူး၍ လေရူးဆော်လှုံ့နှင်၊ ရွှေရည်လုပါတဲ့ ကြွေလုလု ရော်မြန်းရွက်ကျင်၊ ဇေယျာဗွေ စစ်မြေလမ်းတွင် လွမ်းဖွယ်နှောင် တောတောင်ဆီးကာ ကန္တာရခြား အိမ်သူဆွေ ချစ်သက်ထားခင်၊ စောင့်စားကာ မျှော်ရှာရော့မယ်ထင်၊ တရေးရေးခုမြင်၊ နေထိသည့်ကြာနှယ် သူ့ရုပ်သွင်။

လှိုင်းရေယာဉ်ဦး ဂီတနက်သန် ကိုစောညိန်း

လှိုင်းရေယာဉ်ဦး
ဆို- ကိုအောင်ဖုန်း၊ မောင်မောင်ညွန့် ၊ ၀င်းဦး
နိမ့်တုံမြင့်ချီ မြေမညီတဲ့လမ်း ကြမ်းပါဘိ ကန္တာမြိုင်လို၊ ထိုဘ၀တွက်တာ၊ ပြင်းပြစွာသောခရီး၌၊ ချွေးပြိုက်တွေ ဒီးဒီးမျှ စီးကျကာကြွေ ဖြာစေခဲ့ရာ၊ ကုန်ခြေပန်းပါလို့  မလှမ်းချင် လှမ်းချင်မှာ (ဖြာစိမ်းကြည်လင်တဲ့ လှိုင်းရေယာဉ်ဦးကို ဖန်ကာ၊ ရပ်နားမှီခိုလော့ ဆီးယူကြိုလက်ခံနေတာ) ၂ ၊ ချမ်းမြေ့ တည်ငြိမ်စွာ၊ ကွေးဝိုက်ရေညို အဏ္ဏ၀ါ သီတာ မြစ်ဂီတလျှင် မြစင်မြသား ပြယားနီလာ စိတ်ကူးယဉ်လေအေး ပက်ဖြန်းဆောင်ယူသွေးတော့ လိမ်ခွေယှက်ကွေးတွန့် ရေပြင်လွှာ၊ လူးလွန့် မြူးခုန်ကာသာ လှိုင်းလိမ့် လေးတွေညီညာ မဟီမြေသောင်ခြေကမ်းကို ပန်းဝင်လုကာ သံသာမြည်ကြွေးရှာ။


ဝိဇယ ဂီတနက်သန် ကိုစောညိန်း

ဝိဇယ
ဆို- မောင်မောင်ညွန့်
မောင်မောင်လတ်
ဝင်းဦး
သဲဆိပ်ကမ်းဆွယ် ဤဒေသမှာ၊ ၀ဲရိပ်ဆန်းကြယ် ဒီရေကျလာ၊ မြေကမူစွန်းသောင်ထွန်းလို့ သာ၊ ကျောက်ဆောင်ငူ လေယူလှိုင်းပုတ်လာ ပတ်လည်ဝိုင်းလို့  ရှုတိုင်းရယ်ပင်လယ်အဏ္ဏ၀ါ၊ ကွာဝေးခဲ့ပေါ့ ရွှေပြည်တော်သာ၊ တရူရည်မှန်းပါလို့၊ လွမ်းဖွယ်စေ ကမ်းခြေသာလှပါ၊ ရေယဉ်ဝန်း ကျွန်းလင်္ကာ သီဟိုဠ်မှာ...
မျှော်ယင်းမျှော်ယင်း တောတောင်နင်းကာ မြေပြင်လွင်ကွင်း ဆွေးအောင်ဖန်နှင်း ဆင်းကြည် သွန်ဖြာ၊ စမ်းရေအိုင်သီတာ... မြရောင်ရိပ်သွင်ထင်လာ၊ ခြွေရွေများစွာရံကာ ခကာ၊ တမေခင် မယ်ဝဏ္ဏ ကခုန်မြူးလို့ ခူးကြသလား ပန်းမာလာပင်ယံထက်ဖျားမှာ၊ ယိမ်းနွဲ့နွဲ့ဘယ်ညာလှုပ်ရှားကာ၊ ဆင်းရွှေဝါ လေပြေယူရာ၊ သင်းပျံ့မွှေးတော့တာ...
ပျံကာဝဲကာနွှဲကြရှာ၊ ရေအိုင်ထဲမှာ ကူးခတ်ကာ၊ မ, ဖိုခေါ်သံနဲ့ သာ၊ ကျူးရင့်ကြ သံပြိုင်ညီညာ၊ လူနှယ်တူစွာ၊ မြုံသိုက်ရိပ်မှာ လည်ယှက်၍သာ၊ ငှက်မယ်ညို ၀န်လို ဟင်္သာ၊ လိပ်ပြာပိတုန်း၊ ၀တ်ရည်သုံးကာ၊ အစာရှာကြ ပန်းစုံမြိုင်ထဲမှာ၊ နတ်များဖန်စီမံဆောင်ပို့ ရာ၊ ဘုန်းတေဇာ ရွှေသမ္ဘာလင်းကာ၊ မဟာဝိဇယ ရာဇာ၊ ဘဂ၀ါဇိနသာသနာ၊ ပင့်ယူဆောင်ထိုက်သူမှန်စွာ၊ ဒေ၀ါများစွာ သိကြားပါ စောင့်ရှောက်လာ...

ညွှန်းပြုပရစေ စခန်းအောင်မြေ ရေး/ဆို ရေနံ့ သာစိုးလှိုင်

ညွှန်းပြုပရစေ စခန်းအောင်မြေ
ရေး/ဆို ရေနံ့ သာစိုးလှိုင်
(တမိုးသောက်လျှင်၊ တိမ်ခိုးမြူမှောင် နေရောင် မညိုးခင်၊ ပေါ်လာလိမ့်နိုးနဲ့ ၊ မျှော်ကိုးရသူ ရွှေရင်ဖိုလို့ ပင်၊ ရည်မှန်းကာ တွေးရှုငင်၊ ခြေလှမ်းကာ လာလမ်းဆီသို့ ပင်၊ စခန်းအောင်မြေ နန်းရင်ပြင်က၊ ဆီးကြိုဆိုလျက် ကြိုလျက်ပါအစဉ်၊ ခရီးသည်နှမ လှကညာမေခင်၊ ဘယ်လိုရုပ်သွင်မျိုးနဲ့ ၊ ရှိနေမလဲလို့ ၊ ခုများမြင်စမ်းလှချင်။) ၂
ဤလူ့ နယ်တခွင်၊ ဘယ်တွင်မျှော်မှန်း ခရီးရယ်လမ်းစမမြင်၊ တနေ၀င်ရင်၊ စခန်းမြေဆောင်လျှင်၊ လွမ်းလေအောင်ပင်၊ လွမ်းပါလေနဲ့ စေချင်၊ ရွှေပြည်တော် ရောက်ခါနီးလုပါပေါ့၊ ချွေးပြိုက်တွေကို သိပ်ကာပေးပါ့မယ်ခင်၊ အကြိုတော်လုလင် မောင့်အပါးတွင်၊ ခိုနားလေလှဲ့  မှေးစက်ကာ အပန်းဖြေစေချင်။
ရွှေဟင်္သာမောင်နှံ၊ ငွေသောင်ယံ မြူးကြပြန်၊ တောင်ပံယှက်တင်၊ ဘာသာမာဂဓာ၊ သစ္စာတေးတွေနဲ့ ၊ ရင့်ကြွေးကာပင်၊ သပြေပင် ရေယဉ်စခန်း သည်မှာပင်၊ ပမာတင်စားရင်၊ ချစ်လွန်းတင်၊ နှောင်ကြိုးရစ်ငင်၊ မေတ္တာအောင်နန်းဆင်၊
ဤလူ့ နယ်တခွင်၊ ဘယ်တွင်မျှော်မှန်း ခရီးလမ်းစမမြင်၊ တနေ၀င်ရင်၊ စခန်းမြေဆောင်လျှင်၊ လွမ်းလေအောင်ပင်၊ လွမ်းပါလေနဲ့ စေချင်၊ ရွှေပြည်တော် ရောက်ခါနီးလုပါပေါ့၊ ချွေးပြိုက်တွေကို သိပ်ကာပေးပါ့မယ်ခင်၊ အကြိုတော်လုလင် မောင့်အပါးတွင်၊ ခိုနားလေလှဲ့  မှေးစက်ကာ အပန်းဖြေစေချင်။
ပြန်လည် ရှာဖွေတင်ပြသူ (မယ်ဒလင် ဦးဌေးအောင်)

စိန် ဂီတနက်သန် ကိုစောညိန်း

စိန်
ဆို- ကိုစောညိန်း
မောင်မောင်ညွန့်
ချစ်ရေးခင်ရေး လိုက်လေဝေးတယ်၊ စိန်ခေါ်ပါလို့  ပြေးလေသလားကွယ်၊ လှမ်းလင့်သူအား မြှူသလိုလိုနှယ်၊ ယိမ်းနွဲ့လှည့်စား ရှောင်ဖယ်ရှောင်ဖယ်၊ မာယာတွေပိုလွန်းသူရယ်.++)၂
စိန်ပြီကွယ့် ထားသက်လယ်၊ လွတ်အောင်သာ ရှောင်စမ်းပါ့၊ မောင်ဖမ်းယူ လှမ်းချူကာပွေ့ မယ်၊ တမြေမှာရယ် ဝေး ဝေးလို့ သာ မပိုင်သူအနိုင်ယူအားကိုးနဲ့ ရယ်၊ မူနိုင်ရက်လေသမျှ နောင်ကျမှ အငြိုးကို ချေမယ်၊ လိုက်လေဝေးလေ ဝေးတယ်၊ ချစ်တဲ့အရေးကို အပြေးစိန်သူရယ် မောင်ချူယူလက်ကမ်းမယ်၊ အလှမ်းမှီကာမှ ဘွာမကူတမ်းကွယ် +++

ရတုဘုရင် ဂီတနက်သန် ကိုစောညိန်း

 ရတုဘုရင်
ဆို- ကိုလှထွန်း
မောင်မောင်ညွန့်
(ရော်ရွက်ဝါ မြညှာညောင်းကာ၊ ညှိုးလျော်ခွေပြောင်း နွေနှောင်းရာသီမှာ၊ လေယူနှင်ရာ ကြွေကာဝဲကာ၊ ဆင်းရွှေမှုန်ရောရာ၊ မြေသို့ သက်လျှော လွမ်းဖွယ်သာမောစွာ)၂
မိုးဦးပစ္စုန်ဒေ၀ါ၊ မာန်ဂုဏ်တော်ပျိုး မှင်ခိုးရီလဲ့ ဖွဲ့ ကာဝိုင်းလို့ သာ၊ မှုန်ပြာဝေမှိုင်း ခုလိုတိမ်မျိုးဆိုင်းမှဖြင့် ကသိုဏ်းကွက်ထင်လာ၊ နတ်ရှင်ကို မြင်ယောင်မိပြန်လာ၊ ကဗျာသီကြွေး စာပလီတေးတွေနဲ့ ရေးဖွဲ့  ဟန်ကိုပြန်လှန်ကာသာ၊ ထင်တရေးရေးနဲ့  လွမ်းမိုးစွေလို့ ရွာ၊ မပြေနိုင်ပါ၊ ကိုယ်တော်တိုင်မှာ သောကရဲ့  စေစားချက်နာ၊ စစ်မြေကွာဝေး ဆွေးလျက်ပင်သာ၊ တသက်တာလွမ်းရရှာ၊ ရာဇ၀င်အမှောင်မှာ တန်ဆောင်ဆီမီးပမာ၊ အနုပညာမြောက် စံတင်နိုင်လောက် စာပေရောင်ဝါ၊ ထိန်ထိန်တောက်ခဲ့တာ၊ ရတုဘုရင်စာဆိုရှင်ရဲ့ ဂန္ထ၀င် အမွေအနှစ်ပါ။



စပယ် ဂီတနက်သန် ကိုစောညိန်း

စပယ်
ဆို- ကိုစောညိန်း
မောင်မောင်ညွန့်
(စပယ်)၃ ပန်းရယ်၊ သင်းရနံ့ကြူဖြူဖြူဖွေးရယ်၊ မွှေးမွှေးလေး ပေးချင်အောင်ကွယ်၊ မူရာစုံကြွယ်၊ ညာဘယ်သွဲ့သွဲ့ နွဲ့ကာသာယိမ်းဖယ်၊ စိမ်းစိမ်းလန်းပင်နန်းသူမယ်၊ ခိုင်ပန်း ငုံဆန်း ရောင်စုံလှမ်းခြယ်၊ ရောယှက်ခါပြွမ်း မြိုင်စခန်းလယ်)၂
(မူမှန်... တမင်ပွင့်၊ အဖြူခံ အဆင်နှင့်၊ အသွင်တင့်ယဉ်ကျေးပါပေတယ်၊)၂
ငွေရည်ငွေသွေး ရိုးရိုးလေးနဲ့ မြင်သူငေးဖွယ်၊ ဘယ်ရှေးဆုတောင်းလဲကွယ့် စပယ်ရယ်၊ အပျိုဘော်ဝင်စအရွယ်၊ ချစ်ချစ်ဖို့ကောင်းလွန်းတယ်၊ (စပယ်)၄ ဖြူစင်ကြယ်သူလေးကို၊ သည်နာမည် ပေးချင်ပါပြီကွယ်။

နွေဦး ဂီတနက်သန် ကိုစောညိန်း

 နွေဦး
ဆို- ကိုအောင်ဖုန်း
မောင်မောင်ညွန့်
နှင်းကြွေ(ကြွင်း)လေးတွေ တဖြည်းဖြည်းကွဲကာ၊ နွေဦးပေါ်သစ်၊ ပုရစ်ညှာချီချီ၊ အင်ကြင်းသန္တာသွေး၊ ခုလိုကြူသင်းမွှေးမှဖြင့် တရေးရေးမြင်မိ၊ တဆွေးဆွေး ဘ၀င်မချိ၊ နေထိသည့် မာလာနွယ်၊ ညှိုးလျကာ ပူပုံတွေကြွယ် ညစဉ်ညတိုင်း တိမ်မှိုင်းရိပ်ဝယ်၊ လရောင်ကွယ်ရင်တကယ်၊ စက်ခန်းသာဆောင်လယ်၊ အားငယ်ပါတဲ့ မောင့်မှာ တကိုယ်ထဲရယ်။
အော်- မ, ဖိုစုံလင် ခွန်းတုံ့ တင်လို့  ကျေးငှက်ရွှင်လို့ ၊ သိုက်ဝင်ရိပ်နန်း၊ နွေဦးဆန်းဝယ်၊ ခေါ်တမ်းကြင်နာ၊ ဘာသာလူနှယ်၊ ဥသြငှက်ကလေးတို့ ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ ကာ ကြည်စယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့ ၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့  သက်ကြွေဆဲ၊ ဖော်နည်းသူမို့  မျက်ရည်ဝဲပြီကွယ်။

သပြေရွက်ရေ ဂီတနက်သန် ကိုစောညိန်း

သပြေရွက်ရေ
ဆို- ကိုစောညိန်း
မောင်မောင်ညွန့်
(မြူမှုန်တွေဆိုင်းပြာလဲ့ လဲ့မှိုင်းရီ... ရွှေလရောင်ခြည် ငွေမှင်ရည်နဲ့ တိမ်မိလ္လာမြလွှာဝန်းမှာ အော်-သာပဲ သာနိုင်လွန်းသည်)၂ နေပြည်တော်ဆီ ရော်ရည် ထင်တွေးပါလို့  တရေးရေးမြင်အောင်ခု လွမ်းအောင်ပြုပြီ...၊ ဟေမန်ဆောင်းလုတဲ့ နှင်းဥစ ရာသီ၊ ပစ္စင်ပြအိုး ရွှေပြဿဒ်နဲ့  နေရပ်ကို ပြန်ချင်ပါတော့သည်၊ မျှော်ရှာသူ သပြေရွက်ကို၊ ရေတွက်ပါလို့  စောင့်ကာနေရော့မည်။

ချစ်ပြုံးနှင်းဆီ ဂီတနက်သန် ကိုစောညိန်း

 ချစ်ပြုံးနှင်းဆီ
ဆို- ရေနံ့သာစိုးလှိုင်
(ဖြူပြာလဲ့ မူရာသွယ်နွဲ့ ချစ်တဲ့သူခင်ရယ်၊ မာန်ငြိုမျက်နှာထားတွေရယ်၊ အညှိုးကြီးနဲ့ စိမ်းတာ လေလားကွယ်၊ ရွှေနှင်းဆီငုံကလေးနှယ်၊ နှုတ်ခမ်းတော်စူလွန်းတယ်)၂
နေ့စဉ်စောင့်ပါလို့ ရယ်၊ နေပေမဲ့ကွယ်၊ ပွင့်နိုင်ခဲပါဘိတယ်၊ သန္တာလဲ့ရယ်၊ ဘယ်ခါချစ်ပြုံး၊ မာလာကိုကွယ်၊ ခူးဆွတ်လို့ ဖုန်း မောင်နမ်းသာမယ်။
ချစ်ပြုံးနှင်းဆီပွင့်ကို၊ မျှော်ကာတလင့်လင့် ကြိုတင်မှန်းဆရွယ်၊ ဘယ်ရာသီဝယ်၊ မာလာရယ် ပွင့်မှာလဲကွယ်၊ တငုံထဲမငုံပဲ နဲနဲလဲ လျှော့စေချင်ပါတယ်၊ သဘာဝတရား မထားသာပဲမို့ ကွယ်၊ ပြုံးလိုက်ပါတော့လားကွယ်၊ သနားမဖက်တဲ့ အလှနှင်းဆီရယ်။
နေ့စဉ်စောင့်ပါလို့ရယ်၊ နေပေမဲ့ကွယ်၊ ပွင့်နိုင်ခဲပါဘိတယ်၊ သန္တာလဲ့ရယ်၊ ဘယ်ခါချစ်ပြုံး၊ မာလာကိုကွယ်၊ ခူးဆွတ်လို့ ဖုန်း မောင်နမ်းသာမယ်။

လွမ်းတင်းပြိုင်မယ် ဂီတနက်သန် ကိုစောညိန်း

လွမ်းတင်းပြိုင်မယ်
ဆို- မောင်မောင်ညွန့် တင်တင်မြ
ငွေနှင်းရိပ်ဆင် တလွင်လွင်ဆိုင်းကာ သုံမှုံဝိုးဝါး လရထားစန္ဒာရယ်၊ ဘယ်တွက်ကယ်ကြောင့်၊ ငွေပြင်ရွက်လွှာ ငိုမည့်နှယ်သို့ ၊ မှိုင်ရောင်ပြုရှာ၊ မလင်းတဖုံ လင်းတလှဲ့၊ အချင်းယုန်မင်းရဲ့  လွမ်းချင်းဆိုစို့ တူပြိုင်... ပုဏ္ဏတိုင် လက်ခံပြုမှာ မောင်လဲအသည်းကြွေသူပါ၊ ဆွေးနေရင် ကူပါလှည့်သော်တာ...
မြောက်လေပြေမြူး ဆောင်းလက်မွန်ဦးမို့ သာ၊ သဇင်ခွာပြာ ကြူမွှေးကြိုင်သင်းခဲ့ပြန်တာ၊ ချစ်သူ ကိုယ်တိုင်ခူးကာ၊ မယ့်ကိုဆင်မပေးသာ၊ မြရည်စိမ်းလဲ့ ယိမ်းနွဲ့နွဲ့ လှောင်နိုင်အားရှာ။
ချမ်းလို့ရယ် ခြုံထွေး၊ မလုံအေး၊ ကိုယ်ရေးကြုံပြန်လာ၊ ရွှေရင်လှုံနွေးရန်မဲ့စွာ၊ ညောင်သဉ္စာ စခန်းရိပ်သာ၊ စက်လဲတဲ့ မရွှင်သူပါ၊ မျှော်ကာငေးကာဆွေး ဖော်ရှာမိတာ၊ ရှေးဖြစ်စဉ် အကြောင်းအင်ကိုသာ၊ ခေါ်ကာတွေးကာ တရေးပင်မပျော်ခဲ့ပါ၊ ခုတိုင်အောင်ဝေးကွာ၊ နှင်းကြွေဟေမန် ကူးကာ ညှင်းလေပြန်မြူးတဲ့ ပေါ်ဦးငယ် ဆောင်းလက်မွန်၊ မျှော်ရက်ကယ်ကျွန်၊ ကျော်လွန်စေခဲ့ကာ၊


ဆည်းဆာ ဂီတနက်သန် ကိုစောညိန်း

 ဆည်းဆာ
ဆို- ကိုတင်ဖေ
မောင်မောင်ညွန့်
ဆည်းဆာရိပ်ဝယ် နေရီရီလဲ့ တိမ်နီရောင်ခြယ် ဟိုတောင်ဆွယ်က ပြပြမှိုင်း ညနေတိုင်း အုံ့ ကာနေတော့တယ်။
(ရွှေသားသင်ဖြူးလားလို့  ထင်ယောင်မှားဖွယ်၊ လှမျိုးစုံခင်းကျင်းတဲ့ ရေပြင်ပင်လယ်)၂ သဲသာသောင်နဲ့ ၊ ငွေရောင်ကမ်းဆွယ် ရွက်ကြိုး ဆင်တဲ့ပင်တိုင်ဝါး၊ ကုက္ကလင်နဲ့  လင်းယဉ် ဖျားဝယ်၊ နာဝါလှေများတွေရယ်၊ ဆွေးသူကို ကယ်ယူပါလှဲ့ ၊ လမ်းကြုံရင်ခေါ်စေချင်ရဲ့  ပြာရီလဲ့ဆည်းဆာ ညနေချမ်းဝယ်၊ မျှော်လေလေ မေ့ကိုလွမ်းတယ်၊ ကမ်းဆိပ်က, သာယာလှပေတယ်။ ရွှေဟင်္သာ မောင်နှံရယ်၊ တောင်ပံယှက်ပြီ၊ လည်ချင်းမှီလို့ ၊ ချချီချစ်ကျွမ်း၊ အောင်တော်သံ ခွန်းတုံ့ လှယ်၊ နေညိုအိပ်တန်းတက်ဝယ်၊ တူနွှဲယှက်ကာ ပျော်နိုင်ပါပေတယ်။

ငွေဝန်းသော်တာ ဂီတနက်သန် ကိုစောညိန်း

ငွေဝန်းသော်တာ
ဆို- ကိုစောညိန်း
မောင်မောင်ညွန့်
ငွေမှင်ရည်ခြယ်လို့ မှုံးကာမှုံးကာ၊ သင်္ခါစန္ဒြ ယုန်ငွေလ မြပုဏ္ဏမာ၊ မိုးပြာ၊ နီလာရောင်သန်း၊ တိမ်တိမ်နန်း ဂွမ်းဆိုင်လွှာထက် သာရက်ပေ့၊ သီတဂူဆွေ၊ လင်းရောင်ခြည်၊ ယှက်ခါသာဝေ၊ တမြို့စီနေ၊ တမြေစီခြား၊ ချစ်သူထံအား မှာကြားလိုက်ပါရစေ၊ ပြောလိုက်ပါ့ ငွေဝန်း သော်တာရေ၊ သော်တာရေ၊ သည်မောင်မှာဖြင့် အော် ဆွေးမပြေ၊ လဲ့လဲ့ဝင်း လမင်းသာသာ မှိုင်းပြာပြာဝေ၊ မြင်လာစမ်းပါ့ မျှော်ကာမှန်းကာ လွမ်းရဖြေလဲမပြေ။
ငွေဝန်းရယ် ၀န်းရယ်သော်တာ ယုန်စန္ဒာအား ရှုစားတော့ကွယ်လေ၊ ငွေလွှာစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ မောင့်အသည်းလို ကွဲကာသာနေ၊ မောင့်နှလုံးသို့ ပြုံးကာသာကြေ၊ တဖြည်းဖြည်း ဖြတ်သန်း ညိုရိပ်မှောင်လွှမ်းပါလို့  လခြမ်းပဲ့ငွေယာဉ်သာလှေ၊ ကွယ်သည့်နှယ် တူရောင်ရောင်နေ၊ ရွှေရွှေရင်ထဲ ကြေကွဲခဲ့စေပြီမေရေ၊ အသည်းဘ၀င်ကျွမ်း လွမ်းမြေ့မြေ့ ကြွေပြီထင်ပေါ့လေ။


နွေနှောင်းဝဿန် ဂီတနက်သန် ကိုစောညိန်း

၁၅။ နွေနှောင်းဝဿန်
ဦးသုခ
ဆို- ကိုသန်းဆွေ၊ မောင်မောင်ညွန့်
နွေနှောင်းရက်ကျန်၊ ၀ဿန်ပေါ်ဦးခါ၊ အုံ့ ပျမှိုင်းဆန်း ယုဂန်ဘွေမြနန်းမှာ၊ ရွှေလျှံလျှပ်နွယ်ခွေကာ မိလ္လာချပ်ဆင် ဝေမှင်မှောင်ပြာ၊ တိမ်တိုက်ရွှေ့ပြောင်း လေလျှင်လောင်းရာ၊ ကြွေကာကြွေကာ မြေမှာ ကြဲလျက်၊ ပုလဲရည်ငွေစက် ဖျန်းပက်စွေရွာ မြူမှုန်လိမ်းကျံတဲ့၊ ညိုးပြောင်းရွက်ညှာ ရွှေရောင်ရော်ဝါ၊ သန္တာလို မြညိုရောကာ၊ ကြွေလျောကုန်လု ပုရစ်နုညှာချီ၊ နှောင်းနွေသန်လု စက်ရာသီမှာ၊ လေယူဆောင်နှင်း၊ မြေဆီမြေသင်းနံ့ သာ၊ စိန်ခြူးအုံကြွ ကြာညောင်သဉ္စာ၊ ပန်းကြဲတဲ့ဖဲစက်ရာမှာ၊ မယ့်ကိုယ်စား မွှေးမြလေသလား၊ ထင်မြင်ယောင်တွေးမိမှားကာ သည်းအူချာ ကြွေအောင်ဖန်လာ၊ သက်လျာဓာတုရဲ့ မြင်လှဲ့ ပါ...


မြနဒီ ဂီတနက်သန် ကိုစောညိန်း

၅။ မြနဒီ

ရေး- ကိုစောညိန်း
ဆို- မြင့်မြင့်ရှိန်
နီလာမြနှယ် စိမ်းတယ်၊ သီတာသောင်ကမ်းကဆန်းကြယ်၊ ဧရာကြော၊ သာမောနဒီလယ်။
(ကွေးဝိုက်ခွေလို့  ရေညိုညိုဆင်းသွယ်၊ ကမ်းစပ်မှာဗေဒါတွေရယ်၊ ၀ဲပြန်ရိပ်ဝယ်)၂
စုန်ဆန်မျော ရှာပေါ့ကွယ်၊ စီးရေညိုလယ်၊ ရောင်စုံတွေခြယ်၊ ဆည်းဆာမှိန်ရီသိင်္ဂိရွှေမှုန်ကြဲ ဇင်ယော်တွေလဲ၊ မောင်မယ်တူနွှဲပျံကာ ၀ဲကြတယ်၊ ငွေသောင်ဦး ကြည်နူးဖွယ် ဒီဆိုင်ရေဆွယ် လှိုင်း လှိုင်း လှိုင်းထလို့ရယ်။
(ရိုယီးလေး၊ လှော်ကြလှော်ကြ၊ လောင်းယဉ်သာ၊ လှေငယ်၊ ရွှေစွန် တောင် တက်ရေးဟန်လှ၊ ရေပေါ်မှာဝဲကာ နွှဲကြတယ်၊ အဏ္ဏ၀ါလှိုင်းခုံဗွေဝယ်၊ ကူးကာမြူးကာလူးလာပြိုင်လို့ ရယ်)၂ (လေရူးသုန်သုန်၊ နှင်းဖုံဖုံ ငွေယမုန်စီး ရေညိုလယ်၊)၂ ငါးတန်တွေ သောင်ခြေဦးမှာ မြူးတူးသောနွေလ၀ယ်။
(ဒေါင်းဖန်ဝါ ဟိုကမ်းသာရိပ်ဆွယ် ဂေါရာဆီ သက်ယွန်းပြီမို့ ကွယ်)၂ မိုးယံမြင့်မှာတဲ့၊ စန်းယုန်ပွင့်သာလျက်ကယ်၊ လင်းရောင်ဝေလှိုင်းရေထက်ဝယ်၊ ရွှေရည်လက်ကာသာရယ်၊ ပြိုးပြိုးပြက် ယှက်ကွေးလိမ်ခွေနှယ်၊ မြူမှုန်ငွေနှင်း သုန်သုန်ယူသွင်း တောင်လေညှင်းစ၀ယ်၊ လှေယာဉ်စီးပိုက်ကြီး ကိုတံငါတွေရယ် မျှောမျှောမျှောကြတယ်။
ရိုယီးလေးလှော်ကြ... ... ငါးတန်တွေ သောင်ခြေဦးမှာ မြူးတူးသောနွေလ၀ယ်။


မိုးသက်လေနှင် ဂီတနက်သန် ကိုစောညိန်း

မိုးသက်လေနှင်
ရေး  ကိုစောညိန်း
ဆို- ကိုတင်ဖေ၊ မောင်မောင်ညွန့်
(အနောက်တောင်ဆီက၊ ရွာမည်ဟန်ပြင်၊ မိုးသက်လေနှင့် မုန်တိုင်းပင့်လျှင်... စစ်မျက်နှာဖွင့်၊ တိမ်ခိုးလွှင့်ကာနှင်၊ မှိုင်းမှိုင်းရိပ်မှောင် စွန်တောင်မှင် ပြိုမှာလေလား... မိုးရဲ့  စိုးအောင်ခုပင် အမ္ဗုန်မောင် ဖန်အားလေတဲ့အင်)၂
(လျှံရွှေစင် ပြိုးပြိုးပြက် လျှပ်စက်ရောင်ခြည်မျှင်၊ ဗျူဟာဆင် မိုးလုံးပြည့် တရွေ့ရွေ့ယူဆဲတွင်)၂ နယ်ရှစ်ခွင် မင်းလွင်ဝန်းကျင်၊ လွမ်းအောင်ဖော်ပြ အာကာဝေဟင်၊ ဘယ်ရှေး ၀ဋ်ကြွေးတုံ့ တင် ချေပြီထင်ခဲ့၊ ခိုမီရာမဲ့... ရှုလှဲ့ မြင်လှဲ့ စေချင် ချစ်တဲ့သူရဲ့ ရင်ခွင်၊ သည်မိုးမှောင်တုန်း မောင်ပုန်းပါရစေခင်၊ တကိုယ်ရေအား နွဲ့နွဲ့တုန်ပြီရွှေဘ၀င်၊ ငြိုးရက်တဲ့ ဒေ၀ါဆွေနတ်ရှင်၊ အော်- မိုးသက်လေနှင်...


ဝသန်ခါဦး ဂီတနက်သန် ကိုစောညိန်း

၁၂။ ၀သန်ခါဦး
ဆို- ကိုလှထွန်း
မေရှင်
မောင်မောင်ညွန့်
မိုးဦးသစ်ခဲ့ပြန်ပြီ၊ ပြာပြာဝေဆိုင်း၊ အုံကာသာပဲ မှိုင်းတလဲ့လဲ့၊ သိုင်းဖွဲ့ရွှေပစ္စုန်သည် ပြိုမလိုလိုနဲ့  တိမ်ညိုပြိုင်းပြိုင်း ဆိုင်းသွဲ့ဝေရီ မြစိမ်းစိုဖန့်ဖန့်ပြေ၊ စုံခြေနံ့သာ မြိုင်မဟီ၊ မှုံသိင်္ဂိ ရင့်ပင်ယံကြွင်း၊ ပန်တော်မီ၊ ပိတောက်ကျန်ညှာချီ ရာသီခါလင့် ပွင့်ဝါသင်းလို့  တ၀င်းဝင်း ကြွေသက် တညှင်းညှင်းချွေရက်၊ လွမ်းပိုအောင် တောင်ပြန်လေသွေး၊ စက်၍အေးတော့သည်။
မာန်တင်း ဖန်ဆင်းဖွဲ့ကာ၊ ၀ဠာဘောင် စိုပြေ နဂိုနေတိမ်ပန်းချီ၊ ပုံမခြား ဂဠုန်နဂါး ပြေးလွှားဟန်သည်၊ ဆေးစပ်မိလေပြီ၊ မှင်ခိုလဲ့ရီ၊ ခိုပြာနီလာညိုလွှာရင့်တဲ့ မကာရ်းတောင်တိမ်မြင့်က၊ လွှင့်ကာနေပြီ၊ အမ္ဗုန်မောင်က သည်းကျွမ်းလုအောင် ခင်းတော့သည်။
ဗျူဟာဆင်ဖြန့်  စစ်အင်ကျင်းသည်၊ အာကာပြင်နှံ့  သေနင်္ဂါမည်၊ တိမ်လှိုင်း မှိန်မှိုင်းဝိုင်းယံအုံ့ ချီ သနားညှာတာမဲ့၊ တရားမစာနာခဲ့ ပူအောင်ဖန်ပြီ၊ မာန်မငြိုးပါနဲ့  အလိုလိုမအေး၊ ရွှေရင်မှာဖို ငိုချင်ဆွေးပေါ့၊ ဝေးလေဖော်မယ့် တကိုယ်ရေ နွမ်းခဲ့ပြီ၊ အော်- လွမ်းရ၀သန်ရာသီ၊ မိုးနတ်ဆွေရဲ့ ဒီမောင်ချစ်ရေးမညီ။
မာန်တင်း ဖန်ဆင်းဖွဲ့ကာ၊ ၀ဠာဘောင် စိုပြေ နဂိုနေတိမ်ပန်းချီ၊ ပုံမခြား ဂဠုန်နဂါး ပြေးလွှားဟန်သည်၊ ဆေးစပ်မိလေပြီ၊ မှင်ခိုလဲ့ရီ၊ ခိုပြာနီလာညိုလွှာရင့်တဲ့ မကာရ်းတောင်တိမ်မြင့်က၊ လွှင့်ကာနေပြီ၊ အမ္ဗုန်မောင်က သည်းကျွမ်းလုအောင် ခင်းတော့သည်။