ရွာကလေးတရွာ
-
ဒါမျိုးတွေ ပေါင်းလိုက်တော့လဲ ဆင်းရဲသား ၇၀% ဖြစ်သွားလေရဲ့ 
-
အောက်ကလို အသံတွေ များမလာအောင် ဘယ်လို လုပ်ကြမလဲ
-
သူဋ္ဌေးကုန်းရေ
-
ဒါမျိုးတွေ ပေါင်းလိုက်တော့လဲ ဆင်းရဲသား ၇၀% ဖြစ်သွားလေရဲ့ 
-
အောက်ကလို အသံတွေ များမလာအောင် ဘယ်လို လုပ်ကြမလဲ
-
သူဋ္ဌေးကုန်းရေ
မင်းတို့ဘဝတွေက ရေမျောကမ်းတင်တွေပါကွာ
ဘာကိုမျှော်လင့်နေတာလည်း
ဘာအဆက်အသွယ် ရှိလို့လည်း
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ခေတ်ကွ မှတ်ထား
ဘာကိုမျှော်လင့်နေတာလည်း
ဘာအဆက်အသွယ် ရှိလို့လည်း
မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ ခေတ်ကွ မှတ်ထား
အစိုးရ အစိုးရဆိုပြီး ခဏခဏ အော်မနေနဲ့
မင်းတို့ကအမျိုးတော်လို့လား
သူလာခြင်မှ လာမှာပေါ့
ဒါသူ့အလုပ်
မင်းတို့ကအမျိုးတော်လို့လား
သူလာခြင်မှ လာမှာပေါ့
ဒါသူ့အလုပ်
ခေတ်အဆက်ဆက် ကိုယ်ထူကိုယ်ထ လုပ်လာတာ
မြစ်နားချောင်းနား ဘဝတွေ အသိဆုံး
လက်ကျန် မြေဧက သုံးဆယ်နဲ့
မင်းတို့ တစ်ရွာလုံး လုစား တောင်းစားကြ
မြစ်နားချောင်းနား ဘဝတွေ အသိဆုံး
လက်ကျန် မြေဧက သုံးဆယ်နဲ့
မင်းတို့ တစ်ရွာလုံး လုစား တောင်းစားကြ
ကျောင်းသား ရှစ်ဆယ်ကျော်ဟုတ်လား
ကျောင်းအုပ်တစ်ယောက်
နေ့စားအကူ တစ်ယောက်
တော်ပြီပေါ့ကွာ
ဆရာတပည့်တွေ ဘယ်လိုနေနေ
ကြာလာရင် နေသားကျသွားမှာပါ
ကျောင်းအုပ်တစ်ယောက်
နေ့စားအကူ တစ်ယောက်
တော်ပြီပေါ့ကွာ
ဆရာတပည့်တွေ ဘယ်လိုနေနေ
ကြာလာရင် နေသားကျသွားမှာပါ
စာတတ်တော့လည်း ဘာထူးမှာလည်း
အစွန့်ပစ်ခံဘဝတွေပဲဟာ
အပိုတွေ ပြောမနေနဲ့
သူတို့က မင်းတို့ထက်
တတ်တယ်
သိတယ်
အစွန့်ပစ်ခံဘဝတွေပဲဟာ
အပိုတွေ ပြောမနေနဲ့
သူတို့က မင်းတို့ထက်
တတ်တယ်
သိတယ်
ဒီမယ်သူဋ္ဌေးကုန်း မျှော်မနေနဲ့ကွ
မယ်ဆွယ်တုန်းက
ပုံပြင်တွေကို
ချီးခြောက်ရေနူးမနေနဲ့
မယ်ဆွယ်တုန်းက
ပုံပြင်တွေကို
ချီးခြောက်ရေနူးမနေနဲ့
ကံကြမ္မာတို့ လောကဓံတို့ဆိုတာ
ခံနိုင်ရည်ရှိသလောက်ပဲ လာတာ
ဘယ်တော့မှ တူဘဝ မရောက်နိုင်တဲ့
မင်းတို့ဘဝတွေ ခံနိုင်အောင်
ခံကြဟေ့
ခံနိုင်ရည်ရှိသလောက်ပဲ လာတာ
ဘယ်တော့မှ တူဘဝ မရောက်နိုင်တဲ့
မင်းတို့ဘဝတွေ ခံနိုင်အောင်
ခံကြဟေ့
ဒါပဲ
ပေါက်ကုန်းဘုန်းကြီး
09401586739
ပေါက်ကုန်းဘုန်းကြီး
09401586739
No comments:
Post a Comment