Friday, November 4, 2016

အမေ

အမေ အမေ
ဦးလေးအမေ ဒီထဲမှာ ရှိသလား
ရှိတယ် (မြေမှုံ့ တွေကို ဆုတ်ပြပြီး)
ဒါ အမေပဲ ငါတို့ ရဲ့  မိခင်မြေ၊ ငါတို့ အားလုံးရဲ့ အမေပဲ

ဒီအမေကို တိုင်းတပါးသားတွေက (ဗြိတိသျှတွေက) လိမ်ညာအုပ်ချုပ်တယ်၊ အခွန် ၈၀% ကောက်တယ်
သယံဇာတတွေကို ဂုတ်သွေးစုတ် ခိုးကြတယ်

ဒါတွေကို တွန်းလှန်ဘို့ ဦးတို့ ကျိုးစားရင်း ဒီအထဲ (ထောင်ထဲ) ရောက်ခဲ့ကြရတယ် ဒါမျိုး ဆယ်သက် သေပစေ ကျိုးစားရမှာပဲ (အိန္ဒိယ စီးရီး၊ နှလုံးသွေးဖြင့် ထိုးသော ကဗျည်း)

အင်း တိုင်းတပါးသား ကိုလိုနီခေတ်ကြတော့ ရှင်းရဲ့ 

အမျိုးသားသစ္စာဖေါက်တွေကြတော့

သူတို့ ကအရင် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖေါက်လို့ အော်နေတော့

အမေရေ၊ ကျနော်တို့ ဘာလုပ်ရမှာလဲ

မိခင် ချစ်သော အမိနိုင်ငံတော်မြေကို ယူကျုံးမရ အပြည့်ဖြစ်သော စိတ်နှင့် ရေးမိပါသည်


No comments:

Post a Comment