Showing posts with label School Music Course. Show all posts
Showing posts with label School Music Course. Show all posts

Saturday, November 12, 2016

ယဉ်မရိုင်း အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။ ဦးကြော့၏ တောဒဟတ်ပန်းဘွဲ့ 

ဦးကြော့၏ တောဒဟတ်ပန်းဘွဲ့ 

ယဉ်မရိုင်း
အင်တိုင်းရယ်တဲ့ ခပ်ဆန်ဆန်။

လူမရောက်
ဂူ၊ ချောက်၊ ချောင် တောင်ကတုံးမှာ
စုရုံးကာ သူတို့ ပေါက်ရှာကြ
အညှောက် ကြူကြူ မွှေးရှာဘု
အခေါက် ဖြူဖြူကလေးရယ်နဲ့
ကျေးငှက်ပျော်စံ။

ဇလပ်ဝါ ခတ္တာခပါတဲ့
သာတန်ဆောင် ဝါခေါင်လတွင်မှ
ပွင့်ဖူးကြ ချိန်အမှန်
ဝသန္တ လေချိုဖျန်း။

ယဉ်မဆုံးနိုင်ဘု
ပင်လုံးကုန် ခိုင်ညှာတံမတော့
နံ့သာကျံ ဝါဖန်နှောပါလို့
ယဉ်တမူ မြင်သူမောလောက်တယ်
လောကဓာတ်ခန်းမှာလ
ပြောစမှတ်ဆန်းပေရဲ့
တော ဒဟတ်ပန်း။ ။


(ဦးကြော့)


ဗျောသံ ကျောင်းသင်ရိုးညွန်းတမ်း

ကျောင်းသင်ရိုးညွန်းတမ်း


လှည်းယဉ်ဘွဲ့  ခွန်းထောက် ဦးသိန်းကြွယ်

ဦးသိန်းကြွယ်
သတိုးပီယ
ညို့ကုန်းယံ ချောက်နံဘေးမှာလ တို့ဘုန်းကံ အလျောက်မွေးရောထင် တစ်ခေါက်ပြေးမှဖြင့် မိုးထိုးမယောင် ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။ နှစ်ကိုယ်ချို့တာကြောင့်  ချိုဘို့တူ နွားပြာတုတ်တွေနဲ့ ပျိုတို့လူယာမလုပ်တယ် အားထုတ်မယ့်မယ်မောင်မှာနော်ကွယ် ဝါးခုတ်တဲ့တောင်
ဦးသိန်းကြွယ်၏ ခွန်းထောက်ဆိုဟန်ကို ရပ်ကြီးသူမှ ပြန်လည် ဖြတ်ယူ တင်ဆက်ပေးပါထားခြင်းဖြစ်ပါသည်


ကာချင်း ငါးစီးရှင်ကျော်စွာ

ငါးစီးရှင်ကျော်စွာ
တစ်မောင်း တစ်မောင်း၊ တို့တစ်မောင်းသည်၊ တစ်မောင်း ဘကောင်း သားလော။ ဘကောင်း ဘကောင်း။

အနီးမြင်မှတ်၊ စေတီထွတ်သည်၊ ကောင်းမြတ် သာလျောင်းလော။ သာလျောင်း သာလျောင်း။

သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး* မြစ်လောင်းလော၊ မြစ်လောင်းမြစ်လောင်း။ ဥတည်းသည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်ဆောင်းလော၊ တန်ဆောင်း တန်ဆောင်း။
ပါင်းကွက်စေ့ကျင်၊ ထန်းပြင်ပြင်ကား၊ ဆင်လျှင်နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။

ကျုံးနက်ရေ၊ မြို့ခြေအပြည့်ထား။ တေဟူသည်ကား၊ ထွားရှည်ကျော်ပြန့်ပွား။ တေဟူသည်ကား၊ ဆယ့်တစ်ရွာတခြား၊ ဒေဝကျော်ထင်ရှား။မဏိဆင်သည်၊ မျက်ရှင်ကွန်တော်လား။ ကွန်းတော်ကွန်းတော်

။အမွမ်းစွင့်စွင့်၊ ကနားမြင့်သည်၊ ကြန်သင့်သာလျောင်းလော။ သာလျောင်း သာလျောင်း။ရဝေဆီးသည်၊ လက်တီးလေးတံခါး။

တရုတ်လာသည်၊ ရိုင်ရိုင်* လော၊ ရိုင်ရိုင်။မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။

လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်း လတိုင်း။မြင်းသည်သိန်းသန်း၊ များစွာထွန်းသည်၊ ထန်ဝန်းရံသ၊ မနိုင်မနိုင်။

လျှပ်စစ်တိမ်ပြင်၊ မှိုင်းမင်းလွင်သည်လည်း၊ လွင်သည်လည်း။
တိမ်သည်မည်းမည်း၊ မည်းသည်လည်း၊ မည်းသည်လည်း။

တမ်မည်းတက်ရာ၊ မိုးသေပါ၍၊ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း၊ ဖြင်သည်လည်း။ရွာသည်မိုးကား၊ ရိုက်ကြိုး ကြည်* သည်လည်း၊ ကြည်းသည်လည်း။

ကန်သင်း မွေမမြင်သည်လည်း၊ မမြင်သည်လည်း။အရိုင်း မနေချင်သည်လည်း၊ မနေချင်သည်လည်း။ပြေးလျင်တစ်စီး၊ မြင်းသည်လည်း၊ မြင်းသည်လည်း

။နှင်တံမကမ်းခင်သည်လည်း၊ မကမ်းခင်သည်လည်း။ဒသာလည်းဒသာ ကောင်းခြင်း၊ ခပင်း *ကြိုက်သည်လည်း၊ ကြိုက်သည်လည်း။

ရာဇသင်္ကြံ၊ စည်းစိမ်ခံသည်လည်း၊ ခံသည်လည်း။ အသင်္ခယာ၊ ချမ်းသာစံသည်လည်း။ စံသည်လည်း။နှစ်ပါးမင်း၏၊ ညီရင်းလဟူ၊ သီဟသူကား၊ အယူဖြောင့်စင်း၊ မြအဆင်းသို့၊ ချင်းလေ ရပ်မျက်နှာသည်လည်း၊ ရပ်မျက်နှာသည်လည်း။သီးမှည့်ကျီးအာသည်လည်း၊ အာသည်လည်း။      ။သင်္ဃာတန်ခိုး၊ မပြတ်ကိုးသည်၊ သုံးလူ့အမှူး၊ ဂုဏ်ကျေးဇူးသည်လည်း၊ ဂုဏ်ကျေးဇူးသည်လည်း။မုခပါဌ်မျက်ရှင်၊ ပလ္လင်ခတ်သည်လည်း၊ ခတ်သည်လည်း။
မြင်စိုင်းငါးစီးရှင်

လက်ဆုံတွေ ချပါလို့  မောင်းထောင်းသီချင်းများ

သတ္တမတန်း သင်ရိုး

လက်ဆုံတွေချပါလို့ 


လက်ဆုံတွေ ချပါလို့  
ဟန်ကျအောင်စီ၊
ရွှေနောင်သူ ပျိုအပေါင်းရယ်
မောင်းကျောက်ကိုချီ၊
(ချိုကြူးငယ်သီ ) ၂ 
ညီအောင်ပ အချက်ပေး၊
ပျော်ပျော်ရွှင် ယဉ်ယဉ်တွဲပါလို့ 
 နွှဲကြစို့ လေး။


ပျိုလေးတို့ အိမ်စွန်း 
ကျွန်းဆယ့်နှစ်ပင်၊
စောင့်ရှောက်စေချင်၊ 
မငြိုငြင် ရှင်အောင်ပမွေး၊ 
မယ်နှဲ့ မောင် ကံဆိုင်ကြယင်
ကျောင်းတိုင်ဘို့ လေး။


မလေးစိုက်၍ နှစ်ခြိုက်စရာ၊ 
ပန်းရွှေယင်းမာ၊ 
ဖူးးငုံရယ်ဖြာ ညှာတံကသေး၊
မပွင့်ခင် အယင်ချိုးယင် 
ညှိုးတတ်တယ်လေး။


ပျိုလေးတို့ အိမ်ခေါင်မိုး 
ထိုးလာပါတဲ့ စာလွှာ 
ဘာစာလို့ မေး၊
မေးပါနဲ့ ဆို 
ပျိုတို့ မောင် စီလို့ ရေးတယ် 
လွမ်းစာတဲ့လေး။


ပျိုလေးရက်တဲ့ ရက်ကန်းစင် 
ဘာဆင်လို့ မေး၊
မေးပါနဲ့ အေ၊ မေးပါနဲ့ အေ 
တို့ တစ်တွေ ချွေတာခြင်း 
တင်းတိမ်တဲ့လေး။


ပိန်းအလှ အနီချယ်၊ 
စီးမယ်လို့ ဝယ်၊ 
ခုနှယ်ခါ မယ်မစီးသေး၊
မောင်နဲ့ မယ် တကယ်ရမှ 
စီးပါ့မယ်လေး။


ယိမ်းယိုင်တဲ့ ယိမ်းယိုင်၊ 
ပျိုတို့ မောင် ဆောင်တော်နောက်က 
ဘိန်းပြတ်လို့ မှိုင်၊ 
မမှိုင်ပါနဲ့ ရွှေယောင်သား 
ပျိုပန်ပါတဲ့ စိန်နားဋောင်း၊ 
အဘိုးဆိုလို့ ရောင်း။


( ဟိုရှေ့က နီရွှေရွှေ၊
နေထွက်ပြီလေ၊ 
ဟုတ်ပါဘူးအေ၊ ဟုတ်ပါဘူးအေ 
ဖန်ဆွတ်ရေ သင်္ကန်း၊ 
ရဟန်းတော် ဆွမ်းခံကြွတယ်
လောင်းလာကြစမ်း။) ၂။


( တန်ကြစို့အေ
ပြန်ကြဖို့ အရေး၊
တို့မွေးမေ ရွှေလည်မော့လို့
မျှော်ရော့မယ်လေး။ )၂



တောင်ခါးပန်းရယ်နဲ့ကဆုန်လဘွဲ့ (ဦးပုည)

ကဆုန်လဘွဲ့ 

တောင်ခါးပန်းရယ်နဲ့
ခင်တန်းငယ် ကုန်းမြောင်
ကျော့ကွင်းကို ထောင်သည်
ခွေးညီနောင် တခင်ခင်နှင့်
ယုန်ရှင်ကို ဖမ်းခဲ့ပ
လေးထမ်းတဲ့ သည်ဖေကို
တဲအိမ်နေ ကြင်သူက
တအူအူ ဟစ်ခေါ်လို့
အမှာတော် ပါးလိုက်ရှာတယ်လေး။

အိမ်ကိုပြန်လျှင်
အကျွန် ကျွန်ုပ်၊ ယုန်တထုပ်ကို
ခွါဆုတ်ရေလှန်၊ ကျပ်ခိုးခံလို့
ပန်းရန်နဝါ၊ ရွက်နုညှာကို
ဝါးပြာထည့်ကျို၊ အိုးနားတိုနှင့်
ခပ်ချိုညစ်တေ
ဆောင့်ကြောင့်ထိုင် မွှေလိုက်တယ်
ချိုပေစွ ဟင်းချိုကို
စလောင်းတို အခြေပဲ့နှင့်
အာခေါင်မှာ ပူအောင်ထဲ့လို့
မျိုလှဲ့ကွဲ့လေး။ ။

(ဦးပုည)


ကြက်ဖတိန်ညင် တောကိုဝင် တယောကိုဖိုးငို လက်စွမ်းပြ

တယောကိုဖိုးငို
ကြက်ဖ တိန်ညင် တောကိုဝင်
မောင်ရင်လာမှ လေးနဲ့ ပစ်လိုက်
မပစ်ပါနဲ့  မောင်ရင်ရယ် ကြက်တက်စူးလို့  သေပါ့မယ်
ဘယ်ဘက်က စူးစူး ညာဘက်က စူးစူး
ခွတ်လိုက်ကြစို့  သူငယ်ချင်း ရယ်
သူငယ်ချင်းရယ် မယ်မငြင်းဖွယ်
အောအိအီးအွတ်

ရွှေသဇင် ဦးတိုး ဆို မြကေတု

အိပ်ပျော်ရာမှ (အဲချင်း) (ဦးယာ)

အိပ်ပျော်ရာမှ (အဲချင်း) (ဦးယာ)
စိတ်ဖြေငယ်မှ လက်ဖြေ၊ ဘယ်စာကိုပင် မကြည့်ချင်ဘူး၊ ရွှေရင်မှာတင်းကျမ်း၊ ရေပြည့်ကမ်းငယ်သို့ 
အလွမ်းငယ် ဝေပါလို့ လေ။ ။
(ကွမ်း)ရေငယ်မှ (နှင်းဆီ၊ )သုံးတတ်ပြီဘဲ။ မောင့်ဆီကိုသာ၊ တ-မျှော်ခွေလိပ်၊ အနိုင်မှိတ်လို့ ၊အိပ်ပျော်ရာမှာ၊ ပြုံးကာရယ်ဟ၊ “အို-မင်းလှငဲ့၊ ထ-ထ-လို့ ပင်” ဖဲပြားရွှေရေး၊ ပုဆိုးက မွှေးသနှင့်၊ တွေးကာပိုက်လျက်၊ စမ်းလှာဖက်တယ်လို့ ၊ အိပ်မက်ကယ်မြင်၊ အို- သခင် ဆုတ်ပါဘိလို့ ၊ ဆိုမိယောင်မှား။
လိပ်ပြာမသန့် ၊ သွေးများပက်လန့် ပါပေါ့၊ ညံ့ ရာဆီတခိုကို၊ အလိုလို မာန်ကြီးလို့  မယ်(ဆို) တီးမှားလေ။

နေဝင်စ ချိုးမရယ်ကူ ကျပင်း ဆရာဖီး

ကျပင်း ဆရာဖီး
လမင်းကြီး ကျေးဇူးပြုသည်
ဆို ဒေလီညွန့် 
"နေဝင်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး ။
စာကိုသာ စာကိုငတ်လို့
ကူရှာလေသလော ကူသလော ။
ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော ။
နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တည်
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်မိ
ခြေကို မိလို့ ။
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကို နှက်လို့ ။
ဘယ် . . . ဘယ်ကို . . . ဘယ်ကိုရယ်ခွဲ
ရင်ကို ခွဲလို့ ။
ရှားမီးခဲတွင် ၊ ရဲရဲငယ်ကင်
အကျွန်မမြင်ဝံ့ပါပြီကလား
ရွှေချိုးဖိုရယ်လေ
မယ့်လင်သား . . . ။ ။"

ချူံညိုစွန်းက အလွမ်းပြေ (အိုင်ချင်း) လက်ဝဲသုန္ဒရ

ချူံညိုစွန်းက အလွမ်းပြေ (အိုင်ချင်း) လက်ဝဲသုန္ဒရ
ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း၊ ယောက်မတို့ လေ။
ဝါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်၊ ရွာ့တောင်က ချောင်း၊ ရွာ့ နောက်ပေါင်းကို၊ 
ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ကာ၊ မိုးမရွာသည်၊ ရွာပါသော်လည်း၊ မိုးမသည်း။
လယ်ပြင်ငယ်မှ ပတ်သန်း၊ ပျို့ ကောက်ငန်းနှင့်၊ အလွမ်းငယ်မှ ဖျော်ရာ၊ နှမကြီး မယ်သာစိုက်တဲ့
ကောက်ငန်းတာကို မောင်ကလေးငယ် မောင်မလာသည်၊ မလာကတည်း၊ နှမကြီး ၀မ်းမနည်း။
ကောက်ပန်းငယ်မှသွယ်ဝိုက်၊ ကန်သင်းပေါ်က၊ မျှော်မိလိုက်တိုင်း၊ ပျိုကြိုက်တဲ့သူ၊ ပ၀ါထည်၊
ထိပ်လယ်မှာပေါင်း၊ ဆံသွယ်ပျောင်းငယ်နှင့်၊ ဗောင်းကြော့လူကို၊ စိတ်တူနှောလို့  မပြောရလေ။
ရင်းမာပန်လျက်၊ ကောက်စိုက်တက်ကို၊ လက်ခုပ်ပင်တောင်၊ ပညောင်ပင်လှ၊ နှောပင်ခွနှင့်၊ လမ်းမတိုးလျှို၊ ဆီးချုံရိပ်မှာ၊ တစ်ဆိပ်ကယ် ခိုပြီးလျှင်၊ ချုံညိုစွန်းမှာတဲ့ အလွမ်းဖြေလေး။

စံပယ်တဲ့ လေးရုံ

စံပယ်ရုံ
စံပယ်တဲ့ လေးရုံ
ပျိုတို့ မောင် မပန်ထိုက်တယ်
ပန်းပြတ်ခိုက်ကြုံ။
အပွင့်ရယ်ကုန်
တစ်ငုံဖြင့် ကျန်ပါသေး။
ပန်ချင်ရင် ပျို့ မောင်ကြီးရယ်
ခေါင်းဖြီးခဲ့လေး။ ။

ပန်းစပယ် (ဦးပုည) ဒွေးချိုး

ပန်းစပယ် (ဦးပုည) ဒွေးချိုး
ပန်းစပယ် နန်းလယ် မပေါ်ခိုက်တာမို့ 
အလိုက်ကယ် တော်တန်သင့်ရုံပါ့
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင် ယာယီ ရွေ့ တယ်
တောလေ့ရွာသုံး

ဘယ်မြို့ ပုံ သာပါလိမ့် (ဦးကြီး)

ဘယ်မြို့ ပုံ သာပါလိမ့်
လေပြည်ငယ် သုတ်ပါလို့ 
ေ၇ွှဘုတ်ကယ် အိုးအီ
အုံ့ မှိုင်းငယ်ရီ
နေမီအောင် တစ်ခို လှမ်းခဲ့ရ
ကောက်ငန်းက သူပြန်ပုံမှာ
ခတ္တာငုံ ပန်းနှစ်ဆင့်ငယ်နှင့်
ပန်းဝင့်လို့  ရွာကိုဝင်
အမြင်ဆန်းပါဘိတယ်…လေး။ ။
ညချမ်းရယ် နေရီ
ချိန်တော်မီ ကေသီပန်းနှင့်
ရေခပ်လမ်းမှာ စခန်းဆင့်လို့ 
ထက် (ထပ်) ဆင့်နီရောင် ချည်စိမ်းပေါင်နှင့်
ယဉ်အောင် တောသူ
သနပ်ခါး ကွက်ပါးမှာကူလို့ 
အမူကြီး ကမ်းကုန်ကို
ဘယ်မြို့ ပုံ သာချင်သော (ဇော) ရယ်လို့  ပြောကြမယ်လေး


စိမ်းလဲ့ငယ်တဲ့ ညိုရောင် မေလှမြိုင်

စိမ်းလဲ့ငယ်တဲ့ ညိုရောင်
ပင်ဝါးရုံ လေယူသိမ်းတယ်
ယိမ်းနွဲ့ မြောက်တောင်။
မြူခိုးရယ်မှောင်
ဟိုတောင်ကြော့ ခါးပန်း။
ရွှေဥဒေါင်းငယ်တို့ 
မြိုင်စောင်းမှာ တွန်သံ ချိုလှတယ်
ကွန်းခိုတဲ့နန်း။
မေလှမြိုင်

လေသွေးရာချီ (မဲဇာတောင်ခြေ ပတ်ပျိုးမှ)

မဲဇာမြိုင်
လေသွေးရာချီ၊ ရွှေဖီကမွှေး၊ ဝတ်ပန်း ထုံခိုင်နှင့် မဲဇာမြိုင် ဂနိုင်အုပ်မှာ
ရွှေဘုတ်က ကြွေး



အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊ ဟန်ချင်းများ

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
လယ်တော်တွင်းက များတတွေ။
ကိုယ်စီ က,လို့ လှစရာ၊
တို့မျက်နှာ နံ့သာပြောက်ဖို့ 
ဟင်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
သွေးကြပါအေ။ ။
ပန်းထိမ်လက်ခ မပေးရ၊
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
အောင်ပင်လယ် ရွာမရိုင်း၊
တိုင်းရွှေပြည့် လက်နား။ ။
လေးရာ့နှစ်ဆယ်၊
အနံငယ် တိုထဘီနှဲ့ 
ဖျင်အင်္ကျီ သစ်ခေါက်ဆိုးမို့ ၊
ချုပ်ရိုးတွေ သီတတန်းမှာ၊
သန်းကိုက်လို့ မယား။ ။
ကျွဲခတ်သည့်ဟန်၊
ချဗျာဆံ စုံပါးရိုက်ကို၊
ခါလိုက်ချည့် တို့အပျိုမှာ၊
ယဉ်နကို မူကြစို့၊
မရိုးဖြူ ဆံခွေထုံးမှာ၊
ကုံးပန်လို့ ခြားခြား။ ။