Tuesday, November 1, 2016

စိတ်တေလေ

စိတ်တေလေ

4 November 2011 at 12:09
စိတ်တေလေ
ရေးချင်တာကတော့ feeling ပဲ၊ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်က စတီရီယိုတေးသံ လွှမ်းနေတယ်၊ စိုးပိုင်တို့ ဂျင်မီတို့ လို ငြိမ့်ငြိမ့်ငြောင်းငြောင်းဆိုရင်တော့ peace ပေါ့၊ ခုတော့ very hot ၊ ချိန်းထားတဲ့ ကိုယ်တို့ တက္ကသိုလ်ဆိုင်းရွာစား၊ အဲ RC စားကလဲ မလာသေး၊ လ္ဘက်ရေမသောက်ပဲ ရေနွေးအိုးမှာပြီး ထိုင်တတ်တဲ့ ဦးချစ်မကြိုက်တဲ့ လူစုဆိုတော့၊ ထိုင်ကောင်းအောင် လ္ဘက်ရေ တခွက်တော့ ကြံဖန်မှာရအုံး မှာပဲလေ။
ဒီပတ်ဝန်းကျင်ကြားမှာ ဘာလုပ်နေမိလဲ၊ ကိုယ် အိုမာခေရမ် ကဗျာတွေ ဖတ်နေမိတယ်၊
အင်္ဂလိပ်စာ ဖတ်တတ်စကတော့ သိပ်ဖတ်လို့ ကောင်းခဲ့တဲ့ စာစုတွေပေါ့လေ၊ ဒါပေမဲ့ အခုပြန်ဖတ်ကြည့်တော့ ဘာသာရေး ရှုဒေါင့်နဲ့ ဆင်ခြင်လာမိတယ်၊ တရားမှန်မသိရတဲ့ လူစား၊ အခြေခံ ပညာရှိပါရက်နဲ့  အနတ္တဆိုတဲ့ သဘောကို မသိပဲ လမ်းလွဲသွားရတဲ့ လူစား တယောက်လို့ ဆိုရမှာပဲ၊
သူ့ ကဗျာတွေကို ကြည့်ရင် လောကရဲ့ ဒုက္ခတွေ၊ မမြဲတဲ့ အနိစ္စတရားတွေ၊ ပျက်စီးခြင်းဆိုတဲ့ သခါင်္ရတရားတွေကို သူကောင်းကောင်းကြီး၊ သဘောပေါက်ခဲ့ပုံရတယ်၊

verse 49 မှာ

'T is all a Chequer-board of Night and Days
Where Destiny with Men for Pieces plays;
Hither and thither moves, and mates, and slays,
And one by one back in the Closet lays.

လောကဆိုတာ စစ်တုရင်ခုံကြီးလိုပါပဲတဲ့
(စစ်တုရင်ခုံက အဖြူနဲ့ အနက်နဲ့  တလှည့်စီဆိုရင်)
လောကဇာတ်ခုံက နေ့ နဲ့ ည တလှည့်ဆီပေါ့၊
စစ်တုရင်ရုပ်လေးတွေနေရာမှာက လူတွေရဲ့  ``ကံကြမ္မာ´´
ဟိုလိုရွှေ့ ၊ ဒီလိုရွှေ့ ၊ မင်းကြီးကို ခွေလိုက် အကောင်တွေစားလိုက်
နောက်ဆုံးတော့ ခုံဘေးက သေတ္တာလေးထဲ တကောင်ပြီးတကောင် ပြန်ရောက်ကြရပါပဲ---တဲ့၊

ဗုဒ္ဓရဲ့ သင်္ခါရတရားပေါ့၊ ဒါတွေကို သူကောင်းကောင်းသိခဲ့ပုံရတယ်၊ ကိုယ်တရားထိုင်တုံးက (အထင်မကြီးကြပါနဲ့ ၊ ပေါက်ပေါက်ရောက်ရောက် မရှိခဲ့ပါဘူး) တခုသိခဲ့ရတယ်၊ အနိစ္စတရားတို့ ၊ သင်္ခါရတရားတို့ ဆိုတာ ဘယ်ဘာသာမှာမဆို ရှိတယ်တဲ့၊ သုညကမ္ဘာ (ဘုရားမပွင့် သာသနာဆိတ်သုဉ်းတဲ့ ကမ္ဘာ) မှာတောင်မှ ငါးပါးသီလတို့ ဆယ်ပါးသီလတို့  ရှိသေးတယ်ဆိုပဲ၊ ကမ္ဘာ့သီလလို့ ပြောကြတာ ကြားဘူးပါတယ်၊
ဒါပေမဲ့ ဘုရားသာသနာမှာမှ ကြားနိုင်တဲ့ စကားလုံးကတော့ အနတ္တဆိုတဲ့ ငါမဟုတ်ပါလား၊ ကိုယ့်ကိုယ်ကို ကိုယ် မပိုင်ပါလား၊ဘာမျှ အစိုးမရပါလားဆိုတဲ့ တရားပဲတဲ့၊ တခြားဘာသာတရားတွေနဲ့  ဗုဒ္ဓဘာသာနဲ့ ကွာခြားချက်ကလဲ ဒီ ``အနတ္တ´´ပဲလို့  လေ့လာခဲ့ရတယ်။
အိုမာခေရမ်ဟာ အနတ္တတရားကို သိသွားရှာပုံမရဘူး၊ သူက လောကီပညာတွေဟာ အမှန်တကယ် ဘာမျှအသုံးမကျဘူးဆိုတာ သိခဲ့ပုံရတယ်၊ သူတတ်ထားတဲ့ ပညာ (နက္ခတ္တဗေဒ ပညာရှင် တယောက်ဆိုတော့ သချာင်္မှာ ချွန်တယ်) ပေါ်မှာ

သူဘယ်လိုမြင်သလဲဆိုတာ Verse 31, မှာ တွေ့ ရတယ်၊

Up from the Earth's Centre through the Seventh gate
I rose, and on the throne of Saturn sate,
And many Knots unravel'd by the Road,
But not the Knot of Human Death and Fate.

ကမ္ဘာ့ဗဟိုကနေ ကောင်းကင်ဘုံ ခုနှစ်ဆင့်အထိ ငါတက်လာခဲ့တယ်၊
သတ္တမဘုံ အရှင် ဆေတန်ရဲ့  ပလ္လင်ပေါ်မှာလဲ ထိုင်နေပြီ၊
လမ်းတလျှောက်မှာ ကြိုးထုံးတွေ (ပြသနာများ)ကို အများကြီး ရှင်းနိုင်ခဲ့တယ်၊
ဒါပေမဲ့ လူရဲ့ သေခြင်းတရားနဲ့  ကံတရားဆိုတာကိုတော့ မရှင်းနိုင်ခဲ့ဘူး။

သူ့ ပညာရဲ့  ဘ၀ပြသနာမှာ အသုံးမကျပုံကို Verse 32, မှာ ပိုပြီးတွေ့ နိုင်တယ်၊ သူက ငြီးကို ငြီးတွားထားတယ်၊

There was a Door to which I found no key,
There was a Veil post which I could not see;
Some little talk awhile of 'Me' and 'Thee',
There seem'd- and no more of 'Thee' and 'Me'.

ကိုယ်သော့ရှာမတွေ့ တဲ့ တံခါးတခုရှိတယ် (ဖွင့်နည်းမသိ)
ကိုယ်မမြင်နိုင်တဲ့ ဖုံးကွယ်နေတဲ့ စခန်းတခုလဲရှိတယ်၊
``ငါ´´တို့  ``သူ´´တို့ ၊ ဒီအသံတွေ ကြားနေရတယ်၊
ခဏကြာတော့ ``သူ´´တို့ ``ငါ´´တို့ ဆိုတာတွေ ပျောက်ကုန်ကြတာပဲ။

အဲဒီမှာ သူ့ အနေနဲ့  အဲဒီအချိန်က ဘာသာရေးစံနစ်ကို ဒီလိုမြင်လာတော့တယ် ထင်တာပဲ၊ Verse 33 မှာပါ၊

Then to the rolling Heav'n itself I cried,
Asking, "What Lamp had Destiny to guide.
Her little Children stumbling in the Dark?"
And "Blind Understanding!" Heav'n replied.

ဒီတော့ ကောင်းကင်ဘုံကို ကျွန်တော်အော်မေးမိတယ်
အမှောင်ထဲမှာ ခြောက်ခြားနေရတဲ့ သူ့ သားသမီးတွေကို
လမ်းပြဘို့ ဘယ်လိုမီးအိမ်များ ``ကံကြမ္မာ´´မှာ ရှိပါသလဲလို့ 
ဒီတော့ ကောင်းကင်ဘုံက ပြန်ဖြေတယ်လေ
``မျက်ကန်းယုံကြည်မှု´´တဲ့။

လောကရဲ့  အနိဌာရုံတွေကို သိတယ်၊ ဒါပေမဲ့ ဒီလောကကနေ ဘယ်လို လွတ်အောင် ကြံဆောင်ရမှန်းမသိတဲ့ လူတစ်ယောက်အဖို့  မဖြစ်နိုင်တဲ့ အဆုံး လောကမှာ ပျော်ပျော်ပဲ နေတော့မယ်လို့ ဆုံးဖြတ်သွားတော့တယ်ထင်မိတယ်။

Verse 37 မှာ၊
Ah, fill the Cup, what boots it to repeat
How Time is slipping underneath our Feet;
Unborn 'To-morrow', and dead 'Yesterday',
Why fret about them if 'Today' be sweet!

အရက်ခွက်ကို ဖြည့်လိုက်စမ်းပါ၊ ပြန်တသနေလို့ ဘာအကျိုးထူးမှာလဲ
အချိန်တွေ ကုန်ဆုံးတာက သိပ်မြန်နေပြီ၊
မမွေးဖွားသေးတဲ့ `မနက်ဖြန်´ ချူပ်ငြိမ်းသွားပြီဖြစ်တဲ့ `မနေ့ ´
ဘာဖြစ်လို့ သူတို့ အကြောင်းတွေးနေရမှာလဲ၊
`ဒီနေ့ ´သာ ချိုမြိန်မယ်ဆိုရင်ပေါ့လေ။

verse 3, မှာလဲ ဒီလို အတွေးမျိုး တွေ့ နိုင်တယ်

And, as the Cock crew, those who stood before
The Tavern shouted - "Open the door!
You know how little while we have to stay,
And, once departed, may return no more!"

တံခါးဝမှာ ဘေးမှာရပ်နေတဲ့ ကြက်ပွဲသမားတွေက အော်ပြောကြတယ်
``တံခါးကို ဖွင့်စမ်းပါ! ဒို့ မှာ အချိန်တွေ နည်းနည်းလေးရှိတယ်ဆိုတာ မင်းသိပါတယ်၊
တခါခွဲခွာရပြီဆိုရင်လဲ ပြန်လာရချင်မှ ပြန်လာရတော့မှာ´´

အိုမာရဲ့  ``နိဗ္ဗာန်´´ဆိုတဲ့ အယူဝါဒကလဲ လုံးဝပြောင်းလဲသွားတယ်ထင်တယ် (ကျွန်တော်တို့ နဲ့ )၊ လက်လှမ်းမမှီတဲ့ နာမ်လောက `နိဗ္ဗာန်´ကို မရှာတော့ပဲ၊ ရုပ်လောကထဲကနေ နိဗ္ဗာန်ကို သူက တည်ဆောက်ယူလိုက်ပုံရတယ်။ Verse 11 မှာပေါ့၊

Here with a Loaf of Bread beneath the Bough,
A flask of Wine, a Book of Verse- and thou
Beside me Singing in the Wilderness
And Wilderness is Paradise enow.

(သိပ်နာမည်ကြီးတဲ့ ကဗျာပေါ့၊ ကျွန်တော် အဓိပ္ပါယ်မှီအောင် ပြန်နိုင်ပါ့မလားလို့  သံသယဖြစ်မိပါတယ်၊)
သစ်ကိုင်းအောက်မှာ ပေါင်မုန့် တစ်လုံးနဲ့ ၊
ဝိုင်အရက်တစ်ခွက်၊ ကဗျာစာအုပ်တစ်အုပ်
ကိုယ့်ဘေးမှာက `ယစ်မူးခြင်း´ အပြည့်နဲ့ သီချင်းဆိုနေတဲ့ မင်း။
ဒါဆိုရင်တော့ အဲဒီ `ယစ်မူးခြင်း´က လက်ရှိ `နိဗ္ဗာန်ဘုံ´ပေါ့

သူများတွေကိုတော့ တရားမတွေ့ ဘူးပြောပြီး လျှောက်ရေးနေမိတယ်၊ မင်းကိုယ်တိုင်ကကော ဗုဒ္ဓဘာသာဝင်ဆိုပြီး ဘယ်လောက်များ အလုပ်ဖြစ်သေးလို့ လဲ၊ ပြန်စဉ်းစားကြည့်ပါအုံး ကျောက်ခဲ၊ ဘယ်လောက်များ အရည်အချင်းပြည့်သေးလို့ လဲ၊ ဆည်းပူးစရာတွေ ဖြည့်စရာတွေ အများကြီး ရှိသေးတယ်မဟုတ်လား၊ အိုမာခေရမ်လို ဖြစ်သွားအုံးမယ်၊ သူ့ ကဗျာ Verse 11 မှာလေ

Myself when young did eagerly frequent
Doctor and Saint, and heard great Argument
About it and about; but evermore
Come out by the same Door as in I went.

ကျူပ်ငယ်ငယ်တုံးက စိတ်အားထက်သန်စွာနဲ့ ပညာတွေ သဘောတရားတွေ လိုက်စားခဲ့တယ်
ဆွေးနွေးပွဲတွေလဲ အများကြီး နားထောင်ခဲ့တယ်
ဟိုအကြောင်း ဒီအကြောင်းပေါ့၊ ဒါပေမဲ့
ကျူပ်ဝင်ခဲ့တဲ့ တံခါးပေါက်ကပဲ ပြန်ထွက်ခဲ့ရတယ်။

``၀င်ခဲ့တဲ့ တံခါးပေါက်ကပဲ ပြန်ထွက်ခဲ့ရတယ်´´ ဆိုတာ သူ့ မှာ ဘာအသိပညာမှ မတိုးဘူးလို့  ဆိုလိုတယ်ထင်ပါတယ်။

အော် လ္ဘက်ရေဆိုင်လူစောင့်ထိုင်ရင်း ထိုင်ရေးလိုက်တာ အချိန်လဲ အတော်ကုန်သွားပြီ၊ R.C စားကလဲ မလာသေးဘူး၊ ကိစ္စမရှိတဲ့ ဘီယာတို့  နိုးတူးတို့ ပဲ ရောက်လာတယ်၊ ဒီတော့ သူတို့ နဲ့ ပဲ အာလူးဆက်ဖုတ်ရတော့မှာပဲ၊ သူများအမှားကို ထောက်ပြရတာလွယ်သလောက် ကိုယ့်အမှားကိုယ်မြင်ဘို့ က မလွယ်ပါဘူး၊ ဒီတော့ ဒီအရူးစာကို ဖတ်ရတဲ့ လူတွေကလဲ ကျွန်တော့်ကို ဝေဖန်ပေးကြဘို့ တောင်းပန်ရင်း

ကျောက်ခဲ (တက္ကသိုလ်ဆိုင်း)
ဦးချစ်ဆိုင်
R.A.S.U
1975

No comments:

Post a Comment