Showing posts with label Snap Shots. Show all posts
Showing posts with label Snap Shots. Show all posts

Friday, December 2, 2016

Delta Force Issue

ညွှန်ချူပ်ဒေါက်တာ ------ က ပြောတယ်။ ဝန်ကြီးပြောတာမှန်တယ်တဲ့။ သန်လျင် မြစ်ဝကျွန်းပေါ် ဘယ်သွားထားမလဲတဲ့၊သန်လျင်မှာ မြစ်ဝကျွန်းပေါ်မရှိဘူး၊ ဘီလူးကျွန်းပဲရှိတယ်၊ ဒီလို မြစ်ဝကျွန်းပေါ်တောင် ဘယ်နှခု ရှိမှန်းမသိတဲ့ အနေအထားမှာ သွားပြီးရှင်သန် လာရတာခက်တယ်
-
(ဒေါက်တာ (အစစ်) ထွန်းဝင်း)
-
(မြန်မာသံတော်ဆင့် နှာ၁၂) အတွဲ(၅) အမှတ် (၃၈) ယနေ့ ထုတ်)
(မှတ်ချက် ဂျာနယ်ထဲတွင် ပါတဲ့အတိုင်း ပြန်ရိုက်တင်သည် အားနာလို့  SS မလုပ်)
-
ကဲ ပိတ်သတ်ကြီး၊ မြစ်ဝကျွန်းပေါ်တွေ ထပ်တောင်းလာရင် ဘယ်နှယ့်လုပ်မယ်ဆိုတဲ့ ဝန်ကြီးကို ပြောရမလား
-
သံလွင် မြစ်ဝကျွန်းပေါ်ဘယ်သွားထားမလဲ ဆိုတဲ့ ညွှန်ချူပ်ကို ပြောရမလား
-
ဖဲ့ချင်ဇောနဲ့ သံလျင်နဲ့  သံလွင်ကိုတောင် မသိတဲ့ ပထဝီဝင်မတတ်တဲ့၊ မြန်မာသံတော်ဆင့်က ဆရာလေး အံ့ခေါင်မင်းနဲ့  အယ်ဒီတာ အဖွဲ့ကိုပဲ ပြောရမလား
-
ကို Nga Mann ရေ ခင်ဗျားကျောင်းမှာ ခလေးတွေနဲ့အတူတူ အစိုးရအဖွဲ့ နဲ့  မီဒီယာများအတွက် ပထဝီဝင် သင်ရိုးညွှန်းတမ်း ဆွဲတော့ ခွိခွိခွိ

Monday, November 14, 2016

ဘဂျမ်းဘယ်မလဲ

ဒုက္ခော တော်ကြာ အဲ့ကောင် ဘဂျမ်းဆိုတဲ့ကောင် ၆၆(ဃ)နဲ့ ဆွဲကွာဆိုရင် ဘယ်လိုလုပ်မလဲ စတင်တဲ့ ကောင် Htoon Aung Kyaw လိုက်သွားပါ
-
တန်ဆောင်တိုင် ကာတွန်းပြပွဲလုပ်တဲ့ လမ်းက လူကြီးတွေလဲ သတိထားကြ ဘဂျမ်းကို ထုတ်ပေးပါဆိုပြီး လာလိမ့်မယ်၊ ပါတီရဲကြီးတွေ အဲလေယောင်လို့  ပြည်သူ့ ရဲကြီးတွေက ဘာမှ သိတာမဟုတ်ဘူး နော ဦးဦး သန်းစိုး

Sunday, November 6, 2016

ကိုရီးယားကားများကို ဝေဖန်သူ

Maung Maung Than
23 July
ကြေးမုံသတင်းစာမှာ
ဆရက တစ်ယောက် ဝေဖန်ထားတာ
-
ကိုရီးယား ဇာတ်လမ်းတွေ ခပ်ညံ့ညံ့ဆိုပြီး
-
ဒီကားတွေ ရိုက်တဲ့လူတွေဟာ နိုင်ငံဟာ
တစ် သောက်ပေါတွေ
နှစ် ငွေရရင်ပြီးရော
သုံး ကမ္ဘာ့ အမြင်မှာကိုယ့်လူမျိုး နာမည်ပျက်တာကို မစိုးရိမ်သော
လေး အဲဒီလူမျိုးစုမှာ ကောက်ကျစ်ခြင်း ကိုယ်ချင်းစာ ခေါင်းပါးခြင်း၊ တကိုယ်ကောင်းစိတ် လွန်ကဲခြင်းဆိုပြီး ပြောလိုက်တာဗျာ
-
အခုကိုပဲ ပြနေတဲ့ ပြပြီးသွားတဲ့ ရွှေမြို့ တော်တို့ ၊ သံမဏိနှင်းဆီတို့  မာယာများတဲ့လောကတို့ 
လီဆွန်းရှင်း အနှိုင်းမဲ့ သစ္စာရှင်တို့ လို ကားတွေ ဇာတ်လမ်းတွေကိုတော့ မျက်စိမှိတ်နေတယ်ထင်တယ် မမြင်တော့ဘူးထင်တယ်
-
အပြင် ဂျာနယ်မှာ ကြိုက်သလို ပြော
-
ပြည်သူတွေရဲ့ ငွေနဲ့ ထုတ်တဲ့ ပြည်သူပိုင် သတင်းစာမှာတော့ စကားပြော ဆင်ခြင်ကြဖို့ ကောင်းပါရဲ့ ခင်ဗျား
-
မြန်မာ ကားတွေကို မကျေနပ်လို့  မပြောရဲလို့  သတ္တိမရှိလို့  စောင်းပြောတာဆိုရင်တော့ ခွင့်လွှတ်လိုက်ပါတယ်

ဓါတ်ပုံ credit Ko Moe

အနုပညာသမား ဗိုလ်ချူပ် မောင်ထင် 'ဗမာ့နိုင်ငံရေးသုခမိန်'

အနုပညာသမား ဗိုလ်ချူပ်
-
“ကျုပ်တို့ရဲ့ ဗမာ့ ယဉ်ကျေးမှု အနုပညာတွေကို ဖော်ထုတ်ကြဖို့ အချိန်တန်ပြီ။”
ဆရာ ဦးဘချိုသည် ဗမာ့ ယဉ်ကျေးမှု အနုပညာ၏ အထိမ်းအမှတ် ဖြစ်သည်။ ထိုစဉ်က ထို အထိမ်းအမှတ်မှာ ထို တခုတည်းသာ ရှိသည်။ ထို့ကြောင့် ဆရာ ဦးဘချိုက ထိုစကားကို ပြောလိုက်သောအခါ အားလုံးက ခေါင်းညိတ် လေသည်။
ဆရာ ဦးဘချိုသည် ချိုအေးသော အသံဖြင့် တတွတ်တွတ် စကား ပြောနေသည်။ ရုပ်သေး၊ မြေဝိုင်းဇာတ် ... ဇာတ်ပွဲ ... ပြဇာတ်။ ဤ အကြောင်းတို့ကိုချည်း ပြောနေသည်။
“ကျွန်တော်ကတော့ ရေးမယ် - ရေးမယ်။ ရေးစရာတွေ အများကြီး ရှိတယ်။ ဆရာချို ပြောတဲ့ အနုပညာ အကြောင်း စိတ်ကူးထားတယ်။ ကျွန်တော်တို့ လွတ်လပ်ရေး ရပြီးရင်၊ ကျွန်တော်တို့တစု အရှေ့ဘက် ခရီး ထွက်မယ်ဗျာ။ ယိုးဒယား၊ မလေးကျွန်းဆွယ်၊ ဘိုနီယိုကျွန်း၊ ဘာလီကျွန်း ... အို ... စုံအောင် သွားမယ်ဗျာ။ ဆရာချို အကြိုက်ဘဲဗျာ့။ ဟဲ ... ဟဲ။ ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့ တဦး ဘယ်လို ဆက်စပ်မှု ရှိတယ် ဆိုတာကို လေ့လာရမယ်။ ကျွန်တော်လဲ အနုပညာသမား ပါဗျာ။”
ဗိုလ်ချုပ်က စိတ်ကူးယဉ်ကာ ပြောနေသည်။ ဧပြာတိုင်း ပြောတိုင်း အနုပညာသမား ဖြစ်ကြောင်းကို ထပ်ကာ ထပ်ကာ ဆိုသည်။ ကျွန်တော်တို့က သူ့အား တော်လှန်ရေးသမား စာရင်းထဲ၌သာ သွင်းထားပြီး၊ အနုပညာသမား အနေနှင့် အဖက် မလုပ်မှာ စိုးသော လေသံဖြင့် ထပ်ကာ ထပ်ကာ ဆိုသည်။ ကိုသိန်းဟန်က “ဟုတ်ပါတယ်။ ကျုပ်တို့ကလဲ မောင့်ကို အနုပညာသမား စာရင်းထဲမှာ ထည့်ထားပါတယ်။” ဟု ပြောဘိသည့်အလား ခေါင်းကို ညိတ်ကာ ညိတ်ကာ ပြသည်။