Showing posts with label Humors. Show all posts
Showing posts with label Humors. Show all posts

Monday, April 3, 2017

ချောင်းဆုံမှာ ပုဂံကွဲသံ

ဝန်ထမ်း ၃၆နှစ်တာ ကာလမှာ အလုပ်တွေ လုပ်ခဲ့ရတာတွေ အများကြီး၊
ကျောင်းသားဘ၀တုံးကလဲ သစ်တောပညာကျောင်းသား သင်ခဲ့ရတဲ့ဘာသာပေါင်း မတူတာ ၂၈မျိုးရှိတယ်
အလုပ်လုပ်တော့ ၀န်ကြီးဌာနပေါင်းစုံနဲ့ တွဲပြီး အလုပ်လုပ်ခဲ့ရတယ်
တချိန်က နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာကို သွားပြီး တွဲအလုပ်လုပ်ရတုံးက ဒီစကားကို ကြားခဲ့ရတာပါ
အဲဒီအချိန်က တပြည်လုံးကို လှည့်လည်ပြီး စစ်ဆေး လိုအပ်သည်များ လမ်းညွှန်မှုပြုနေရတဲ့ ဆရာကြီးက သူ့ ကိုယ်သူ ငြီးတယ်ဆိုတဲ့ စကားပါ။
ငါလဲ ကြာလေ ကြာလေ ရွှေမန်းကံချွန်ဆပ်ကပ်ထဲက ဆပ်ကပ်သမားဖြစ်နေပြီကွာ
ဆရာ ဘယ်လို
ရွှေမန်းကံချွန်ဆပ်ကပ်လေကွာ အဲဒီထဲက ဟိုဟာလုပ်တဲ့ကောင်၊ ပုဂံပြားတွေကို တုတ်ပေါ်တင်ပြီး လှည့်ပြတဲ့အကောင်၊ မင်းကြည့်ဘူးတယ်မဟုတ်လား၊
ဟုတ်ဆရာ ကြည့်ဘူးပါတယ်
ကိုယ့်ဘာသာ တယောက်ထဲ ပုဂံလှည့်ပြရတာကို တယောက်ထဲ သုံးချောင်း လေးချောင်းထိကို ပြဿနာမရှိဘူးကွ၊ ဒါပေမဲ့ ကျန်တဲ့ဆပ်ကပ်အဖွဲ့ သားတွေကို ကိုယ်လှည့်ထားတဲ့ တုတ်ချောင်းပေါ်က ပုဂံတွေကိုလဲ ကိုင်ခိုင်းထားရော ပြဿနာတက်တော့တာပဲ
သူတို့ က ကိုင်ရုံပဲ ကိုင်ထားကြတာလေ၊ ကိုယ့်အစွမ်းအစနဲ့ ကိုယ် လှည့်တတ်တဲ့သူတွေက အရှားသား၊ အဲဒီတော့ ဆပ်ကပ်ပြတဲ့ကောင်က တုတ်ချောင်းကိုင်ထားတဲ့လူတွေဆီကို လှည့်ပတ်ပြီး အရှိန်မသေမီ အလျင်မီအောင် လိုက်လိုက်ပြီး လှည့်ပေးနေရတာ ဖတ်ဖတ်ကိုမောရောပဲ၊ မမှီလိုက်တဲ့ လူတွေကျတော့လဲ ပုဂံတွေ ကျကျကွဲတာ တခွမ်းခွမ်း တချွင်ချွင်နဲ့ ဆပ်ကပ်စင်ပေါ်မှာ
အခုလဲ ငါ့မှာ တတိုင်းပြည်လုံးလှည့်ပတ်ပြီး ငါတွန်းတင်ထားခဲ့တဲ့ ဆရာတွေ ငါလှည့်ပေးထားခဲ့တဲ့ အရှိန်မသေခင် အလျင်မှီအောင် လှည့်လိုက်ရတာ ဖတ်ဖတ်ကိုမောရောပဲ၊ မမှီတော့တဲ့အကောင်တွေလဲ ပြဿနာတွေတက်ပြီး ပုဂံတွေ ကျကျကွဲလိုက်ကြတာ တချွင်ချွင် တခွမ်းခွမ်းပဲ
-
-
အခုလဲ ချောင်းဆုံမှာ ပုဂံကွဲသံ ကြားလိုက်ရသလိုပါပဲ

Thursday, December 29, 2016

ဗိုလ်စိန်မှန်

21 May 2013
ဆဲမှ ဖြစ်တဲ့ ကိစ္စလေးတခု ဖတ်ဘူးတယ်
မြစ်ဝကျွန်းပေါ်မှာ ရောင်စုံသူပုန်တွေ ၀ိုင်းနေတော့၊ ဖျာပုံလား မြို့ ကိုစီးတော့မယ်၊ ငွေတိုက်ကိုလဲ ဖေါက်တော့မယ်၊ မြို့ ကိုလဲ လုတော့မယ်
အဲဒီမှာ ဗိုလ်စိန်မှန်က (နောက်တော့ ဗိုလ်မှုးစိန်မှန် ကျဆုံး) ငွေတိုက်ကို အရင်ဖေါက်ပလိုက်တယ်၊
ပြီး အရပ်သားတွေကို ငွေ၃၀၀ ရိုင်ဖယ်တလက်၊ ကျဉ်ဆံပေးပြီးတော့ အရေးပေါ်ကာကွယ်ရေးတပ်ဖွဲ့ ပြီး သူပုန်တွေကိုခံချတယ်
တိုက်ပွဲကျတဲ့လူတွေကို ချက်ခြင်း မိသားစုတွေကို ထောက်ပံ့ကြေး ထုတ်ပေးတော့ ရွတ်ရွတ်ချွံချွံ တိုက်ကြတာပေါ့။
ဒါနဲ့ ပဲ မြို့ ကမကျတော့ဘူး သူပုန်ဘေးကနေ (သူပုန်စီးပြီး ပြသနာမျိုးစုံတက်မဲ့ဘေးကရော) လွတ်သွားတယ်၊
မကြာမှီမှာပဲ ဗိုလ်စိန်မှန်ဆီကို ပြည်ထဲရေးဌာနက စာတစောင်ပို့ လာတယ်
လူကြီးမင်း ----ငွေတိုက်မှ ထုတ်ယူသွားသော အစိုးရပိုင်ငွေ သိန်း---ဆယ်အတွက် မည်သို့ မည်ပုံ သုံးစွဲခဲ့သည်ကို ရှင်းတမ်းပေးပို့ ပါ၇န်တဲ့။
ဗိုလ်စိန်မှန်ပြန်ပို့ တဲ့ ရှင်းတမ်းက တပ်မတော်မှာ နာမည်ကြီးကျန်ခဲ့တယ်
စာရွက်ပိုင်းလေးမှာရေးပေးပြီး လက်မှတ်ထိုးပေးလိုက်တာ
ရီးရီးရီး
အဲဒါတွေ အသုံးပြုသည် ရီး
ပုံ
စိန်မှန် တဲ့

Friday, December 2, 2016

သစ်တောဂိတ် ၁၉၈၆

အကို ကိုကင်းနဲ့ ပတ်သက်လို့  လောလောဆယ် သတိရတာတွေရှိတယ်
-
မိခင် သစ်တောဌာနကြီးက တံဆိပ်တွေ ပုခုံးတံဆိပ်တွေ ဦးထုတ်တွေနဲ့ အူနီဖေါင်းတွေနဲ့  ပြန်လည် ဆန်းသစ်ခြင်းလုပ်လာတာကိုး (သစ်တောပြတိုက်ထဲက ကိုလိုနီ ရဲတွေ သစ်တောအူနီဖေါင်းတွေနဲ့ တူပါ့)
-
၁၉၈၅-၈၇ ပတ်ဝန်းကျင်မှာ ကိုကင်းတို့  မောင်ကိုတို့ က ရန်ကုန်တိုင်း သစ်တောပုလိပ်တွေပေါ့
-
မောင်ကိုက လက်ထောက်တိုင်းမှုး ပေးထားတော့ ဂွေးတက်အောင် ကနေတာ၊ ရန်ကုန်တိုင်းကို တကယ် အုပ်ချူပ်နေတာက လက်တွေ့ မှာ ဒုဝန်ကြီး ဦးလှိုင်မြင့်၊ မောင်ကို့ ကို နိုင်ငံခြားလွှတ်တာတောင် မင်း သင်္ကန်းကျွန်းဂိတ်ကို ဘယ်သူ့ အပ်သွားသလဲ တစ်ချက်ပဲ မေးတဲ့ ဆရာ
-
မောင်ကို့ ကို နမူနာယူပြီး သစ်ဖမ်းကြဖို့  တိုင်းမှုးက တခြား မြို့ နယ်မှုးတွေကို ပြောတော့ အကိုကြီး ကိုကင်းတို့ ကလဲ စစ်ဆေးရေးတွေလုပ်ကြတာပေါ့၊
-
မောင်ကို ဖမ်းတယ်ဆိုတာက မြစ်တွေ ချောင်းတွေထဲ တောလမ်းထဲ ဖမ်းတာလေ
-
ဆရာကင်းတို့ တပည့်တွေကတော့ သူတို့ ဖမ်းနေကြ ထုံးစံအတိုင်း ရန်ကုန် မန္တလေး လမ်းမကြီးဘေး စားပွဲလေးချ ကုလားထိုင်လေးချပြီး လာတဲ့ သစ်ကားတွေ စစ်တာကိုး
-
အဲဒီမှာ ကိုကင်းရဲ့ ရင်တွင်းဖြစ် ဝန်ခံချက်
-
ငါ့ကွာ သစ်ဖမ်းတာ တစ်ခါပဲ ရဘူးပါတယ်
-
ဘယ်လို ဘယ်လိုရတာလဲ အကိုရ (မောင်ကိုတို့  သစ်တောဘွဲ့ ရတွေကို တိုင်းမှုးက မျက်စိနောက်လို့  ကျွန်းသင်းသတ်ဆိုပြီး မောင်ကို့ ကို ပေါင်းလင်းကြိုးဝိုင်းထဲလွှတ်တင်လိုက် ဒုတိုင်းမှုးကိုလည်း ကိုမြကြီး ခလေးတွေကို လိုက်ပြလိုက်ဆိုပြီးထည့်လိုက်၊ မောင်ကို့ ကို လိုက်ပို့ ကြရတာ တခြား သစ်တောမြို့ နယ်မှုးတွေ လေးယောက်ရှိသဗျ၊ တောထဲမှာ (တောကောင်းသေးတယ်၊ မြန်မာရမ်ကို ဖန်ခွက်ထဲထည့်၊ လက်နဲ့  warm the glass လုပ် ထင်းတုံး မီးပုံဘေးမှာ တမူးသောက်ကြရင်း အရက်မသောက်တဲ့ ကိုကင်းက ရင်ဖွင့်တာ)
-
ဟကောင်ရ မင်းလို သစ်ဖမ်းမယ်ဆိုပြီး စားပွဲလေးချ ငါ့က ပက်လက်ကုလားထိုင်းလေးနဲ့ ထိုင်နေတုံး
-
ရန်ကုန် မန္တလေး ခရီးသည်တင်ကားကြီးက ဝူးကနဲ ထိုးဆိုက်လာပြီ
-
ဟင် ဘာဖြစ်တာလဲ
-
စပယ်ယာ ချာတိတ်က ပြေးဆင်းလာပြီးတော့ စားပွဲပေါ်မှာ ပက်လက်လှန်ပြီးချွတ်ထားမိတဲ့ ငါ့ ဦးထုပ်ထဲကို ပိုက်ဆံ ငါးကျပ်တန် တစ်ရွက် ပစ်ထဲ့လိုက်ပြီး
-
ဆရာတို့ က ဂိတ်အသစ်လား၊ ဆွဲဆွဲဆရာရေ့  မောင်းတော့ရပြီဆိုပြီး
-
ပြန်ထွက်သွားတော့တာပါပဲကွာ
-
ငါ အဲဒီ ငါးကျပ်ပဲ သစ်ဖမ်းရင်း ရဖူးပါတယ်၊ ဘုရားပေးပေး ကျမ်းပေးပေးပါတဲ့
-
ဒါကြောင့် တက်သစ်စ သစ်တောဝန်ထမ်းများ ဦးထုပ်သစ်များကို
-
လှန်၍ စားပွဲပေါ်မှာ တင်ထားပါ၊ အဲလေယောင်လို့  မထားမိပါစေနဲ့ 

Delta Force Issue

ညွှန်ချူပ်ဒေါက်တာ ------ က ပြောတယ်။ ဝန်ကြီးပြောတာမှန်တယ်တဲ့။ သန်လျင် မြစ်ဝကျွန်းပေါ် ဘယ်သွားထားမလဲတဲ့၊သန်လျင်မှာ မြစ်ဝကျွန်းပေါ်မရှိဘူး၊ ဘီလူးကျွန်းပဲရှိတယ်၊ ဒီလို မြစ်ဝကျွန်းပေါ်တောင် ဘယ်နှခု ရှိမှန်းမသိတဲ့ အနေအထားမှာ သွားပြီးရှင်သန် လာရတာခက်တယ်
-
(ဒေါက်တာ (အစစ်) ထွန်းဝင်း)
-
(မြန်မာသံတော်ဆင့် နှာ၁၂) အတွဲ(၅) အမှတ် (၃၈) ယနေ့ ထုတ်)
(မှတ်ချက် ဂျာနယ်ထဲတွင် ပါတဲ့အတိုင်း ပြန်ရိုက်တင်သည် အားနာလို့  SS မလုပ်)
-
ကဲ ပိတ်သတ်ကြီး၊ မြစ်ဝကျွန်းပေါ်တွေ ထပ်တောင်းလာရင် ဘယ်နှယ့်လုပ်မယ်ဆိုတဲ့ ဝန်ကြီးကို ပြောရမလား
-
သံလွင် မြစ်ဝကျွန်းပေါ်ဘယ်သွားထားမလဲ ဆိုတဲ့ ညွှန်ချူပ်ကို ပြောရမလား
-
ဖဲ့ချင်ဇောနဲ့ သံလျင်နဲ့  သံလွင်ကိုတောင် မသိတဲ့ ပထဝီဝင်မတတ်တဲ့၊ မြန်မာသံတော်ဆင့်က ဆရာလေး အံ့ခေါင်မင်းနဲ့  အယ်ဒီတာ အဖွဲ့ကိုပဲ ပြောရမလား
-
ကို Nga Mann ရေ ခင်ဗျားကျောင်းမှာ ခလေးတွေနဲ့အတူတူ အစိုးရအဖွဲ့ နဲ့  မီဒီယာများအတွက် ပထဝီဝင် သင်ရိုးညွှန်းတမ်း ဆွဲတော့ ခွိခွိခွိ

Tuesday, November 29, 2016

သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ

သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
အဲဒီစကားကိုကြားတိုင်း မြို့ တော်သိန်းအောင်ဇာတ်ထဲက မောင်ယဉ်အောင့် ပြဇာတ်တပုဒ်ကို သတိရနေတယ်
-
လူရွှင်တော် တစ်ဝက်က သူတောင်းစားတွေလေ
-
နောက် တစ်ဝက်က မဟုတ်တာလုပ်တဲ့ သူဌေးတွေ
-
လှုလိုက်ပြီဆိုရင် သူတောင်းစားအုပ်စုက ဆုတောင်းပေးတာ
-သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
ဇာတ်သိမ်းမှာတော့ သူဌေးတွေ မဟုတ်တာတွေ ပေါ်ကုန်လို့  ဂတ်တဲကို အဖမ်းခံရတဲ့ အချိန်မှာ သူတောင်းစား အုပ်စုက ထုံးစံအတိုင်း
-
သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
အခုလဲ ကျူပ် လူတော်တော်များများကို
-
သွားလမ်းသာလို့  လာလမ်းဖြောင့်ပါစေ
-
သူတောင်းစား ဂိုဏ်းချူပ်ကြီး မောင်ကို

Monday, November 14, 2016

ဘဂျမ်းဘယ်မလဲ

ဒုက္ခော တော်ကြာ အဲ့ကောင် ဘဂျမ်းဆိုတဲ့ကောင် ၆၆(ဃ)နဲ့ ဆွဲကွာဆိုရင် ဘယ်လိုလုပ်မလဲ စတင်တဲ့ ကောင် Htoon Aung Kyaw လိုက်သွားပါ
-
တန်ဆောင်တိုင် ကာတွန်းပြပွဲလုပ်တဲ့ လမ်းက လူကြီးတွေလဲ သတိထားကြ ဘဂျမ်းကို ထုတ်ပေးပါဆိုပြီး လာလိမ့်မယ်၊ ပါတီရဲကြီးတွေ အဲလေယောင်လို့  ပြည်သူ့ ရဲကြီးတွေက ဘာမှ သိတာမဟုတ်ဘူး နော ဦးဦး သန်းစိုး

`ရွှေဂျိုးဖြူ၊ ကူလာပါနဲ့ တက္ကသိုလ် မောင်အောင်ဆွေ

`ရွှေဂျိုးဖြူ၊ ကူလာပါနဲ့ 

11 November 2011 at 09:03
ကြားဖြတ်လေးတစ်ခု ပေါ့ပေါ့ပါးပါး

ငယ်ငယ်လေးက ဗိုလ်တစ်ထောင် သတင်းစာမှာပါတဲ့ တန်ဆောင်တိုင်ဇာတ်လမ်းလေးပါ၊ အဖေဆိုရင် မဂ္ဂဇင်းတွေမှာထဲ့သင့်တဲ့ စာလို့ တဖြစ်တောက်တောက်ပြောပါတယ်။

ကျွန်တော်မှတ်မိသလောက် ပြန်လည်ဆန်းသစ်လိုက်ပါတယ်။

တန်ဆောင်တိုင် အကြိုနေ့ ညမှာ ကာလသား ကာလသမီးတွေ လျှောက်လည်ကြရင်း မိန်းကလေး တစ်ယောက်ဟာ တရွာသားတစ်ယောက်နဲ့  ညိသွားပါတယ်တဲ့။ အမျိုးသားက တန်ဆောင်တိုင်ပွဲပြီးတာနဲ့  အောက်ပြည်အောက်ရွာကို ပြန်တော့မှာဆိုတော့ သူနဲ့ တစ်ခါထဲ လိုက်ခဲ့ဘို့  မနက်ဖြန်လပြည့်နေ့ ညမှာ အိမ်ရှေ့ ကနေ ဂျိုးကူးသံ ပေးမယ် ဆင်းလာခဲ့ ထွက်ပြေးကြမယ်ဆိုပြီး ချိန်းပါသတဲ့

၊ ကောင်မလေးကလဲ ရူးရူးမိုက်မိုက် အချစ်ကို ကိုးကွယ်တဲ့ အရွယ်ဆိုတော့ လိုက်မယ်ပေါ့လေ၊

မနေ့ ညကလို တန်ဆောင်တိုင် လပြည့်ညကြီး၊ လကြီးက ၀ိုင်းဝိုင်းစက်စက်၊ ( Super moon ပေါ့)အိမ်ရှေ့ ကဂျိုးကူသံလေးလဲ ပေါ်လာရော၊ ခလေးမက ညနေကထဲက သူခိုးထုတ်ထားတဲ့ အ၀တ်ထုတ်ရယ် ညကြီး ပြေးရရင် ဆာမှာစိုးလို့  ကမန်းကတန်းထုတ်ထားတဲ့ ထမင်းထုတ်လေးရယ် ဆွဲပြီးလိုက်ချသွားပါပကော၊

ပြေးရင်းလွှားရင်း ညဘက် မောတော့ ထမင်းစားကြမယ်ဆိုပြီး ၂ယောက်သား လယ်တဲကလေးတစ်ခုမှာ ထမင်းထုတ်ကို ဖြေပါသတဲ့၊ အဲဒီမှာ ကမန်းကတန်းထဲ့လာတဲ့ ထမင်းထုတ်က ဟင်းဆိုလို့  ငါးခူကျော်တစ်ကောင်ပဲ ပါသတဲ့ခင်ဗျား။

အများထင်ကြသလို သူကောင့်သားက ခင်ပဲ စားလိုက်ပါလို့ လဲ မပြော သူပဲစားမယ်လို့ လဲ မပြောပဲနဲ့ ငါးခူကို ထမင်းပုံအလယ်မှာ ထောင်လိုက်ပြီး ထမင်းစားကြမယ် ၊ ငါးခူကျော်လဲတဲ့ ဘက်က လူကစားဆြိုပီး စားကျပါသတဲ့၊

အဲဒီမှာ မိန်းကလေးကတော့ ထမင်းကို ပုံမှန်အတိုင်းစားတယ်၊ ဒါပေမဲ့ ထိန်ထိန်သာနေတဲ့ လမင်းကြီးရဲ့ အလင်းရောင် ကျေးဇူးနဲ့ ၊ သူ မြင်လိုက်ရတာကတော့ အမျိုးသားက ငါးခူကျော်ကို သူ့ ဘက်လဲအောင် ထမင်းပုံကို အောက်ကနေဖြိုပြီးတော့ ယက်ယက်စားနေတာကို ပါပဲ၊

ငါးခူကျော်ကလဲ၊ ကောင်လေးဘက်ကို ကျသွား နောက် ထမင်းစားပြီးလို့  ဆက်ပြေးဘို့ ကြံစည်နေတုံးမှာပဲ မိန်းကလေး သားချင်းများရောက်လာပြီး အတင်း ပြန်ခေါ်သွားကြပါတယ်တဲ့။

ဒါနဲ့ ဒိနေ့ လို တန်ဆောင်မုန်းလပြည့်ကျော်တစ်ရက်နေ့ ပေါ့ဗျာ၊ ညဘက် မိန်းကလေးလဲ အပြင်မထွက်ရတော့ဘူး၊ လကြီးက သာလို့ ၊ အဲဒီအချိန်မှာ အိမ်ရှေ့ ကနေ ရွှေဂျိုးကူသံလေး ထွက်လာပါတယ်

အဲဒီအခါမှာ မိန်းကလေးက အောက်ကို မဆင်းတော့ပဲ ဒီဒွေချိုးလေးကို ကိုယ်တိုင် ချက်ခြင်းစပ်ပြီးဆိုပါသတဲ့ဗျား

``ရွှေဂျိုးဖြူ၊ ကူလာပါနဲ့ ၊ ငါးခူကျော် ထောင်ကာလဲကထဲက၊ စိတ်ကွဲပေါ့မောင်ရဲ့ ´´တဲ့

အားလုံးရွှင်လမ်းချမ်းမြေ့ ကြပါစေ။

အမည်မသိတော့သော စာရေးသူကို အထူးလေးစားလျက်

 ‎21-12-1971 တက္ကသိုလ် မောင်အောင်ဆွေ၊ ဗိုလ်တစ်ထောင် သတင်းစာမှာ ပါတဲ့ ဇာတ်လမ်းပါ၊ ဒိုင်ယာရီကနေ ပြန်ရပါတယ်

Saturday, November 12, 2016

မင်းနာမည် မပါသွားဘို့ အရေးကြီးတယ်

၆၆(ဃ)ကို ကြောက်လွန်းလို့  ဘာမှ မပြောရဲပါ
-
ကိုယ့်အပေါင်းအသင်း မီဒီယာသမားများ ဖေ့စ်ဘုတ်ကာ များကို
မောင်ကို့  ရင်တွင်းဖြစ် ဟာသလေးတစ်ပုဒ်နဲ့  သတိပေးပရစေ
Maung Thura မင်းတို့  troll ကို မှီရဲ့ လား
-
မင်းနာမည် မပါသွားဘို့ အရေးကြီးတယ်
25 June 2012 at 18:10
ကိုမောင်ကို နာမည်ကျော် မြစ်ကြီးနား ချီဗွေ ပန်းဝါလမ်းကို ၂ခါသွားဘူးပါတယ်
ဒုတိယတစ်ခေါက်မှာ ကားဆရာက မြစ်ကြီးနားကနေလိုက်တယ်၊ ဘယ်ကဆိုတာတော့ မပြောချင်ပါဘူး
တလမ်းလုံး သိပ္ပံမောင်ဝ လှည်းသမားလိုပဲ လမ်းအကြောင်းပြောတာတွေက၊
အဲ သူပြောတာတွေကတော့ လမ်းရာဇ၀င်ထက်
ဖြတ်တဲ့ တံတားနဲ့ ချောင်းကွေ့ လမ်းကွေ့ တွေကို အဲဒီနေရာမှာ မှောက်တဲ့ ကားတွေရဲ့ ကားမောင်းသမား နာမည်တွေနဲ့ မှည့်ထားတာတွေကို ရွတ်ပြလာတာပဲ
ဒိနေရာက မောင်ဟန်ကွေ့ ပါလာတဲ့ ကချင်မကြီး ဘာဖြစ်သွားတာ၊ ဒီနေရာက မင်းသိန်းကွေ့ ပေါ့၊ တိုင်ရော့ပြုတ်ပြီး ထိုးကျသွားတာ
နောက်ဆုံးတော့ ပါလာတဲ့ ရဲမှုးကြီးတစ်ယောက်က မနေနိုင်တော့ဘူး
ခွားမသေး
တလမ်းလုံး မဟုတ်တရုတ်တွေ ပြောလာတယ်
အရေးကြီးတာ ဒီလမ်းပေါ်က ကွေ့ တွေထဲမှာ နင့်နာမည်နဲ့ ကွေ့ ဖြစ်မသွားဘို့ ပဲ၊ ကားကို ကောင်းကောင်းမောင်းတဲ့

Wednesday, November 9, 2016

ဟဲဟဲ၊ ပဲခူးရေကြီးသောအခါ

ဟဲဟဲ

24 November 2011 at 13:58
ဟာသလေးတစ်ပုဒ် ရေးပရစေ။ စိတ်ပေါ့ပေါ့ ပါးပါး။

ပြီးခဲ့တဲ့ခေတ်က နာမည်ကြီးဆရာတော်ဘုရားကြီးတစ်ပါးထံကို တနေ့ နောက်ဆုံးပေါ် သိန်း၃ထောင်တန်ကားကြီးနဲ့ မိသားစုတစုရောက်လာပါသတဲ့။ ဗိုက်ရွှဲရွှဲနဲ့ သူဌေးက မိသားစုနဲ့ အတူ ဆရာတော်ကြီးကိုကန်တော့ပြီး အကောင်းဆုံး ပစ္စည်းတွေနဲ့ ဆက်ကပ်ပါသတဲ့

အဲဒီမှာ ဆရာတော်ကြီးက နေပါအုံး တကာကြီးက ဘယ်သူလဲဆိုပြီးမေးတယ်၊ မျက်စိကလဲမှုန်နေပြီလေ

တပည့်တော် ဘယ်သူပါ ဘုရားဆိုပြီးလျှောက်တော့ ဆရာတော်ကြီး ရှော့ခ်၇သွားလေရဲ့  သူ့ ကျောင်းမှာ နေစဉ်တုံးက အတုံးဆုံး အထိုင်းဆုံး ကျောင်းသားဖြစ်နေတာကိုး

ဟကောင် နင်ဘယ်လို ကြီးပွားသွားတာလဲ

တပည့်တော် အခု မြို့ နယ်ဆိုင်ရာ တာဝန်တွေ ၀င်ရောက်လုပ်ကိုင်ပြီး မြို့ နယ် ဥက္ကဌ ဖြစ်နေပါတယ်ဘုရားဆိုတော့

ဆရာတော်ကြီးက အော်အော် ပဲခူးကွင်းေ၇ကြီးနေတာကိုးလို့ ပြောပါတယ်၊ ဆရာတော်ကြီးက ပဲခူး ကြခတ်ဝိုင်းမှာ စာသင်သားလုပ်ဘူးတာကိုး

အညာသား တကာက ပဲခူးကွင်းေ၇ကြီးတယ်ဆိုတာ ဘယ်လိုလဲဘုရားဆိုတော့

အင်း ပဲခူးကွင်းေ၇ကြီးတဲ့အခါ အိမ်က  နွားတွေ၊ ကျွဲတွေအားလုံး ခေါင်မိုးပေါ်ရောက်၇တာပဲကွတဲ့

ပျော်ပျော်ပါးပါး

Monday, November 7, 2016

ချည်သေးလို့ ချားမလည်

ချည်သေးလို့ ချားမလည်

6 April 2012 at 15:02
ကျနော့်ဆရာရဲ့  တပည့်ကျော်များအကြောင်းတွေက တော်တော် မှတ်သားဘို့ ကောင်းတယ်၊ ဆရာတွေ ဆရာတွေထဲမှာလဲ တစ်ခါပြောဘူးသလို။ မင်းတို့ တပ်ရင်း ခွေးတွေ ဒီလောက်ပိန်နေတာ လူတွေမ၀ဘူးဆိုတာ သိသာပါတယ်၊ ငါ့ကို သက်သာချောင်ချိရေးတွေ ဖြီးမနေပါနဲ့ ဆိုတဲ့ ဆရာတွေ အကြောင်း ကြားရနာရပါတယ်။

ရှမ်းပြည်ဖက်မှာ ကျန်ခဲ့တဲ့ တပည့်ကျော်တွေကို ကျနော့ဆရာက တော်တော် သံယောဇင် ရှိတယ်၊ တပည့်တွေက တပ်ကထွက်တော့ နေရပ်တွေ မပြန်တော့ပဲ၊ တပ်ဘေးမှာပဲ လုပ်ကိုင် စားသောက်နေတာကို သွားပြီး မုန့် ဘိုး စသည် သွားပေးတယ်

အဲဒီမှာ ပြသနာတက်တာပဲ

ဆရာ ငါတို့ ကို တခု အကူအညီပေးပါ

အေး ပြော ငါလုပ်နိုင်တာလုပ်ပေးမယ်

ဘေးက ဆရာကြီးဟောင်းတွေက ဟေ့ကောင်တွေ စွတ်ပြောမနေနဲ့  ဗိုလ်မှုးကြီး စိတ်ညစ်အောင်

အေ အေ ပြောပါစေကွာ၊ မင်းတို့ ဘာလိုလို့ လဲ၊ ဆန်လား၊ ဆီလား ပြော

ကိစ္စတစ်ခု မရှင်းလို့ ပါ

ပြောတဲ့ကောင်တွေကလဲ ကိုရာဟုလိုပဲဗျ၊ တိုင်းရင်းသား ရဲဘော်တွေ

ငါတို့ ဒီမှာ အိမ်တွေ ဆောက်ပြီး နေနေကြတာ၊ အရှေ့ ဘက်က တပ်ရင်းက လဲ မီးတွေ ထိန်ထိန်လင်းလို့ ၊ အနောက်ဘက်က ၀က်တွေ
(၀က်မွေးမြူရေးစခန်း၊ ခဏခဏ အခိုးခံရလို့ မီးထွန်းပေးတားတာ) ကလဲ မီးတွေထိန်လို့ ၊ ငါတို့  လူတွေအိမ်ကျတော့ မီးမရဘူး၊
အဲဒါနားမလည်လို့ ပါ

ဟာကွာ ဒီကောင်တွေ

မြန်မာဆန်သူ

မြန်မာဆန်သူ

6 April 2012 at 12:18
မနေ့ က ထမင်းပွဲမှာ ကျနော့်ဆရာ သူတပည့် နားပေါက်နဲ့ ချင်း (မြန်မာစာမတတ်)ရဲ့ မြန်မာဆန်ပုံလေးအကြောင်းကို ပြန်လည်ဖေါက်သည်ချသင့်တယ်ထင်လို့ ဖေါက်သည်ချလိုက်ပါတယ်

ဆရာတပည့် ချင်းစစ်သားက၊ ချင်းမှ နားပေါက်နဲ့ ချင်း
မုဆိုးပညာ၊ ရန်သူ ခြေရာခံကအစ ကျွမ်းကျင်သူ၊
ရိုးလဲရိုးသား၊ အလုပ်ကိုလဲ ဂုဏ်ယူသူ ဆရာက မုန့် ဘိုးပေးပေမဲ့ ကိုယ့်ဘာသာ ၀ါးခုတ် ဖျာယက်ပြီး ပိုက်ဆံရှာစားသူ စသဖြင့်ပေါ့
စာမတတ်ဘူး၊

တမနက်စောစောတော့ စခန်းဘေးမှာ တိုက်ပွဲဖြစ်တယ်၊ အရေးကြီးတော့ ဆရာက ဒီကောင့်ကို ဟေ့ကောင် အခုတိုက်ပွဲဖြစ်နေတာ ဘယ်ဘက်မှာလဲ ခန့် မှန်းပြီး ပြောစမ်း ဆိုတော့ ဒီကောင် ချက်ခြင်းဖြေလိုက်တာ ဆရာ ဒေါပွပြီး ထကန်ပလိုက်ပါတော့တယ်

သူဖြေလိုက်တာက

ဆရာ ရာဟုဒေါင့်မှာလေ တဲ့

သူ့ လဲ ကိုရာဟုဆိုပြီး နာမည်ကြီးသွားဆိုပဲ 

မဟူရာပျက်လုံး

မဟူရာပျက်လုံး

11 June 2013 at 14:47
နိုင်ငံရေး ကိုယ်ပိုင်အမြင်များ စော်ကားခြင်းမဟုတ်ပါ
 ဆိုင်းသမား ဘောက်လုံးတွေ့ ရင် မနေနိုင်လို့ ရေးခြင်းပါ

တက္ကသိုလ်တုံးက မှတ်တိုင်လေးကိုတဲ့ ကားပေါ်တင်ဆိုတဲ့ ဟာသပြဇာတ် နာမည်ကြီးပါတယ်
ရန်ကုန်တန်ဆောင်တိုင်တွေမှာလဲ တရုတ်တန်းဘက်မှာ စကတာ
အဲဒီထဲမှာ အကိုကြီး တင်မောင်ဌေး လူရွှင်တော်မျက်မှန်ရဲ့ အင်မတန်ပေါက်သော ပရိသတ်ကျသော ပျက်လုံးရှိတယ်၊

တက္ကသိုလ်မှာ ပြောင်းကတော့ အင်မတန်ကားကျပ်တဲ့ တက္ကသိုလ်ရိပ်သာလမ်းအတိုင်းပြေးတဲ့ အမှတ်၁၆လိုင်းကားနဲ့ အကိုက်ပေါ့

တကာရေ (သူက ဘုန်းကြီး၊ ဆွမ်းခံကြွဘို့ ကားစောင့်နေတာ)

မနေ့ ကကွာ ပြောကို မပြောချင်တော့ပါဘူး

ဒါဆိုရင် မပြောနဲ့တော့လေဘုရား

ဟာကွာ ဒီတကာ၊ မပြောချင်ဘူးဆိုတာ ပြောမလို့ ကွ၊

ဒါဆိုရင် လျှောက်တင်စေ အဲ မိန့် ပါဦး

မနေ့ ကကွာ ဟို ၁၆ကားနဲ့ ဘုန်းကြီး ဆွမ်းခံကြွတယ်၊ သိတယ်မဟုတ်လား အင်မတန်ကြပ်တဲ့ကားလိုင်း
တင်ပါ့ဘုရား
 အဲဒီမှာ ဘုန်းကြီးလဲ အတင်းတိုးတက်ပြီး စီး၇တာပေါ့၊ လက်ထဲမှာကလဲ သပိတ်ကြီးပိုက်လို့ ပေါ့၊ ဆွမ်းကလဲ  တစေ့မှ မရသေး

တင်ပါ့ဘုရား

ကားပေါ်မှာ မာတုကာမတွေကြားရောက်သွား၊ ဒါနဲ့ မင်း မာတုကာမဆိုတဲ့ အဓိပ္ပါယ်သိလား

မသိပါဘုရား

အေး မှတ်ထား မာတုကာမဆိုတာ မာတဲ့ အတုတွေတပ်ပြီး ကာထားတဲ့ ကောင်မတွေကို ပြောတာ

တယ် ဒီဘုန်းကြီးနှယ်

အေး အဲဒီမှာ ၁၆ကားစီးနေတုံး၊ ဒရိုက်ဘာတွေကွာ ဟို ဒပ်စတော့ဆိုလား ဒက်စတော့ပ်ဆိုလားအုပ်လိုက်တာ

ဒက်စတော့ပ်ပါဘုရား

အေး အေး မင်းပြောတဲ့ ဒက်စတော့ပ် အုပ်လိုက်တာ ဘာပြောကောင်းမလဲ ဘုန်းကြီးနဲ့ မာတုကာမတွေ ဂျွမ်းကို ပစ်သွားတော့တာပဲ။

ဟုတ်လားဘုရား အရှင်ဘုရားက အောက်ကလား အပေါ်ကလား

အောက်က နှစ်လုံး သရေအရှုံး ဟာ အောင်ဆန်းကွင်းနဲ့ ရောကုန်ပြီ

အဲဒီမှာ တကာရာ ဘုန်းကြီးလဲ တကာမတွေအောက်မှာပိနေတာနဲ့ ထမယ်လို့ မျက်စိလဲဖွင့်ကြည့်ရော

တကာရေ မဲကနဲ မဲကနဲပဲ

ဟ ကောင်းခန်းပါလား ဘုန်းကြီး ဘာဖြစ်တာလဲ

ဒက်စ်တော့ပ်အုပ်လိုက်တော့ ဘုန်းကြီးက ကားကြမ်းပြင်ပေါ်ရောက်သွားတာကွ၊ အဲဒီမှာ ထမယ်လို့ မျက်လုံးလေးဖွင့်ကြည့်တော့

တကာရေ မဲကနဲ မဲကနဲပဲ

ဟုတ်ပါပြီ ဘာမဲကနဲလဲ ဘုန်းကြီးပြောလေ

နောက်ဆုံးတော့ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပဲဆိုပြီး အတင်းမျက်လုံးကိုဖွင့် ကုန်းရုံးထလိုက်တော့မှ

သောက်ကျိုးနဲ တကာရေ ဒီသပိတ်ကြီးက ငါ့ခေါင်းစွတ်နေတာကိုး


ပျော်ရွှင်ကြပါစေ

မေမေ

တခုခုဖြစ်ရင် မေမေ မေမေနဲ့ ရေးကြလွန်းလို့ ကျနော်လဲ မေမေဇာတ်လမ်းတပုဒ်ရေးမယ်
မေမေ၊ သား ကျောင်းမသွားခြင်တော့ဘူးအမေ
ဟင်ဘာဖြစ်လို့ 
ဒီလိုပါမေမေ သားကျောင်းရောက်ရင် ဆရာ ဆရာမတွေကလဲ သားကို ဒုက္ခပေးကြတယ်၊ နောက် ကျောင်းသား ကျောင်းသူတွေကလဲ သားအပေါ် အရမ်းဆိုးကြတယ် မေမေ၊ သားစိတ်အရမ်းညစ်တာပဲ မေမေ
သားရယ် နင်အခု အသက်ကလဲ ၃၅နှစ်ကျော်ပြီး ပညာကလည်း ဒေါက်တာကြီးဖြစ်နေပြီ၊ ရာထူးကလဲ ကျောင်းအုပ်ကြီးဖြစ်နေတာ၊ နင်မှ ကျောင်းမသွားရင် ဘယ်သူသွားမှာလဲဟဲ့၊ အခုသွား
ဟုတ် ဟုတ်ကဲ့ပါ မေမေ

ညလေး နဲ့ ဘိုင်စကယ်

ညလေး နဲ့ ဘိုင်စကယ်

22 May 2013 at 10:20
စိတ်ရှုပ်လွန်းလို့ အနားယူရင်း ပျော်တော်ဆက်မယ်

ရည်းစားစကားပြော ပျက်လုံးများ

ဟေ့ယောင် မင်းသ္မီးကို ပညာရှိရှိနဲ့ ရည်းစားစကားပြောချင်လို့  စကားပုံလေးတွေ သင်ပေးစမ်းပါ

ရပါတယ် ဒီကနေစ ပဒုမ္မာ ယုံထောင်၊ ပဒုမ္မာက ကြာ၊ ယုံထောင်တာက ပိုက် ကြာပိုက်ဆိုတော့ ကြိုက်ပါ ဘယ်သူ့ ကိုလဲ ငါ့ကို၊ ကဲရပြီလား

ညီမလေး ညီမလေး

ဘာတုံး

ပဒုမ္မာ ယုံထောင်၊

ရှင့်စကားက ဘာကြီးလဲ

ပဒုမ္မာက ကြာ၊ ယုံထောင်တာကကွင်း ဒီတော့ ကြာဂွင်း ဟာ မှုတ်သေးပါဘူး


အေပေး ငယ်ငယ်ရွယ်ရွယ်နဲ့ ပန်းသေနေတဲ့ကောင် ကဲ ခလေးတွေတောင်သိတဲ့ စကားထာနဲ့ သင်ပေးမယ်

လုပ်ပါအုံးဆရာရယ်

မရှိဗျိုင်းတောင်

လင်းပါအုံး

မရှိတော့ မလိုဘူးလား

လိုတယ်

ဗျိုင်းတောင်က မဖြူဘူးလား

ဖြူတယ်

င်္ဒီတော့ လိုဖြူ လူပျို ငါက လူပျို နင်ကအပျို လူပျိုနဲ့ အပျိုနဲ့ ညား လာလိုက်ခဲ့ဆိုပြီး လက်ဆွဲခေါ်သွားလိုက်

ကောင်မလေးကောင်မလေး

ရှင်ဘာထပ် မဟုတ်တာပြောအုံးမှာလဲ

မရှိဗျိုင်းတောင်

အဓိပ္ပါယ်က

မရှိတော့ မလိုဘူးလား

လိုတယ်

ဗျိုင်းတောင်က မတီးဘူးလား

တီးတယ်

ဒီတော့ လိုတီး ---- ဟာဗျာ

သွားပါပြီကွာ ခုနက ပန်းသေတယ် အခု သုံးမရတော့ဘူး

 ကဲ ခလေးတွေတောင်သိတဲ့ စကားထာနဲ့ ပဲသင်ပေးအုံး မယ်

လုပ်ပါအုံးဆရာရယ်


ပင်လယ်ဓါးမြ၊ ပင်လယ်က မကျယ်လား ကျယ်တယ်၊ ဓါးမြက မတိုက်လား တိုက်တယ် ကျယ်တိုက် ကြိုက်တယ် ဘယ်သူ့ ကိုလဲ နင့်ကို

ညီမလေး ညီမလေး

ဘာတုံး

ပင်လယ်ဒါးမြ

ရှင့်စကားက လာပြန်ပြီ ဘာကြီးလဲ

ပင်လယ်က မကျယ်လား ကျယ်တယ်လေ ဓါးမြက မတောင်းလား ကျယ်တောင်း ဟာ မှားပြန်ပြီ


ကဲကဲ ဒီတခါ မင်းကြီးဒေါ်ကြီးနာမည်ပါတဲ့ စကားပုံကိုသုံး ပုလိပ်ရေတွင်းတဲ့

ဟ အဆန်းပါလား တကယ်မကြားဘူးဘူး

ပုလိပ်က မဖမ်းဘူးလား ဖမ်းတယ်၊ ရေတွင်းက မနက်ဘူးလား နက်တယ် အဲဒိတော့ ဖမ်းနက် ဖက်နမ်းတယ်ဆိုပြီး တခါထဲသာ ဖက်နမ်းပလိုက်

ကောင်မလေး ကောင်မလေး ဘာ ဘာတုံး

ပုလိပ်ရေတွင်း

မဟုတ်က ဟုတ်က ပြောရင် တွေ့ မှာနော

အေးပါ၊ ပုလိပ်က မဖမ်းဘူးလား ဖမ်းတယ် ရေတွင်းမှာ ရေမငင်ရဘူးလား ငင်တယ်

အဲဒီတော့ ဖမ်းငင် ဖင်ငမ်း

အို ဘာကြီးတုန်း၊

ငါ့ကောင်ရယ် ဖက်နမ်းပါဆိုမှ ဖင်သွားငမ်းတာကိုး ကဲမွေးကင်းစ ခလေးတောင်သိတဲ့ စကားထာသုံးမယ်

ခွေးလယားသီး ဘိုင်စကယ်

မပြောနဲ့ ကျနော်သိတယ် ခွေးလယားသီးက မယားလား ယားတယ်။ ဘိုင်စကယ်က မစီးဘူးလား စီးတယ် အဲဒီတော့ ယားစီး ရည်းစား၊ ဒါမှုတ်လား သွားပြောမယ်

အေးပါ စောင့်ကြည့်ရသေးတာပေါ့၊ ဘယ်လိုမှားမလဲလို့ 

ညလေး

ဘာတုံး

ခွေးလယားသီး ဘိုင်စကယ်

အဲဒါကဘာလဲ


ညလေး ဘိုင်စကယ်စီးတော့ မယားဘူးလားဟင်



မြို့ တော်သိန်းအောင်ဇာတ်မှာ အဘိုးကြီး ဦးအောင်စိန် ပျက်တာ အဲဒီနေရာမှာ ဆယ်မိနစ်လောက် ပတ်တုတ်ယူရပါတယ်ခင်ဗျား

Saturday, November 5, 2016

ဥပဒေ စာစုများ

ဥပဒေ

29 November 2011 at 17:33
တက္ကသိုလ်အနုပညာအသင်း လူရွှင်တော် မျက်မှန်က ဥပဒေကို

ဥ = ဥတုသုံးပါးမရွေး
ပ = ပါပ မကောင်းမှုတို့ ကို
ဒေ = (လက်အုပ်ကလေးချီလိုက်ပြီး) ဒေမ ကိုးကွယ်ဆည်းကပ်ပါ၏ဘုရားတဲ့

ကျွန်တော်တို့ တက္ကသိုလ်မှာကထဲက ဥပဒေကို သင်၇တယ်၊ သစ်တောဥပဒေတွင်မက၊ criminal code of procedure; evidence act ;စသည် အဆင့်မြင့်မြင့် သင်ခဲ့ရတယ်၊ ဘာလို့ သင်မှန်းမသိခဲ့

အလုပ်ထဲရောက်ပြီး ၈နှစ်လောက်ကြာမှ မြို့ နယ်မှုးလုပ်ရ၊ ဖမ်းရ ဆီးရ တရားစွဲရ
ကိုယ့်စိတ်ထဲမှာ ဥပဒေဟာ အမှန်တရားရဲ့  ဘက်တော်သားလို့ ထင်နေခဲ့မိတယ်(မြတ်လေးရဲ့  ငို၍ရယ်၍ မရသော မျက်နှာ ကလဲ လွှမ်းမိုးတာကိုး)

နောက်တဖြေးဖြေးနဲ့  တီဗွီမှာလာတဲ့ ဥပဒေ သင်ခန်းစာမှာကို ဥပဒေဟာ သူ့ ကို ထုတ်တဲ့ လူတွေရဲ့  အကျိုးစီးပွားကို ကာကွယ်ဘို့ ဆိုပြီး အလန့် ထညက်ကို သိလိုက်ရတယ်

အခုလဲ ဥပဒေတွေ ၊ ပြည်သူတွေရဲ့  အကျိုးစီးပွားကို ကာကွယ်ဘို့ ဥပဒေတော့ လိုနေပြီ၊ သူတို့ က အုပ်ချူပ်ခံလူတန်းစားဆိုတော့ ဥပဒေထုတ်လို့ မရဘူး

ဒီ အမှန်တရားကို အရင်ဆုံး သဘောပေါက်တာက တရားသူကြီးတွေနဲ့  ရှေ့နေတွေပဲ

ဒါကြောင့် အကိုကြီး ခမ်းအောင် ပို့ ပေးတဲ့ ဟာသမှာ စိန့် ပီတာက ကောင်းကင်ဘုံမှာ စုံတွဲကို လက်ထပ်ပေးဘို့ တရားသူကြီးရှာတာ သုံးလကြာသွားတယ်၊ စုံတွဲက လိုရမယ်ရ ကွာရှင်းလို့ ရသလားလို့ ပြောတဲ့အခါ တရားသူကြီးတောင် ၃လရှာရတာ ရှေ့ နေဆိုရင် ဘယ်လောက်ရှာရမလဲ နင်တို့ သိရဲ့ လားဆိုပြီး အော်ပါသတဲ့ခင်ဗျား။

နောက်လူရွှင်တော်တစ်ယောက်ပျက်လုံးထုတ်တာ သမာဓိချိန်ခွင်ကြီးက နဂိုထဲက လျှာမပါလို့ ညီနေတာဆိုပဲ၊

ကံ၊ ကံ၏အကျိုး

30 November 2011 at 14:55
ဒါဆိုရင် ဘာလုပ်ကျမှာလည်း၊ ဘယ်လိုနေကြရမှာလည်း

ကျွန်တော်တော့ အောက်ကအတိုင်းပဲ နေချင်ပါတယ်

ငါးပါးသီလနဲ့ ပဲနေချင်ပါတယ်

ဆောင်ပုဒ်က ကံ၊ ကံ၏အကျိုးကို ယုံကြည်ပါ၏ ဆိုတဲ့ ဗုဒ္ဓဘာသာရဲ့ အဓိကလိုအပ်ချက် ယုံကြည်မှုပါပဲ။
တစ်ခုတော့ရှိတယ် ဒီကောင် ကြီးပွားမှာပေါ့ အတိတ်ဘ၀က ကံကောင်းလို့ ဆိုတာကို သိတ်မယုံကြည်ပါဘူး
ကောင်းတဲ့နည်းနဲ့ ပဲဖြစ်ဖြစ် မကောင်းတဲ့နည်းနဲ့ ပဲ ဖြစ်ဖြစ် အဲဒီလူ သူ့ စီးပွားရေး ကြီးပွားမှုကို ပဲ အခုဘ၀မှာ လုပ်တဲ့ ကံကြောင့် အကျိုးခံစားရတာပဲ

မကောင်းတာလုပ်ပြီး ကြီးပွားတဲ့ လူတွေ ရပ်တည်နေနိုင်တာဟာ သူတို့ အတိတ်ကံကြောင့် ရပ်တည်နေနိုင်တာမဟုတ်ပါဘူး။ ဒီကောင် ကြီးပွားမှာပေါ့ အတိတ်ဘ၀က ကံကောင်းလို ပြောတဲ့လူတွေက အဲဒီလူမဟုတ်တာလုပ်နေတာကို ကြည့်နေကြတာကိုး၊ ရပ်ကွက်ထဲ မဟုတ်တာလုပ်တာကို ကြည့်နေတာပဲ၊ မတိုင်ဘူး၊ ဌာနဆိုင်ရာ မဟုတ်တာလုပ်တာ မတိုင်ဘူး အရေးမယူဘူး၊ အာဏာပိုင်ဆိုတဲ့လူ မဟုတ်တာလုပ်တာကို အရေးမယူဘူး (ငုံ့ ခံနေတယ်) သူကောင်းစားတာကို ကံ၏အကျိုးလို့ ဆိုပြီး ငုံ့ ခံတယ်။ ကိုယ်ခံရတာကို ပြန်လည်တွန်းလှန်မယ် ဒါဆိုရင် ပြောင်းလဲမယ်ဆိုတဲ့ ကံ၊ ကံ၏အကျိုးကျတော့ မယုံကြည်ဘူး။ ကိုယ့်အားနည်းမှု၊ မကောင်းတာ မဟုတ်တာလုပ်တာကို သာယာမှု၊ ကိုယ်လဲ အခွင့်ထူးခံလူတန်းစား ဖြစ်ချင်မှုတွေကို ဒါနဲ့ ရုံးထွက်ကြတယ်။

ကျွန်တော့် သားဆရာဝန်တက်တာကို၊ ဘာကြောင့် စစ်တက္ကသိုလ်မတက်တာလဲ ဒါဆိုရင် ဘယ်ကြီးပွားတော့မလဲလို့ မေးတဲ့လူတွေရှိတယ်။ သူ့ ကို စုံစမ်းကြည့်တော့ တပ်နဲ့ မတော်လို့  တပ်ကနေ အထုတ်ခံထား၇တဲ့လူ။

၁၉၇၀ကထဲက တပ်မတော်ယူနီဖေါင်းကို ကျောင်းသားဘ၀နဲ့ ကို ခုံခုံမင်မင်ဝတ်၊ သင်ပေးတဲ့ စစ်ပညာကိုလဲ တသက်လုံး အခုထိ တန်ဘိုးထား၊ တဲ့ ကျွန်တော့်လို လူမျိုးတောင် စိတ်ကုန်သွားအောင် ပြောရက်တယ်။

ဟုတ်ပြီး ကံ၊ ကံ၏အကျိုးကို ယုံကြည်ရင် ဘယ်စည်းမျဉ်းတွေနဲ့ နေမလဲ။

ဆရာကြီး ဦးရွှေအောင်ကတော့ ရှင်းရှင်းလေးပါ၊ ၃၈ဖြာ မင်္ဂလာနဲ့ နေယုံပါပဲတဲ့။

မှန်လိုက်တာ၊ အဲဒါက လောကရဲ့  ဥပဒေတွေဖြစ်သင့်ပါတယ်။

ဆရာ့စာထဲက အဓိကအချက်

ထို့ကြောင့်လည်း ပုဂံပြည်သူပြည်သားများ၏ အမြင်သည်ကြည်လင်၍ ကိုယ်ကျင့်သည် ခိုင်မာခြင်းဖြစ်၏။ ထိုနောက် ပုဂံပြည်သူပြည်သားများအတွက် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ ““မူ””သဖွယ်ဖြစ်သော စာပေတစ်ရပ်လည်းရှိသေး၏။ ယင်းစာပေကား ““မင်္ဂလသုတ်””ဖြစ်၏။ မင်္ဂလသုတ်ကြောင့် ပုဂံပြည်သူပြည်သားများ သည်မိမိတို့၏ မိသားစုကိုလည်း ချစ်တတ်၏။ နိုင်ငံနှင့်လူမျိုးကိုလည်း ချစ်တတ်၏။ လောကလူသားများကိုလည်း ချစ်တတ်၏။ ရတနာသုံးပါး၌လည်း ကိုးကွယ်တတ်၏။ ယုံကြည်တတ်၏။ သာသနာတော်ကိုလည်းချီးမြှောက်တတ်၏။

 ကျွန်တော်တို့ ရဲ့ လက်ရှိ ဖွဲ့ စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ပုဂံခေတ်ရဲ့ မင်္ဂလသုတ်နဲ့ ဆန်းစစ်ကြည့်ကြစို့ လားခင်ဗျား။

Rule of Law; Justice and Truth

2 May 2012 at 13:37
Rule of Law; Justice and Truth

မနေ့ က Star Chamber ဆိုတဲ့ ရုပ်ရှင်ကြည့်ရတယ်၊

ပြန်ပြီး သတိထားမိတာတွေ

rule of law နဲ့  justice သို့ မဟုတ် အမှန်တရားဆိုတာနဲ့ မတူကြောင်း

ကိုယ့်ဝန်ထမ်းတွေကို တရာရုံးမှာ အမှုတည်ဆောက်တဲ့ ကိစ္စတွေ အခုတစ်လော မှန်ကန်အောင် ကြိုးစားသင်နေရချိန်ဆိုတော့

ငါတို့  မြန်မာပြည်နဲ့ လွဲနေပါလားလို့  အလန့် ထညက် တွေးလိုက်မိတယ်

ရုပ်ရှင်ကားထဲမှာ အမှု၂ခု နမူနာပြထားတယ်

ပထမအမှု

တရားခံက ပင်စင်စား အဖွားကြီးတွေကို သတ်၊ လူမှုဖူလုံရေး လက်မှတ်တွေနဲ့ လုပ်စားတယ်
စုံထောက်၂ယောက် မင်္သကာလို့ လိုက်ရင်းနဲ့  ထွက်ပြေးတော့ ဒီကောင်က တစ်ခုခုကို သူ့ အိမ်ရှေ့ က အမှိုက်ပုံးထဲ ပစ်ထဲ့ပြီ၊ အိမ်ထဲ ၀င်သွားတယ်၊ သူတို့ နိုင်ငံ ဥပဒေမှာ အိမ်ထဲကို ၀င်ပြီး ၀၇မ်းမပါပဲ ရှာဘို့ မပြောနဲ့ အိမ်ရှေ့ က အမှိုက်ပုံးကိုလဲ ၀ါရမ်းမပါပဲ ရှာလို့ မရဘူး၊ အမှိုက်ကားကြီးက ရှိနေတော့ စုံထောက်တယောက်က ပြောတယ်၊ အမှိုက်ပုံးကို ရှာမရပေမဲ့  အမှိုက်ကားထဲရောက်ရင် ရှာလို့ ရတယ်ဆိုပြီး အမှိုက်သိမ်းတဲ့ အထိစောင့်တယ်။ အဲ ဒါပေမဲ့ တခြား အမှိုက်တွေနဲ့ ရောအောင် လုပ်ပြီးအထိမစောင့်ပဲ၊ အမှိုက်ကို ကားထဲမှာ (ဂေါ်ထဲမှာတင်) ရှာလိုက်တယ်၊ သေနပ်တွေ့ တယ်၊ လက်ဗွေရာတွေပါရတယ်၊ တရားခံကို ၀င်ဖမ်းတယ်၊ Miranda Law ကိုတောင် မယူပဲ ဖြောင့်ချက်ပေးတယ်၊ ပစ္စည်းတွေလဲမိတယ်၊

အဲ တရားရုံးလဲကျရော၊ အဲဒီ အမှိုက်ကို မရောသေးခင် ရှာလိုက်မိတာဟာ rule of law နဲ့ မကိုက်ဘူးလို့ တရားခံရှေ့ နေက ထောက်ပြပြီး ခုခံတယ်၊ မင်းသား တရားသူကြီးက လက်ခံလိုက်ရတယ်၊ နို့ မို့ ဆိုရင်လဲ အယူခံရုံးမှာ ရှုံးမှာပဲ။ တရားခံလွတ်သွားတယ်

ဒုတိယအမှု၊

ဒီပုံစံပဲ၊ လူဆိုးကားကို ဖမ်းဝရမ်းတောင်းတဲ့အချိန်မှာ wrong information နဲ့ ထုတ်ပေးတဲ့ သတင်းမှားမို့ လို့ အဲဒီ ၀ရမ်းအမှားကနေ စလိုက်တဲ့ သက်သေခံ ပစ္စည်းတွေကို ရုံးတော်က လက်မခံနိုင်ဘူး၊ အသတ်ခံရတဲ့ ခလေးအဖေက ရုံးတော်က လွှတ်လိုက်တဲ့ တရားခံတွေကို ရုံးတော်ထဲမှာပဲ ပစ်သတ်ဘို့ ကြိုးစားတာကနေနောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်

အဲဒီမှာ တရားသူကြီးကစပြောတာပဲ၊ သူ့ အကိုနဲ့ လဲ ပြောကြတာတွေမှာ

rule of law ဟာ အမှန်တရားမဟုတ်ဘူး ဆိုတာ ကွက်ကွက်ကွင်းကွင်း ပေါ်လာတယ်

နောက်တစ်ခု စဉ်းစားမိတာ ကျနော်တို့ မြန်မာဥပဒေတွေမှာ

အခုလိုမျိုး ၀ရမ်းမှားယွင်းပြီး ဖမ်းမိပေမဲ့ ၀ရမ်းထုတ်တာ နည်းစနစ် မကျပေမဲ့၊ ဖမ်းမိတဲ့ ပစ္စည်းတွေ မှန်ကန်နေတယ်၊

တရားခံအမှန်ဆိုရင်၊ တရားရုံးသက်သေ၀င်တယ်၊ အမေရိကန်နဲ့  အင်္ဂလိပ် ဥပဒေတွေက ဒီလိုမဟုတ်ဘူး၊

အဲဒီမှာ မိတ်ဆွေဥပဒေ ဘွဲ့ ရနဲ့ မေးကြည့်တော့မှ ကျနော်တို့ သုံးနေတဲ့ ဥပဒေတွေဟာ အင်္ဂလိပ်က ကျနော်တို့  မြန်မာအတွက် အထူးစပါယ်ရှယ် ထုတ်တဲ့ ဥပဒေတွေတဲ့၊ သူတို့  အနောက်နိုင်ငံသားတွေကို ရဲအဖွဲ့ က မဟုတ်တာတွေ အတင်းမလုပ်နိုင်အောင် ကာကွယ်ပေးထားတာတွေကို ဒီ မြန်မာနဲ့ အိန္ဒိယ အက်ဥပဒေတွေမှာ လူအတန်းအစား တစ်ခုနှိမ့်ချထားပြီး ပြောင်းရေးထားကြတာတဲ့
ကျနော် မျက်စိလည်သွားပါပြီ ခင်ဗျာ၊

ဒါပေမဲ့ rule of law ဟာ truth မဟုတ်ဘူးဆိုတာကိုတော့ စွဲသွားပြီး ဥပဒေပြု လွှတ်တော်ဟာ ဘယ်လောက် အရေးကြီးတယ်ဆိုတာကိုတော့ အားလုံးသိစေချင်ပါတော့တယ်

ဒီမိုကရေစီ ၁၀% အနည်းစုအတွက် ထိခိုက်မှုခံရသော ရန်အောင်မြင် ကဆ၊ထားဝယ် ဦးကျော်ရင်သား၊ ရေသမင်လိုက်

30 November 2011 at 12:46
ဥပဒေက ပြည်သူတွေအတွက် ထုတ်ပြန်ထားတာမဟုတ်ဘူးဆိုရင် ဘယ်လို ဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ၊ ဒီမိုကရေစီဆိုတာကရော ဘာလဲ။

မိတ်ဆွေတစ်ယောက်နဲ့ ပြောမိတာရယ် ကိုယ့်စိတ်မှာ အခုတလော ပေါ်နေတာတွေရယ်
အုပ်ချူပ်မှု စံနစ်တွေ ဒီမိုကရေစီတွေစတဲ့ ဂရိတွေက စီတီဇင်တွေပဲ အုပ်ချူပ်ရေး ဆုံးဖြတ်ချက်တွေမှာ ပါဆိုပဲ၊ ဒီတော့ အုပ်ချုပ်ရေးဆုံးဖြတ်ချက်တွေမှာ မပါတဲ့ လူနည်းစု အများပြည်သူအတွက် ထဲ့စဉ်းစားဘို့ ဆိုပြီး ဒီမိုကရေစီ စခဲ့ဆိုပဲ။
အဲဒိတုံးက စီတီဇင်တွေက များပုံရတယ်၊ လူနည်းစု ဆင်းရဲသားဆိုတာကိုး

အခုရော ဒီမိုကရေစီ ထွန်းကားဆုံးဆိုတဲ့  အမေဂျီးကန် တိုင်းပြည်ကြီးက အော်စကာဆုကြီးများရ စုရုံးသိမ်းပိုက်ဘူးတဲ့ Wall street ဓါတ်ရှင်မှာတော့ သူတို့ နိုင်ငံကို ထိန်းချူပ်နေတာ လူနည်းစု ၁၀% ပါပဲတဲ့။ ကျန်တဲ့သူတွေက တိုင်းပြည်ရဲ့ လမ်းကြောင်းကို ၁၀%ရဲ့ ထိန်းချူပ်မှုမှာ လျှောက်နေတာပဲ၊ အဲဒီ ၉၀% မွဲသွားတာတွေ ဘ၀ပျက်သွားတာတွေကို ၁၀%က ဂရုစိုက်စရာမလိုဘူးလို့ ငြင်းချက်ထုတ်ထားတာပဲ၊ ဇာတ်လိုက်က အဲဒီ အတိုင်းမယူဆပေမဲ့ ဒါရိုက်တာက သူယူဆတာကို ဗီလိန်ဆီကနေ ပြောသွားတာပေါ့၊ အမေရိကန် လုပ်တိုင်း အားလုံးကောင်းပါသည်ဆိုသူများ ညင်းကြည့်ကြစမ်းပါ၊ ဟောလီဝုဒ်ကို ပြန်ပို့ ပေးလိုက်မယ်။

အဲဒီတော့ တကယ်ဖြစ်သင့်တဲ့ ဒီမိုကရေစီဆိုတာပါလဲ။

အများပြည်သူ ဆင်းရဲသားကို ထိခိုက်စေမဲ့ အလုပ်တွေ ဥပဒေတွေ၊ ဖိနှိပ်မှုတွေမလုပ်အောင် ဥပဒေပြုနိုင်တဲ့ လူတွေကို အများသူတွေက ရွေးချယ်ပြီး ဒီကာလ (၄နှစ်-၅နှစ်)တော့ ရှင့်ကိုယုံလို့ ကျမကိုယ်ကို ပုံအပ်လိုက်ပါပြီဆိုတဲ့ အလုပ်ကို လုပ်နိုင်စေတဲ့ စံနစ်ပေါ့။ ဒီကာလအတွင်းမှာတော့ လွန်စွာ ဆိုးဝါးမှပဲ ပြန်ဖြုတ်ချနိုင်တဲ့ ကွာရှင်းလို့ ရတဲ့ ယန္တရားတွေ ပါတာပေါ့လေ။

အဲဒီမှာ အတွေးစတွေ ဆန့် သွားတယ်။ ဝေါ့ဒစ္စနေ ကာတွန်းတစ်ခု၊ ကာတွန်း ကဆရဲ့  (ဦးကျော်လင်း မြန်မာ့အလင်းအယ်ဒီတာလို့ သိရပါတယ်) ရန်အောင်မြင် ကဇတ်။
ငယ်ငယ်မူလတန်းကျောင်းသားဘ၀က ကမာရွတ် စန္ဒာမြိုင် ရုပ်ရှင်ရုံမှာ ကာတွန်းကားတစ်ကားကြည့်ဘူးတယ်၊ အဲဒီရုံမှာ ကာတွန်း၂ကားကြည့်ဘူးပါတယ်။ တကားက ၀ူခုန်းဇာတ်လမ်းပါ၊ သိပ်တော့မတူဘူး (တရုပ်ဇာတ်လမ်းနဲ့ )

ထားလိုက်ပါတော့ ကျနော်ပြောမဲ့ဇာတ်လမ်းက ဒီမိုကရေစီ ကျဆုံးခြင်းများနဲ့ ဆိုင်တယ်(ကြီးကြီးကျယ်ကျယ် ပြောကြည့်တာ)။
ကျေးရွာလေးတစ်ခုဘေးမှာ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ အဲဒီ ရဲတိုက်ကြီးထဲမှာ မကောင်းဆိုးဝါး (ဘီလူးဆိုပါတော့) အုပ်ချူပ်သူကြီးတစ်ယောက်ရှိတယ်၊ အဲဒီထဲကနေ အစေအပါးတွေ ထွက်ထွက်လာပြီး ပြည်သူလူထုကို ဒုက္ခပေးနေတာပဲ၊ ရိက္ခာတွေ သွင်းရတယ်၊ အခွန်တွေ ဆက်ရတယ်။ ယုတ်စွအဆုံး မင်းသားလေး (အဓိက ဇာတ်ရုပ်ကို မင်းသားလေးလို့ ခေါ်လိုက်တာပါ၊ ရွာသားလေးပါ) ရဲ့ ပုလွေလေးရယ် (ပုလွေမှုတ်နေတုံး) ခြင်းလုံးလေး (ခြင်းခတ်နေတုံး) ရယ်ကိုပါ မတရား သိမ်းသွားကျတယ်။
အံ့သြသွားပါသလား။ ကောင်လေးက ယောင်ပေစူးလေးနဲ့ ဗျာ၊ သေသေချာချာမှတ်မိနေတယ်၊ ဝေါ့ ဒစ္စေနေဟာ မြန်မာပြည်ကို ဆက်တင်ယူထားပုံရတယ်။ ကျနော်မူလတန်းမှာလာ ကြည့်၇တာဆိုတော့ မြန်မာပြည်က အဲဒီအချိန် အာရှရဲ့ စတားဖြစ်တုန်းကို။

မကြာမကြာ ရဲတိုက်ရှေ့ က မောင်းကြီးကို သူရဲကောင်းကြီးတွေ ရောက်ရောက်လာပြီး မောင်းကြီးကို သူတို့ ကိုင်ထားတဲ့ လက်နက်နဲ့ ထုရိုက်ပြီး ၀င်သွားကြတယ်၊ ပြည်သူတွေရဲ့  ဒုက္ခကို မကြည့်ရက်တ့ သူရဲကောင်းကြီးတွေပေါ့။ ပြီးရင် တိုက်သံ ခိုက်သံတွေ ကြားရ၊ နောက် အသံနက်ကြီးနဲ့ မကောင်းဆိုးဝါးကြီး အော်သံကြားရပြီး ငြိမ်ကျသွားလေ့ရှိတယ်။ ဒါပေမဲ့ သူရဲကောင်းကြီးတွေက ပြန်ထွက်မလာတော့ဘူး။ နောက် တစ်ခါတစ်ရံ အပြင်ထွက်လာလေ့ရှိတဲ့ မကောင်းဆိုးဝါးကြီးက ပေါ်မြဲပေါ်လာခဲ့တယ်။ ထူးဆန်းတာက ကိုင်တဲ့ လက်နက်က အရင်နောက်ဆုံးဝင်သွားခဲ့တဲ့ သူရဲကောင်းရဲ့ လက်နက်ပါပဲ။ မတရားမှုတွေကလဲ အရင်အတိုင်းပဲ

တိုတိုပြောရရင် နောက်ဆုံးတော့ ရွာသားလေးဟာ သူကိုယ်တိုင်ကို ရဲတိုက်ကြီးထဲကို ဒါးဆွဲပြီးဝင်သွားရတော့တယ်၊ အကြောင်းရင်းကိုတော့ မမှတ်မိတော့ဘူးဗျာ။ အဲအထဲမှာ အကောင်ကြီးနဲ့ တွေ တိုက်ကျခိုက်ကျ၊ နောက်ဆုံးတော့ သူနိုင်သွားတယ်၊ ခလေးပီပီ ရဲတိုက်ကြီးထဲ လျှောက်ကြည့်တဲ့အခါမှာ အနိုင်ကျင့် သိမ်းဆည်းထားတဲ့ ရွှေတွေ ငွေတွေ ကိုတွေ့ ပြီး သွားယူလိုက်မိတာမှာ သူ့ လက်ဟာ မကောင်းဆိုးဝါးကြီး ဖြစ်သွားပါလေရော။ ယူကျုံးမ၇ ဖြစ်သွားတာပေါ့၊ ဒါပေမဲ့ ကံကောင်းခြင်တော့ ငယ်ငယ်က သူအသိမ်းခံလိုက်ရတဲ့  ပုလွေလေးနဲ့ ခြင်းလုံးလေးကို တွေ့ တဲ့အခါ သွားပြီး ပြေးအယူအလိုက်မှာ လက်က လူပြန်ဖြစ်သွားပါတော့တယ်၊ နောက် ရွာသားလေးဟာ အပြင်ပြန်ထွက်လာပြီး ရဲတိုက်ကြီးလဲ ပြိုကျပျက်စီးသွားပြီး ဇာတ်သိမ်းသွားပါတယ်။

အဲဒီဇာတ်ကို အလယ်တန်းကျောင်းသားဘ၀လောက်မှာ တစ်ခါပြန်ကြည့်ရတယ်။ မြန်မာversionayပေါ့၊ မကြည့်ခင် တေဇစာစောင်ထဲမှာ ရန်အောင်မြင်ဆိုပြီးဖတ်၇တယ်။ လက်ရာရှင်ကတော့ က.ဆလို့ ထိုးလေ့ရှိတဲ့ ကာတွန်း(ဦးကျော်လင်း)ပါပဲ။ ဒီနေ့ ပဲ သိခဲ့ရတာ၊ မီးပုံပျံ ဦးကျော်ရင်(ထားဝယ်)ရဲ့ သားဆိုပါတယ်။ မမေကြည်တို့ အစဖေါ်ပေးကျပါ၊

တေဇစာစောင်မှာ စွဲကျန်နေတဲ့ ဇာတ်လမ်း၂ခု တစ်ခုက ဒီ ရန်အောင်မြင်ဇာတ်၊ တစ်ခုက ရေသမင်လိုက်တဲ့ဇာတ်။
ကြားဖြတ်ပဲ သတိရတုံး ရေးလိုက်မယ် ရေသမင်လိုက်တယ်ဆိုတာ အခု စိမ်းစို အပူပိုင်းဒေသမှာ သုံးတာပါ၊ အဲဒီခေတ်က အညာမှာ ရေရှားလွန်းလို့  မိုးရွာရင် ရွာလည်လမ်း ဖုတ်တောထဲက ဖုတ်တွေနဲ့ စီးနေတဲ့ မိုးရေ အနီတွေကို လက်ယက်ခွက်ကလေးတွေနဲ့ လိုက်ခပ်ပြီး အိုးတွေထဲ စုထည့်ရပါတယ်၊ ခလေးတွေရော လူကြီးတွေရော လုပ်ကျရာတာပါ၊ ရေသမင်လိုက်တယ်လို့ ခေါ်တယ်၊ စကားလုံး အလှအပ အင်မတန်သုံးစွဲမှုကောင်းတဲ့ မြန်မာလူမျိုးများရဲ့ စကားလုံးပါ။

(ဒါတောင်မှ တပတ်ကျော်က လျှပ်တပျက်ထဲမှာ နိုင်ငံခြားသားတွေကို မြန်မာစာသင်တယ်ဆိုတဲ့ ဆရာမက မြန်မာစာဟာ စနစ်မရှိဘူး၊ အင်္ဂလိပ်စာလို သဒ္ဒါမကောင်းဘူးစသည် အပုတ်ချထားတာ ရင်နာမိပါတယ်။ လျှပ်တပျက်ကတော့ သူ့ ထုံးစံအတိုင်း မီဒီယာသမားပီသစွာ မဖြတ်မတောက် ထဲ့တာပေါ့လေ)။

အဲဒီမှာ စာရေးသူရဲ့ သူငယ်ချင်းလေးဟာေ၇သမင်လိုက်ရင်း အပူရှပ်လို့ ဆုံးသွား၇ရှာပါတယ်၊ ဆရာ က.ဆက ဇာတ်လမ်းကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးတွေလုပ်လို့ မိုးတွေမှန်နေပြီ၊ ရေတွေ၇နေပြီ၊ သူငယ်ချင်းရေ ဒိလိုသာစောစောကဆိုရင် နင်သေမှာမဟုတ်ဘူးလို့ ရေးထားတာပါ၊ ဒါတွေကို နားမလည်သေးခဲ့တဲ့ ခြောက်တန်းအရွယ်မှာကို ကျနော်ဖတ်ပြီး မျက်ရည်ကျခဲ့ရပါတယ်။ အခုလဲ ဒီစာကို၇ိုက်ရင်း မျက်ရည် တရွှဲရွှဲပဲ။ တပြိုင်ထဲမှာပဲ ဘောက်လုံးတွေ တွေးတတ်တဲ့ ကျနော့်စိတ်က Climate change တွေနဲ့ အရင်ထက် ပိုဆိုးနေတဲ့ အပူပိုင်းဒေသကို ဆရာ ကဆ မြင်လိုက်ရရင် ဘယ်လို ပြောမလဲလို့ တွေးနေမိတယ်

က.ဆရဲ့  ၇န်အောင်မြင်ဇာတ်လမ်းက မြန်မာမှုပြုလိုက်ပါတယ်။ အဲဒီဇာတ်လမ်းကို ယဉ်ကျေးမှုက ကဇာတ်ကြီးကပါတယ်။ အရင် ယဉ်ကျေးမှု ကဇာတ်ဟာ တနှစ်တခါဆိုသလို ကျိုက္ကစံ ပြည်ထောင်စုပွဲများမှာ ပြည်သူကို ဇာတ်ကြီးများ တင်ဆက်ပါတယ်၊ ဘိုးရာဇာကနေ စပါတယ်။ နောက် ၀က်ထီးကန်စသည်၊ ဇာတ်များဟာ အနည်းဆုံး ၂ခါ ၃ခါတော့ ကကြ၇တာပါပဲ။
ရန်အောင်မြင်က တစ်ခါပ။ဲ ခံပါတယ်။ ကာတွန်းဇာတ်လမ်းတွေမှာ ရွှေငွေ ဥစ္စာလောက်ပဲ လောဘအနေနဲ့ ပါတာကို ၇န်အောင်မြင် ဇာတ်ကြီးမှာ ဆရာ က.ဆဟာ ရာထူး၊ စည်းစိမ်၊ အာဏာဆိုပြီး အသံနက်ကြီးတွေနဲ့ ကို အော်ခိုင်းပြီး လက်ကို အမွှေးတွေပေါက်လာတာကို ဆက်တင်ပညာကောင်းကောင်းနဲ့ တင်ဆက်သွားလို့ ပါပဲခင်ဗျား။

ဒိတစ်ခါတော့ ယခင်ခေတ်က ယဉ်ကျေးမှု အနုပညာကဇာတ်အဖွဲ့ ကို ဦးညွှတ်လျက်

ဒီကနေ့ စာပြင်ပါတယ်၊ ရေသမင်လိုက်ဇာတ်လမ်းကို တေဇမှာဆွဲတဲ့ဆရာက ကာတွန်းကျော်ဆန်းပါ၊ ဗိုလ်ကျော်ဆန်းပါ တနင်းသာရီတိုင်း တော်လှန်ရေးတာဝန်ခံတယောက်ပါ လမ်းစဉ်သတင်းဂျာနယ်ကို တာဝန်ခံအယ်ဒီတာအနေနဲ့ ထူထောင်ခဲ့သူပါ

ရန်အောင်မြင် ကဇာတ်စသည်ကို တင်ဆက်သူ ဗိုလ်မှုးကျော်ဆန်းက နောက်တယောက်ပါ၊ သူ့ အကြောင်းသိသူများ ရေးပေးကြပါအုံး
မနေ့ ကမှ ကဆရဲ့ သား ဦးဆန်းဝင်း ဒါရိုက်တာ Suntac Company နဲ့ ပြောဖြစ်တာတာပါ၊ ကဆ အကြောင်းလေးတွေလဲ အတော်သိခဲ့ရပါရဲ့ 

အီးဘောလော လော

17 July 2015 at 11:20
အီးဘောလော လော
-
မောင်ကိုဟာ ဥပဒေပညာရှင်မဟုတ်ပါ
ဒါပေမဲ့ ဥပဒေပညာကို ကိုယ့်သစ်တောကဏ္ဏအတွက် မတောက်တခေါက် သင်ခဲ့ရဘူးပါတယ်
ဘ၀တကွေ့ မှာ အဲဒီကိစ္စတွေကို သုံးပြီး လူတွေကို ဖမ်းဆီးဘူးပါတယ် ပစ္စည်းတွေ ကားတွေ မော်တော်တွေ သိမ်းဘူးပါတယ်။ မောင်ကို့ ကားဆိုက်တာနဲ့ သစ်စက်ပိုင်ရှင်ကတော်တွေ ထငိုကြရအောင်ကို နာမည်ကြီးခဲ့ဘူးပါတယ်၊ သံလျှင် နတ်စင်တရာမှာ နတ်ဖြစ်တော့မလို့ ၊ ကံကောင်းလို့ ပညာတော်သင်သွားရပြီး ဒီအလုပ်ကနေ လွတ်လာခဲ့ပါတယ်
-
ဒါပေမဲ့အခု နောက် ကဏ္ဏတစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အခု ဥပဒေတွေအများကြီးနဲ့ ညိနေရပါပြီ
လက်ရှိ အလုပ်ရဲ့ နာမည်ကိုက
Needs Assessment for Effective Implementation of the Environmental Conservation Law in Myanmar
ဖြစ်ပါတယ်
ဒီတော့ အခု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ တခြားဥပဒေတွေရော၊ သက်ဆိုင်သူတွေရော ဆောင်ရွက်ရန်အဆင့်ဆင့်တွေရောကို လေ့လာနေရတယ် အဲဒါ အလုပ်ပဲ
အကြမ်းဖျင်းပြောရရင် လက်ရှိ ထုတ်နေတဲ့ ဥပဒေတွေဟာ
အစိုးရဆိုတဲ့ ကုမ္ပဏီကြီးက သူ နဲ့ သူ့ လူတွေ လုပ်ချင်ရာလုပ်လို့ ရအောင်ဆိုပြီး ဒါလုပ်မယ်ဆိုရင် ဥပဒေထုတ်လိုက်ကွာဆိုပြီး လုပ်ထားတဲ့ ကိုယ်ကျိုးရှာ ဥပဒေအသစ်တွေ ဥပမာ၊ လယ်ဆည်ကထုတ်တဲ့ ဥပဒေနှစ်ခု
(အစိုးရဆိုတာ ကုမ္ပဏီလို သူ့ ကို မထိခိုက်အောင် စဉ်းစားတယ်ဆိုတာ ရှေ့ နေချုပ်ရုံးက ညွှန်ကြားရေးမှုးကြီးကိုယ်တိုင် ပြောတဲ့စကား)
-
တကယ့်ကို နိုင်ငံရဲ့ အရင်းအမြစ် သယံဇာတတွေ Natural Capital ကို ထိန်းသိမ်းမဲ့ဥပဒေတွေကြတော့ နိုင်ငံတကာ commitment တွေနဲ့ မဖြစ်မနေလုပ်ရတဲ့အခါမှာ တကယ်အလုပ်လုပ်တဲ့နေရာမှာ ပျော့ညံ့အောင်လုပ်ထားတဲ့ အီးဘောလော လောတွေ (EiBawLaw Law လို့ ဖတ်ပါ၊ ဒါ ဥပဒေ ဝေါဟာရအသစ်ပါ)
လက်ရှိရှိပြီးသား တင်းကြပ်ပြီးသား ဥပဒေတွေကိုကျတော့၊ သူတို့ လုပ်ချင်ရာလုပ်ရရအောင် နည်းအမျိုးမျိုးနဲ့ ဖြေလျှာ့ပစ်လိုက်ကြတဲ့ ဖြေလျှော့ခွေ ဥပဒေတွေ၊ သစ်တော၊ သတ္တူတွင်း
-
ဒါတွေပဲ တွေ့ ရလေရဲ့ 
အသေးစိတ်ကိုတော့ စာတမ်းပြီးမှပဲ ရေးတော့မယ်

ဒါပေမဲ့ မနေ့ က တကောင်းမြို့ ရိုးကိစ္စမှာ ထပ်တွေ့ တာက
အရေးယူမှု၊
တကောင်းမြို့ ရိုးကြီးကို ဖျက်ဆီးတာကို ရှေး/သုက ကန့် ကွက်နေပါတယ်တဲ့
အမှန်တော့ ကန့် ကွက်နေရမှာကိုမဟုတ်ဘူး ရဲစခန်းသွားပြီး တိုင်ချက်ဖွင့်ရမှာ
ဒါပေမဲ့ မဖွင့်ရဲဘူး
ပုဂံမှာ တယောက်တွေ့ ခဲ့ရတယ် မြစ်ကမ်းဘေးတွေမှာ ဥပဒေပြင်ပလုပ်နေတဲ့ ဟိုတယ်တွေကို အရေးယူဖို့ ကြိုးစားတဲ့ ၀န်ထမ်းကို အမျိုးမျိုးနှောင့်ယှက်၊ ဒုက္ခပေးတာတွေ
အရေးယူတာက ရဲ အပြစ်ပေးရမှာက တရားသူကြီးဗျလို့ ပြောတဲ့ သူ့ ကိုယ်သူ စစ်ဆေးရေးအာဏာ အပြည့်ရှိပါတယ်ဆိုတဲ့ ညွှန်ကြားရေးမှုးချူပ်တစ်ယောက်ကိုလဲ လတ်တလော အလုပ်မှာ တွေ့ လိုက်ရတယ်
ကျူပ်တို့ ရဲ့ လောတွေက တကယ့်ကို အီးဘောလော လောတွေ ဖြစ်နေပြီ