အမေက ပြောနေပြီ
74 reads
“တို့ မှာ ရုပ်သေးဆိုတဲ့ သဘင်ရှိတယ်၊
အဲဒီရုပ်သေးသဘင်ဟာ တောက်တီး တောက်တဲ့ သဘင် မဟုတ်ဖူး၊ ကလေးကြည့်တဲ့ သဘင်မဟုတ်ဘူး၊
နိုင်ငံတကာမှာရှိတဲ့ ရုပ်သေးတွေက ကလေးကြည့်တဲ့ သဘင်။ တုတ်ထိုးဖြစ်ဖြစ်၊
အရိပ်ပြဖြစ်ဖြစ်၊ လက်ဝင်တဲ့ အရုပ်ဖြစ်ဖြစ် သူတို့ က လူကြီးကြည့်တဲ့ သဘင်အဆင့်ကို
မရောက်ဘူး၊ ကုလားမှာ ရှိတယ်၊ တရုတ်မှာ ရှိတယ်၊ အင်ဒိုနီးရှားမှာ ရှိတယ်၊ ဥရောပမှာ
ရှိတယ်၊ ရုပ်သေးတွေ။ နို့ ပေမဲ့ သူတို့ ရုပ်သေးက ကလေးသူငယ် ကြည့်တဲ့ အဆင့်၊
အဲဒီအဆင့်၊ တို့ ရုပ်သေးက တို့ ဟာက ရှင်ဘုရင်ကြည့်တဲ့ အဆင့်၊ အမြင့်သဘင်
ဆိုပြီးတော့ ညလုံးပေါက် ပြနိုင်တဲ့ လူကြီးတွေ ကြည့်ပြီးတော့ ငိုကြ ရယ်ကြတဲ့ အဆင့်၊
သိပ် အထက်တန်းကျတာ။ အဲဒီ အမြင့်သဘင်၊ အဲဒီရုပ်သေး သဘင်ဟာလေ အခု မင်းတို့ ငါတို့ 
ကနေ့ မြင်တဲ့ တွေ့ တဲ့အတိုင်းပဲ၊ ဒီရုပ်သေးကို ရှာလို့  မတွေ့ တော့ဘူး၊
ငါ့စိတ်ထဲလေ တကယ်လို့ များလို့  ရုပ်သေးကဖို့ နေရာတစ်ခု၊ အဆောက် အအုံ
တစ်ခုပေါ့ကွယ်၊ ရုပ်သေးဇာတ်ရုံပေါ့၊ အစိုးရက ဆောက်ပေးထားတဲ့ မီးနဲ့ ခုံနဲ
့ကျကျနနဆိုရင် ရုပ်သေးကလည်း တစ်စင် နှစ်စင် ကျန်သမျှပေါ့ကွယ်၊ အလှည့်နဲ
့ဝင်ပြီးတော့ နေ့ တိုင်း ပြနေနိုင်ရင် အခုလို နိုင်ငံတကာ ဧည့်ကြိုနေတဲ့
ဧည့်မျှော်နေတဲ့ ခေတ်မှာ ဒီဟာ အလုပ်ဖြစ်နိုင်တာပေါ့၊ ဒီလို အားပေးခဲ့မှု မရှိတော့
သူ့ ကို ဘယ်လိုက်ဖမ်းရမှန်း မသိတော့ဘူး၊ တို့ ရုပ်သေး ကွယ်ပြီ၊ အင်မတန်ဝန်လေးပြီး
အင်မတန် နှမြောစရာကောင်းတယ်၊ ဘာလုပ်ရမှန်းလည်းမသိ၊ ဘာပြောရမှန်းလည်း မသိ၊
ထိုင်ငိုရမလားလည်း မသိဘူး၊ ရုပ်သေး ပျောက်သွားတာ၊ ထားတော့ ရုပ်သေး၊ အဲဒါက
“ “ဲအဲ ဒါက အခု ပြန်ပြီးတော့ ဖေါ်ဦးမယ်ဆိုရင်၊
နည်းလမ်းကျပြီးတော့၊ စေတနာမှန်မှန်နဲ့ ပြန်ပြီးတော့ လုပ်မယ်ဆိုရင် ရကောင်းစရာ
ရှိသေးသလား မသိဘူး၊ ပညာရှင် တချို့  ကျန်သေးတယ်။“ တစ်နေ့ က တို့ အိမ်နားမှာ
ဘုရားပွဲရှိလို့ ဇာတ်ကတယ်၊ ဇာတ်ကတော့ ငါက လူကြီးမို့ လို့ 
ဇာတ်မကြည့်ဖြစ်တော့ပါဘူး၊ မကြည့်တော့ပေမဲ့ အိမ်နားကနေတော့ ကြားနေရတာပေါ့ကွာ၊ တစ်ညလုံး
မအိပ်ရဘူးပေါ့၊ အသံချဲ့ စက်တွေနဲ့ ၊ အဲဒီလို မအိပ်ရတဲ့ ဇာတ်ကလေ ဘာမှန်းလဲ မသိဘူး၊
ငါတို့  ကြားနေကျ ဇာတ်သံတွေ မကြားရဘူး၊ သူတို့ ဆီက လာတဲ့ အသံတွေက ဘာသံတွေမှန်းကို
မသိဘူး၊ အဲတော့ တို့ ဇာတ်ကလဲ ဘယ်အဖြစ်ရောက်နေပြီလဲ၊ ဇာတ်ကော ရုပ်သေးနောက်
လိုက်တော့မှာလား၊ အမျိုးသား သဘင်တွေနော်။ သူတို့  ဇာတ်သမားတွေ ကြည့်လိုက်ရင်လည်း
ကယိမ်းကယိုင်နဲ့ ၊ အဆိုတော် ဖြစ်ချင်တဲ့သူနဲ့ ၊ ရုပ်ရှင်မင်းသား ဖြစ်ချင်တဲ့သူနဲ
့၊ ဗီင်္ဒီယို ရိုက်ချင်တဲ့သူနဲ့ ၊ ငါဘာကောင်တုံးလို့ မသိတဲ့ ဘဝ ရောက်နေတယ်၊
အဲဒါကြောင့်မို့  ဇာတ်စင်ပေါ်ကနေ တောလုပ် တောင်လုပ် အမျိုးမျိုးလုပ်ပြီးတော့ ဇာတ်သံ
မထွက်တော့တာပေါ့၊ ငါတို့  သဘင်ပညာကို နားမလည်ပါဘူး၊ နို့ ပေမဲ့ နားထဲမှာ သူတို
့ဆီက ထွက်လာတဲ့ အသံတွေကလေ တို့ ကြားနေကျ ဇာတ်သံ တစ်ခုမှ မကြားရဘူး၊ အဲဒီတော့
ဇာတ်သဘင်လဲ ငါရင်လေးလိုက်ပါရဲ့ ၊ (နော်) တို့ ဗမာ ဇာတ်သဘင် ဖိုးစိန်ကြီးတို့  စိန်ကတုံးတို
့ရွှေမန်းတင်မောင်တို့  ကသွားတဲ့ ဇာတ်သဘင်ဟာ ဘယ်ရောက်သွားလဲ မတွေးဝံ့ဘူး။
နောက်ပြီးတော့ ဆိုင်းနော်၊ တို့ ဗုံဆိုတာလေ
လူမျိုးတကာမှာ ရှိတယ်၊ သားရေကို ကြက်ပြီးတော့ တီးတာ၊ နို့ ပေမဲ့ သူတို့ တီးတဲ့
သူများ လူမျိုးတွေမှာ ရှိတဲ့ ဗုံက စည်းလိုက်တာ၊ တို့ က စည်းမဟုတ်ဘူး၊
အလုံးကလေးတွေကို အသံ အနိမ့်အမြင့်စီပြီးတော့ ဂီတသံထွက်အောင် တီးတဲ့ဗုံ၊ တို
့ဆိုင်းပညာက အမျာြးီး မြင့်တယ်၊ သူများထက်၊ အာဖရိကမှာ ဗုံတွေ မင်းတို့ 
ကြားဘူးမှာပေါ့၊ အဲဒါက ဒီလို ဂီတသံ တူရိယာသံ ထွက်အောင် တီးတာမဟုတ်ဘူး၊
စည်းလိုက်တာ၊ ကုလားဗုံတွေလည်း ထိုနည်းလည်းကောင်းပဲ၊ အင်္ဂလိပ် ဝိုင်းကြီးထဲက ဗုံလဲ
ထိုနည်းလည်းကောင်းပဲ၊ တို့ ဗုံက အဆင့်မြင့်တဲ့ဗုံကွ၊ မင်းတို
့ဆိုင်းသမားတွေတီးနေတဲ့ ဆိုင်းဝိုင်းဟာ တော်တော်ကို မြင့်တယ်။ နို့ ပေမဲ့နော်
မင်းတို့ ကို ဒီ့ပြင် အသံတွေ ဗမာသံ မဟုတ်တဲ့ ဒီ့ပြင်အသံတွေ အများကြီး လွှမ်းနေတာ၊ အခု
မင်းတို့  ဘာလုပ်ကြရမှန်းမသိဘူး၊ ပေါ့ပ်တွေ ရော့ခ်တွေ အဲဒီဟာတွေက ထင်တိုင်း
လွှမ်းမိုးနေတာ၊ မင်းတို့  လာပြီးတော့ တွေ့ ကရာ သီချင်းတွေ အတီးခိုင်းအဆိုခိုင်း၊
မင်းတို့  ဘာလုပ်ကြမလဲ၊ ဒါကို မင်းတို့ ဘယ်လို လုပ်ပြီး ကြံကြမလဲ၊ အသက်ရှင်အောင်
ဆက်ပြီးတော့ နေနိုင်အောင် ဘာလုပ်ကြမလဲ၊ ရုပ်သေးနောက် လိုက်မလား၊ ဇာတ်နောက်
လိုက်မှာလား၊ မြန်မာဆိုင်းဝိုင်းကော ဘယ်သွားကြမလဲ၊ မင်းတို့  အခက်အခဲတွေ ငါသိတယ်၊
အများကြီး၊ ကလေးတွေက တောပြော တောင်ပြော ပြောတော့ အဲဒီ ကလေးတွေ အကြိုက်
လုပ်ပေးရမှာလား၊ ဒါမှမဟုတ် လူကြီးတွေ ကြိုက်အောင် လုပ်ရမှာလား၊ ဘယလုပ်ရမှန်းကို
မသိဘူး၊ အဲဒီတော့ မင်းတို့  အောင့်ထား တောင့်ထားဖို့ ဟာ အများကြီးလိုတယ်၊
ပြီးတော့လေ နိုင်ငံတော်က အားပေးတယ်ဆိုလို့  အားပေးချက်က ဒီလိုမျိုး မဟုတ်ဘူးကွ၊
ဒီ့ထက် ထိရောက်တဲ့၊ ဒီ့ထက် မင်းတို့  အသက်ရှင်လို့ ရမဲ့ ဟာတွေနဲ့  အားပေးဖို့ 
လိုတယ်။ ငါက မင်းတို့ ကို အကြံဥာဏ် မပေးနိုင်ဘူး၊ ဘာလုပ်လို့ ကောင်းမယ်
ဘယ်လိုရယ်လို ။ မင်းတို့ ဘဝ မင်းတို့ သိတယ်၊ ဘ်လောက် အခက်အခဲတွေ
ရင်ဆိုင်နေရတယ်ဆိုတာ။ ဒါကို ဆက်ပြီးတော့ လုပ်စားနိုင်အောင် ရပ်တည်နိုင်အောင်၊
ဘယ်လို လုပ်ကြမလဲ၊ တောလုပ် တောင်လုပ်ဆိုရင် ငါ ကြားတဲ့ ဇာတ်အသံလို ဖြစ်ကုန်မှာ
စိုးရတယ်။ -
အဲဒီတော့ ဆိုင်းနယ်က ဆရာရယ်၊ သားသမီးတွေရယ်၊
ဒီ့ပြင် လူတွေရောပေါ့၊ အခုလို ညီညီညွတ်ညွတ် သတ္တိရှိရှိနဲ့ ၊ နောက်ပြီးတော့ အခုထက်
ပိုပြီးတော့ ကျယ်ပြန့် တဲ့ အမြင်နဲ့ ဆက်ပြီး ဘာလုပ်ကြမလဲ၊ တို့ ရဲ့  ယဉ်ကျေးမှု
ပျောက်မသွားအောင် ဘယ့်နှယ် လုပ်ကြမလဲ၊ ဘာတွေဆက်ပြီး တီထွင်ကြမလဲ၊ တို့ အသံတွေကို
သူများအသံတွေက ဖုံးလွှမ်းလာတာ တို့ က သဲမုန်တိုင်းထဲမှာ အမြှုပ်ခံရတဲ့ ကုလားအုတ်လို
အသေခံရမှာလား၊ ဒါကို ဘယ်လို တားဆီးမလဲ။ မင်းတို့  ဆွေးနွေးရ၊ တိုင်ပင်ရ၊ နှီးနှောရ
စဉ်းစားရမယ်။ အခြေအနေကတော့ အင်မတန် အကျပ်အတည်း အခြေအနေမျိုးလို့  အမေမြင်တယ်၊ အဲဒါ
ဟုတ်သလား မသိဘူး။ အခုလို တစည်းတလုံးတည်း ဆရာ၊ ဆရာကတော်ရော၊ ဆရာ့သမီးရော၊ မင်းတို
့တစ်တွေရော၊ ပေါင်းကာစည်းကာ ဆွမ်းကပ်ပွဲ လာရတယ်ဆိုတော့ အမေ့စိတ်ထဲမှာ “အော်
ညီညီညွတ်ညွတ် ရှိလိုက်တာ“ လို့  ဝမ်းသာပါတယ်။ ဝမ်းသာတာနဲ့ အညီ တို့ ဆက်ပြီးတော့ အသက်ရှည်ရေးအတွက်တို
့အမျိုးသား ဆိုင်းပညာ ပပျောက် တိမ်ကော မသွားရေးအတွက် အထူးသဖြင့် ဘာလုပ်ကြမလဲ။ အခု
အလှုကတောင် သိပ်ပြီးတော့ ဟိုဒင်း မဖြစ်ချင်ဘူး၊ အရင်တုန်းက အလှုဟာ ဆိုင်းမပါရင်
အလှုမဖြစ်ဘူး၊ အဲဒီ ရေနည်းငါး ဖြစ်လာမှာ အမေက စိုးတာ၊ အမေ့အနေနဲ့  ဘာအကြံဥာဏ်
ပေးနိုင်သလဲဆိုတော့ အမေ ဘာအကြံမှ မပေးနိုင်ဘူး၊ အမေ့မှာ ဘာမှ မရှိဘူး၊ ကလေးတွေ
အန္တရာယ်ကို အမေက မြင်စေချင်တာ၊ ဒီဟာတွေကို ဘယ်လိုကျော်လွှားမလဲ၊ ဘယ်လို
လက်တွဲပြီးတော့ ခုခံမလဲ၊ ဘာတွေနဲ့  ပြည်သူရဲ့ မေတ္တာကို ဆက်ပြီးတော့ ရအောင်
ယူကြမလဲ။
အမေ အကြံဥာဏ် မပေးတတ်ဘူး၊ မင်းတို့ အချင်းချင်း
တိုင်ပင်ကြပါ၊ လက်တွဲပြီးတော့ အဖြေရှာကြပါ၊ ဒီပြင် အမေ မပြောတတ်ပါဘူး၊
ဝမ်းသာပါတယ်၊ ဒီလိုပဲ ဆက်ပြီးတော့ စည်းစည်းလုံးလုံးနေကြပါ၊ ညီညီညွတ်ညွတ်နေကြပါ၊
နောက်ပြီးတော့ ခုပြောတဲ့အပြောင်းအလဲတွေ၊ အပဝင်လာတဲ့ ယဉ်ကျေးမှုတွေကို ဘယ်လိုလုပ်
ရင်ဆိုင်ရမယ်ဆိုတာ တိုင်တိုင်ပင်ပင် လုပ်ကြပါ၊ ဒါပဲ ပြောပါရစေ။ အမေဒေါ်အမာ
၁၉၉၄ခုနှစ် မေလ ၄ရက်နေ့  နေရာတောင်သမန် ကိုပညာကျောင်း၊ တောင်လေးလုံးကျောင်းတိုက်
ဆိုင်းဆရာကြီး ဦးစိန်မောင်လွင် အသက် ၇၀ပြည့် မွေးနေ့ အမှတ်တရပွဲ (တောင်သမန်
အလွမ်းစာများ၊ ကိုပညာ (အမရပူရ) နှာ ၂၃၀-၂၃၃)
No comments:
Post a Comment