Friday, November 4, 2016

မျောက်တို့ ဥယျာဉ် မြန်မာပြည် ( အရှင် ဦးဥာဏိသရ သီတဂူဆရာတော်ဘုရားကြီး)

မျောက်တို့ ဥယျာဉ် (၁)

ဥပမာပုံ ဘယ်လိုများလဲဆိုတော ဥယျာဉ်ကို စောက့်ရှောက်တဲ့မျောက်တွေနဲ့ တူတယ်၊ ဘာနဲ့ တူလဲ၊ ဥယျာဉ်စောင့်တဲ့ မျောက်တွေလိုပဲတဲ့

ဒီဇာတ်က အာရာမ ဒူသကဇာတ်က ပါဋ္ဌိတော်၊ ပြီးတော့ ဒါက ပြောအုံးမှ ကောင်းမယ်၊ ချန်ထားခဲ့ရင် နောက်တပွဲဟောပါအုံး ဖြစ်နေလို့ ၊ တခါထဲ ဟောထားခဲ့မယ်၊ (ဟဲဟဲဟဲဟဲ)

ဥယျာဉ်စောင့်တဲ့မျောက်ဆိုတာက အဲဒါက ဗာရာဏသီမှာ ဖြစ်တဲ့ဇာတ်တခု၊ ဘုရင်ကြီးရဲ့ ဗာရာဏသီမြို့ ပတ်ဝန်းကျင်မှာ ဥယျာဉ်တွေ ဥယျာဉ်တွေ အများကြီးရှိတယ်၊ ဥယျာဉ်ကြီးတခုကို စောင့်ရှောက်တဲ့ ဥယျာဉ်စောင့်က၊ တခုသော နွေကာလ၊ မိုးကလဲ လွန်ခဲ့တဲ့ နှစ်ကခေါင်တော့ နွေကာလမှာ ခပ်စောစော၊ ဥယျာဉ်ထဲရှိတဲ့ ရေတွင်းတွေ ရေကန်တွေရေခမ်းတယ်၊ water shortage ပေါ့လေ၊ ရေရှားတယ်၊ အဲဒါောကာင့် ရေကို သူက ချွေချွေတာတာလေး လောင်းနေတယ်၊ ဥယျာဉ်ထဲက ထွက်တဲ့ အသီးလေးတွေလဲ ဘုရင်သွားသွားဆက်၊ အဲဒါ ဘုရင်က အသီးလေးတွေကြည့်ပြီး ဟာမင်းအသီးလေးတွေလဲ ပိန်ရှုံ့  ခြောက်သွေ့ နေတာပဲကွာ၊ စိုစိုပြေပြေ ၀၀ဖြိုးဖြိုးလဲမရှိဘူး၊ ဘာဖြစ်လို့ လဲဆိုတော့။

ကန်တွေ ချောင်းတွေ မြောင်းတွေမှာ ရေမရှိဘူးမင်းကြီး၊

ဟာအဲဒါဆို လာခဲ့လာခဲ့၊ မင်းဥယျာဉ်ထဲ ရေရဘို့ အတွက် ငါဆည်မြောင်းတွေပါတွေ တူးမယ်ပေါ့နော်

ပြောဘာတူးမလဲ

ဆည်မြောင်းတူးပါမယ်ဘုရား

ဆည်မြောင်းဆိုတော့ အမှတ်ရပြန်တယ်၊ ကရင်ကြီးတယောက်ပြောတာ၊ ကရင်ပြည်နယ်မှာ ဟိုမြိုင်ကြီးငူတို့ ဘာတို့ ဒေသ။

ဟားခင်ဗျားတို့ လယ်တွေကလဲ၊ ရေမရှိ၊ သစ်ပင်တွေ ကောက်ပင်လေးတွေလဲ ခြောက်နေတာပဲ၊ ဆည်မြောင်းက ရေမလာဘူးလားဆိုတော့

ကရင်ကြီးတယောက်က ပြောတယ်၊

ဆရာတော် ဆည်မြောင်းက မလာတာ အရှင်ဘုရား တပည့်တော် လျှောက်ရမယ်ဆိုရင်တော့ ဆည်မြောင်းဆိုပေမဲ့ တပည့်တော်တို့ ရွာကို တစ်မြောင်းပဲလာတယ်ဘုရား၊ ကိုးမြောင်းက ပျောက်နေတယ်တဲ့၊ အဟေးဟေးဟေးဟေး

သူက ဆည်ဆိုတာကို ဂဏန်း တဆယ်လို့ အောက်မေ့တာကိုးနော်၊ သူ့ interpretation ကလဲ ဟုတ်တုတ်တုတ်ပဲနော်

ဆည်မြောင်းဆိုတူးလိုက်၊ ရေက တမြောင်းလောက်လာတယ်၊ ကိုးမြောင်းလောက်ကမလာဘူး၊ ဒီလိုဖြစ်နေတာ၊ အဲဒါက ကရင်ကြီးပြန်တဲ့ interpretation ကြိုက်ရင်လဲ မှတ်ထား ဒါတွေ စုဆောင်းပြီးတော့ အဘိဓါန်တအုပ်ရေးရင် အတော်ကောင်းမယ်

၆.၅၆
မျောက်တို့ ဥယျာဉ် (၂)
အဲအခုလဲ ဆည်မြောင်းတူးမယ်တဲ့ ဘုရင်ကြီးက ရွှေနန်းတော်လာခဲ့ ငါ project တကာလုပ်ပေးမယ်ဆိုတော့၊ ဥယျာဉ် စောင့်က ဘုရင့်နန်းတော်ကို သွားရမှာ၊ ရေရရှိရေးစီမံကိန်းအတွက် ဆည်မြောင်းဖေါက်ဘို့ ၊

အဲဒီတော့ သူက ဥယျာဉ်မှာ ဘာလုပ်ခဲ့လဲဆိုတော့၊ ပြီင်္းတော့ရှိသေးတယ်၊ သစ်ပင်စိုက်တဲ့ အကောင်တွေ၊ မြက်နှုတ်တဲ့အကောင်တွေ၊ ဥယျာဉ်စောင့်တွေလေ၊ လူတွေကလေ၊ ညနေအိမ်ပြန်လို့ ရှိရင် အသီးခူးတဲ့ကောင်ကခူး၊ အရွက်ခူးတဲ့ကောင်ကခူး၊ အပင်နှုတ်တဲ့ကောင်ကနှုတ်၊ ဒီလိုပြန်သွားကြတာဆိုတော့၊ တော်တော်ဆိုးတဲ့ကောင်တွေပဲ၊ ဥယျာဉ်ထဲကကောင်တွေကလဲပဲ ကိုးမြောင်းကရေမလာ၊ တမြောင်းထဲရေလာတဲ့ကြားထဲမှာ ဒီကောင်တွေကခိုးဆိုတော့ ဥယျာဉ်တော့ခြောက်တော့မှာပဲ၊ ကုန်ကျစရိတ်ကလဲ တယ်များတယ်၊ လစာကလဲ တိုးတိုးပေးရတော့ ဈေးတွေကလဲ တယ်တက်ဆိုတော့ ဥယျာဉ်မှုးက ဘာလုပ်တယ်အောက်မေ့လဲ၊ ဥယျာဉ်ရှိတဲ့လုပ်သားတွေ၊ လူတွေအားလုံးကို ရပ်စဲပလိုက်တယ်၊ အလုပ်ဖြုတ်။

တော်ပြီ၊ မင်းတို့ နဲ့ငါမလုပ်တော့ဘူး၊ ငါ့ ဥယျာဉ်ကို ငါ မျောက်တွေနဲ့ ပဲ ထိန်းမယ်

ဥယျာဉ်ကို ဘာနဲ့ ထိန်းမယ်
မျောက်တွေနဲ့ ထိန်းပါမယ်ဘုရား။

အဲဒါနဲ့ တောထဲက မျောက်တွေ ဖမ်းပြီးတော့ မျောက်တွေ၊ မျောက်သင်တန်း၊ မျောက် training school တွေဘာတွေ ဖွင့်ပြီးတော့၊ ဥယျာဉ်ထဲမှာ၊ ဘာသင်လဲ၊ ဟာ မြက်ဘယ်လိုနှုတ်ရမယ်၊ သစ်ပင် ဘယ်လိုရေလောင်းရမယ၊ မြေကြီးဘယ်လိုတူးရမယ်၊ သစ်ကိုင်းကို ဘယ်လိုဖြစ်ရမယ်၊ မျောက်တွေကိုနော်၊ ဒီ Training တွေဘာတွေ ပေးတယ်၊ နောက် Monkey Training Centre ဥယျာဉ်ထဲမှာဖွင့်တယ်၊ မျောက်တွေကလဲ တက်တယ်၊ အားပါးတရ၊ ဒါပေါ့ ငါ့မျောက်တွေ စိတ်ချရလောက်ပြီ၊ဆိုတော့မှ၊

ဟေ့ကောင်တွေ ရေရှားနေတယ်၊ နွေရာသီမှာ သစ်ပင်တွေ ရေလောင်းတဲ့အခါမှာ ချွေချွေတာတာ တိုင်းတိုင်းတိတိ လောင်းရမယ်၊ ဆရာဘယ်လိုလောင်းမလဲ၊ အော် အပင်သေးသေးရေနဲနဲလောင်းပေါ့ကွာ၊ အပင်ကြီးကြီး ရေများများလောင်းပေါ့ကွာ၊

ခုနက အသောက က ဟိုအမတ်ကိုအမိန့် ပေးသလိုပဲ၊အပေါ်ယံလေးဖြန်းပြီးတော့ အမိန့် ပေးပစ်ခဲ့တယ်၊ ဘုရင့်ရွှေနန်းတော်ကို ခစားဘို့ ဥယျာဉ်မှုးကြီးသွားတယ်၊ ဥယျာဉ်တခုလုံး ဘာတွေကျန်ခဲ့လဲ

မျောက်တွေပါဘုရား။

မျောက်တို့  ဥယျာဉ်(၃)
အဲတော့ မျောက်တွေက ဟေ့ဒို့  ဥယျာဉ်မှုးတော့ သွားပြီ၊ ရေရှားနေတဲ့ နွေရာသီမှာ ဒီ ဥယျာဉ်ကို ဒို့ ရေလောင်းရမယ်၊ လာကွာ ဘယ်လို လောင်းရမယ်ဆိုတဲ့ နည်းစံနစ်ကို ဒို့ ဆွေးနွေးကြရအောင်

အမယ်မျောက်တွေက ဥယျာဉ်ထဲမှာ အစည်းအဝေးခေါ်တယ်၊ မျောက် အစည်းအဝေး နော်၊ မျောက် meeting တခါလုပ်ကြတယ်၊ အဲဒီတော့ သဘာပတိဖြစ်တဲ့ မျောက်က စင်မြင့်ပေါ်ကနေပြီင်္း

ကြွရောက်လာတဲ့ လူကြီးမင်းများခင်ဗျား၊ အော မျောက်မင်းကြီးများခင်ဗျား

ရယ်သံများ
လူကြီးမင်းသုံးမိတယ်၊ မျောက်မင်းကြီးများခင်ဗျား ကျနော်တို့  ဥယျာဉ်မှုးကြီးက ဒီ ဥယျာဉ်ကြီးကို စိမ်းလန်းစိုပြေအောင် အသီးအပွင့်တွေ ဖွံ့ ဖြိုးတိုးတက်အောင် ရေလောင်းရမယ်လို့  မှာသွားတယ်၊ ဒါပေမဲ့ ကျူပ်တို့ ရဲ့  ဥယျာဉ်မှာ ရေကရှားပါးနေတဲ့အတွက်ကြောင့် ချွေချွေတာတာနည်းနဲ့  ဒီရေဘယ်လိုလောင်းရမယ်ဆိုတာကို အားလုံး ကြွရောက်ကျတဲ့မျောက်မင်းကြီးများ စာတမ်းလေးတွေ တင်သွင်းကြပါခင်ဗျား

သဘာပတိရဲ့ ခွင့်ပြုချက်အရဆိုတော့ ဟိုက မျောက်တကောင်က ကါးရားကါးရားနဲ့ ထလာတယ်
(ရယ်သံများ)
သဘာပတိကြီးခင်ဗျား  (ရယ်သံ)
သဘာပတိကြီးခင်ဗျားဆိုတော့
သဘာပတိကြီးကလဲ ငါ့တော့ အတော်ခေါ်နေပြီ
ဟေလကွာ
ကျနော်တင်ပြပါ့မယ်
ပြောဆိုတော့
အံဝင်ဂွင်ကျ ရေကို အပိုအလိုမရှိ တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်စေဘို့  ကျနော်စံနစ်တခုရေးဆွဲထားပါတယ်၊ ဒါောကာင့်ကျနော့်ရဲ့ ရေလောင်းစံနစ်၊ ရေသုံးတဲ့နည်းစနစ်တခု ကျနော်ဖတ်ကြားတင်သွင်းပါ့မယ်ခင်ဗျား
တင်သွင်းပါ
သဘာပတိကြီးရဲ့ ခွင့်ပြုချက်ရတော့ သူတင်သွင်းတယ်၊ ဘာပြောလဲဆိုတော့

ကျနော့်ရဲ့ ရေလောင်းနည်းစံနစ်ကတော့ အမြစ်တိုတဲ့ အပင်ကို ရေနည်းနည်းပဲ လောင်းမယ်၊ အမြစ်ရှည်တဲ့အပင်ကို ရေများများလောင်းမယ်၊ အမြစ်အလတ်စားရှိတဲ့အပင်ကို ရေ အတော်အတန်လောင်းမယ်၊ လုံးဝ အမြင်မရှိတဲ့အပင်ကို မလောင်းပဲထားမယ်၊ ကျနော်ရေးဆွဲထားတဲ့ ရေသုံးစွဲနည်းစံနစ်ကတော့ ဒါပါပဲခင်ဗျားဆိုတေ့ လက်ခုတ်တွေ တီးကြတယ်၊ ဖျောင်းဖျောင်းဖျောင်းဖျောင်း

မျောက်များရဲ့ အစည်းအဝေး

ပြီးတော့ သဘာပတိက စင်မြင့်ပေါ်ကနေမေးတယ်၊ အားလုံးကြွရောက်လာကြတဲ့ မျောက်မင်းကြီးများ ခင်ဗျားတို့ ဟိုဖက်က မျောက်မင်းကြီး၊ ဘယ်အရပ် ဘယ်ဒေသက ကိုယ်စားလှယ်တော်ကြီး တင်သွင်းသွားတဲ့ နည်းစံနစ်စာတမ်း၊ ခင်ဗျားတို့ လက်ခံသင့်တယ်ထင်ပါသလား။

လက်ခံပါတယ်၊သဘောတူပါတယ်ဆိုတော့ အတည်ဖြစ်သွားတယ်

ရေဘယ်လိုလောင်းမလဲ
အမြစ်တိုရင်  နဲနဲလောင်းမယ်။
အမြစ်ရှည်ရင် များများလောင်းမယ်။

ဟာအဲဒီတော့ ဟိုဖက်က မျောက်မင်းကြီးတစ်ယောက်က ထလာတယ်။
ကျနော်ကတော့ ယုဂန်ဓိုရ်တောင်ထိပ်က ကြွလာတဲ့ မျောက်မင်းပါခင်ဗျား
(ရယ်သံ)

ကျနော်က မေးခွန်းတခုမေးချင်ပါတယ်၊ ဟိုမျောက်မင်းကြီး တင်သွင်းသွားတဲ့ အမြစ်တိုရင်နဲနဲလောင်း အမြင်ရှည်ရင် များများလောင်း ဆိုတဲ့အဆိုမှာ အမြစ်အတိုအ၇ှည်ကို သိရအောင်ကျူပ်တို့ ဘယ်လိုလုပ်မလဲ၊ ဒါကျူပ်မေးပါတယ်။
(ရယ်သံများ)

ကောင်းလိုက်တဲ့မျောက်အစည်းအဝေး

ရယ်သံ

ဆိုတော့ ကိုင်း သဘာပတိကပြောတယ်၊ ဟိုဘက်က မျောက်မင်းကြီးကတော့ မေးနေပြီ၊ ခင်ဗျားတင်သွင်းသွားတာဆိုတော့ ခင်ဗျားဖြေရှင်း အမြစ်အတိုအရှည်သိရအောင် ဘယ်လိုလုပ်မလဲ၊

အဲဒါဘာမှ သိပ်မခက်ပါဘူး၊ ကျူပ်တို့  ဥယျာဉ်က အခုမှ စိုက်ပျိုးခါစပဲ ရှိသေးတယ်၊ အဲဒါကြောင့် ဘာအခက်အခဲမှ မရှိပါဘူး။
ဘယ်လိုလုပ်မလဲ

အမြစ်အတိုအ၇ှည်သိရအောင် ရေမလောင်းခင် သစ်ပင်အားလုံးကို နှုတ်ပြီးတော့ တိုင်းရမယ်ခင်ဗျား

ကောင်းလိုက်တဲ့ အစီအစဉ်၊ မျောက်မင်းကြီးများရဲ့ ကွန်ဖရင့်

အဲဒီတော့ မျောက်မင်းတယောက်ကတော့ ဒီလိုပြောနေပြီ၊ ယုဂန်ဓိုရ်ဒေသက ကြွလာတဲ့ မျောက်မင်းကတော့ အမြစ်အားလုံး သိရအောင် အတိုအရှည်သိရအောင် နှုတ်ပြီးတိုင်းရမယ်လို့ ပြောတယ်၊ အဲဒါကို ခင်ဗျားတို့ အစည်းအဝေးကြီးက လက်ခံနိုင်ပါရဲ့ လား။

အဲဒီတော့ ဟိုဘက်က ဟိမ၀န္တာကလာတဲ့ မျောက်မင်းက ပြောတယ် သဘောတူပါတယ်။ တူပါတယ်

ကဲတူတယ်ဆိုလာ၊ အစည်းအဝေးရုတ်သိမ်း၊ သစ်ပင်တွေ နှုတ်ကြစို့ 

သွားရောဗျာ၊ ရေတော့လောင်းမှာပဲ ဒါပေမဲ့ဘယ်လိုလုပ် လောင်းမှာလဲ၊ နှုတ်ပြီးမှ လောင်းမဲ့နည်းတွေ ဖြစ်နေတာ၊ နော်

ရေတော့ လောင်းတော့လောင်းမှာပါပဲ၊ ရေလောင်းချင်တဲ့စိတ်ကလေးတော့ရှိပါတယ်၊ ဒါပေမဲ့ တဥယျာဉ်လုံးကို ဘာလုပ်ပစ်ချင်တာလဲ နှုတ်ပစ်ချင်တဲ့မျောက်တွေပဲတဲ့

မျောက်တို့  ဥယျာဉ်(၄)
အဲဒါနဲ့ မျောက်တွေ ပျော်ပျော်ပါးပါး ဖိုင်တွဲတွေကို ပိုက်ပြီးတော့ ဥယျာဉ်ထဲတန်းစသွားကြ၊ အဲတော့ မျောက် သဘာပတိကြီးက ကျန်တဲ့မျောက်တွေကို တာဝန်ပေးတယ်၊ တချို့ ကောင်တွေကို ဟေ့ကောင်မင်းက ဖိုင်တွဲကိုင်၊ စာရင်းပြုစု၊ ဘယ်အပင် အမြစ်ဘယ်နှစ်ပေးရှိတယ်၊ ဘယ်နှစ်လက်မ ရှိမယ်၊ အဲဒါ မင်းက ဖိုင်တွဲနဲ့ မှတ်ထား၊ ဟိုကောင်က အဲဒါပေကြိုးဆွဲပြီးတော့တိုင်း၊ ဟိုကောင်တွေက အဲဒါရေရှာခဲ့၊ အမယ် စီမံခန့် ခွဲမှု သိတ်မဆိုးဘူး၊ ပျော်ပျော်ပါးပါး ဥယျာဉ်ရှိတဲ့သစ်ပင်တွေ အကုန်နှုတ်တယ်၊ နောက်ပြီးတော့မှ ပေကြိုးတွေနဲ့ တိုင်းပြီးတော့ ဖိုင်တွဲထဲမှတ်ထား ပြီးတော့ ပြန်စိုက်။

အဲ လောင်းကြစို့ ၊ ဆိုကြပါစို့ ၊ အမြစ်တပေရှိလား ရေတစ်ဂါလံလောင်းပေါ့၊ နှစ်ပေရှိလား နှစ်ဂါလံလောင်းပေါ့၊ လောင်းပြီးသွားကြပြီ၊ တော်လိုက်ကြတာ၊ တို့ နည်းစံနစ်ကောင်းကြီးနဲ့ တော့ ဒို့ ဥယျာဉ်ကြီး ပြုစုပျိုးထောင်နေတာပဲ၊ မျောက်တွေ ပျော်လိုက်ကြတာ။

ဘာကုသလလဲ ပရိတ်သတ်ရေ၊ အနတ္တကုသလနောက် ဒါပြောတာပဲ။

တုန်မေတော ပညာမဲ့တဲ့လူမိုက်သည်၊ အနတ္တကုသလေန၊ အကျိုးမဲ့ လုပ်ငန်းတွေကိုသာ ကျွမ်းကျင်နိုင်နင်းနေတဲ့အတွက်ကြောင့် အတ္တာစရိယံ အကျိုးရှိတာတွေကို ဘယ်လိုပဲ ဆောင်ရွက်တယ်လို့ ဆိုကြစေကာမူ၊ သုခါဝဟံ ချမ်းသာ သုခရအောင်လို့ ပဲ ဆောင်ရွက်စေခါမူ၊ သုခံ ချမ်းသာသုခကို အတံ အကျိုးစီးပွားကို ဟိတံ အကျိုးစီးပွားကို အာပေတံ ဆုတ်ယုတ်စေတတ်၏။ အနတ္တကုသလ ဖြစ်နေလို့ တဲ့၊

ဟိုး အကျိုးဖြစ်တဲ့ လုပ်ငန်းတွေကို လုပ်မယ်ဆိုင်္ပြီးတော့ ဘယ်လိုပဲ လုပ်နေကြစေကာမူ၊ အကျိုးမဖြစ်ထွန်းပဲနဲ့ ၊ ဘာတဲ့လဲ အကျိုးယုတ်မှုတွေပဲ နေ့ တိုင်းဖြစ်နေကြပြီ။

ကန်ပိအာရာမီကောဥယျာဉ်စောင့်တဲ့မျောက်တွေနဲ့ တူနေတယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဂရုဏာရှေ့ ရှု ဟောပြတော်မူခဲ့ပါလေသတည်း

သာဓု သာဓု သာဓု

ခုနှစ်ရက်လောက်သာရေလောင်းရတယ်၊ ပရိသတ်ရေ ဒီကနေ့ ရေလောင်းပြီးသွားပြီ၊ မျောက်ပဲဗျာ၊ သူတို့ ဖိုင်တွဲထဲမှာ ဘာရေးမလဲ၊ ရေးတယ်ပဲ ထားအုံး၊ မနက်ဖြန်ခါ ရေလောင်းကြအုံးစို့ ဟေ့၊ ဆိုလဲဆိုလိုက်ရော၊ ကဲမင်းတို့ ဖိုင်တွဲတွေ ယူခဲ့.ူခဲ့ ဘယ်အပင်က အမြစ် ဘယ်လောက်ရှည်သလဲ၊ မင်းတို့ မှတ်တမ်းတွေပြန်ဖတ်ဆိုတော့ ဘယ်လိုလုပ်မလဲ၊

သိဘူး၊ ဖိုင်တွဲတွေက အကုန်ပျောက်ကုန်ပြီ၊ ဖိုင်တွဲတွေ အကုန်ပျောက်ကုန်ပြီ မရှိဘူး။

ကဲ အဲဒါဆိုရင် ပြန်နှုတ်ကြဦးစို့ ကွာ၊ ကိုင်းနှုတ်လိုက်၊ တိုင်းလိုက်၊ လောင်းလိုက်၊

နှုတ်လိုက် လောင်းလိုက်၊ နှုတ်လိုက်လောင်းလိုက်လုပ်နေကြတာ ပျော်ပျော်ပါးပါးပဲ၊

ဒို့ နည်းကတော့ သိပ်ကောင်းတာပဲ ဆိုပြီးတော့ လုပ်တော့လုပ်နေတာပဲ၊ ခုနှစ်ရက်လောက်ကြာတော့ တဥယျာဉ်လုံး အကုန်သေသွားတယ်၊ ဘာမှမရှိတော့ဘူး၊ အဲဒါဘာခေါ်လဲ၊ အနတ္ထကုသလ အကျိုးမဲ့လုပ်ငန်းကို ကျွမ်းကျင်တဲ့လူမိုက်၊ အဲဒီလို ဒုက္ခဖြစ်အောင် လုပ်တတ်တယ်၊ အေး ဒီတော့

ဓမ္မာသောက အေးဘုန်းကြီးတွေ၊ ဘာလုပ်ရမလဲ ဥပုသ်ပြုကြ၊ ပ၀ါရနာပြုကြ၊ ဥာဏ်နည်းတဲ့အမတ်ကို အမိန့် ပေးထားတယ်၊ ဥာဏ်နည်ူတဲ့အမတ်က ဥာဏ်မဲ့တဲ့ အမတ်ကို သွားမေးတော့၊ ဘုရင်ကိုတော့ ဘာဖြစ်လဲ၊ မမေးရဲ့ဘူးဈ သိပ်ကြောက်တာ။

ကြောက်ကြောက်နဲ့ လုပ်ရင် ဘာဂတိလဲ  ဘယာဂတိ
စိတ်ဆိုးဆိုးနဲ့ လုပ်ရင် ဘာဂတိလဲ    ဒေါသာဂတိ

လိုချင်လို လုပ်ကြရင် ဘာဂတိလဲ   ဆန္ဒာဂတိ
မသိတသိအရမ်းလုပ်ကြတာက   မောဟာဂတိ

အော အဂတိလေးပါးလွတ်အောင် ပရိသတ်ကြီးကျိုးစားကြဗျာ၊ လွတ်အောင် ကျိုးစားကြ၊ အဲဒါမလုပ်ရင်တော့ လူမိုက်စာရင်းထဲ ၀င်သွားမှာပဲ။ ဘာလဲ လူမိုက်စာရင်းထဲ မ၀င်အောင်၊ ဘာတဲ့လဲ အဂတိလေးပါး လွတ်အောင်ရှောင်၊ အဲတော့ ပညာနည်းတဲ့အမတ်က ပညာမရှိတဲ့အမတ်ကို သွားမေးလိုက်တော့၊ ပညာမဲ့တဲ့အမတ်က ဘုရင့်မမေးရဲရင် ကိုင်းငါအကြံပေးမယ်၊ ဥပုသ်မပြုတဲ့ ဘုန်းကြီးတွေ သတ် ဆိုတော့ဗျား

ဒီထဲကြွ ၊ မကြွဘူးလား၊ ဥပုသ်မပြုဘူးလား၊ ဘုန်းကြီင်္းတွေသတ်လိုက်တာ၊ သေတာမနဲဘူးပါ၊

လါန်လေပြီးသော ဒီကနေ နောက်ပြန်ာကည့်ရင် နှစ်ပေါင်းနှစ်ထောင့်နဲ့ နှစ်ရာကျော်ကျော်က ပါဋလိပုဒ်ဆိုတဲ့ တတိယသံဂါယတနာ တင်တဲ့ ရွှေမြို့ တော်က သီရိဓမ္မာသောကလို့ နာမည်ကြီးလာမဲ့၊ မင်းတပါးရဲ့ နိုင်ငံတော်မှာ အဲဒီ ဘုရင်အမိန့် ပေးမှုကြောင့် ဟိုအမတ်မိုက်လုပ်တာ၊ ဘုန်းကြီးတေါ ဘာဖြစ်လဲ အသတ်ခံရတယ်၊ အဲဒါလေးကိုဘုန်းကြီးတို့ ပရိသတ်ကြီးကို ပြောပြနေတာ၊ ဒီတော့ ပရိသတ်ဟာ အကာကို အကာရံတဲ့ ပရိသတ်၊
ဖဲခူး ဖဲခူးပရိဝါ၊ ဘာကို ဘာရံမလဲ၊ အကာကို အကာရံမယ်
ခေါင်းဆောင်လဲ အကာပဲ နောက်လိုက်တွေလဲ အကာတွေချည်းပဲ၊ အဲါးကို ဖဲခူးဖဲခူး ပရိဝါ။

ခေါင်းဆောင်က တော့ အနှစ်ရှိတယ်၊ နောက်လိုက်တွေက အကာတွေချည်ူပဲဆိုရင် သာလေ ဖဲခူး ပရိဝါလေ။

ဒါလဲ ဇာတကက လာတာ၊ နောက်တခုကတော့ ခေါင်းဆောင်ကြီးက အကာ နောက်လိုက်တွေက အနှစ်ရှိတယ်ဆိုလို့ ရှိရင် ဖဲခူး၊ သာရ ပရိဝါ၊

အကောင်းဆုံးကတော့ ဘာလဲဆိုရင် သာလော သာရ ပရိဝါ၊ ခေါင်းဆောင်လဲ အနှစ်သာရရှိတယ်၊ နောက်လိုက်တွေလဲ အနှစ်သာရရှိတယ်၊ အဲဒါမှ အဲဒီဥယျာဉ်ကြီး စည်ကားမှာပေါ့

ဥယျာဉ်ကြီးမှာ စားစရာ အသီးမျိုးစုံကို သီးပေးတဲ့ အပင်တွေ မရှိဘူးလား (ရှိပါတယ်)

အပွင့်မျိုးစုံကို ပွင့်ပေးမဲ့ အပင်တွေလဲပဲ ရှိတယ်နော်၊ မြေကြီးထဲက ဥမျိုးစုံကို ဥပေးမဲ့ အပင်တွေလဲပဲ ရှိတယ်

အရွက်မျိုးစုံကို သေချာဖြစ်ထွန်းစေမဲ့  အပင်မျိုးစုံလဲပဲ ရှိတယ်၊ ခေတ်မှီမှီပြောချင်ရင် Natural resources သိပ်ပြည့်စုံတဲ့ ဥယျာဉ် ခမ်းခြောက်သွားတာ ဘာကြောင့်လဲ


မျောက်တွေရေလောင်းလို့ ဖြစ်သွားတာ

No comments:

Post a Comment