ကြွက်သေတစ်ခု အရင်းပြု၍
မြန်မာရာဇ၀င်တွေမှာ ကြွက်သေတစ်ခု အရင်းပြု၍ဆိုတဲ့ စာကလေးရှိတယ်၊
မွန်ရာဇ၀င်မှာလဲ ဒါမျိုးဆန်ဆန်ရှိတယ်
ကျနော့် အတွေ့ အကြုံရေးချင်တယ်၊ အကြောင်းအရာတွေက နိုင်ငံတော်
လျို့ ဝှက်ချက်တွေနဲ့တော့ မညိလောက်ပါဘူး၊ လူတွေကတော့ ညိတယ်ဗျား
ကြွက်သေ တစ်ကောင်ကို အရင်းပြုတာမှန်ပေမဲ့လဲ အဲဒီ ကြွက်သေကနေ
ပွားများလာအောင် လုပ်နိုင်တဲ့ အရည်အချင်းတွေရှိမှ၊ နောက် အခွင့်ကောင်းတွေလဲ ရှိမှ သူဌေးဖြစ်သွားတာပါ၊
ဘာမှ ၀ိရိယမရှိတဲ့လူကို ဥာဏ်ပညာမရှိတဲ့လူကို ကြွက်သေ တစ်ကောင်ပေးကြည့်ပါလား၊ ချက်ခြင်း
လွှင့်ပစ်လိုက်မှာပါပဲ။
ကျနော့် ကြွက်သေတစ်ကောင်က ဘယ်ကရသလဲဆိုရင် ဘီယာဝိုင်းကနေရလာခဲ့တဲ့
ကြွှက်သေပါပဲ
အကို မောင်ကို အကို့ ကို လူတစ်ယောက်က တွေ့ ချင်လို့ တဲ့
ဟေ ဘယ်သူလဲ
Finmap Company က ဗစ်ကိုတဲ့ အကို
ငါလဲ မသိပါဘူး၊ သူက ဘာလုပ်တာလဲ
သူကတော့ အရောင်းဘက်က အကို၊ Myanmar GISလောက အနေအထား နောက်
ကျွမ်းကျင်သူတွေနဲ့ စကားပြောချင်တယ်ဆိုလို့ 
မင်းတို့ ပါမှာလား (သူတို့ က Suntac Company က သူတို့ အခြေတည်နေတုံးရှိပါသေးသည်)
မပါဘူးအကို၊
အချိန်က ၁၉၉၈ ပတ်ဝန်းကျင်ကပါ၊ ကျနော် Royal Garden ကိုရွေးလိုက်သည်။
အဲဒီမှာ ကျနော် ၁၉၉၆-၈ ဂျပန် မိတ်ဆွေတွေနှင့် တစ်နှစ်တစ်ခါ စားသောက်နေကြ၊ ကွင်းဆင်းလုပ်ငန်းများပြီင်္းသည့်အချိန်
ဂျပန်တွေ အောင်ပွဲခံသည့်နေရာ၊ နောက် ယဉ်ကျေးမှု၊ ပန်တျာကျောင်းတို့ မှ ကျနော့် ဘော်ဒါများ
လာရောက် တီးမှုတ်ကျသော မြန်မာတီးဝိုင်း စစ်စစ်လဲရှိ၏၊ အကများရှိ၏။
ဗစ်ကို ကြည့်ရတာ ကျနော့်ထက် အသက်ကြီးပုံပါ
နှစ်ယောက်သား မိတ်ဆက်ပြီး စကားဆက်ပြောကြပါသည်။
အခုထိ မှတ်မိသလောက် ပထ၀ီဝင် သတင်းအချက်အလက်စံနစ်ဆိုသော
Geographic Information System (GIS) နှင့် အဝေးမှ စူးစမ်းလေ့လာခြင်းဆိုသော Remote
Sensing (RS) အကြောင်း အနည်းငယ်မျှ ပြောဖြစ်သည်။
အဲဒီခေတ်ရဲ့ နာမည်ကျော် Tiger Beer ကို ပုလင်းလိုက် တစ်လုံးခြင်း
မှာမှာ သောက်ကြပါသည်။ ပြောဖြစ်တဲ့စကားတွေက English Classics တွေအကြောင်း ဗစ်ကိုက ဖင်လန်နိုင်ငံသားပါ၊
အခုနာမည်ကြီး Lords of the Ring က ရုပ်ရှင်မရိုက်သေးပါ၊ ကျနော်တို့ နှစ်ယောက် မူးမူးနှင့်
ဂန္တ၀င်စာပေများ၊ ကိုယ့်ဘ၀အပေါ်မှာ ဘယ်လို သက်ရောက်ခဲ့ပုံ၊ အဲဒီအတွေးအေခ်ါတွေကြောင့် လူအများနဲ့
မတည့်ခဲ့ရပုံတွေ။
ဝိုင်းရှင်းလိုက်တော့ သူက ရှင်းသွားတယ် တိုက်ဂါးဘီယာ ပုလင်း
၁၆ပုလင်းရှိတယ်ခင်ဗျား
ဝိုင်းကနေထွက်လာတဲ့ ဆွေးနွေးချက် သဘောတူညီချက်။
ဘယ်လိုဘယ်လို ရောက်သွားမှန်းကိုမသိပါ အဲဒီအချိန်မှာ
Finmap က United Nations Drug Control Programme (UNDCP) ကို ၀နယ်မြေ ဘိန်းစိုက်ပျိုးမှုအတွက်
ဆာဗေးတွေ လုပ်ပေးနေတယ်၊ ကြေးတိုင်မြေစာရင်းရယ်၊ မြေတိုင်းဌာနရယ် နောက် စိုက်ပျိုးရေးရယ်၊
ကျနော်တို့ သစ်တောမပါဘူး
သူတို့ နေရာ မြန်မာပြည်ရဲ့ မဲခေါင်မြစ်ဝှမ်းကို ကျနော် ကွန်တို၊
မြစ်ချောင်းများ၊ မြေအသုံးချမှုစသည့် GIS database တစ်ခု ဆောက်ပေးဘို့  သဘောတူခဲ့တယ်၊
၁း၅၀၀,၀၀၀ စကေးနဲ့၊ အလွယ်ကလေးပါ၊ မြေအသုံးချမှုကလဲ ကျနော်က JAFTA နဲ့ လုပ်ပြီးသား
ငါပြီးရင် ဘယ်သူ့ ကို ပေးရမလဲ
ဘယ်သူ့ မှ ပေးစရာမလိုဘူး မင်းဆီမှာ ရှိနေရင်ပြီးတာပဲ
မင်းတို့ ရောမယူဘူးလား
မယူဘူး
ဒေါ်လာ ၇၀၀လောက်ကျမယ်
အေး ပြီးဒါနဲ့ပြော ပေးမယ်တဲ့
ကျနော်ပြီးတော့ မြေပုံနှစ်ပုံရိုက်ပြီး တစ်ပုံကို ပေးလိုက်တယ်
ရတဲ့ ၇၀၀ကို မြန်မာငွေနဲ့ လဲပြီး ကျနော့် ဌာနစိတ် တစ်ခုလုံးကို ဝေပေးလိုက်တယ်၊ တယောက်ကို
၅၀၀၀စီလောက် ဝေပေးနိုင်တယ်၊ အဲဒီအချိန်မှာ မနဲ့ဘူး ကျနော့် တပည့်တွေ ပျော်မြူးနေကြတာ၊
မဒမ်မောင်ကိုကတော့ ကျနော့်ကို ငွေလဲနှုံးက ပိုတဲ့ ၅ိကို စားတယ် ကျနော့် ဝေစုယူသွားသေးတယ်၊
အမှန်တော့ ဇာတ်လမ်းက ဒီမှာ ရပ်သွားပြီဗျ၊ သူတို့ ကျနော်တို
့ကို ဘယ်လို အတွေးနဲ့ အလုပ်ပေးမှန်းတောင်မသိပဲ ဘယ်မှ အပ်စရာမလိုတဲ့ မြေပုံနဲ့ ဒေတာဘေ့စ်ကို
ကျနော်သိမ်းထားလိုက်တယ်၊ မြေပုံကို ကွန်ပျူတာခန်း နံရံမှာချိတ်ထားလိုက်တယ်၊ ကွန်တိုတွေကို
အသေးစိတ် ဆက်ထားပြီး region တစ်ခုလုံးကို တချပ်တည်းနဲ့ ထုတ်ထားတာဆိုတော့ Digital
Elevation Model အတိုင်း 3D ရုပ်လုံးကြွနေလေရဲ့ 
အဲဒီအချိန်မှာ ကျနော့်ဌာနဟာ ဂျီအိုင်အက်စ်ကို အတော်လေး လုပ်နိုင်နေပါပြီ၊
ဂြိုလ်တုဓါတ်ပုံတွေ ကိုယ်တိုင် ရိုက်ထုတ်နေနိုင်ပြီ၊ အပူပိုင်းဒေသ ၁၃ခရိုင်ရဲ့ မြေအသုံးချစီမံကိန်းကို
ဒီနည်းပညာတွေနဲ့ အသဲအသန်လုပ်ပြီး တကယ့်ကို ကွင်းမှာ အသုံးချနိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီ
ဒါပေမဲ့ digitizer ခေါ်တဲ့ ဘုတ်ကြီးတွေပေါ် မြေပုံတွေ ဓါတ်ပုံတွေ
တင်ပြီး အလုပ်လုပ်ကျရတယ်၊ dryzone တုံးကဆိုရင် မြေပုံတွေဟာ ဘောလီဘောကွင်း တကွင်းစာလောက်ရှိတယ်၊
အဲဒါတွေကို digitizer နဲ့ ဆန့် အောင် ပိုင်းဖြတ်ပြီးမှ ကွန်ပျူတာထဲတဲ့၊ ပြီးမှ ပြန်ဆက်၊
ပြစနာပေါင်း များစွာပေါ့။
ဗိုလ်ချူပ်မှုးကြီးနဲ့ ၀န်ကြီး ဦးအောင်ဖုန်း ခိုင်းတာတွေ
အများကြီး သူတို့ ကတော့ အဖြေတွေ မြေပုံတွေ ရနေ ကြေနပ်နေတာပဲ၊ ချိးမြှင့်ဘို့ မပြောနဲ
့ အသေအချာကို မသိတာပါ အုံဖွဆိုပြီး ရလာပုံပဲ
အဲ ကြွက်သေက မကြာမှီ အစွမ်းပြတော့တာပါပဲ
လေ့သုဌာနစိတ်ကို ရောက်နေတဲ့ ကိုမြချိုကကနေ တဆင့် MRTV က လာပြီး
ကျနော်တို့ သယံဇာတ ဌာနစိတ်ကို လာပြီး ထုတ်လွှင့်မှုလုပ်တယ်၊ ကွန်ပျုတာရယ် စာရင်းကောက်ရယ်
ကျနော့် GIS ရယ်။
ရှင်းပြကျတဲ့အခါမှာ ကျနော့် ပုံကို မသုံးဘူး၊ ဒါပေမဲ့ မြန်မာပြည်မှာ
တပ်မတော် မြေပုံထုတ်ဌာနလောက်မှာပဲ ရှိတဲ့ large format plotter တွေ ဘယ်မှာမှ မရှိတဲ့
ြ၈ိုလ်တုဓါတ်ပုံတွေ ကောင်းကင်ဓါတ်ပုံတွေ အများကြီး ပြတယ်၊ ကျနော်တို့ ရှင်းပြတဲ့ အချက်အလက်တွေသုံးတယ်
အဲ နောက်နေ့ မှာပဲ မောင်ကို မင်းဌာနစိတ်ကို ၀န်ကြီး လာစစ်မယ်တဲ့
နောက်မှသိရတာက Programme ကို ထောက်ချူပ်ကြီးက ကြည့်ပြီး ကိုအောင်ဖုန်း
ခင်ဗျားဆီမှာ အတော်ဖြစ်နေတာပဲ (ဆေးရုံပို့ ဘို့ ပဲ ကျန်တော့တယ်) ကျူပ်လာကြည့်ချင်တယ်ဆိုလို
့ ၀န်ကြီးပေါက်ချလာတာပါပဲ
တညလုံး ကျနော် ပြင်ဆင်ရတယ်၊ အဲဒီအချိန်ထိ လုပ်ပြီးတဲ့ အလုပ်တွေကိုလဲ
ဟိုတယ် အိပ်ခန်းစာလောက်ရှိတဲ့ အခန်းကလေးမှာ မရရအောင် ပြထားတယ်၊ Color Transparency
ပေါင်းစုံရှိတော့ ကျနော် အရင် မြေပုံထုတ်ဌာနစိတ်က ကျန်နေတဲ့ light box တွေနဲ့ ပြထားတယ်၊
အခန်းကလေးထဲမှာ ကျနော် မှတ်မှတ်ရရ ကွန်ပျူတာပေါင်း ၁၇လုံးလောက်ရှိတယ် HP350
plotter, တခြား plotter တွေ Tape Drive တွေ အများကြီးပဲ၊ ကျနော် ကွန်ပျူတာဌာနစိတ်ကို
ကုလားအုပ်ကြီးလို ခေါင်းတိုးပြီးဝင်ထားခဲ့တာကိုး
အဲဒီအချိန်က ညွှန်ချူပ် ဒေါက်တာကျော်တင့် (အခု ECCDI and
MERN) မရှိဘူး ဒုချူပ်နဲ့ ညွှန်မှုးတွေပဲ ဧည့်ခံကျတယ်၊ ဒါပေမဲ့ အကြောင်းအရာပိုင်းကတော့
ကျနော့် အပိုင်းပဲ
ကျနော် 8mm data tape ကနေ ကွန်ပျူတာထဲကို ထည့်တာ၊ ဓါတ်ပုံထုတ်တာ၊
Interpret လုပ်တာ၊ ကွင်းဆင်းတာ၊ နောက် digitize လုပ်တာ နောက် သူခိုင်းခဲ့တဲ့
dryzone planning ကို GIS analysis လုပ်တာတွေအထိ အသေးစိတ် ရှင်းပြနိုင်ခဲ့တယ်၊ သူကလဲ
ချက်ခြင်းကို ပြန်မေးတယ်။
၈နာရီလောက်ကနေ စတာ ဆယ်နာရီလောက်မှာ
တော်ပြီကွာ မင်းနဲ့ငါ ဆက်ပြောနေရင် တနေ့ လုံးကုန်သွားမယ်တဲ့
ဟုတ်ကဲ့အဘ
သူ့ ထုံးစံအတိုင်း နီးရာ စားပွဲတစ်ခု ခုံစောင်းပေါ်ကို တက်ထိုင်တယ်
အခန်းထောင့်မှာ မထင်မရှားကပ်ထားတဲ့ ကျနော့် ကြွက်သေ မဲခေါင်မြစ်ဝှမ်း
မြေပုံဆီ သူ့ မျက်စိရောက်သွားတယ်
ကျနော် ဒီအတိုင်းနေလိုက်ရင် ရပါရဲ့ ၊ ဘယ်နတ်တွေ ဘယ်ဒေ၀ါတွေက
နှိုးဆော်လိုက်တယ်မသိ
အဘ ဒါကို Digital Elevation Model (DEM) လို့ ခေါ်ပါတယ်၊ ဒါကိုသုံးပြီး
မော်တော်ကားလမ်းတို့ ၊ မီးရထားလမ်းတို့  လမ်းအူကြောင်းရွေးလို့ ရပါတယ်
ကျနော့် ညွှန်မှုး ဦးကြည်မောင် (ကွယ်လွန်)ထံက မျက်စောင်းအကြီးကြီးရလိုက်တယ်
ဟေဟုတ်လား
သူ အနားကို သွားကပ်ကြည့်တယ်
မင်းငါ့ကို ပြည်ကနေ ပခုက္ကူအထိ လုပ်ပေးနိုင်မလား ငါ ဘပန်းကို
လက်ဆောင်ပေးချင်လို့ 
ရပါတယ် အဘ ဒါပေမဲ့ အချိန်တော့ နဲနဲ ပေးရပါ့မယ်
ကျနော့် ဌာနက လူကြီးများ၏ မျက်စောင်းများကတော့ ဆိုဘွယ်မရှိပြီ
ဝန်ကြီး ပြန်သွားသည်၊ ကျနော်တို့ လဲ ရုံးချူပ်မှာ တခြား အစည်းအဝေးတစ်ခု
တက်ရသည်။ ကျနော် အဲဒီအချိန်တွေ လက်ထောက်ညွှန်မှုးတောင် မဖြစ်သေးပါ။
ပြသနာစပြီ၊ ဖုန်းလာပါတယ် ဒုချူပ်ခင်ဗျား၊ ဦးမောင်ကိုနဲ့
အဖွဲ့ GIS အခန်းကနေ စောင့်ပါတဲ့ အဘဖုန်းက အဘပန်းကိုပါခေါ်ပြီး ပြန်လာနေပါပြီတဲ့
ဦးကြည်မောင် မျက်နှာ်ကြီးနီရဲလာပြီး ကျနော့်ကို ဆဲပြီး ထွက်သွားပါတော့သည်
မင်းကိစ္စ မင်းရအောင် ရှင်းတော့တဲ့။
ကျနော် စဉ်းစားသည်။ နောက် အဘဖုန်းကိုယ်တိုင်တောင် သူ့ သားနဲ့
ကုမ္ပဏီနှင့် ပတ်သက်မှန်းမသိသည့် ကိစ္စ၊ ဒီ မီးရထားလမ်းဖေါက်သည့်ကိစ္စ၊ ကျနော် စစ်တိုင်းအောင်
Suntac ကုမ္ပဏီ မန်နေဂျာ ကို မောင်မောင်ခင်ထံ ဖုန်းဆက်သည်။
ကျူပ်ကတော့ လုပ်ချလိုက်ပြီ၊ အဲဒီလို အဲဒီလိုပဲ အခု အဘိုးကြီးနှစ်ယောက်
ကျူပ်ဆီပြန်လာနေကြပြီ
(Suntac ကို ကျနော် ကိုယ့် ၀န်ကြီး သား ကုမ္ပဏီမို့  ဆက်သွယ်ခြင်းမဟုတ်၊
ဂျပန်တွေ ၆၇%ပဲ လုပ်ပေးသွားသော မြန်မာပြည် သစ်တော မြေပုံများကို
ကျနော်က ဆက်လုပ်ဖို့ အစီအစဉ်ဆွဲရသည်၊ ဂျပန်တွေက plan ဆွဲပေးရာ ဒေါ်လာ နှစ်သိန်းခန့် ကျသည်၊
ဓါတ်ပုံတွေဝယ် စက်တွေဝယ် software တွေဝယ်၊ အဘဖုန်းက ဒီကောင်တွေ ပါမှလား မင်းတို့ ဘာသာ
မလုပ်နိုင်ဘူးလားဆိုတော့ လူကြီးတွေက ကျနော့်ကို မေးတော့ လုပ်နိုင်ပါသည်ဟု အမိုက်ခံရာမှာ
(အဲီးတုံးကတော့ သစ်တောကိစ္စမို့ ကျနော့်ကို မိုက်ရူးရဲဟု မပြောကျ၊ ခုဟာကတော့ မီးရထားကိစ္စကိုး)
ဂျပန်တွေက TNT mips software ကောင်းသည်ပြောတာနှင့် ၀ယ်ရာမှာ ရှားရှားပါးပါး Suntac
က ကိုယ်စားလှယ်ဖြစ်နေသည်၊ ဂြိုဘ်တုဓါတ်ပုံတွေလဲ ရမယ်ဆိုတာနဲ့ အားလုံး lump
contract ဒီမှာပဲ ၀ယ်ဖြစ်သွားသည်။)
ရတယ်အကို၊ ကျနော်လာခဲ့မယ်၊ ကျနော့်မှာလဲ ပြစရာရှိတယ် အခန်းတစ်ခု
သတ်သတ်စီစဉ်ထားလိုက်။
ဒါနဲ့ပဲ ကျနော် ကွန်ပျူတာဌာနစိတ်မှ ထားပြတိုက်ထားသော IEC
(Information Education and Communication Unit ) အခန်းထဲတွင် စီစဉ်သည်။ (ဒီ ထားပြတိုက်တဲ့ ဇာတ်လမ်းက သတ်သတ်ရှိတယ်)
ကိုမောင်မောင်ခင်၊ ကျနော်၊ အဘဖုန်းနှင့် အဘပန်းတို့ နှစ်ယောက်
ကြည့်ကျသည်။
လာပြန်ပြီ နောက် ကြွက်သေတစ်ကောင်
ကိုမောင်မောင်ခင်ယူလာတာ ဆလိုက် ၅ခုထဲရှိတဲ့ ပါဝါပွိုင့်ကလေးပါ
တစ် စကင်လုပ်ထားတဲ့ ကွန်တိုမြေပုံ
နှစ် စကရင်ပေါ်မှာ အွန်လိုင်း ကွန်တိုတွေကို digitizing လုပ်နေပုံ
သုံး ကွန်တိုကနေ ထုတ်လိုက်တဲ့ DEM
လေး၊ DEM အပေါ်မှာ visualization နဲ့ ကားလမ်းဖေါက်နေပုံ
ငါး ကွန်တိုမြေပုံပေါ်မှာ ခုနက ဖေါက်ထားတဲ့ ကားလမ်း
အဲဒါကလေးကလဲ အချိန်ကိုက်ကို ရယ်ဒီရှိနေတာ၊ နို့မို့ ဆိုရင်
မနဲ လူကြီးတွေကို ရှင်းပြရမှာ
အဲဒါလဲ ကြည်ပြီးရော ကဲ ကိုပန်း ကျူပ်မပြောလား၊ ဒီကောင်တွေကိုသာ
ခင်ဗျား ကိစ္စကြီးအပ်လိုက်ရင် ပွဲသိမ်းပြီဆိုပြီးတော့ ဘေးက စားပွဲအစုပ်ပေါ်ကို စွေ့ ကနဲ
ထိုင်လိုက်တော့တာပဲ
ဘာပွဲမှန်းလဲ ကျနော်မသိ
အဘပန်းက ရှင်းပြတယ်၊ ငါတို့ ကျောမှာ ၇ထားလမ်းဖေါက်နေတယ်၊
ဥမင်တူးနေတယ်၊ ဥမင်ကလဲ ရေတွေစိမ့်နေလို့ ထင်သလောက် မပေါက်ဘူး၊ နောက် ဥမင်ရှောင်လမ်းကလဲ
ကွန်တိုတွေစိတ်လွန်းလို့ အရင် conventional method တွေနဲ့ မရဘူးဆိုလို့ ငါ နည်းလမ်းရှာနေတာတဲ့၊
ကဲ မင်းတို့ နောက်နှစ်ပတ်မှာ IBC မှာ Sutac ပြပွဲရှိတယ်မဟုတ်လား၊ အဲဒီမှာ ငါ့ကို တမိုင်
ဖေါက်ပြကွာ၊ ငါမင်းတို့ ကို အပ်မယ်တဲ့
ကဲကဲ မောင်ကို မျက်လုံးပြူးသွားတယ်၊ ကိစ္စမရှိ ကိုမောင်မောင်ခင်နဲ
့suntac ရှိတယ်၊ သူတို့ နဲ့ တွဲလုပ်ရမယ် ပြောလိုက်တယ်
တဖက်ခန်းပြန်ရောက်လာတယ်၊ မင်းဘာတွေလိုသေးလဲတဲ့
ကျနော် စဉ်းစားတယ်၊ စကင်နာလိုပါတယ်
အဘပန်းက ဟေ့ဟေ့ ငါ့ရုံးမှာ စကင်နာရှိတယ်၊ ဟေ့ကောင် သူတို
့ကို ပေးလိုက်စမ်း
ကျနော် တချက်ပြုံးလိုက်မိတယ်၊ အဘ ကျနော်တို့ လိုတာက မြေပုံချပ်တစ်ချပ်လုံးကို
စကင်ဆွဲလို့ ရတဲ့ A0 size စကင်နာတွေပါ
အဘဖုန်း၊ ဟုတ်လား ဘယ်လောက်ကျသလဲ
(လွယ်ပါတယ်) ကိုမောင်မောင်ခင် ဘယ်လောက်ကျသလဲ (ဘော်လီဘောသမား
မောင်ကို)
ဖုန်းတချက် ကောက်ဆက်တယ်၊
အဘ လေးသောင်းခွဲကျပါ့မယ်
သူ့  PSO ကို ဟေ့ သစ်တောဖက်စပ်ကို ဆက်စမ်း ငါ့ ပိုက်ဆံ ဘယ်လောက်
ရှိသေးလဲလို့ 
တကယ်တော့ မနက်က အခေါက်ကထဲက သူ ကျနော့် ကွန်ပျူတာတွေ စက်တွေ
အလုပ်တွေ ကောင်းသလောက် စုတ်ပြတ်နေသော ခုံများ စားပွဲများ၊ ၀န်ထမ်း ၀တ်စုံများအတွက်
မြန်မာငွေ သိန်းတစ်ရာ ချပေးခဲ့သည်၊ နောက် အစိုးရဆီမှာ ဒေါ်လှ တစ်သိန်း လျှောက်ခိုင်းသည်။
စာထုတ်ခိုင်းလိုက် သစ်တောဌာန ဂျီအိုင်အက်စ် ဌာနစိတ်ကို စကင်နာဝယ်ဖို
့ FEC လေးသောင်းခွဲ ချပေးလိုက်
ဒါနဲ့ပဲ ကျနော် A0 စကင်နာကြီးရလိုက်တယ်၊ ပထမဆုံး အလုပ်က
one- inch တွေ အားလုံးကို စကင်ဆွဲတာပဲ ၊ အခု အဲဒီမြေပုံတွေ နည်းအမျိုးမျိုးနဲ့ သုံးနေခဲ့တဲ့
ဆရာအားလုံး ကျနော့် ကြွက်သေ ကျေးဇူးနဲ့ မကင်းပါ
(သစ်တောညွှန်ချူပ်ကတော့ ဟေ့ကောင် မောင်ကို
မင်းကတော့ စက်အသစ်တွေ ရလို့ ပျော်နေတာ နောက် လျှောက်မတောင်းနဲ့ အဲဒိ ငါရှာထားတဲ့ပိုက်ဆံတွေ၊
ကျနော်သုံးတာက ဌာနအတွက် နောက် သူလဲမရှိရော သူရှာထားခဲ့တာတွေ ဆာဖာရီတို့  နက္ခတ္တ အဆောက်အဦးတွေ
ဖြစ်ကုန်တာ)
အဲဒီအချိန်ကနေ စလို့ digitizing board တွေ အကုန်ပျောက်လို
့မြန်မာပြည် နည်းပညာသစ်နဲ့ အလွယ်တစ်ကူ စနိုင်ခဲ့ပါတော့တယ်၊ အဲဒိရှေ့ တိုးတက်မှုတွေကလဲ
အများအပြားပဲ ဘဖုန်းကိုယ်တိုင်လိုက်ပေးလို့ 
အစိုးရအဖွဲ့ ကလဲ ကျနော် ဒေါ်လှတစ်သိန်းရခဲ့တယ်၊
UPS အကြီးစားကို ၀ယ်တပ်ခဲ့တယ် စက်တွေ ထပ်တိုးတယ် အများကြီး အများကြီးပါပဲ
အမှန်တော့ ဒီနည်းပညာနဲ့ပဲ မီးရထားဌာနက ဆောင်ရွက်ဖို့  စက်မှုတက္ကသိုလ်ရယ်၊
Geocomp ရယ် နောက် Intergraph ရယ်လားမသိ ပြင်ဆင်ပြီးသား ငွေတွေလဲ တွက်ပြီးသား၊ ၀န်ကြီးကိုတော့
အပိုင်ပဲ ဒီနည်းပညာ မသိလောက်ဘူးဆိုပြီး မပြောသေးပဲထားတာမှာ ကျနော့် ကြွက်သေကနေ ဖြတ်အုပ်လိုက်တာ
ခံလိုက်ရတာပါပဲ
ဒီ မဲခေါင်မြေပုံက ဒါတင်မကသေးပါဘူး
မကြာမီမှာပဲ National Commission for Environmental
Affairs (NCEA) ကနေ စာဝင်လာတယ်၊ မဲခေါင် မြစ်ဝှမ်း( မြန်မာ) တိုးတက်ရေးအတွက် စီမံချက်တွေ
ရေးဆွဲဖို့ အကူအညီပေးပါတဲ့။ အင်မတန်ဟော့တဲ့ စီမံချက်ပါ မိုင်းယောင်းပါနေတာကိုး ဒေါ်ကြိုင်ကြိုင့်နေရာဆိုပြီး
၁၃ခရိုင်တောင် ဆွဲလာခဲ့တာ၊ ဒါကတော့ အကင်းပဲ၊ ကျနော် အသေအချာ
မြစ်ဝှမ်းတစ်ခုခြင်းအလိုက် ဒေတာတွေထုတ်တယ် စာတွေရေးတယ်၊ ပေးလိုက်တယ်၊ အဓိက သုံးရတာကတော့
ကျနော့် ကြွက်သေ ဗစ်ကိုရဲ့ မြေပုံပါပဲ
နောက် expert လာတော့လဲ ကျနော့်ကို အကူအညီခေါ်လို့ မိုင်းယောင်းအထိ
လိုက်သွားရသေးတယ်၊ အဲဒီမှာ NCEA က ကျနော့်ကို ဒေတာဘေ့စ် expert လို့ သတ်မှတ်လိုက်တော့တာပဲ
အဲဒီအချိန်ကစလို့ ကျနော့် သစ်တောဌာနမှာသာ ကျနော် ပိုက်ဆံရှာရခက်တာ
NCEA သဘာဝပတ်ဝန်းကျင် ကိစ္စတွေရဲ့ EPA1, EPA11, State of Environment စတဲ့ အလုပ်တွေအားလုံး
ကျနော် ရရှိပြီး အခုကို National consultant ဘ၀မှာ ပတ်ဝန်းကျင် ရုံးမှာတွဲ သူတို့ ထားတဲ့
ခရေအိမ်ရာမှာ နေနေရကြောင်းပါ။
(ဒီ အလုပ်တွေမှာ လက်တွဲလုပ်ခဲ့ရတဲ့ ဒေါ်စိုးစိုးသွင် ဦးစီးအရာရှိ၊
သစ်တောဦးစီးဌာန GIS Section ၁၁နာရီခွဲမှာ နေပြည်တော် သုသန်ကို ပို့ ဆောင်ရပါ့မယ်၊
သူ့ လိုပဲ ဆရာရှေ့ ကနေ ပြေးသမျှကို နောက်ကနေ ပံ့ပိုးခဲ့ကြတဲ့ ၀န်ထမ်းတွေအားလုံးအတွက်
အမှတ်တရစာပါ)
မောင်ကို
၀၉း၄၅ နာရီ ၁၆-၁၁-၂၀၁၄
No comments:
Post a Comment