Showing posts with label Reviews. Show all posts
Showing posts with label Reviews. Show all posts

Thursday, November 10, 2016

နာရီတလုံး အရင်းပြု၍ The Lone Ranger

The Lone Ranger ကားထဲမှ
ဒုက္ခရောက်နေတဲ့ လူဖြူနှစ်ယောက်ကို အင်ဒီယန်း ခလေးငယ်လေးက ကယ်ခဲ့တယ်၊၊ ရွာမှာ ဆေးကုပေးတယ်၊ ကောင်းသွားတဲ့နှစ်ယောက်က ရွာဘေးက မြစ်ကလေးမှာ ငွေတွေတွေ့ လို့ ဘယ်ကလာလဲလို့ မေးတယ်၊ မပြောတဲ့အခါမှာ အပေါစားကုန်တိုက်က နာရီကို လက်ဆောင်ပေးပြီး မြစ်စတဲ့နေရာက ငွေထွက်တဲ့သိုက်ကိုတွေ့ သွားတယ်
လူဖြူနှစ်ယောက်က ရသမျှငွေတွေကို သယ်သွားတဲ့အပြင် တရွာလုံးကို သတင်းမပေါက်ကြားအောင် သတ်သွားတယ်
နောက်အနှစ်၂၀မှာ ဖွံ့ုဖြိုးရေးဆိုတဲ့ မီးရထားလမ်းကြီးနဲ့အတူ ပြန်လာတယ်၊ အင်ဒီယန်းအယောင်ဆောင် ငြိမ်းချမ်းရေးကို ပျက်အောင်လုပ်တယ်၊ ငွေတွေအကုန်ထုတ်တယ်
အောအော နာရီကလေးနဲ့ လဲသွားတယ်
ကျနော်တို့ လဲ မီးရှုးမီးပန်းတွေနဲ့ ၊ အစည်းအဝေး အဆောက်အဦးတွေနဲ့ ၊ ရထားတွဲတွေနဲ့  တိုက်သဘောင်္အစုတ်တွေ တိုက်လေယာဉ်အစုတ်တွေနဲ့ 
ဝန်ထမ်းဘ၀က တွေ့ ခဲ့ရတဲ့ နိုင်ငံခြားသားတယောက်ရဲ့ presentation မှာ ခါကာဘိုရာဇီနယ်မြေတဲက တိုင်းရင်းသားတယောက်က သားရိုင်းတိရိစ္ဆာန် အရေခွံတွေ သားရေ ဆယ်ချပ်လောက်နဲ့  အိမ်သုံးဆား ငါးဆယ်သားလောက်ကို လဲနေတဲ့ပုံကိုလဲသတိရတယ်
၂၀၀၁တုံးက ပူတာအိုကိုေ၇ာက်တုံးကတွေ့ ခဲ့တဲ့ ဘူမိဗေဒက ရွှေ inspector တွေကိုလည်းသတိတွေရမိနေတယ်
သူတို့ ရေထွက်စမ်းတောတွေကို တရုတ်တွေနဲ့ ကချင် အဖွဲ့ အစည်းတွေနဲ့ ပေါင်းပြီး ထုတ်ပစ်ကျလို့  လက်ထဲ၇ှိတဲ့ ဆိပ်လူးမြှားတွေနဲ့ တောင် တိုက်ကျတယ်ဆိုတဲ့ကချင်ရွာတွေအကြောင်း တပည့်ကျော်ပြောပြတာ သတိရတယ်
အဲဒီမှာဖြစ်နေတဲ့ စစ်ပွဲတွေ အယောင်ဆောင်တွေက ဘယ်လောက်ရှိ တကယ်ဖြစ်တာက ဘယ်လောက်ရှိ သံသယ၀င်မိတယ်
နှစ်ဖက်စလုံးက လက်နက်ကိုင် အဖွဲ့ အစည်းတွေပဲ အုပ်ချူပ်လို့ ရအောင် ညှိလုပ်နေကြတာလား
အလွန်းနေတာလား လည်လွန်းနေတာလား
ဇာတ်လမ်းအဆုံးမှာ ခင်ဗျားပြောတာတွေက ပုံပြင်တွေမဟုတ်လားဆိုတဲ့အချိန်မှာ
မင်းသား Johnny Depp က ဒါကတော့ မင်းအပေါ်မှာပဲ မူတည်တယ်တဲ့
ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ် ခင်ဗျား။

Kill the messenger

Kill the messenger

21 June 2015 at 21:20
Kill the messenger
မူဗွီ၅ ကနေ ဒီကားပြန်လာနေပြန်ပြီ
ကျနော့် ဘ၀တလျှောက်လုံး ဒီပြသနာတွေကြားမှာ အမျိုးမျိုးပတ်သက်လာခဲ့ရတယ်
ကိုယ့်နိုင်ငံတင်မက တဖက်နိုင်ငံတွေနဲ့ လဲ ပတ်သက်ခဲ့ရတယ်၊ နေရာပေါင်းစုံရောက် လူပေါင်းစုံတွေ့ 
နောက်တစ်ခါ ကိုယ့်နိုင်ငံရဲ့ မြို့ ကြီးတွေမှာရော တောတွေမှာရောတွေ့ နေရတယ် လူတန်းစား အလွှာအသီးသီးမှာလဲ တွေ့ နေရတယ်
သံသယမို့ မရေးခဲ့တာ၊ ဒါပေမဲ့အပေါ်က ဖြစ်ရပ်မှန်ကားကိုကြည့်ပြီး ရေးချင်စိတ်ပေါက်လာတယ်
-
ဖြစ်ရပ်မှန်ကား
အမေရိကန် သတင်းထောက်တယောက်ကို လာရောက်ဆက်သွယ်တယ် ကိုကင်းကိစ္စတွေ၊ သူ့ ရည်းစား ကိုကင်းမှုဖြစ်တယ်၊ အဖမ်းခံရတယ် ဒါကို ကယ်ချင်တဲ့ မိန်းကလေးက လာဆက်သွယ်တာ
သူ့ ရည်းစားဟာ နီကာရာဂွာနိုင်ငံသား ကိုကင်းရောင်းလို့ အဖမ်းခံရတာ
ထူးဆန်းတာက ရောင်းတဲ့ကိုကင်းက အမေရိကန် အစိုးရရဲ့ ကိုကင်းဖြစ်နေတာပဲ
ဘာကြောင့်ဖြစ်ရသလဲ ကွင်းဆက်ကို လိုက်တယ်
ကြောက်စရာ နီကာရာဂွာနိုင်ငံမှာ အမေရိကန် စီအိုင်အေက စစ်တိုက်ချင်တယ်၊ ဒါပေမဲ့ အမေရိကန် လွှတ်တော်က ခွင့်မပြုဖူး၊ ဒိတော့ သူပုန်တွေကို ထောက်ပံ့တယ်၊ လက်နက်တွေ ပို့ တယ်
လိုတဲ့ငွေကို အမေရိကန်ကို ကိုကင်းတွေ သွင်းပြီးရှာတယ်၊စီအိုင်အေ လေယာဉ်မှုးတွေက မောင်းကြတယ်၊ ကြေးစားတွေပါလာတယ်၊ လက်နက်တွေ ၀ယ်ပြီး ပို့ ကြတယ်
သွင်းတဲ့ကိုကင်းတွေကို ဘယ်မှဖြန့် သလဲဆိုတော့ လူမဲ ရပ်ကွက်တွေထဲမှာ ICE ရောပြီး ဖြန့် ကြတယ်၊ အဖမ်းအဆီးမရှိ ဈေးပေါပေါ
လူမဲကလေးတွေ အကြီးအကျယ်ပျက်စီးကုန်တယ်
သတင်းထောက်ဟာ အဲဒါတွေမြင်ပြီး အမျိုးမျိုး သတိပေးခံရတာတွေကြားကနေ သတင်းကိုရေးတယ်
အထိတ်တလန့် တွေ ဖြစ်၊ နာမည်ကြီးသွားပေမဲ့သူ့ ကို အပုတ်ချဖို့ ကျိုးစားတယ် အလုပ်ချောင်ထိုးခံရတယ်
နောက်ဆုံးမှာ စီအိုင်အေဟာ ပြန်လည်စစ်ဆေးမှု လုပ်ရတယ်၊ ခေါင်းဆောင် ထွက်သွားရတယ် ၀န်ခံလိုက်ရတယ်
ကြောက်စရာ ကြောက်စရာ
သူတို့ နိုင်ငံရေး စစ်ပွဲကိုတိုက်ဖို့ အတွက် လူမဲရပ်ကွက်တွေထဲမှာ ဆေးကို အစိုးရနောက်ခံနဲ့ ပေါများစွာဖြန့် တာဟာ ကြောက်စရာ
သတင်းထောက်ဟာ အလုပ်မရတော့ပါ၊ ဆုတော့ရတယ်၊ နောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်လို့ ရေးပြထားတယ်
-
အခုလဲ ကျနော်တို့ မြို့ တွေ ဆေးတွေ အဖြူတွေ ပေါနေတာတော့အမှန်ပဲ
ဘယ်လူတန်းစားကို တိုက်ခိုက်နေတာလဲ
ထောက်လှမ်းရေး ကောင်းလှတဲ့ ကျနော်တို့ နိုင်ငံ စီအိုင်အေလိုပဲ ပါနေတာလား
ကရိုနီတချို့ ဒီကိစ္စတွေမှာ ပတ်သက်တာတော့ ဘိန်းတိုင်းတဲ့ ကွင်းတွေဆင်းတုံးကထဲက နားနဲ့ မဆန့် အောင် ကြားရတယ်
မောင်ကို မင်းလဲ အသတ်ခံရတော့မလား၊ ချောင်ထိုးခံရတာတော့ အမှန်
ဒါပေမဲ့ တကယ့် media ဆိုတာ ဒါကွဆိုတဲ့ အတွေးကို ဒီကားကြည့်ရင်ပေါ်လာလို့ ၊ သတ္တိမွေးပြီးရေးလိုက်တယ်
Kill the messenger
သူ့ လောက်တော့ မဟုတ်ပေမဲ့ ကျနော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ကြတာ

Monday, November 7, 2016

The spy who came in from the cold. ဟေမန္တ စစ်ဆင်ရေး

The spy who came in from the cold. ဟေမန္တ စစ်ဆင်ရေး

20 January 2013 at 13:34
The spy who came in from the cold.

ဒီဝတ္ထုကို အဖေ ဖတ်ပြီး ရှင်းပြနေတာကို မှတ်မိတယ်၊ ဘယ်သူနဲ့ ပြောနေတာလဲတော့ မမှတ်မိတော့ဘူး၊

ဘယ်အိမ်လဲဆိုတာတောင် မေ့သွားပါပြီ၊ ကျနော် စပိုင်စာအုပ်တွေ ဘတ်ခါစပဲလို့ ထင်တယ်၊ ဆယ်တန်းပတ်ဝန်းကျင်မှာ၊ ၁၉၇၀ပေါ့၊ နောက်ဆုံးအပိုင်းမှာ မင်းသားက မင်းသမီး သေနတ်မှန်သွားတာကို ပြန်ကြည့်ပြီး သူလွတ်နေတာကို တံတိုင်းတဖက်ကနေ ပြန်လာတယ်၊ နောက် သေနတ်သံတွေပေါ်လာတယ် ဒါလေးပဲ မှတ်မိလိုက်တယ်။ သူ့ စာအုပ်ကို ဖတ်ဘို့ လဲ မစဉ်းစားမိခဲ့ဘူး၊

အဲဒီအချိန်က စပိုင်ဆိုရင် ဇီးရိုးဇီးရိုး ဆဲဗဲန်းပဲ (အင်္ဂလိပ်လို ဒပ်ဗယ်လ်အို ဆဲဗဲန်းလို့ ခေါ်ရတယ်ဆိုတာ သိပေမဲ့လဲ မြန်မာပီပီ ဇီးရိုးဇီးရိး ဆဲဗဲန်းလို့ ပေါင်းရမှ အရသာရှိတယ်ဗျ)။ နိုင်ငံတော်နဲ့ ဘုရင်မအတွက်ဆိုပြီး မိန်းကလေး ချောချောလှလှလေးတွေနဲ့ လက်နက်ကိရိယာ အဆန်းတွေနဲ့ moral sense တွေ မေးခွန်းတွေမပါတဲ့ စပိုင်ဝတ္ထုတွေ၊

နောက် မြန်မာလိုဆိုရင်လဲ ဇော်ဇော်အောင်ရဲ့ စိုးအောင် မြတ်သစ်တို့ ပေါ့၊ ဆရာဇော်ဇော်အောင်ရဲ့ စိုးအောင် မြတ်သစ်ကို အဲဒီခေတ်က အက်စ်ဘီက ရဲတွေ တကယ်ရူးကြတာ၊ ကျနော်နဲ့ ခင်တယ်ဆိုတော့ ပျားဂေဟာမှာ တော်တော်မျက်နှာပွင့်တာကလား၊

ဆရာဇော်ကတော့ ဒီဝတ္ထုတွေအကြောင်းပြောရင် မျက်နှာရှုံ့ မဲ့နေတာပဲ၊ ဒါပေမဲ့ အဲဒီလိုမျိုး စာပေတွေ လိုပါတယ်၊ လိုပါတယ်။

ကျနော် ဒီဝတ္တုကို တော်တော်နဲ့ မဖတ်ဖြစ်ဘူး။ အဖေ့စာအုပ်တွေကလဲ အမေနဲ့ အဖေကွဲကြတော့ အဖေစာအုပ်တွေ အားလုံး အမေရောင်းစားပစ်တဲ့အထဲ ပါသွားတယ်ထင်တယ်။

ကျနော် ၁၉၈၅-၈၆ ရန်ကုန် မြို့ နယ်မှုးလုပ်နေတဲ့အချိန်မှာ ထူးထူးခြားခြား အင်္ဂလိပ်စာတွေ ပြန်ဖတ်မိတယ်၊ ကုန်ဈေးတန်းလမ်း (မောင်ထော်လေးလမ်း)ထဲက အင်္ဂလိပ်စာအုပ်ဆိုင်မှာ တပည့်ကျော်တွေက စရံငွေ သွင်းပေးကြတယ်၊ မြို့ နယ်မှုးက ကြီးကြပ်ရုံပဲဆိုတော့ စာဖတ်ချိန်အများကြီး၇တယ်၊ ဖတ်လို့ တောင် အကောခံရသေးတယ်၊ တိုင်းမှုးနဲ့ ခရီးထွက်နေတုံး ကျနော် Contact ကို မပြီးပြီးအောင် ဖတ်နေမိလို့ ၊

အဲဒီအချိန်မှာ ကျနော် အခု Bourne Ultimatum အစရှိတဲ့ စီးရီးတွေ ဖတ်ဖြစ်တယ်၊ အဲဒီမှာ အခုစာအုပ်ကို ပြန်ဖတ်မိတော့တာပါပဲ။
ဖတ်ရတာ စိတ်မောလိုက်တာဗျာ၊

ပြီးသွားတော့လဲ မွန်းကျပ်ပြီး ကျန်နေခဲ့တယ်၊ နောင် ဒီလိုပုံစံမျိုးရဲ့ အပုံတထောင်ပုံမှာ တပုံလောက်ရှိမဲ့ကိစ္စမျိုးကို တာဝန်ယူရတဲ့အခါမှာ အဲဒီ he is in the cold ဆိုတဲ့ undercover agent တွေရဲ့ ဘ၀တွေကို တကယ် စာနာမိတယ်။ နောက်တခါ အဲဒီလောကကြီး၊ ဖတ်ခါစက ကျနော် ၇န်ကုန် မြို့ နယ်မှုးဆိုတဲ့ တာဝန်လောက် လေးပဲ ရှိသေးတယ်၊ တခြား ဘ၀ထိုထိုတွေနဲ့ မလုံးပန်းရသေးဘူးလေ။ အပေါ်က အပေါ်ကဆိုတဲ့ နေရာတွေရဲ့  control ဆိုတဲ့လူကြီးတွေနဲ့ မဆက်ဆံရသေးဘူး၊

အခုတော့ ရုပ်ရှင်ကိုလဲ ကြည့်ခဲ့ရပါပြီ၊ စာအုပ်ကို စိတ်စွဲနေလို့ ရုပ်ရှင်ကိုတောင် မခံစားနိုင်ခဲ့ဘူး

ရေးချင်တဲ့စိတ်ကတော့ အခုတလောမှ ပေါ်လာတယ်၊ ကချင် စစ်ပွဲတွေ၊ လုံးဝ မထင်ထားတဲ့ ကရင် ငြိမ်းချမ်းရေး၊ ပြန်ပြီး အသစ်ပေါ်လာတဲ့ ရိုဟင်ဂျာ စသည်။အဲဒီကမှ လူမျိုးရေးကိစ္စရပ်များ

ဇာတ်လမ်းလေး ချပြောကြည့်လိုက်ရအောင်

ဝတ္တုက ၁၉၆၃မှာထွက်ပါတယ်၊ စာရေးဆရာ John le Carré

စတာက ဘာလင်တံတိုင်းကို ဖြတ်ပြီး မင်းသား လီးမားစ်က သူရဲ့ အေးဂျင့်တယောက်ကို ပြန်ပြီး ခေါ်ဘို့ ကြိုးစားနေတဲ့အခန်းကစတယ်၊ မအောင်မြင်ဘူး၊ အသတ်ခံသွားရတယ်၊

အရှေ့ ဘာလင်ရဲ့ စပိုင်ချူပ်တယောက်က ချေမှုံးရေးအဖွဲ့ ကို ခေါင်းဆောင်လာတာကို သူတွေ့ လိုက်ရတယ်၊ သူ့ ရန်သူတော် မန့် ဒ်ပေါ့၊

မန့်ဒ်လက်ချက်နဲ့ လီမားစ်ရဲ့ အေးဂျင့်တွေ တော်တော်ဆုံးရှုံးခဲ့ရပြီ။ အမှန်ပြောရရင် ကုန်သွားပြီ၊ အဲဒါနဲ့ ပဲ လီမားစ်ကို ကွန်ထရိုက လန်ဒန်ကို ပြန်ခေါ်ခဲ့တယ်၊ နောက် လီမားစ်ကို စည်းရုံးတယ်၊ မန့် ဒ်ကို လက်စားချေဘို့ သူတို့ အခေါ် "In the cold"

ကျနော်နာမည်ပေးလိုက်ချင်တာကတော့ ဟေမန္တ

စစ်ဆင်ရေးတခု နောက်ဆုံးလုပ်ချင်စိတ်ရှိသလားလို့ မေးပါတော့တယ်၊ ဟေမန္တစစ်ဆင်ရေးဆိုတာ သူလျိုတယောက်အနေနဲ့ မိမိရဲ့ အမှန် အိုင်ဒင်နတီကို ဖျောက်ပြီးနေရမှာပါ၊ ကိုယ်စိတ်ဆင်းရဲချင်းစသည် များစွာ အနစ်နာခံပြီး လုပ်ရမှာမို့ သူတို့ ဆီရဲ့ အဆိုးဆုံး ဆောင်းရာသီနဲ့ နှိုင်းပြီး into the cold လို့ သုံးထားတာ၊ (မြန်မာပြည်မှာဆိုရင်တော့ နွေလည်ခေါင် စစ်ဆင်ရေးပေါ့ ကိုထွန်းအောင်ဇော်တို့ ၊ ကျနော့်စာဖတ်ပြီး ပြန်ရိုက်ချင်ရင် မှားမှာစိုးလို့ )

အဓိကရည်ရွယ်ချက်ကတော့ ရန်သူတော်မန်းဒ်ကို အင်္ဂလိပ် နှစ်ဖက်ချွန်သူလျိုတယောက်အနေနဲ့ (မန်းဒ်ရဲ့ ဒုတိယ လက်ထောက် ဖီဒလာက အဲဒီလိုကို ယုံကြည်နေတာ) အရှေ့ ဂျာမဏီက အရေးယူအောင် တန်ပြန် ထောက်လှန်းရေးလုပ်ဘို့ ပဲ။

လီမားစ်က သဘောတူတဲ့အခါမှာ အရင်က ဒီ အင်္ဂလိပ်ထောက်လှမ်းရေးအဖွဲ့ ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုံ့ ချပြီး ထွက်သွားတဲ့ စမိုင်လီဆိုတဲ့ အေးဂျင့်တွေက လီမားစ်ကို ဘယ်လို လုပ်ကြမယ်ဆိုတာကို လမ်းညွှန်ကြလေရဲ့ ။

အတိုပြောရရင်

လီမားစ်ကို ပင်စင်ပေးလိုက်လေရဲ့ ၊ စာကြည့်တိုက်ဟောင်းတခုမှာ အလုပ်ပြန်ရပေမဲ့ အလုပ်ထုတ်ခံရတယ်၊ ဂျူးလူမျိုး အမျိုးသမီးငယ်လေး လစ်ဇ်နဲ့ ချစ်ကြိုက်မိကြတယ်၊ လစ်ဇ်က ဗြိတိသျှ ကွန်မြူနစ်ပါတီ အဲဒီ ဆဲလ်ရဲ့ အတွင်းရေးမှုးပဲ၊ နောက်ဆုံး သူတို့ အကြံအစည်ကို မလုပ်ခင်မှာ လီမားစ်က လစ်ဇ်ကို ဒီကိစ္စထဲ မတဲ့ဘို့ ကွန်ထရိုကို ဂတိတောင်းတယ်၊ သဘောတူတယ်၊ လစ်ဇ်ကိုလဲ ဘယ်အကြောင်းကြောင်းနဲ့ မှ သူ့ ကို ဘယ်လို သတင်းတွေ ကြားကြာ်း မရှာဘို့ ကတိတောင်းတယ်။ နောက် စီစဉ်ထားတဲ့အတိုင်းပဲ ဈေးသည်တယောက်ကို ရိုက်နှက်ပြီး လီမားစ် အချူပ်ခန်းထဲ ၀င်သွားတော့တယ်။

အဲဒီကနေ ပြန်ထွက်လာတဲ့အခါမှာ အရှေ့ ဂျာမန်အေးဂျင့်တွေက လီမားစ်ကို လာဆက်သွယ်တော့တယ်၊ ဒီလောက် ခံစားနေရပြီ စုတ်ပြတ်နေပြီဆိုရင် သစ္စာဖေါက်အနေနဲ့ စည်းရုံးလို့ ရပြီးပေါ့။ အဲဒီလို အစည်းရုံးခဲနေတဲ့အချိန် သူ့ ကို မေးမြန်းနေတဲ့အချိန်တွေ လီမားစ်က မသိသသာနဲ့ အရှေ့ ဘာလင်မှာ အနောက်ဘက်ကနေ ငွေပေးနေရတဲ့ ထိပ်တန်း နှစ်ဖက်ချွန် သူလျှိုတယောက်ရှိသယောင် သတင်းခွန့် တယ်။

သူမသိတာကတော့ အဲဒီအချိန်မှာ သူ ယုံကြည်တဲ့ စမိုင်လီတို့ က ကလေးမလေး လစ်ဇ်ကို လီမားစ်ရဲ့ မိတ်ဆွေတွေပါလို့ ဆက်သွယ်ပြီး ငွေရေးကြေးရေး အကူအညီတွေက အစ ပေးနေတာပဲ။

အရှေ့ ဂျာမဏီမှာ လီမားစ်နဲ့ ဖီဒလာ (မန်းဒ်ကိုမယုံတဲ့ သူ့ လက်ထောက်) တို့ တွေ့ ကြပြီ။ အဲဒီမှာ တယောက်ကိုတယောက် သုံးသပ်နေကြတာ၊ လီမားစ်က ဖီဒလာကို ကွန်မြူနစ်စံနစ်ကို ယုံကြည်တဲ့ မိမိလုပ်ဆောင်ချက်တွေရဲ့ လမ်းမှန်ကန်မှု morality ကို ယုံကြည်တဲ့ လူတယောက်၊ ဖီဒလာကြတော့လဲ လီမားစ်က ငွေနောက်လိုက်တဲ့ ကြေးစားသမား၊ ဂျူးဆန့် ကျင်ရေးသမား၊ ကွန်မြူနစ်တွေကို အာဏာကိုင်ထားလို့ သာ လက်ခံထားတာ၊ လီမားစ်က ဖီဒလာကို အကူအညီပေးပြီး မန်းဒ်ကို ရှင်းမှာ လုပ်သင့်တဲ့အလုပ်လို့ ထင်ထားလေရဲ့ ။

အဲဒီအချိန်မှာပဲ လင့်ဇ်ကို အရှေ့ဂျာမဏီ ကွန်မြူနစ်ပါတီက အပြန်အလှန် ခရီးစဉ်တွေနဲ့ ဖိတ်ကြားပြီး ရောက်လာပါလေရဲ့ ။

မကြာခင်မှာပဲ မန်းဒ်က ဖီဒလာနဲ့ လီမားစ်ကို ဖမ်းပြီး စစ်ဘို့ အမိန့် ပေးပါလေရော့။ ဖီဒလာကလဲ မန်းဒ်ကို ဖမ်းဘို့ ခေါင်းဆောင်တွေကို တင်ထားတာမို့ လို့ ခေါင်းဆောင်တွေက ပြန်လွှတ်ပြီး ခုံရုံးတခုမှာ ရင်ဆိုင်ကြပါလေရော။

ဇာတ်တွေ ကိုယ့်ဇာတ်နဲ့ ကိုယ်တိုက်ထားကြတဲ့အတိုင်း လီမားစ်က မန်ုဒ်ရဲ့ လှုပ်ရှားမှုတွေနဲ့ တထပ်တည်းကျနေအောင် ဖီဒလာ သက်သေပြနိုင်မဲ့ ဘဏ်စာရင်း လွှဲပြောင်းမှုတွေကို အစစ်ခံလေရဲ့ ၊ ဖီဒလာကလဲ လီမားစ်ရဲ့ အရှင်းခံလိုက်ရတဲ့ အေးဂျင့်တွေဆီကနေ လီမားစ်ရတဲ့သတင်းတွေဟာ မန်းဒ်တယောက်သာ ကိုင်တွယ်သိရှိတာတွေ ဖြစ်ကြောင်း မန်းဒ်ဟာ အင်္ဂလန်မှာတုံးက အဖမ်းခံရပြီး နှစ်ဖက်ချွန်သူလျိုလုပ်ပေးမှ လွှတ်ပေးမယ်ဆိုတဲ့ နားလည်မှုနဲ့ ပြန်ထွက်လာတဲ့လူ ဖြစ်ကြောင်း စွတ်စွဲပါလေရဲ့ ။


မန်းဒ်ရဲ့ ရှေ့ နေက မထင်မှတ်စရာ သက်သေကို ဆွဲထုတ်လာတယ်၊ လစ်ဇ်ကိုပါပဲ

မိန်းကလေးက လိမားစ်ကို ဆန့် ကျင်ပြီး သက်သေမထွက်ချင်ပေမဲ့၊ စမိုင်လီက သူ့ အခန်းခတွေ ပေးတာတွေ၊ လီမားစ်ကို ပျောက်သွားခဲ့ရင် လိုက်မရှာဘို့ ကတိပေးခဲ့၇တာတွေ သက်သေထွက်ခဲ့တယ်။ ဈေးသည်ကို ရိုက်နှက်ပြီး အချူပ်ထဲမ၀င်ခင်ညက သူမကို နှုတ်ဆက်သွားတယ်ဆိုတာကိုလဲ ၀န်ခံခဲ့တယ်။

အဲဒီမှာ သူတို့ စစ်ဆင်ရေး ပေါက်ကြားသွားပြီဆိုပြီးတော့ လီမားစ်က လစ်ဇ်ကို လွှတ်ပေးမယ်ဆိုရင် သူ ၀န်ခံပါတော့မယ်ဆိုပြီး မန်းဒ်ကို နှစ်ဖက်ချွန်သူလျိုအဖြစ် ထောင်ဖမ်းတဲ့ စစ်ဆင်ရေးကို ၀န်ခံလိုက်တယ်၊ဒါပေမဲ့ ဖီဒလာ
ဒီအထဲမှာမပါဘူးလို့ ပြောရှာပါသေးတယ်။

ပြန်လည်မေးမြန်းတဲ့အခါမှာ ဖီဒလာက မန်းဒ်ကိုမေးတယ်၊ လစ်ဇ်ရဲ့ အခန်းခတွေကို ဘယ်သူတွေ ပေးတယ်ဆိုတာကို ဘယ်လိုသိသလဲလို့ မေးတယ်၊ အဲဒီမှာ (လီမားစ်က စက္ကန့် ဆိုင်းပြီးမှ)ဖြေတယ်၊ အဲဒိနောက်တော့ ခုံရုံးက စစ်ဆေးခြင်းကို ရပ်လိုက်တော့တယ်။

အဲဒီအခါမှပဲ လိမားစ်တယောက် ကွန်ထရိုက သူ့ ကို လုပ်ခိုင်းတဲ့ ဟေမန္တစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကို သဘောပေါက်လေတော့တယ်။

လစ်ဇ်ကို အကျဉ်းစခန်းကို ပို့ ပေမဲ့ မန်းဒ်က လီမားစ်နဲ့ အတူတူ ခိုးထုတ်လာပြီး ဘာလင်ကို မောင်းလာကြတယ်၊ လီမားစ်ကို ပေးလိုက်တဲ့ သက်သေခံ ချက်လက်မှတ်တွေကအစ အစစ်တွေပဲလေ၊ စမိုင်လီကို သတင်းပို့ နေတဲ့ အေးဂျင့်က မန်းဒ်ပဲ၊ စစ်ဆင်ရေးကို မန်းဒ်ကို ဖေါ်ထုတ်တော့မဲ့ ဖီဒလာကို အပျောက်ရှင်းဘို့ လုပ်ခဲ့တာပဲ.၊ လစ်ဇ်နဲ့ လီမားစ် ကြိုက်သွားကြတော့ လုပ်ရကိုင်ရ ပိုလွယ်သွားကြတာပေါ့လေ။

ဘာလင်တံတိုင်းဆီကိုရောက်ပြီ။

လီမားစ်က အရင်ကျော်တက်သွားတယ်၊ နောက် လစ်ဇ် လီမားစ်လက်ကို ဆွဲတက်နေတုံးမှာပဲ ဘာလင်ဘက်က မီးမောင်းတွေ လင်းလာပြီး သေနတ်နဲ့ လစ်ဇ်ကို ပစ်ချလိုက်ကြတယ်၊ လက်ချောင်းတွေ ပြေကျသွားနေတုံး အနောက်ဘက်က စမိုင်လီတို့ အသံတွေ ထွက်လာတယ် အဲလက် (လီမားစ်ရဲ့ နာမည်အတို ) ဒီဘက်ကိုခုန်ချတော့လေပေါ့၊ လစ်ဇ်ဆုံးသွားတာကို မြင်တဲ့ လီမားစ်က အနောက်ဘက်ကို မခုံချပဲ တံတိုင်း တဖက်ကို ပြန်ခုံဆင်းလိုက်တော့တယ်၊ နယ်ခြားစောင့်တွေက သူ့ ကို အသေ ပစ်သတ်လိုက်ကြတော့တယ်။

စစ်အေးတိုက်ပွဲ (၁၉၄၅-၉၁) ကြားမှာ ဒီဝတ္တုဟာ အတော့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။
အဲဒီစာအုပ်နဲ့ ရုပ်ရှင်မထွက်ခင်အထိ အနောက်နိုင်ငံလူတွေက သူတို့ လျှို့ ဝှက် ထောက်လှမ်းရေး အဖွဲ့ တွေဟာ ဒီမိုကရေစီကို စောင့်လျှောက်သူ၊ ဒီမိုကရေစီ လမ်းစဉ်နဲ့ အခွင့်အရေးတွေကို လေးစားသူတွေလို့ ယုံမှားနေကြလေရဲ့ ။ အထူးသဖြင့် ဂျိမ်းစ်ဘွန်း ၀တ္တုတွေရဲ့ တန်ခိုးပေါ့ဗျာ။

အခုစာရေးဆရာကတော့ စပိုင်ဆိုတာ စိတ်ဓါတ်ရေးရာအနေအရ လုံးဝကို ပျက်စီးနေတဲ့ burnt-out case အနေနဲ့ အဖြစ်မှန်ကို သရုပ်ဖေါ်လိုက်တာပါပဲ။

အချစ်ဆိုတာဟာ ဒီလောကမှာ ပတ်သက်တဲ့လူတွေအားလုံးကို ဒုက္ခပေးတဲ့ အရာတခုဖြစ်သွားလေရဲ့ ။

ဝါဒရေးရာတွေ၊ ဘာလင်တံတိုင်းကို ပြန်အသွားမှာ လီမားစ်က ပြောတာ

ဒီကစားပွဲမှာ ဥပဒေတခုပဲရှိတယ်၊ မန်းဒ်က သူတို့ လူလေ၊ သူတို့ လိုတာကို ထုတ်ပေးနိုင်တယ်၊ အဲဒိလောက်ကိုရှင်းပါတယ်၊ နားလည်ရလွယ်ပါတယ်။ စပိုင်ဆိုတာ ဘုန်းကြီးတွေ သူတော်စင်တွေ၊ အာဇာနည်တွေလို့ နင်ထင်နေသလား၊ မဟုတ်ဘူး၊ စပိုင်ဆိုတာ၊ သောက်ရူးတွေ လူပိန်းတွေ၊ သစ္စာဖေါက်တွေ၊ အခြောက်တွေ၊ အကြမ်းဖက်တာကြိုက်တဲ့လူတွေ အရက်သမားတွေ၊ ပုလိပ်သူခိုးကစားပြီး ကိုယ့်ကိုယ်ကို သောက်သုံးမကျတဲ့ဘ၀တွေကို အဟုတ်ထင်အောင် နေနေကြတဲ့လူတွေ။ လန်ဒန်မှာထိုင်နေကြတဲ့ လူတွေကရော သူတော်ကောင်းတွေလို ထင်သလား၊ အမှန်နဲ့ အမှားကို ချိန်ခွင်လျှာညီအောင် ညှိပေးနေကြတယ်ထင်လား၊ ငါ မန်းဒ်ကို ကိုယ်တိုင်သတ်ပစ်ချင်တယ်၊ သူ့ စိတ်ဓါတ်တွေကို ရွံတယ်၊ သတ်လို့ ကတော့ မဖြစ်ဘူး။့  သူ့ ကို လန်ဒန်ကလူတွေကလိုတယ်၊ သူ့ လိုလူကလုပ်ပေးနေလို့ ဘာမှ မသိတဲ့ကလေးစိတ်သာသာရှိတဲ့ လူထုကြီး ကောင်းကောင်းအိပ်နိုင်တယ်၊ ငါတို့ မင်းတို့ လို ဘာမဟုတ်တဲ့လူတွေအတွက် လိုတယ်´´

အမှန်တော့ အားလုံးပြီးရင် လစ်ဇ်ကို ဒီလိုပဲ သတ်ပစ်ဘို့ ဆင်ပြိးသားပေါ့နော။

အဲဒီနောက်ပိုင်းမှာ ကျနော့်ဘ၀တွေ တော်တော် ပြောင်းလဲခဲ့တယ်။

ကိုယ်ပျောက်ကိုယ်၇ံတော်တွေ မြင်ခဲ့ရတယ်။

ရာထူးမတက်၊ ဘာမတက်၊ ယုံကြည်ရာကို များစွာ သည်းညဉ်းခံပြီး မန်းဒ်လို လူမျိုးတွေကို ပံ့ပိုးနေကြရတယ်၊

သည်းညဉ်းခံနေကြရတယ်။

ဖြစ်ရပ်တွေ ဖြစ်ရပ်တွေ၊ အလံကိုင် ခေါင်းဆောင်တွေကို နောက်ပိုင်းမှာ စမိုင်းလီလို အကြံအဖန်တွေပါလား၊

မုန်းချင်ရောင်ဆောင်တဲ့လူတွေပါလား။

တကဲ့ကို ဆောင်းပါပဲ၊ အသဲခိုက်အောင် အေးလှတဲ့ အဲဒီလိုလူတွေရဲ့ ဘ၀၊ နောက် ကွန်ထရိုလို ရက်စက်လှတဲ့ လူကြီးတွေ ခေါင်းဆောင်တွေ။

ဆက်ပြီးမရေးချင်တော့ဘူး၊ ၀တ္တုဖတ်ကြ၊ ရုပ်ရှင်ကြည့်ကြပါလို့ ပဲ ပြောချင်တော့တယ်။

အခု အခြေအနေထဲမှာလဲ အွန်လိုင်းပေါ်က ခလေးတွေကို ပြသနာတွေ ခြားထဲမှာ လစ်ဇ်တယောက်လို မလယ်မ၀ယ်နဲ့ ဒုက္ခမရောက်ကြပါစေနဲ့ လို့ 

ကချင်မြောက်ပိုင်းနယ်မြေမှာ ကျောင်းသား/သူလေးတွေ ကျဆုံးကြတုံးကလဲ ဒိစာအုပ်ကို ပြန်သတိရပါလေရဲ့ ။
အခု Facebook မှာ သမဂ္ဂဖွဲ့ ချင်တဲ့ ကလေးတွေ အသံတွေ ကြားလာတော့လဲ ရင်ပူမိတယ်၊ အဲဒီမှာ ဒီစာရေးချင်စိတ် အရမ်းပေါက်လာတာပါပဲ
ကျန်းမာချမ်းသာကြပါစေ (မောင်ဟန့် လေသံ)

Wednesday, November 2, 2016

လမ်းမှန် Issac Asimov, In a goodcause

လမ်းမှန်

24 April 2013 at 21:05
Issac Asimov, In a goodcause

သူ့ ၀တ္တုတွေထဲမှာအကြိုက်ဆုံး ၀တ္တုတိုပေါ့ In a good cause တဲ့

အတိုပဲ ချုပ်ရေးပြပါ့မယ်

 စကြာဝဠာ အစိုးရအဖွဲ့ရုံးချူပ်ကြီးရှေ့က ရင်ပြင်အလယ်မှာရုပ်တုတစ်ခုရှိပါတယ်၊ အဲဒီရုပ်ထုဟာ စကြာဝဠာ ခြိမ်းချမ်းရေးကို စတင်အကောင်အထည်ဖေါ်ပြီးခြိမ်းချမ်းရေး အစိုးရ အဖွဲ့ဖွဲ့နိုင်ခဲ့တဲ့ ဒေါက်တာ --- ရဲ့ ရုပ်ထုပါပဲ။ ရုပ်ထုဟာတစုံတစခုကိုလေးနက်စွာ စဉ်းစားနေဟန်ရှိပြီး ရုပ်ထုအောက် ပလ္လင်မှာ စာတန်း လေးခုရှိပါတယ်၊ ၃ခုကတော့ရက်စွဲများဖြစ်ကြပြီး ကျန်တစ်ခုကတော့ အောက်ပါစာတမ်းကလေးပါ။

 In a good cause, there are no failures

ရက်စွဲ ၃ခုတွေဟာသုငြိမ်းချမ်းရေးအတွက် ထောင်ထဲ ၀င်ရတဲ့နေ့များဖြစ်ပါတယ်

ပထမဆုံးရက်စွဲ

ငြိမ်းချမ်းရေးသမားလူငယ်ဟာ သူ့သူငယ်ချင်းတစ်ဦးနဲ့ ဆွေးနွေးနေတဲ့ အခန်းပါပဲ၊ စကြာဝဠာကြီးမှာ မျိုးနွယ်စုတွေ၂စု သီးခြားတည်ရှိနေပါတယ်၊ ကာဘွန်ကို မှီခိုရတဲ့ လူသားမျိုးနွယ်များနဲ့ ဆာလဖါကို မှီခိုရတဲ့ဂြိုလ်သားမျိုးနွယ်များပါ။ ဂြိုလ်သားကမ္ဘာများဟာ တခုနဲ့တခု စည်းလုံးစွာနေကြပေမဲ့ လူသားမျိုးနွယ်ကမ္ဘာများကတော့ထုံးစံအတိုင်း စစ်ပွဲတွေ တခြိမ်းခြိမ်းတိုက်ကြလို့နေပါတယ်၊ အခုလဲ သူငယ်ချင်း၂ယောက်အတူရှိကြတဲ့ကမ္ဘာမှာ လူသားအခြင်းခြင်း စစ်ခင်းကြဘို့ စစ်မှုထမ်းဘို့ ဆင့်ခေါ်တဲ့ အချိန်ပါပဲ၊

ငြိမ်းချမ်းရေးသမားဟာလူလူခြင်းတိုက်ဘို့တဲ့ ဂြိုလ်သားများ အန္တရယ် ဘယ်လောက်အရေးကြီးကြောင်းပြောပြီး လူလူခြင်းတိုက်မဲ့အစားထောင်ကျခံမယ်ဆိုပြီး ထောင်ထဲ ၀င်သွားပါတယ်၊သှူုသူငယ်ချင်းကတော့ ဒါတွေ ငါနားမလည်ဘူး၊ငါ့ခေါင်းဆောင်တွေ ခိုင်းတာပဲ လုပ်မှာပဲဆိုပြီး စစ်ထဲ ၀င်သွားပါတယ်၊ နောက် စစ်ပြီးတဲ့အချိန်မှာတခြား ဂြိုလ်သားတွေရဲ့ ကမ္ဘာကိုလဲ သံတမန်အနေနဲ့ ရောက်သွားလို့ နိုင်ငံရေးနဲ့ စစ်ရေးဘ၀ကိုစခဲ့ပါတော့တယ်။

ဒုတိယရက်စွဲ

ငြိမ်းချမ်းရေးသမားဟာပြန်လွတ်နေပါပြီ၊ သူတို့အဖွဲ့ဟာ မြေကမ္ဘာကို လာလယ်မဲ့ ဂြိုလ်သား သံတမန်ကို လုပ်ကြံဘို့ကျိုးစားကြပါတယ်၊စစ်ထဲဝင်တဲ့ သူငယ်ချင်းဟာ ထောက်လှမ်းရေး ခေါင်းဆောင်ဖြစ်ပြီး ငြိမ်းချမ်းရေးသမား အဖွဲ့ရဲ့အကြံကို ဖျက်လိုက်နိုင်ပါတယ်၊ ဒီဂြိုလ်သားတွေရဲ့ အကြောင်းကို သူတို့ မသိမဟုတ် သိကြောင်းစတဲ့ရိပ်အမြွက် စကားတွေ စပြောပါတယ်၊ဒီတခါ အငြင်းအခုန်တွေကြားမှာ ငြိမ်းချမ်းရေးသမားကတော့အောက်က စကားလေးပြောပြီး ထောင်ကျခံသွားရပြန်ပါတယ်။

In a good cause there are no failures, but only delayed success.

သူငယ်ချင်းကမကြာမှီ လူသားကမ္ဘာတွေရဲ့ ခေါင်းဆောင်ဖြစ်သွားတယ်

တတိယရက်စွဲ

အခြေအနေ အတော်ဆိုးနေပါပြီ၊ငြိမ်းချမ်းရေးသမားတို့ အဖွဲ့ဟာ လူသားတွေနဲ့ ဂြိုလ်သားတွေ ချစ်ကြည်ရေးစာချုပ် ချုပ်ဘို့လုပ်ဆောင်နေတာကိုဖျက်ဘို့ကျိုးစားနေပါတယ်

လူသူ အရောက်အပေါက်နဲသေးတဲ့ကာဘွန်ကမ္ဘာများကို ဆာလဖာ ကမ္ဘာများဖြစ်အောင်ပြောင်းနေကြပါပြီ၊ ငြိမ်းချမ်းရေးသမားတို့အဖွဲ့ဟာအဲဒီကိစ္စတွကို သက်သေအထောက်အထားခိုင်လုံစွာနဲ့ရရှိလို့ မီဒီယာနက်ဝပ်များကနေ တင်ပြမယ်၊စာချူပ်တွေ ပျက်အောင်လုပ်မယ် စီစဉ်ကြပါတယ်၊

လူသားမိသားစုတွေလဲ တော်တော်လုပ်ကြံခံရတာကိုး

ထုံးစံအတိုင်းပဲသူ့သူငယ်ချင်းက ဒီအစီအစဉ်တွေအားလုံးကို ဟန့်တားနိုင်ခဲ့ပါတယ်၊ သူငယ်ချင်း၂ယောက် စကားပြောဖြစ်ကြတယ်၊

အသီးသီး ပြန့်ကျဲနေတဲ့ လူသားကမ္ဘာတွေ အမြဲတမ်း အချင်းချင်း တိုက်ခိုက်နေကြတဲ့ အခြေအနေတွေ၊ဂြိုလ်သားတွေဟာ အချင်းချင်းတိုက်တာ လုံးဝမရှိတာတွေ၊ လူသား တပ်မတော်တွေနဲ့ မယှဉ်နိုင်လောက်အောင်ကြီးမားတဲ့ စစ်တပ်၊အများကြီးပေါ့၊


စာရေးဆရာဟာဒီအချိန်မှာ သက်တူရွယ်တူ သူငယ်ချင်း၂ယောက်ကို ယှဉ်ရေးပြထားပါတယ်၊ ထောင်တဲနေရတဲ့ သူဟာအပူအပင်မရှိ အေးချမ်းနုပျိုပြီး အပြင်ကသူငယ်ချင်းကတော့ စိုးရိမ်ပူပန်စိတ်တွေနဲ့ ရင့်ရော်နေပါတယ်၊ပြီးတော့ ထုံးစံအတိုင်း ထောင်ထဲ ၀င်သွားရတာပေါ့

ဒီတခေါက်မှာရင်နာဘို့ ကောင်းတာက သူခိုးပြီး ဖွင့်ချဘို့ ကျိုးစားတဲ့ သက်သေတွေဟာ အတုတွေပါပဲ၊ သူငယ်ချင်းကထောင်ဖမ်းပြီး ဂြိုလ်သားတွေနဲ့ မဟာမိတ်လုပ်ဘို့ ကျိုးစားတဲ့လှည့်ကွက်မှာ အငိုက်မိသွားတာပါပဲ၊

သူငယ်ချင်းရဲ့ ဗျူဟာက ကမ္ဘာမြေက ဂြိုလ်သားတွေနဲ့ ပေါင်းလိုက်တဲ့အခါ၊ ကျန်တဲ့ လူသားကမ္ဘာတွေဟာကမ္ဘာမြေနဲ့ ဂြိုလ်သားတွေကို ဆန့် ကျင်ပြီး လူတွေရဲ့ သဘာဝအရ စည်းလုံးသွားကြမယ်ပေါ့တဲ့

နောက်ဆုံးအခန်း

သူငယ်ချင်းကခြိမ်းချမ်းရေးသမားကို ထောင်ထဲမှာ လာတွေ့ပါတယ်

တနေ့က လူသားတွေနဲ့ဂြိုလ်သားတွေ စစ်ဖြစ်ကြပြီ

ငါတို့ အပြတ်ရှုံးနေပြီမဟုတ်လား၊ဘာလို့ ငါ့လာတွေ့တာလဲ

သူငယ်ချင်းကမချိပြုံးပြုံးပါတယ်

မင်းထွက်ရမယ့်အချိန်ရောက်ပြီလေ၊

ငါတို့နိုင်ပါတယ်၊

ဟုတ်ပါတယ်လူသားတွေက အပြတ်အသတ်နိုင်ပါတယ်၊ ရာစုနှစ်များစွာ စစ်မတိုက်ရပဲ စစ်ရည်ပြတ်နေတဲ့ ဂြိုလ်သားတပ်မများဟာအရည်အတွက် နည်းပေမဲ့ အမြဲတိုက်ခိုက်နေရလို့ စစ်ဗျူဟာ၊ လက်နက်ကအစ အရည်အချင်း ပြည့်ဝနေတဲ့လူသားတပ်များကို (အရေးကြီး သွေးနီးဆိုသလို မျိုးနွယ်စု အရေးကြတော့ ပြန်လည် စုစည်းလာကြပါတယ်)အပြတ်အသတ် ရှုံးနိမ့်သွားပါတယ်

ဟုတ်လား နိုင်တယ်ဆိုရင်ငါကဘာလို့လိုရမှာလဲ

လိုတာပေါ့သူငယ်ချင်း၊ ဒီကောင်တွေကို နိုင်အောင် အပြတ်တိုက်ဘို့သာ ငါတို့ ဥပါယ်တမည်နဲ့ စစ်ပွဲတွေနဲ့နေခဲ့ကြပေမဲ့ အခုတော့ အခြင်းခြင်းကွဲလို့ မဖြစ်တော့ဘူး၊ ရထားတဲ့ စုစည်းမှုလေးကို လုံးဝပျက်မသွားအောင်ထိမ်းရတော့မယ်၊ဒီအလုပ်ကို ငါလို စစ်သားထက် နာမည်ရပြီးသား မင်းလို ငြိမ်းချမ်းရေးသမားကမှ လုပ်နိုင်မှာ

ငြိမ်းချမ်းရေးသမားဟာအဲဒီမှာ အတော်လေး ပြန်တွေးနေမိပါတယ်။

သူ့သူငယ်ချင်းကဆက်ပြီး မင်းပြောနေကြစကားအတိုင်းပေါ့ကွာ

In a good cause, there are no failures.

အခုမင်းအောင်မြင်ရမယ့်အချိန်ရောက်ပါပြီ

အခုကြည့်ရတာတော့မင့်းလမ်းကြောင်းကမှ အမှန်ထင်တယ်

မဟုတ်ဘူး၊မင်းလူတွေကို ခုထိ နားမလည်သေးဘူး၊ လူတွေ နောက်ပိုင်း ငြိမ်းချမ်းသာယာသွားကြတဲ့အခါ ငါ့နည်းလမ်းတွေနဲ့ ငါ့ကို မေ့သွားကြမှာပါ

နောက်ရာစုနှစ်တွေကြရင်တော့စကြာဝဠာကြီးကို စုစည်း ပေးခဲ့တဲ့ မင်းကို အားလုံးက အမှတ်ရနေကြမှာပါ၊ ငါလိုကောင်ကိုတော့ဘယ်သူမှ သိကြမှာမဟုတ်ပါဘူး၊ အဲ ရုပ်ထုတွေထုရင်လဲ မင်းရုပ်ထုကြီးပဲ ရှိနေမှာပါ


ကဲ ကဲ ကျနော့်ကို ဆိတ်ဟိုဟာလို့ ပြောကြတော့မယ်ထင်ပါ့

ကျူးယွမ်ကျွမ်းရဲ့  နောက်ဆုံးအခန်း

ကျူးယွမ်ကျွမ်းရဲ့  နောက်ဆုံးအခန်း

12 March 2012 at 09:26
ပြသနာအားလုံး ရှင်းပြီးပြီ၊ သားတော်လဲ နှလုံးရောဂါနဲ့ သေပြီ မြင်းရည်တက်တွေလဲ ၃ယောက်လောက်ပဲ လွတ်တယ် အားလုံး အဂတိလိုက်စားမှုတွေနဲ့ သေကုန်ပြီ၊ တချို့ ဆို ဆွေစဉ်မျိုးဆက် ၉ဆက် အသတ်ခံရမှာစိုးလို့ ကိုယ့်ကိုယ်ကို သတ်သေကြတယ်။
သူလဲ မျက်စိကန်းနေပြီ၊ သူသတ်ပစ်တဲ့ နန်းရင်းဝန်ရဲ့ ခြူံပုတ်ထဲထည့် ဖွက်ထားတဲ့ မြေးလေးကို သူကယ်ပြီး ကောင်မလေးကို လက်ဆွဲပြီးသွားနေတယ်
သူ့ ပန်းချီပုံကို ဆွဲခိုင်းတယ် ပန်းချီကျော်က တကယ့် Benign ပုံစံနဲ့ ဆွဲတော့ ခလေးက မတူဘူးပြောတယ်၊ အပြင်က ဖိုးဖိုးက ဒီထက် အများကြီး ခက်ထန်တယ် ဒီမှာက အများကြီးကောင်းနေတယ်တဲ့။
ပန်းချီကျော်ကို သူ့ ထုံးစံအတိုင်း အမှန်အတိုင်းမဆွဲရင် ဆွေစဉ်မျိုးဆက် ကိုးဆက်သတ်မယ် ချိမ်းခြောက်ပြီး ပြန်ဆွဲခိုင်းတယ်
ပြန်ဆွဲလာတဲ့ပုံကိုလဲ ခလေးက မတူပြန်ဘူးတဲ့ ပန်းချီကျော် ပျာသွားလေရဲ့ 
မြေးလေး ဘာကြောင့် မတူတာလဲလို့ မေးတယ်
ဒီဖက်ပုံမှာ ဘိုးဘိုးက သိပ်ကောင်းနေပြီး ဒီမှာကြတော့ သိပ်ခက်ထန်လွန်းနေတယ်တဲ့
မင်းကြီးက ပြုံးတယ် မြေးလေး ဒီနှစ်ပုံလုံးက ဘိုးဘိုးပဲတဲ့

သေတာ့မယ် နှင်းတွေကျနေတဲ့ ညနေ၊ အပြင်ထွက်ပြီး နေပူစာလှုံနေတယ်၊ နေကကျနေဆိုတော့ အရိပ်ကျတာ သိတ်မြန်နေတယ် ဘယ်မှာလဲ နေဆိုရင် ထိုင်ခုံကြီးကို ရွှေ့ လိုက်၊ ၃ခါလောက်ရွှေ့ ပြီးတော့ ရွှေ့ မရတော့ဘူး၊ အရှင်မင်းကြီး နေ၀င်ပါတော့မယ်တဲ့

အဲဒီနေကို အခု ရပ်ခိုင်းထားလိုက်စမ်းတဲ့၊
အဆင့်ဆင့် အောက်ကနေနန်းတော်ခေါင်မိုးအထိ နေမင်းကြီးကို အမိန့် ပေးကြတယ် နေမင်းကြီးကတော့ ပုံမှန်ပဲ ၀င်သွားတာပေါ့၊
ဒါပေမဲ့ ကိုယ်ရံတော်ချူပ်ကြီး ပြန်ဖြေတာက သိတ် ပညာသားပါတယ်
မင်းကြီးဘုန်းတော်ကြောင့် နေမင်းကြီး လိမ်လိမ်မာမာနဲ့ ရပ်သွားပါပြီတဲ့၊
မင်းကြီးကလဲ သူဘယ်မှာ ရပ်သွားသလဲတဲ့
မြန်မာပြည်လိုပြောရရင်တော့ အနောက်ရိုးမအပေါ်မှာ ရပ်သွားပါပြီတဲ့
ကောင်းတယ်ကောင်းတယ်
နေကထွက်ရင် ရှမ်းရိုးမမှာထွက်ပြီး ၀င်ရင် အနောက်ရိုးမမှာ ၀င်ရမှာပေါ့ဆိုပြီး
နတ်ရွာစံသွားပါတော့တယ်

ကောင်းလိုက်တဲ့ montage ဗျာ

ပုရစ်တွင်းနှိုက်ခြင်း

ပုရစ်တွင်းနှိုက်ခြင်း

6 February 2012 at 15:39
လျိုပေါ်ဝန်းနဲ့ ကျောက်ကျူးယွမ်
နောက်ဆုံးအပိုင်းမှ ခံစားမိသည်များ

ကိုရီးယားသွားနေတုံး လွတ်သွားတာတွေ ပြန်ကြည့်မိတယ်

မင်းကြီး သမက်အိမ်က အစေခံက လူသတ်မှု ကျူးလွန်တယ် ခ၇ီးသွားရင်း ကုန်သွယ်ရေး ဂိတ်စခန်းက ၀န်ထမ်းကို သတ်မိတယ်၊

ထုံးစံအတိုင်း မဟုတ်ပဲ လျိုပေါ်ဝန်း ဇာတိကိုပြန်မယ်ဆိုပြီး ထွက်သွားတုန်းမှာ ဖြစ်တာပဲ၊ နန်းတွင်း ရုံးအသီးသီးက ဒီကိစ္စကို ကိုင်တွယ်တာ ညင်သာ ချောမွေ့ လွန်းလို့ မင်းကြီးက သံသယဖြစ်ပြီးလျိုပေါ်ဝန်းကို မရရအောင် ပြန်ခေါ်ပြီးမှ အမှုလိုက်ခိုင်းတယ်။

မစုံစမ်းခင် ကျွန်တော် ငယ်ငယ်က ပုရစ်တွင်းနှိုက်ဖူးတယ်၊ ပုရစ်ရှိမလား ထင်ပြီး နှိုက်ရင်းနှိုက်ရင်းနဲ့ နောက်ဆုံး မြွေနဲ့ တွေ့ ပြီး ကံကောင်းလို့ မသေတယ်၊

အဲဒီကထဲက ကျွန်တော် တွင်းထဲမှာ ဘာရှိမှန်းမသိရင် မနှိုက်တော့ဘူး မင်းကြီး အခုခိုင်းတာကလဲ ဘာထွက်လာမယ်မှန်းမသိ၊ မင်းကြီးကိုယ်တိုင် မကြိုက်တာ ပေါ်လာရင် ဘာလုပ်မလဲ

မင်းကြီးတစ်ယောက် မကြိုက်ဆုံးက အမတ်တွေ လိမ်တာ ခံရတာရယ်၊ သူများဖုံးကွယ်တာ ခံ၇တာပဲ၊ လျိုပေါ်ဝန်း ခင်ဗျားကပါ ကျူပ်ကို ထပ်ပြီး ဖုံးကွယ်မယ်ဆိုရင် ခင်ဗျားကို စောင့်နေမှာ မြွေမဟုတ်တော့ဘူး ကျူပ်ဒါးပဲ၊

အဲဒါနဲ့ ပဲ ကြိုက်တဲ့လူခေါ်သွားဆိုတော့ လျိုပေါ်ဝန်း က နန်းတွင်းကိုယ်ရံတော်တွေကို ကြိုက်တယ်ဆိုပြီး ခရီးသွားဘို့ လူရွေးတာ၊ လျှို့ ဝှက် ကိုယ်ရံတော်စာရင်းထဲက ကြိုက်တဲ့လူခေါ်သွားဆိုပြီး စာရင်းပြခိုင်းလိုက်တယ်၊ ဆယ်နှစ်လောက် သူနဲ့ တွဲတာကြာနေပြီဖြစ်တဲ့ သူ့ အိမ်က တပည့်ဟာ နန်းတွင်း ကိုယ်ရံတော်ဖြစ်နေတယ်၊ အား မင်းတို့ အဖွဲ့ အစည်းက တကယ် ကြောက်စရာကောင်းလောက်အောင် တော်ပါ့လား နောင်ပြသနာပဲလို့ ပြောလိုက်သေးတယ်။

ခြောက်လခွဲကျော် စုံစမ်းပြီး (ထွက်သွားတုံးက အသက်ကြီးပေမဲ့ သန်သန်မာမာ လျိုပေါ်ဝန်း ပြန်လာတဲ့အချိန်မှာ လုံးဝ ဇရာထောင်းပြီး ပြန်လာရတယ်) အမတ်ကြီးနဲ့ ဘုရင် ပြောကြတာတွေကတော့

ကျွန်တော်ပြည်နယ်၎ခု စသဖြင့် စစ်ဆေးပြီးပြန်လာတယ်၊
သားမက်တော်က တာမြစ်ကုန် လဘက်နဲ့ ဆားကို အစေခံလေးကို လွှတ်ပြီး ကုန်သွယ်ခိုင်းတယ်၊ အပြန်မှာ မြင်းနဲ့ ဆိတ်တွေ သယ်လာကြတယ်၊ ဒီတခေါက်နဲ့ တင် ၂၉သိန်း ခြောက်သောင်းမြတ်သွားတယ် နောက် ဂိတ်က ပိုတောင်းလို့ အစေခံက လူသတ် မိတာပါပဲ

သားမက်တော် တယ်၇မ်းကားတာပဲ ကျူပ် သတ်ပစ်လိုက်မယ်

အမှုကတော့ သာမာန်အတိုင်းဒီမှာ တင်ပိတ်လို့ ရပြီပဲ
ဒါပေမဲ့  သာမန် အစေခံလေးက ဒီလောက် ကြီးမားတဲ့ ကုန်စည်တန်းကြီးကို အုပ်ချုပ်ပြီး ဒီလောက် ဝေးတဲ့ နေရာကို ဘယ်လို ဖြတ်သန်း သွားတာလဲ ကျှုပ်တို့ မြို့ စောင့်ဂိတ်တွေနဲ့ လမ်း ဂိတ်တွေက ဟန်ပြပဲ ရှိတာလား
အဲဒီမှ ပိုကြာသွားတယ် မြို့ တော်ဂိတ်ကနေ နယ်စပ်ဂိတ်အထိ အကျိုးတူဝေမျှခံစားနေကြတယ်၊ အဆင့်ဆင့် အမှုထမ်း ၃၃ဦးပါဝင်တယ်၊ ဒီထက်ကို ကျွန်တော် မလိုက်နိုင်တော့ဘူး

ငါ့ ဟွိုင်ရှီး ဂုဏ်ထူးဆောင်တွေ (အလောင်းဘုရားမင်းတရားရဲ့ မြင်းရည်တက် ၆၄ယောက်လို အဖွဲ့ ) ဘယ်နှစ်ယောက်ပါလဲ၊

အားလုံးပါပဲဒီ့ အပြင် မွေးစားသား၊ မွေးစားတူ၊ မွေးစားမြေးတွေ ၁၀ယောက်လောက်ပါတယ်။

ဟင်ဒီကောင်တွေ ကျူပ် သေမိန့် ကင်းလွတ်ခွင့် အမိန့် ပြားတွေ ပြန်သိမ်းထားတာတောင် တယ်သတ္တိရှိနေပါလား။

လူဆိုတာ နန်းမြို့ နဲ့ နီးနေတဲ့အချိန်ပဲ စောင့်ထိန်းကျတယ်လေ ဝေးရာလဲ ရောက်ရော လုပ်ချင်ရာလုပ်ကျတော့တာပဲ၊

ကျူပ်လဲ အမြဲ ကြီးကြပ်နေတာပဲ

ကြီးကြပ်တဲ့လူရှိနေသမျှ သူက ပျော့သွားရင် လွတ်ကုန်တာပေါ့၊ ငွေပုံကြီးကလဲ ရှိနေတော့ အမြင်ေ၀၀ါးတာပေါ့၊ လူစိတ်က ပြော့၊ ငွေပုံက မာတယ်လေ။

အင်း ဒီကောင်တွေ မွေးစားသားတွေ မွေးစားတူတွေ၊ စစ်တိုက်တုန်းက ဘာမဆိုလုပ်ရဲသလောက် မဟုတ်တာကျလဲ လုပ်ရဲကျတယ်၊
နန်းတွင်းလစာကလေးနဲ့ ဒီလောက် ကောင်းတဲ့ အိမ်တွေ ဒီလောက်များတဲ့ မိန်းမတွေ ဘယ်ယူနိုင်မလဲလေ။ မဟုတ်တာတွေ လုပ်နေလို့ ပေါ့

မင်းကြီး ထက်မြက်ပါပေတယ်။

ဒါနဲ့ ခင်ဗျားပြောတဲ့ မွေးစားမြေးဆိုတာ

မင်းကြီးရဲ့ မွေးစားသားက ထပ် မွေးစားလိုက်ရင် မွေးစားမြေးတွေ ဖြစ်သွားတာပေါ့ မင်းကြီးက မွေးစားသားတွေ မွေးစားတူတွေ နဲ့ နိုင်ငံကို ယူခဲ့၇တာဆိုတော့ သူတို့ ကလဲ ဒီလိုပဲ စိတ်တွေ ဖြစ်နေတာပေါ့

ကဲ ဒါဆိုရင် ဘယ်လိုအရေးယူကြမလဲ။

ကျွန်တော့်ကို ခိုင်းတဲ့အထဲမှာ စုံစမ်းဘို့ ပဲ ပါတယ်၊ အရေးယူတာမပါဘူး

ခင်ဗျား နန်းမြို့ တော် ပြန်လာတဲ့ လမ်းတလျောက် လှည်းပေါ်မှာ ဘာလုပ်လာတာလဲ အိပ်လာတာလား

အမှန်ပဲ

ဆရာတပည့်နှစ်ယောက် ညင်းကြတုန်းမှာပဲ အပိုင်းပြီးသွားပါတယ်၊ ဒီနေ့ မှပဲ ဘယ်လို အရေးယူမယ်ဆိုတာ ကြည့်ရပါတော့မယ်

Movie 5 ကလာတာပါနော၊ ကျွန်တော် လုပ်ကြံ ရေးသားခြင်းမဟုတ်၇ကြောင်းပါ။

The Station by Robert J. Hastings

The Station by Robert J. Hastings

24 December 2012 at 23:29
The Station
by Robert J. Hastings

Tucked away in our subconscious minds is an idyllic vision. We see ourselves on a long, long trip that almost spans the continent. We're traveling by passenger train, and out the windows we drink in the passing scene of cars on nearby highways, of children waving at a crossing, of cattle grazing on a distant hillside, of smoke pouring from a power plant, of row upon row of corn and wheat, of flatlands and valleys, of mountains and rolling hills, of biting winter and blazing summer and cavorting spring and docile fall.


ကျနော်တို့ ရဲ့ မသိစိတ်ထဲမှာ စိတ်ကူးယဉ် အိမ်မက် ကိုယ်စီရှိကြတယ်၊ ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်သန်းပြီးကို သွားရလောက်တဲ့ ခရီးရှည်ကြီးရဲ့ ခရီးသည်ကြီးအနေနဲ့ ကိုယ့်ကိုယ်ကို မြင်ကြတယ်။ ခရီးသည်တင် ၇ထားကြီးစီးရင်းနဲ့ ပြူတင်းပေါက်ကနေ မြင်ရတဲ့၊ ဘေးက အဝေးပြေးလမ်းပေါ်က ကားတွေ၊ ရထားနဲ့ ကားလမ်းဆုံတွေက လက်ပြနေကြတဲ့ ကလေးတွေ၊ အဝေးတောင်ကုန်းတွေပေါ်မှာ စားကျက်ချထားတဲ့ နွားအုပ် ကျွဲအုပ်တွေ၊ စက်ရုံတွေကနေ ထွက်နေတဲ့ မီးခိုးတွေ၊ ရှုမဆုံးတော့သည် စိမ်းလဲလဲ မြစ်အသွင်ဆိုတဲ့ မဆုံးနိုင်တဲ့ မြစိမ်းရောင် လယ်ကွင်းတွေ၊ မြေပြန့် တွေ တောင်ကြားတွေ၊ တောင်တန်းတွေ တောင်ကုန်းတွေ၊ အရိုးကွဲအောင် ချမ်းအေးလှတဲ့ ဆောင်းရာသီနဲ့ ပူုပြင်းလှတဲ့ နွေလယ်ရာသီ၊ မြူးပျော်စရာ နွေဦးရာသီ၊ သံဝေဂရစာ ရွက်ကြွေတဲ့နွေရာသီ၊ ဒါတွေကို ရှုမျှော် ခံစားသွားကြလေရဲ့ ။

But uppermost in our minds is the final destination. On a certain day at a certain hour we will pull into the station. There will be bands playing, and flags waving. And once we get there so many wonderful dreams will come true. So many wishes will be fulfilled and so many pieces of our lives finally will be neatly fitted together like a completed jigsaw puzzle. How restlessly we pace the aisles, damning the minutes for loitering ... waiting, waiting, waiting, for the station.
However, sooner or later we must realize there is no one station, no one place to arrive at once and for all. The true joy of life is the trip. The station is only a dream. It constantly outdistances us.


ဒါပေမဲ့ ကျနော်တို့ စိတ်တွေရဲ့ နောက်ဆုံး စွဲမြဲနေတာကတော့ ပန်းတိုင်ပါပဲ၊ တနေ့ နေ့ တချိန်ချိန် တနေရာရာမှာ ကျနော်တို့ ရထားကြီး နောက်ဆုံးဘူတာကြီးကို ဆိုက်ရောက်တော့မှာပါ။ အိုးစည်ဗုံမောင်းတွေနဲ့ ၊ အလံတွေဝှေ့ ယမ်းလို့ ကြိုဆိုနေမဲ့ ဘူတာပေါ့၊ အဲဒီကိုရောက်ပြီဆိုတာနဲ့ အကောင်းဆုံးအိမ်မက်တွေ တကယ်ဖြစ်လာပြီပေါ့။ ဆန္ဒတွေ ပြည့်ဝလို့ ဘ၀ရဲ့ အစိတ်အပိုင်းတွေအားလုံးဟာ အောင်အောင်မြင်မြင် ဖြေလိုက်နိုင်တဲ့ ပဟေဋ္ဌိပုစ္ဆာလိုပဲ အားလုံးအဆင်ပြေ သွားပြီပေါ့ခင်ဗျာ၊ စင်္ကြန်လမ်းမှာခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီး၊ ကုန်ခဲလှတဲ့ စက္ကန့် ၊ နာရီတွေကို ကျိန်ဆဲရင်း မနားမနေစောင့်ခဲ့ရတဲ့ ပန်းတိုင်ဘူတာကြီးပေါ့။ ဒါပေမဲ့ မကြာမှီမှာပဲ ကျနော်တို့ အန္တိမ ပန်းတိုင် နောက်ဆုံးဘူတာဆိုတာ မရှိကြောင်း သဘောပေါက်လာကြရတော့တာပါပဲ။ ဘ၀ရဲ့ တကယ်ပျော်စရာကောင်းတာ တကယ် အလေးထားရမှာက ဖြတ်သန်းခဲ့ရတဲ့ ခရီးရှည်ကြီးပါပဲ၊ ပန်းတိုင်ဘူတာဆိုတာက စိတ်ကူးယဉ်အိမ်မက်ပဲလေ၊ ကျနော်တို့ အတွက် အမြဲ လိုက်လေ ဝေးလေဆိုတဲ့ အရာတခုပါပဲလား။

"When we reach the station, that will be it !" we cry. Translated it means, "When I'm 18, that will be it ! When I buy a new 450 SL Mercedes Benz, that will be it ! When I put the last kid through college, that will be it ! When I have paid off the mortgage, that will be it ! When I win a promotion, that will be it ! When I reach the age of retirement, that will be it ! I shall live happily ever after !"


``ပန်းတိုင်ရောက်ရင် ငါတို့ လိုချင်တာဖြစ်ပြီ´´လို့ အော်လေ့ရှိတယ်၊ တမျိုးစဉ်းစားကြည့်ကြရင်တော့။ ငါ၁၈နှစ်ပြည့်ရင် (လူငယ်ဘ၀ လွတ်လပ်ပြီ) ရပြီ။ ကိုယ်ပိုင် ကားကောင်းကောင်းလေးတစီး စီးနိုင်ရင် ရပြီ။ အငယ်ဆုံးကောင် တက္ကသိုလ်ကျောင်းပြီးသွားရင် ရပြီ။ ၀ယ်ထားတဲ့တိုက်ဖိုးတွေ အကျေဆပ်ပြီးရင် ၇ပြီ။ ရာထူးကြီး တိုးပြီဆိုရင် ရပြီ၊ ပင်စင်ယူပြီးရင် ၇ပြီ။ ကိုယ် ပျော်ပျော်ပါးပါးနဲ့ ဘ၀ကို နေသွားလို့ ရပြီ လို့ တွေးကြတဲ့သဘောပေါ့။

Unfortunately, once we get it, then it disappears. The station somehow hides itself at the end of an endless track.


ကံဆိုးပါတယ်လေ၊ အဲဒါတွေ တခု ၇ပြီးတိုင်းရပြီးတိုင်း ပျော်ပျော်ပါးပါး နေရပြီဆိုတဲ့ အခွင့်အရေးက ချက်ခြင်းကို ပျောက်ပြယ်သွားပါလေရဲ့ ၊ ပန်းတိုင် ဘူတာရုံက မဆုံးနိုင်တဲ့ ရထားသံလမ်းတနေရာရာမှာ အမြဲ ပုန်းကွယ်လို့ နေနေပါရဲ့ ။

"Relish the moment" is a good motto, especially when coupled with Psalm 118:24: "This is the day which the Lord hath made; we will rejoice and be glad in it." It isn't the burdens of today that drive men mad. Rather, it is regret over yesterday or fear of tomorrow. Regret and fear are twin thieves who would rob us of today.


လက်ရှိဘ၀ကို တန်ဘိုးထားစမ်းပါ၊ လက်ရှိ အချိန်ကို ပျော်ပျော်နေပါဆိုတဲ့ စကားတွေဟာ တကယ်မှန်ကန်တဲ့ စကားများပါပဲ၊ ကျမ်းစာအပုဒ် ၁၁၈း၂၄ မှာ ပါသလိုပေါ့၊ ``ဒီနေ့ ဟာ ဘုရားသခင်ကနေ ဖန်ဆင်းပေးထားတာ၊ ဒါကြောင့် ကျနုပ်တို့ ကကောင်းချီးပေးလို့ ပျော်၇ွင်စွာလက်ခံကြပါတယ်´´ လက်ရှိအချိန်မှာ ရင်ဆိုင် ထမ်းပိုးထားရတဲ့ အထုတ်အထည်တွေက လူတွေကို ရူးသွပ်စေတာ မဟုတ်ပါဘူး၊ အတိတ်ကို တမ်းတတဲ့ နောင်တတွေနဲ့ ၊ အနာဂါတ်ကို မျှော်တွေးပြီး ကြောက်ရွံ့ ကြခြင်းတွေကသာ လူတွေကို အရူးတွေ ဖြစ်စေတာပါ၊ နောင်တနဲ့ ဘယာစိတ်တွေဟာ လက်ရှိ ယနေ့ ဘ၀တွေကို ကျနော်တို့ ဆီက ခိုးယူသွားလေ့ရှိတဲ့ သူခိုးနှစ်ကောင်ပါပဲ

So, stop pacing the aisles and counting the miles. Instead, climb more mountains, eat more ice cream, go barefoot oftener, swim more rivers, watch more sunsets, laugh more and cry less. Life must be lived as we go along. The station will come soon enough.

ဒါကြောင့် စကြံန်ခေါက်တုံ့ ခေါက်ပြန်လျှောက်နေတာတွေ၊ ရှေ့ ဖြတ်ရမဲ့ခရီးတွေကို လက်ချိုးပြီးရေတွက်နေတာတွေ ရပ်ပလိုက်စမ်းပါ၊ အဲဒါတွေအစား တောင်တွေကို များများတက်ပေး (အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပေး)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အိုက်စကရင်စားပေး( မြန်မာဆန်သွားအောင် ၀က်သားတုတ်ထိုး များများစားပေး) ၊ ခြေဗလာနဲ့ လမ်းလျှောက်ပေး၊ မြစ်တွေထဲမှာ ရေဆင်းကူး နေ၀င်ချိန် ရှုခင်းတွေကို ခံစား ရှုစားပေး၊ များများရီလို့ နည်းနည်းပဲငိုလို့ နေထိုင်ကြပါ၊ ဘ၀ဆိုတာ ရှင်သန်လှုပ်ရှားချီတက်နေရမှာပါပဲ၊ ပန်းတိုင်ဘူတာကြီးက တနေ့ တလံ ပုဂံဘယ်ပြေးမလဲ၊ အချိန်တန်ရင် ရောက်သွားမှာပါပဲ။

ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ စိတ်ပျော်ရွှင် The Flowers of War

ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ စိတ်ပျော်ရွှင် The Flowers of War

2 September 2012 at 10:08
ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့ ပျော်ရွှင်
The flowers of war

ဒီတကားက တရုပ်ကားဟုတ်မဟုတ်မသေချာပါဘူး(ထင်ခဲ့မိတယ်)၊ နေ၇ာကတော့ တရုတ်ပြည် နန်ကင်းမြို့ ၊ ဒုတိယကမ္ဘာစစ် ဂျပန်တပ်များ ၀င်သိမ်းတဲ့အချိန်လေး

ကျနော်ပထမအကြိမ် စကြည့်တော့၊ ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးထဲကို ဆောင်ကြာမြိုင်က အဖွဲ့ တွေ ၀င်ပုံးနေကြပြီ။ ဘုရားရှိခိုးကျောင်းထဲမှာ သာသနာပြု ကျောင်းသူလေးတွေရှိတယ်၊ နောက် ငယ်ငယ်ကထဲက ဘုန်းကြီး မွေးစားထားတဲ့ တရုတ် ကျောင်းသားကလေးတစ်ယောက်ရှိတယ်၊ နောက်

အနောက်နိုင်ငံသား သုဘ၇ာဇာ အရက်သမားတစ်ယောက် ရောက်နေတာတွေ့ ရတယ်၊ သုဘရာဇာက နန်ကင်းရှိတဲ့ အလောင်းတွေကို ပြင်ရတဲ့လူပဲ၊ အလောင်းမိတ်ကပ် ဆံပင်ပြင်ကျွမ်းတယ်၊ လူသေလို လှဲပေးမှ ပြင်တတ်တယ်၊ (ဒီအချက်က ဇာတ်သိမ်းမှာ နိမိတ်ပုံတစ်ခုပဲ၊

ဇာတ်လမ်းကို သာသနာပြုကျောင်းသူလေးက ပြန်ပြောနေတဲ့ပုံနဲ့ ပြောနေတာပါ၊ ပြန်ပြောတဲ့ ကျောင်းသူကလေးက အဖေရှိတဲ့ လမ်းအင်ဂျင်နီယာပဲ၊ နန်ကင်းကျတဲ့အချိန် သူ့ အဖေက သူ့ သမီးကို ဒုက္ခသည် စခန်းပို့ ဘို့ လုပ်ထားတာကို သမီးက လက်မခံတာမို့  အဖေက ဂျပန်တွေနဲ့ ပေါင်းပြီး သမီးကို ခေါ်ထုတ်နိုင်အောင် ကျိုးစားရင်းနေခဲ့ရတာ၊ သမီးက အဖေကို မကျေနပ်ဘူး။

ဘုရားကျောင်းက ဖာသာကြီး ဆုံးသွားလို့ အလောင်းပြင်ပေးဖို့ ကျောင်းသားလေးက မင်းသားကို ငှါးလာတာပါ။ သုဘရာဇာ မင်းသားလဲ မရောက်ခင်လေးတင် ဖာသာကြီးအလောင်းပေါ် ဗုံးကျလို့ ကျင်းကြီး ဖြစ်ပြီး အလောင်းလဲ တစမှ မကျန်တော့တာ။ အပြန်လမ်းမှာ ဂျပန်တွေ လိုက်ပစ်နေလို့ သုဘရာဇာ အဲဒီကျောင်းမှာ သောင်တင်သွားတာပါ

ကျနော် စကြည့်တဲ့အချိန် ဂျပန်တပ်တွေ မိန်းကလေး ကျောင်းသူတွေ ရှိရမယ်ဆိုပြီး ကျောင်းကို ၀င်ရှာနေကြတယ်။ မိန်းကလေးတွေ ပုံးနေကျ အောက်ကို ဆောင်ကြာမြိုင်က မိန်းကလေးတွေ အတင်းဝင်ပုံးကြတယ်၊ ဇာတ်ဆောင်ကျောင်းသူလေးက မျှားခေါ်သွားလို့ စစ်သားတွေ ကျောင်းသူတွေနောက်လိုက်ကြတယ်၊ ရုံးရင်းဆန်ခပ်တွေကြားမှာ တဦးထဲသော တရုတ်စနိုက်ပါ တပ်သားက ဂျပန် တပ်စိတ်ကို အမျိုးမျိုးမျှားခေါ်ပြီး သူပါ အဆောက်အဦးဗုန်းခွဲပစ်ပြီး အသေခံရ၊ ရှင်းပစ်လိုက်တာလေး ကြည့်လိုက်ရတယ်၊

ကျောင်းသူလေးတွေကို နောက်ဆုံးတွေ့ သွားပြီး ဘလက္ကာရတွေ လုပ်နေတုံး နှစ်ယောက်သေသွားတယ်၊ သုဘရာဇာက ဘုန်ကြီးယောင်ဆောင်ပြီး ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တိတွေနဲ့ တားတယ်၊ မရဘူး၊ သူ အရိုက်ခံရလို့ မေ့သွားတယ်၊ ကျနော်က အစက တကယ့် ဖာသာလို့ ထင်နေတာ၊ ဖာသာက ဆုံးသွားပြီ၊ မကြည့်လိုက်ရပါဘူး။

နောက်ဆုံး ခလေးတွေ အားလုံး ဒုက္ခရောက်တော့မယ့်အနေအထားမှာ ဂျပန် စစ်ဗိုလ်ကြီးတစ်ယောက် ရောက်လာပြီး အခြေအနေ ငြိမ်သွားတယ်။ သူက စန္ဒယားတွေပါတွေ တီးပြသေးတယ်၊ အိမ်အလွမ်းဆိုတဲ့ ဂျပန်သီချင်း၊ ရှင်းပြတယ်၊ စစ်သားတွေ အပြုအမူကို တောင်းပန်တယ်။ စစ်သားတွေ အစောင့်ချပြီး ကျောင်းသူတွေကို စောင့်ရှောက်တယ်၊ အစားအစာပေးတယ်၊ သီချင်းဆိုတတ်လားလို့ လဲ မေးသွားလေရဲ့ ။

ခလေးတွေဟာ သုဘရာဇာကို တကယ့် ဖာသာအနေနဲ့ လက်ခံလိုက်ကြတယ်၊ ဖာသာလို့ ပဲ ခေါ်တယ်။ တရုတ်ကလေးနဲ့ သုဘရာဇာ ဖာသာနဲ့ စကားပြောခန်းလေးတွေ ကောင်းတယ်။

ကျောင်းသူလေးတွေက ဆောင်ကြာမြိုင်အုပ်စုကို မတူမတန်သလို ဆက်ဆံတယ်၊ အလှဆုံး မိန်းကလေးနဲ့ သုဘရာဇာတို့ ဇာတ်လမ်းလေးပြတယ်၊

သုဘရာဇာဟာ ထွက်ပြေးလို့ ရအောင် ကြံစီတယ်၊ ထရပ်ကားဟောင်းကြီးကို ပြင်တယ်၊ ကျောင်းသူလေး အဖေက ကူညီတယ်၊ သွားခွင့်လက်မှတ်တစ်ခု တောင်းထားတယ်၊ သူ့ သမီးအတွက်။

ဒီကြားထဲမှာ ဆောင်ကြာမြိုင်က ပါလာတဲ့ မိန်းမငယ်လေးတစ်ယောက်က နောက်တယောက်နဲ့ ပေါင်းပြီး ကျောင်းမှာ သေမလိုဖြစ်နေတဲ့ တရုတ်ကလေးစစ်သား လူမမာလေးကို တရုတ်စောင်းနဲ့ ကြိုးအပြည့် တီးပြချင်လို့ ဆိုပြီး ကြိုးပြန်ယူကြတာ၊ ဂျပန်တွေနဲ့ တိုးပြီး သေသွားကြတယ်၊ မင်းသားက ခလေးတွေက သေနတ်နဲ့ မှားပစ်မိလို့ ပဲလို့ ညာပြောလိုက်ရတယ်၊ ဆောင်ကြာမြိုင်မင်းသမီးလေးကတော့ သိတယ်ပေါ့လေ။

အဲဒီနေရာမှာ ကြိုးပြန်ယူလို့ သေသွားတဲ့ မိန်းကလေးက စစ်သားလေးကို ဖက်ပြီး စကားပြောတာ၊ နင်နေကောင်းလာရင် ငါ့ကိုယူ ငါတို့ နင့်ရွာသွားပြီး အမေ့ကို လုပ်ကျွေးမယ်တဲ့၊ ဟိုကောင်က ငါ့မှာအမေမရှိတော့ဘူး အမ၊ ဒါဖြစ်ရင်လဲ ငါတို့ လယ်စိုက်စားကြမယ်လေတဲ့၊ ငါ့မှာ လယ်လဲမရှိဘူးဆိုတော့၊ စိတ်တိုသွားပြီး ကဲဒါဖြင့်ရင် ငါက ဗျတ်စောင်းတီးပြီး သီချင်းဆိုမယ် နင်က ခွက်ကိုင်ပြီး တောင်းတဲ့၊
မိန်းကလေးက သူ့ ကို သီချင်း ပီပီပြင်ပြင်တီးပြဘို့ ကြိုးသွားယူနေတုံး စစ်သားလေး ဆုံးသွားတယ်၊ အဲဒီ မဆုံးခင်လေးမှာ မိုး မိုး မိုးတွေရွာနေတယ်လို့ ပြောတယ်၊ ဘေးကနေ အဲဒါ မိုးရွာတာမဟုတ်ဘူးတဲ့၊ ယမမင်းက နင့်အတွက် ငိုပေးနေတာတဲ့၊ စစ်သားလေးက ဆက်ပြောတယ်၊ စကားနဲ့ပဲ သရုပ်ဖေါ်သွားတယ်၊ အမ အမ အိမ်ပြင်မှာ ဂျုံတွေ လှမ်းထားတဲ့ ဟာတွေ မိုးစိုကုန်မယ် မြန်မြန် ရုပ်ပါတော့တဲ့၊ သူ့ စိတ်ထဲမှာ သူ့ အမနဲ့ ရွာပြန်ရောက်နေပြီ၊ လယ်လဲ ရှိနေပြီ၊ ဂျုံတွေလဲ စိုက်ပြီးပြီ၊ သာယာတဲ့ အိမ်ထောင်ရေးကိုလဲ ဖြတ်သန်းပြီးပြီပေါ့ဗျာ၊

ပြသနာက အခုမှ စလေရဲ့ ၊ နန်ကင်းအောင်ပွဲ အထိမ်းအမှတ်ကြရင် ဒီကျောင်းသူလေးတွေ ၁၃ယောက် လာပြီး အဆိုနဲ့ ဖျော်ဖြေရမယ်ဆိုပြီး အမိန့် လာပါရော၊ အထက်ကလာတဲ့အမိန့် ၊ စန္ဒယားတီးတဲ့ ဗိုလ်ကြီးလဲ ဘာမှ မတတ်နိုင်တော့ပါဘူး။ (ဆောင်ကြာမြိုင်က
တစ်ယောက်ကို ကျောင်းသူလို့ ထင်နေလေရဲ့ )၊ ကျောင်းသူက ၁၂ယောက်ရှိတယ်၊ ဆောင်ကြာမြိုင်သူတွေကအဲဒီအချိန်မှာ ကျောင်းသူအထင်ခံရတဲ့ တယောက်အပါအ၀င် ၁၂ယောက်ရှိတယ်။ အရင်က ၁၃ယောက်ရှိခဲ့တယ်

အဲဒီမှာ မင်းသမီးကျောင်းသူလေးက ဦးဆောင်ပြီး သူတို့ ဘ၀အပျက်မခံနိုင်တော့ဘူး ဆိုပြီး သတ်သေဘို့ ကျိုးစားတယ်၊ ကျောင်းပေါ်က ခုန်ချမယ်ပေါ့။ အဲဒီမှာ ဆောင်ကြာမြိုင်မင်းသမီးလေးက မင်းတို့ မသွားရပါဘူး၊ မင်းတို့ ကိုယ်စား အမတို့ သွားပါမယ်လို့ ချော့ပြီး ဆွဲချကြရတယ်။

တကယ့်ကောင်းခန်းတွေ အဲဒီမှာ စတာပါပဲ

ဆောင်ကြာမြိုင်သူတွေ အစည်းအဝေးခန်းပေါ့။

မင်းခလေးကို ချော့ပြောလိုက်တာမဟုတ်လား ငါတို့ သူတို့ ကိုယ်စား မသွားပါဘူးနော်တဲ့။

သွားရင် မပြန်လာရဘို့ က လုံးဝသေချာသလောက်ပဲလေ။

ဒီစကားလေးကို မင်းသ္မီးကပြောတယ်။ တရုပ်ဆိုရိုး စကားတစ်ခုရှိတယ်တဲ့

``ပြည့်တန်ဆာများ နိုင်ငံကျတာ အမှုမထား၊ သူများက သေပွဲဝင် သူတို့ ကတော့စိတ် ပျော်ရွှင်´´

စစ်ဖြစ်နေတာတောင်မှ ငါတို့ ကို မကောင်းပြောကြတယ်တဲ့။

ဒီတော့ငါတို့ ကောင်းမှုတစ်ခု ကျိုးစားလုပ်ကြည့်ရအောင်။

ဂျပန်တွေက သီချင်းဆိုတာတို့ ကျောင်းသူတို့ အလေးထားတာမဟုတ်ဘူးပေါ့၊ သူတို့ လိုချင်တာက ပျော်ရွှင်မှုပဲ။

ငါတို့ က ကလေးတွေကိုယ်စားလိုက်သွားရင် မသေပဲ ပြန်ထွက်လာတဲ့အခါ ဘ၀ကို ရပ်တည်နေနိုင်သေးတယ် မထူးဘူး၊

ခလေးတွေက မသေတောင်မှ ဘ၀ကို ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊

အဲဒီလို အတွေးအခေါ်တွေနဲ့ ကလေးတွေကိုယ်စား သွားကြဘို့ ရဲရဲတောက် ဆုံးဖြတ်ချက်ချကြတယ်။

ခလေးတွေက ခရစ်မတ်ကျရင် ၀တ်ဘို့ သိမ်းထားကြတဲ့ ၀တ်စုံအသစ်တွေ လာပေးကြတယ်။ ဆောင်ကြာမြိုင်သူတွေရဲ့ ရင်သားတွေကို ဖုံးနိုင်ဘို့ လိုက်ကာတွေနဲ့ ဆက်ပြီး ချူပ်ကြတယ်။

မင်းသားက သူတို့ ကို ဆံပင်ညှပ်ပေးတယ်၊ အလှပြင်ပေးတယ်၊ အဲဒီမှာ ကထဲက သူက အလောင်းတွေပဲ ပြင်ခဲ့တာဆိုတော့ မိန်းကလေးတွေက အလောင်းလိုပဲ လှဲပေးကြရတယ်၊ နမိတ်မကောင်းလိုက်တာ၊ အဲဒီထဲက ရင်က ဆို့ သွားရတယ်။ မနေ့ ကပြန်ကြည်လိုက်တော့မှ အလောင်းတွေကို တန်းစီထားသလို တန်းစီအိပ်ပေးကြတယ်၊

အားလုံးပြင်ဆင်ပြီးတဲ့အချိန်မှာ ဆောင်ကြာမြိုင်သူတွေဟာ ပီဘိ ပညာတတ် ကျောင်းသူလေးတွေ ဖြစ်သွားကြတယ်၊ စလိုက်နောက်လိုက်ကြတာ၊ ငါ့ အမေကို ပြလိုက်ချင်ပါပေ့၊ ဒီလိုမျိုး ကိုယ့်ကိုယ်ကို မြင်ရမယ်မထင်ရဘူး၊ သေပန်းပွင့်၇မဲ့ အခြေအနေမှာ အောက်ဆုံးအတန်းအလွှာကလူတွေရဲ့ ဖြစ်ရာအခြေအနေမှာ ပျော်ပျော်နေနိုင်တဲ့ စရိုက်ဟာ တိုက်ပွဲတိုက်ရမဲ့ စစ်သားတွေရဲ့ မဆုတ်မရွံ့ သတ္တိနဲ့ တူညီပါ့ဗျာ၊

ဆောင်ကြာမြိုင်မင်းသမီးက ကျောင်းသူမင်းသမီးလေးကို ဗျတ်စောင်းကိုအပ်တယ်၊ အဲဒီမှာ တရုတ်ရိုးရာ သီချင်းကို တီးခတ်ပြီး သူတို့ အားလုံး ၀တ်စုံပြည့်နဲ့ ဂေဟာမှာ ကတဲ့ အခန်းကို ပြတယ်၊ မခံစားနိုင်ဘူးဗျာ၊ တော်တော်ရက်စက်တဲ့ ဒါရိုက်တာပဲ၊
ဗျတ်စောင်းအပ်တော့ ကြိုးသွားယူတဲ့မိန်းကလေးဟာ သူတို့ ချင်ဟွိုင်မြစ်ရဲ့ တေးသံဆိုတဲ့ ဒီသီချင်းကို (ဂေဟာရဲ့ ဖေးဘရိတ်သီချင်း) နားထောင်စေခြင်းလွန်းလို့ သွားယူတာလို့ ပြောရင်း ကျောင်းသူလေးတွေကို ငါတို့ ဘယ်လောက် ကောင်းတယ်ဆိုတာကို မှတ်မိနေအောင် သီချင်းဆိုပြရအောင်ဆိုပြီး အုပ်စုလိုက် သီချင်းဆိုပြတာပါ၊ အဲဒီမှာ ကျောင်းသူလေး စူးက မိန်းကလေး မုံတို့ အဖွဲ့ တွေ ကျောင်းသူဝတ်စုံ (အသေခံဝတ်စုံပေါ့ဗျာ) တွေနဲ့ သီချင်းဆိုနေတာကိုကြည့်ပြီး သူတို့ ဂေဟာခမ်းမကြီးထဲမှာ ၀တ်စုံပြည့်ဆိုနေကြတာကို မြင်ယောင်တဲ့ အခန်းပါပဲ။

အကြမ်းတမ်းဆုံးအချိန်တွေနဲ့ အနူးညံ့ဆုံးပြကွုက်တွေနဲ့ 

ပြသနာတက်တယ်၊ လူလိုနေတယ်၊ ၁၃ယောက်ပြည့်အောင် တရုတ်ကလေးက မိန်းကလေးယောင်ဆောင်ပြီး လိုက်သွားရတော့တယ်၊ သူတို့ သွားနေတဲ့အချိန်မှာ သုဘာရာဇာ ဖာသာနဲ့ ကျောင်းသူလေးတွေ ထရပ်ကားနဲ့ ထွက်ပြေးချိန်ပို၇အောင်၊ တရုတ်ကလေးက ကားပေါ်ကနေ မခုန်ချပဲ အသေခံဘို့ ဆုံးဖြတ်ထားပါတယ်၊ ဆုံးသွားတဲ့ ဖာသာကြီးက သူ့ ကို ခလေးတွေကို စောင့်ရှောက်ဘို့ မှာကြားချက်ကို သူ မဖြည့်နိုင်ခဲ့လို့  အခုကိစ္စမှာ ဒီလို ဆုံးဖြတ်တာပါပဲတဲ့။ အသက်နဲ့ လဲပြီး စောင့်ထိမ်းကြတဲ့ ဂတိ

ကျောင်းသူလေးတွေက မိန်းကလေးတွေအတွက် စိတ်ပူလို့ မေးကြတဲ့အခါ မင်းသားကနေ နှစ်သိမ့်တဲ့စကားလေးတွေထဲမှာ သူတို့ ဟာ သာမန်မိန်းကလေးတွေ မဟုတ်ကြောင်း၊ ဂျပန်တွေက အရိုင်းအစိုင်းတွေ ၊ နတ်ဆိုးလို ဟာတောင် ဒီမိန်းကလေးတွေနဲ့ တွေ့ လိုက်ရင် ဒုက္ခရောက်သွားစေမဲ့ အရည်အချင်းတွေ ရှိကြောင်ါ် ရဲရင့်ကြောင်း စသဖြင့် ကလေးတွေကို ပြောနေတဲ့အခန်း၊ အမူအယာ စကားလုံးများ၊
စိတ်ထဲမှာ တရုပ်ပြည်ကြးရဲ့ ခေတ်သစ် မိန်းကလေးတွေ ၇ိုးသားစွာ ဘ၀ကို စတင်နိုင်ရေးအတွက် အရင်ခေတ်ရဲ့ အောက်ဆုံးအလွှာတွေကနေ အနစ်နာခံသွားကြတယ်ဆိုတဲ့ montage ကိုများ ပေးသလားလို့ 

တကယ်လဲ ကားပေါ်တက်ကြရော အစားထိုးလိုက်ရမဲ့ထဲက တယောက်က သူ ကျောင်းသူမဟုတ်ပါဘူးလို့ အတင်းအော်ပါသေးတယ်၊ မင်းသားက အရုပ်ခလေးပေးပြီး ချော့လိုက်ရတယ်၊ မိန်းကလေးတွေဟာ ဂျပန်တွေကို အနဲဆုံးတော့ မျက်လုံးတစ်လုံးရအောင်ဖေါက်မယ်ဆိုပြီး လက်နက်လေးတွေ ဆောင်သွားကြလေရဲ့ ၊ ကျောင်းသူမင်းသမီးလေးရဲ့ အဖေဟာ သု့ သမီးကို မထဲ့ပါဘူးလို့ ဂျပန်ကို လာဘ်ထိုးထားတာကို လာကြည့်ရင် ခလေးတွေ အားလုံး တက်သွားကြတာမြင်လိုက်ရတယ်၊ ပြောမရတဲ့အဆုံး မျက်နှာလေးတော့ ကြည့်ပရစေပြော၊ ဆောင်ကြာမြိုင်က မိန်းကလေးတွေမှန်း သိလိုက်ရလို့ စိတ်ချလိုက်တဲ့အချိန်မှာပဲ ဂျပန်က ကဲ မင်းတွေ့ ပြီးပြီမဟုတ်လားပြောပြီး သတ်ပလိုက်တယ်။

နောက်ကျန်တာက ခလေးတွေနဲ့ မင်းသားနဲ့ ချောချာမောမောပဲ ဂျပန်ဂိတ်ကို ဖြတ်ပြီး လွတ်မြောက်သွားကြတယ်။

ဟိုဖက်က ကိစ္စ ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး၊ ဒါရိုက်တာကလဲ ဘာမှ မပြောဘူး၊ ပရိတ်သတ်ကြီးရဲ့ ရင်ထဲမှာပဲ
ဖြစ်ချင်တာကတော့ ကျောင်းသူမိန်းကလေးရဲ့ ဇာတ်ကားအစမှာဆောင်ကြာမြိုင်က မိန်းကလေးတွေ ခရီးသွား ဧည့်သည်ပုံစံများနဲ့ အ၀တ်အစားသေတ္တာတွေ ဆွဲလို့ ကျောင်းဝင်းထဲကို ၀င်ချလာကြတဲ့ ပုံစံပါပဲ


ဇာတ်ကားနာမည်
The Flowers of War

ကိုယ်ဘာသာပဲ အဓိပ္ပါယ်ကောက်ကြပေတော့ဗျာ

ကျနော်တော့ ကချင်နယ်စပ်တွေကိုပဲ စိတ်ထဲမြင်နေမိတယ်၊ ရောက်ခဲ့တဲ့ ဘာသာမျိုးစုံရဲ့ သာသနာကျောင်းတွေ၊ ခလေးတွေ၊
ဘုရားသခင်

(အင်း ခတ်ရှက်ရှက်နဲ့ ပြောရရင် ကျနော်တို့ အဲဒီ မိန်းကလေးတွေလောက်တောင် သတ္တိရှိပါ့မလား၊ အဲဒီလို ပြန်မေးမိအောင် လုပ်သွားတာပဲဗျာ ဆရာကြီး ကျန်းရိမင်းက The Road Home တုံးကလဲ သူဒီလိုပဲ ဆောင်ပုဒ်လေးတစ်ခု၊ အယူအဆလေးတစ်ခုကို main theme လုပ်ပလိုက်တယ် ရသကို အပြည့်ထားခဲ့တယ်၊ နောက် အခုကားလဲ flowers of war ဆိုတဲ့ အဆိုအမိန့် ကို ပြောင်းပြန်ဖြစ်အောင် ဘယ်သူသေသေ ငတေမာရင်ပြီးရော ပေါ့ပျက်ပျက် ပန်း ဆိုတဲ့ flower ကို သတ္တိပန်း၊ ရဲရင့်တဲ့ ပန်းဖြစ်အောင် ပြောင်းပလိုက်တယ်)

စီးပွားရှာပြည်နာမှဆိုတဲ့ ဆရာကြိတွေကို ပိုပြီး ရင်နာမိစေတယ် ဆောင်ကြာမြိုင် မိန်းကလေးတွေလောက်တောင်မှ ဟင်းဟင်း

The Road Home အကျိုးတိုင်းမှာ အကြောင်းရှိသည်။

The Road Home အကျိုးတိုင်းမှာ အကြောင်းရှိသည်။

26 August 2012 at 18:59
The Road Home
အကျိုးတိုင်းမှာ အကြောင်းရှိသည်။

တရုတ်ကားလေးတွေ၊ တော်တော်ဒုက္ခပေးကြတယ်ဗျာ၊ နာမည်ကြီးမင်းသား မင်းသ္မီးမပါ၊ ဆက်တင်ဘာမှမရှိ၊ ပေါ်လစီစကားတွေလဲမပါ၊ ဒါပေမဲ့ အသက်သာ ငယ်သေးရင် အဲဒီ ဇာတ်လမ်းထဲက ဘ၀ကို နှစ်နှစ်ချိုက်ချိုက် ခံယူခြင်တဲ့စိတ်အထိ ပေါက်လာအောင် ဒုက္ခပေးတယ်၊ မျက်ရည်ပေါက်ပေါက်ကျအောင် လုပ်တယ်။

ဆရာဦးရွှေအောင်ပြောတဲ့ ရသစာပေ၊ ရသမြောက်တယ်ဆိုတာ ဒါပါပဲလား။

The Road Home ဆိုတဲ့ တရုပ်ကားလေးကို မနေ့ က မြင်လိုက်တယ်၊ တပိုင်းတစ်စ ဘာမှ မသိလိုက်ဘူး၊ ဒီနေ့ မှ ၉၀%လောက် ပြန်မှီလိုက်တယ် ပြောပြချင်လို့ ၊

တရုတ်ကျေးရွာလေး မြို့ နဲ့ ဝေးတယ်၊ လမ်းလေးတစ်လမ်းပဲ ရှိတယ်၊ နေရာက နွေမိုးဆောင်း ရာသီ၊ ဆောင်းမှာ နှင်းကျ ရေခဲတဲ့ရာသီပဲ၊
ရွာကျောင်းလေးမှာ အနှစ်၄၀စာသင်ခဲ့တဲ့ ကျောင်းဆရာ မြို့ ဆေးရုံမှာ ဆုံးတယ်၊ သူ့ သားကရွာကို ပြန်ရောက်လာရင်းနဲ့ သူ့ အမေ (ရွာသူနဲ့ သူ့ အဖေ ကျောင်းဆရာတို့ ရဲ့ ဇာတ်လမ်းကို ပြန်ပြောနေတာနဲ့ ပြတယ်)။

ရွာလေးဟာ ကျောင်းမရှိဘူး၊ ကျောင်းဆရာလေးရောက်လာပြီး ကျောင်းကို ပြီးခဲ့တဲ့ အနှစ်၄၀ကျော်က ကိုယ်တိုင်ပါဝင် ရွာနဲ့ အတူတူ ဆောက်ထားခဲ့ကြတာ၊ ကျောင်းဆောက်တဲ့ပြီး စာသင်တဲ့ အချိန်မှာ ကျနော် စကြည့်ဖြစ်တော့ အမေ မိန်းခလေးက အဖေ ဆရာလေးကို အိမ်ခေါ်ပြီး ထမင်း ဖိတ်ကျွေးနေတဲ့ အချိန်ရောက်နေပြီ၊

မိတ်ဆွေများကျေးဇူး (ကိုကောင်းမြတ်)နဲ့ ရှေ့ ပိုင်းတွေ ပြန်ကြည့်လိုက်ရတယ်။
ဆရာလော့ (အဖေ ကျောင်းဆရာ) ဟာ မထင်မှတ်ပဲ ရုတ်တရက် ကွယ်လွန်သွားရတာပါ။
သူ အနှစ်လေးဆယ်ကျော် စာသင်ခဲ့၇တဲ့ ကျောင်းကို အသစ်ဆောက်ဘို့ လုံးပန်းနေတယ်၊ ရံပုံငွေအခက်အခဲများလွန်းလို့ ရနိုင်တယ်ဆိုတဲ့ အသံလေးကြားတာနဲ့ မရောက်မနေသွားပြီး ရံပုံငွေရှာတယ်၊ အခုကိစ္စမှာ ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းဒဏ်ကို ခံစားရပြီး အကြီးအကျယ်ဖျားတယ်။
သူ့ မှာ နှလုံးရောဂါရှိနေတယ်ဆိုတာကို အဲဒီအချိန်ကြမှ အထိတ်တလန့် သိလိုက်ရတယ်။ ဆရာဝန်တွေ အထူးကျိုးစားပေမဲ့ မရတော့ဘူး၊ ဆုံးသွားပြီ။
သူကြီးက သားကို ပြန်ပြောနေတာ၊ ပြသနာက ဒီမှာ စလာပြီ။

ဆရာလော့ရဲ့  ရုပ်ကလပ်ကို ရွာကို ပြန်သယ်ဘို့ လုပ်တယ်။ နှင်းမုန်တိုင်းတွေ တိုက်နေပေမဲ့ ကားငှားလို့ ရပါတယ်။ ဒါပေမဲ့ ဆရာကတော် တိ (အမေ)က ခွင့်မပြုဘူး။

ဒီမှာ The Road Home အိမ်ပြန်တဲ့လမ်း ဆိုတဲ့ အဓိပ္ပါယ်ဝင်လာပါတယ်။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကြီးကြောင့် ပျောက်သွားခဲ့တဲ့ တရုတ် ရှေးရိုးစဉ်လာရှိတယ်၊ ရေခြားမြေခြားမှာ ဆုံးတဲ့ အလောင်းကို ရွာပြန်သယ်တဲ့အခါမှာ လူတွေနဲ့ ထမ်းလာရတယ်။ ချောင်းတွေဖြတ်၊ မြောင်တွေဖြတ်၊ ကြောတွေဖြတ်။ နောက် လမ်းဆုံ လမ်းခွတွေ ဖြတ်ရတဲ့အခါတိုင်း၊ သယ်ပို့ လာတဲ့ လူတွေက ဒါ အိမ်ပြန်တဲ့လမ်းလို့ အော်ပြောရတယ်၊ နို့ မို့ ရင် သေသူ ၀ိညဉ်ဟာ လမ်းပျောက်သွားမယ်တဲ့။
တိက ခေါင်းမာစွာပဲ သားကို အဲဒီလို ပြန်ခေါ်ဘို့  စည်းရုံးပါတယ်။ နောက် သူ့ မသုံးတာကြာပြီးဖြစ်တဲ့ လက်ရက်ကန်းကို ထုတ်ခိုင်းတယ်၊ ရုပ်ကလပ်လွှမ်းမဲ့ အ၀တ်ကို သူကိုယ်တိုင်ယက်ပါတော့မယ်။

သားက ၀ယ်ပေးပါ့မယ်ပြောလဲမရပါ။ ရက်ကန်းကို သွားပြင်ရတယ်၊ တရွာလုံးမှာ မင့်အမေရက်ကန်းပဲ အကောင်းကျန်တော့တဲ့အကြောင်း လက်သမားဆရာကြီးက ပြောပြတယ်။

အဖွားကြီးတိ ရက်ကန်းရက်နေတုံးမှာ သားက ကျနော်တို့ ကို ဒီနယ်မှာ လူတိုင်းသိတဲ့ ဆွတ်ပျံ့ ဘွယ် သူ့ မိဘများရဲ့  အချစ်ဇာတ်လမ်းကို ပြောပြပါတော့တယ်။

ဆရာလော့ဟာ တခြားအရပ်က လာတဲ့ ကျောင်းဆရာလေးပါ၊ မင်းသာဟာ စိုင်းစိုင်းခမ်းလှိုင်လို ရုပ်မျိုးလေးပါ၊ တိအဖြစ်သရုပ်ဆောင်တဲ့ ကျန်းကျီရိ (ပထမဆုံးကားလို့ ပြောတယ်) အင်မတန် ချစ်စရာကောင်းပါတယ်။ နှိုင်းပြောရရင် ပန်းမြိုင်လယ်က ဥယာဉ်မှုးတုံးက သီင်္ဂထွန်းပုံစံလေး။

ရွာကို ရောက်လာတဲ့ ကျောင်းဆရာလေးကို မိန်းမနောက်ပိုး ပိုးတဲ့ အခန်းလေးတွေ တယ်ချစ်စရာကောင်းပါ့၊
ကျောင်းကို ဆရာလေးနဲ့ အတူ ရွာသားတွေ ပြီးအောင်ဆောက်ကြတယ်။
မိန်းမတွေက ချက်ပြုတ်ပေးတာရယ်၊ အဝေးက ကြည့်နေတာရယ်ကလွဲလို့ ဝင်မလုပ်ရဘူး မိန်းမတွေပါရင် ကံမကောင်းဘူးလို့ အဲဒီအချိန်က အယူရှိကြတယ်။ Gender issue လေး။

ကျောင်းအတွက် ယနယ်တိုင်မှာ ရွာရဲ့ အလှဆုံးမိန်းကလေးက တံခွန်ယက်ပြီး ချည်ထားပေးရတယ်၊ ပြောနေစရာမလိုပါဘူး အလှဆုံးမိန်းကလေး တိရဲ့ လက်ရက်ကန်းနဲ့ လက်စွမ်းပြမှုတွေကို မြင်ရပါတော့တယ်။

နောက်ပိုးခန်းလေးတွေတော့ ကြည့်ကြပါ၊ ကျနော် ရေးပြနိုင်စွမ်းမရှိတော့ပါ

မရေးဘူးဆိုပေမဲ့ နှစ်ကွက် သုံးကွက်တော့ ပြန်ရေးချင်ပါတယ်။

ဆရာလေးက စာသင်တော့ (သူ့ သားကို နောက်ပြန်ပြောပြတယ်၊ စာသင်တဲ့အသံကို သူက အရမ်းကြိုက်တာကိုး) ရွာမှာ ရေတွင်းနှစ်တွင်းရှိတယ် ရေခပ်ဘို့ ၊ အားလုံးက နီးတဲ့ ရေတွင်းသစ်မှာ ခပ်ကြပေမဲ့ သူက ကျောင်းဘေးက ဖြတ်သွားတဲ့ ရေတွင်းဟောင်းကိုပဲ သွားရေခပ်တယ်။

ဆရာလေးက ကျောင်းဆင်းရင် ခလေးတွေနဲ့ အတူ ရွာကို စာတွေအံပြီး ပြန်တယ်၊ အပြန်လမ်းက တောင်ကုန်းတွေကို ကွေ့ ဝိုက်ပြီး ဖေါက်ထားတယ်၊ ဒါကို သူက ခြင်းတောင်းလေးကိုင်လို့ ၊ တောင်ကုန်းတွေ (ကျောပေါ်ကနေ ဖြတ်ဖြတ်ပြီး စစ်တိုက်ရင် အောက်လမ်းက သွားတဲ့ရန်သူကို ချုံခိုခြောင်းသလိုကို ခြောင်းတာ) ကနေ အမျိုးမျိုးခြောင်းလေရဲ့ ၊ နောက်ဆုံးလမ်းပေါ်မှာ တွေ့ တော့ ဆရာလေးက သူ့ ကလေးတွေကို မေးတယ် ဒါဘယ်သူလဲပေါ့၊ အမတိလို့ ပြောပြီး ကလေးတွေက သူ့ ကိုခေါ် မိတ်ဆက်ပေးကြတယ်၊ လက်ဆွဲနှုတ်ဆက်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားတာ လမ်းပေါ်မှာ ခြင်းတောင်းကြီးတစ်ခုလုံးကျန်ခဲ့ပါလေရော၊ ခလေးတွေ ဟားလိုက်ကျတာ ကြည်နူးစရာပါ။

နောက် အကောင်းဆုံးတကွက်၊ သူရေတွင်းမှာ ရေခပ်နေတော့ သူ့ ပုံးနှစ်ပုံးထဲကို ရေငင်ပြီး ဖြည့်ပြီးလို့ ထမ်းပြီး အိမ်ပြန်တော့မယ်။ အဲဒီမှာ ဆရာလေးက ရေထမ်းနဲ့ သူ့ ဆီကိုလာနေတာတွေ့ တော့၊ သူ့ ရေတွေကို ရေတွင်းထဲ ပြန်သွန်းပစ်ပြီး ဆရာလေးလာမှာပဲဆိုပြီး စောင့်တာ၊ (ရွာသားတယောက်က ဟာဆရာ ရေမခပ်ပါနဲ့ ဆိုပြီး အတင်းလုသွားလို့ အကြံ မအောင်လိုက်ဘူးလေ)

တိက (ကောင်မလေးနာမည်) ဆရာလော့ (ဆရာ့နာမည်)ကို ကျောင်းဆောက်နေကထဲက၊ အိမ်မှာရှိတဲ့ တလုံးတည်းသော ကြွေပန်းကန်နဲ့ ဟင်းကောင်းတွေ ချက်ချက်ပြီး ပို့ တယ်၊ သူ့ အိမ်မှာ လာစားတော့ သူ့ ပန်းကန်ကို မှတ်မိလားမေးတော့ ဆရာလော့က မှတ်မိတယ်ပြောပေမဲ့ တကယ်တော့ တိက ချက်ခဲ့တဲ့ ဟင်း၃မျိုးပြောပြတော့ မသိတာ ပေါ်သွားလေရဲ့ ၊ အဲဒါနဲ့ ပဲ ညနေကြရင် ဖက်ထုတ်လာစားပါအုံးလို့ ပြောရင်း ထမင်းစား ထပ်ဖိတ်တယ်၊ တိအမေကြီးကတားတယ် အဆင့်အတန်းကွာတယ်ပေါ့၊ ကျောင်းပြန်မသွားခင် ဆရာလော့က တိကို အဲဒီ ဆွယ်တာအနီလေးနဲ့ လိုက်တယ်ဆိုပြီး ဆံထိုးအနီလေး လက်ဆောင်ပေးသွားတယ်။

နိုင်ငံရေးကို ပါးပါးလေးပဲ ထဲ့ထားတယ်၊ အဲဒီညနေမှာပဲ၊ ကျောင်းဆရာလေးကို (ကျနော် အလုပ်ဝင်ခါစ အရွယ်လောက်) နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆိုပြီး မြို့ ကို အဆင့်ခံရတယ်၊ သူဆက်ဆက်ပြန်လာမဲ့အကြောင်း ဆရာလော့က ပြန်လာပြောတယ်၊ ဖက်ထုတ်တော့ စားသွားပါအုံးဆိုပြီး တိက ပြောပေမဲ့ ပြန်မလာတော့ဘူး၊

သူကြီးရဲ့ မြင်းလှည်းနဲ့ ထွက်သွားတယ်၊ ရုပ်ရှင်ထုံးစံအတိုင်း တိက ဖက်ထုတ်တွေ ကြွေပန်းကန်နဲ့ ထုတ်ပြီး အပြေးလိုက်ပို့ တယ်၊ ဆွယ်တာအနီလေးဝတ်ပြီးတော့ ဆံထိုးလေးထိုး အလှပြင်ပြီးစောင့်နေတာကိုး။
မမှီပါဘူး၊ လမ်းမှာ ခလုတ်တိုက်ပြီး ကြွေပန်းကန် ကွဲသွားတယ်၊ ဆံထိုးလဲ ပျောက်သွားတယ်၊ သားရဲ့ နောက်ခံစကားပြောအသံနဲ့ ဇာတ်လမ်းကို ဆွဲဆွဲခေါ်သွားတာ။
ဆံထိုးကို ဇွဲကောင်းကောင်းနဲ့ နေ့ တိုင်း ပြန်ရှာပြီး တွေ့ သွားတယ်

နွေမိုးဆောင်းတွေ ပြောင်းလာတဲ့အခါမှာ ကျောင်းဆောင်လေးကို တိကသွားပြီး ပြင်ဆင်တယ်၊ သူကြီးက တွေ့ သွားတော့ တရွာလုံး သူတို့ အကြောင်းသိသွားတယ်၊ အဲဒီခေတ်က မိဘပေးစားမှပဲ ယူကြရတာဆိုတော့ ဒီဇာတ်လမ်းလေးက အထူးအဆန်းဖြစ်ကုန်ကြတယ်။

အဲဒီမှာ နှင်းတွေကျနေတဲ့နေ့ အထမ်းကြီးနဲ့ လူကြီးတစ်ယောက်ကို တိအမေက အိမ်ထဲကို ခေါ်တယ်၊ ကြွေပန်းကန်ကွဲတွေ ပြန်စိပြီး ကြိုးနဲ့ စည်းတယ်၊ လေးကိုင်းလို ကိရိယာကိုသုံးပြီး ကြွေပန်းကန်ကို အပေါက်လေးတွေဖေါက်လို့ စို့ ထိုးတယ်၊ နောက် စွန်ကုပ်လေးတွေနဲ့ ကုတ်ရတယ်၊ ပုဂံကို ပြင်တာ အသစ်ဝယ်တာထက်ပိုကျတယ်။ တရုပ်တွေရဲ့ ရှေး၇ိုးရာ ကြွေပန်းကန်ကွဲ ပြန်ဆက်တဲ့ အတတ်ပညာကို ခေတ်ပေါ်ပစ္စည်းတွေမသုံးပဲ ပါးပါးလေးပြလိုက်တာပဲ၊
၇ိုးရာပစ္စည်းလားတဲ့၊ မဟုတ်ပါဘူ။ ဘိုးဘေးတွေ သုံးသွားတာလား၊ မဟုတ်ပါဘူး၊ အရမ်းအလေးထား ရတဲ့လူသုံးတာလားတဲ့၊ အဲဒီလိုပြောရမှာပဲတဲ့၊ ကျမသမီး အရမ်းအလေးထားတဲ့ ဒီပန်းကန်ကို သုံးတဲ့လူ အဝေးကို ထွက်သွားလို့ ပါတဲ့၊ ဒီပန်းကန် ပြန်ကောင်းသွားရင် သမီးရဲ့ အသဲနှလုံးတွေ ပြန်ရောက်လာနိုင်မယ် ထင်လို့ ပါတဲ့။ ပါးပါးလေးတွေနဲ့  ကျနော့် မျက်ရည်တွေကို ခြွေချသွားကြတယ်။

(ဒီပန်းကန်ကွဲကို ပြန်ဆက်တဲ့ ရိုးရာအတတ်ပညာပိုင်းဟာ မထည့်ရင် ဖြစ်ပေမဲ့၊ ဒါရိုက်တာဟာ အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့တဲ့ တရုတ်ယဉ်ကျေးမှုကို ပြန်ဆက်တဲ့အနေနဲ့  montage အနေနဲ့များ ပြသလားလို့ အခုတွေးမိတယ်)

ရိုးရာပြတဲ့အနေနဲ့ တိ ကိုယ့် အ၀တ်အထည်ကို ရက်နေတာပါသေးတယ်။

ပြန်လာမယ်ဆိုတဲ့နေ့ မှာ နှင်းတွေကျနေ၊ စောင့်။ မလာနိုင်ပါဘူး၊ တိဖျားတယ်၊ အပျင်းအထန်ဖျားရက်နဲ့ ပဲ နောက်နေ့ မှာ မြို့ ကိုလိုက်သွားတယ်၊ ဆိုးဝါးလှတဲ့ ရာသီဥတုမှာ ရောက်အောင် မသွားနိုင်ပါဘူး၊ ရေခဲတုံးလို ခဲနေတဲ့ တိကို သူကြီးနဲ့  သူ့ မောင်တွေက ပြန်သယ်လာရတယ်၊ ဆေးဆရာက ကျောင်းဆရာပြန်လာမယ်မထင်ဘူး၊ စာရေးလိုက်ကြပါလားဆိုတော့ အားလုံးတိုင်ပင်ပြီး စာရေး အကြောင်းကြားလိုက်ကြတယ်။

ဆရာလော့ မနေနိုင်ပဲ အခွင့်မတောင်းပဲ တရက်ပြန်လာလိုက်တာ၊ သူတို့ နှစ်ယောက်ကို တရွာလုံးက အသိအမှတ်ပြုလိုက်သလို ဖြစ်ပေမဲ့ အာဏာပိုင်တွေက အရေးယူလို့ နောက် နှစ်နှစ်ကျော်မှ ပေါင်းကြရတော့တယ်။

အဲဒီ ၂နှစ်ပြည့်တဲ့နေ့ ပြန်လာတဲ့ နေ့ မှာ တိက အင်္ကျီအနီလေးနဲ့ စောင့်နေရဲ့ ၊ အဲဒီနေ့ ကစလို့ အဖေက အမေ့ကို ဘယ်တော့မှ မခွဲတော့ဘူးတဲ့။

ကျောင်းလေးရဲ့ ထုတ်တန်းမှာလဲ တိထိုးထားတဲ့ တံခွန်တိုင် အနီရောင် အစတွေပဲ ချီထားတယ်၊ စာသင်နေရင်း အမေ့ကို မှတ်မိနေအောင်တဲ့၊ သူကြီးက မျက်နှာကြက်လုပ်ပေးတာတောင် မခံလို့ ကျောင်းလေးဟာ နှစ်ပေါင်းများစွာ မျက်နှာကြက်မရှိဘူးဆိုပဲ။

အနှစ်၄၀ကြာ အိမ်ထောင်ရေး၇ဲ့ သံယောဇဉ်နဲ့ ခိုင်မြဲမှုကို အပေါ်က စာလေး၂ကြောင်းကို ပြကွက် ၂ကွက် တိ လမ်းပေါ်ကနေ စောင့်နေတာရယ်၊ ကျောင်းလေးရဲ့ ထုတ်တန်းတွေမှာ ချည်ထားတဲ့ အနီရောင်များနဲ့ ရယ် ဒါလေးနဲ့ ပဲ ပြသွားလေးရဲ့ 
လက်ဖျားခါစရာပါ (ဒါရိုက်တာ ကျန်းရီမင်)

ဇာတ်လမ်းက အဲဒီမှာ အဖေဆုံးထားတဲ့ အခန်းကို ပြန်ရောက်တယ်၊ အမေနဲ့ အဖေအတွက် ဒီမြို့ နဲ့ ရွာဆက်တဲ့လမ်းလေးဟာ အသက်ပဲ၊ အမေက ဒါကြောင့် အဖေ့ကို ဒီလမ်းကို အတူတူလျှောက်ပြီး ပြန်ပြီး ရွာမှာ မြုပ်ချင်တာပါလို့ သားက သူကြီးကို ပြောတယ်။
နှင်းမုန်တိုင်းတွေ တိုက်နေတဲ့အချိန် မြို့ ကနေ ဒိ တရုတ်ခေါင်းကြီးကို သယ်ပြီး လျှောက်ဘို့ ၊ လူတွေ ငှား၇မယ်၊ ငှားခ၊ ဆေးလိပ်ဘိုး၊ အအေးဒဏ်ခံဘို့ အရက်ဘိုး အစ တွက်ပြတယ်၊ ယွမ် ၄၀၀၀လောက်ကျမယ်ဆိုတော့ သားက ၅၀၀၀ ထုတ်ပေးတယ်။

မြို့ ကနေ ရွာကို နှင်းမုန်တိုင်းတွေ ကြားထဲမှာ ခေါင်းကို ပြန်သယ်တဲ့ အခန်း၊ လူတွေလူတွေ အများကြီးထွက်လာကြတယ်၊ ရောက်လာကြတယ်၊ ငှားခ လုံးဝ လက်မခံကြဘူး၊ ထော်လာဂျီတွေနဲ့ ။ေ နာက် တကယ့် ကားအကောင်းစားကြီးတွေနဲ့ ၊ လူတစ်ရာလောက်က သားအမိနဲ့ အတူတူ လမ်းလျှောက်ကြတယ်။

လာတဲ့လူတွေ အားလုံးဟာ ဆရာလော့ရဲ့ တပည့်တွေ၊ (နှစ်၄၀ကျော်စာပေါ့၊ တချို့ဆို တိတို့ သားအမိ မမှတ်မိတော့ဘူး) ရွာတွေကနေ၊ မြို့ ကနေ၊ ကွမ်ကျိုးလို မြို့ တော်ကြီးကိုကနေ ရောက်လာကြတယ်၊ တချို့ လဲ နှင်းမုန်တိုင်းကြောင့် မမှီကြဘူး။
ရုပ်ရှင်ကြည့်နေရတယ်လို့ ကို မထင်ပါဘူး၊ ကိုယ့်စိတ်ပါမျောသွားတယ်။ (ဒီနေရာမှာ အင်္ဂလိပ်စကားလုံး from all walks of life ဆိုတာကို သွားသတိရမိတယ်၊ ကျောင်းဆရာတယောက်ရဲ့ အကျိုးပြုနိုင်မှုဟာ လောကကြီး အလွှာအသီးသီးကိုပါပဲ)

နောက်ဆုံး သားက ပြန်တော့မယ်၊ ဆရာလော့ အမြဲတောင့်တခဲ့တဲ့ သပ်သပ်ရပ်ရပ်နဲ့ နှစ်ထပ်ကျောင်းကို အစိုးရဆီက ချပေးလိုက်ပြီ၊ လိုတာကို ရွာကစိုက်ပြီး ပြီးအောင်လုပ်ကြတော့မယ်။

တိက သားကို ပြောနေတယ်၊ အဓိကပြော၇ရင် သားကို ဆရာဖြစ်စေချင်ခဲ့တာ ဆရာလော့ရဲ့ ဆန္ဒပဲ၊ သားက ဆရာအတတ်သင်တက်ခဲ့ပေမဲ့ စာလုံးဝ မသင်ပေးဘူး။
သူ့ သား ဒီကျောင်းမှာ တရက်လောက်ပဲ စာသင်ရင် ကျေနပ်ပါပြီဆိုတဲ့ အကြောင်း။


ဇာတ်လမ်းဆုံးတာကတော့၊ နောက်နှစ်သားပြန်လာရင် မရှိတော့မဲ့ နှစ်၄၀ကျော်စာသင်ကျောင်းမှာ သားက သူ့ အဖေ ကိုယ်တိုင် ပြုစုထားတဲ့ ဖတ်စာလေးကို ကျောင်းသားလေးတွေကို စုပြီး စာသင်နေတာနဲ့ ပြီးသွားတယ်။ သူ့ အဖေ ပထမဆုံး စာသင်တုံးက သင်ရိုးညွှန်းတမ်းဖတ်စာကို မသုံးပဲ ဒါကို သုံးတယ်။ ခလေးတွေ ရွတ်နေတဲ့အသံတွေနဲ့ ရွာသားတွေက ဘေးက နားထောင်နေကြပြီး တိငယ်ငယ်က ဆွယ်တာအနီလေးနဲ့ အင်မတန်လှတဲ့ လှုပ်ရှားမှုတွေနဲ့ ပြီးသွားတယ်

ဖတ်စာက ဆုံးမစာတွေ နီတိတွေ

အဲဒီထဲက ကျနော် အကြိုက်ဆုံးကတော့

အကျိုးတိုင်းမှာ အကြောင်းရှိသည်။