တကြိမ်တွင်လည်း
မင်းတရားကြီး၏ အမိန့် တော်ဖြင့် တောင်သမန်လယ် အင်းကြီးထဲတွင် စေခိုင်းထားသော လယ်ကူလီ
အဖွဲ့ ကြီး တစ်ခုရှိလေသည်။ ဘုရင်မင်းတရားကြီးသည် ၄င်း လယ်ကူလီများအား သုံးနှစ်တိုင်တိုင်
မေ့လျော့ လျစ်လျူရှုထားရာ လုပ်သားများမှာ ငတ်မွတ်ခေါင်းပါး၍ ရောဂါ ဖြစ်ကုန်ကြလေသည်။
သို့ သော် မည်သူမျှ မလျှောက်ဝြံ့ကချေ။ မှုးမတ် မြို့ စား ရွာစားများကလည်း ဖြတ်စား လျှပ်စား၍ပင်
နေကြပြန်သဖြင့် ဇာတ်ဆရာသို့  ကပ်ရလေသည်။ ထို့ ကြောင့် သဘင်ဝန်သည် ဇာတ်ကွက်တစ်ခုကို
ဆင်ရလေတော့သည်။ ပြဇာတ်တွင် လယ်ကူလီအဖွဲ့ ကြီးသည် မင်းတရားကြီး၏ ကောင်းမှုတော် ကျောက်တော်ကြီး
ဘုရားသို့ သွားရောက် ဦးခိုက်လျက်…
‘ မှန်လှပါ
တပည့်တော်တို့ ဟာ ဒါယကာ မင်းတရားကြီးရဲ့  လယ်ကူလီတွေပါ ဘုရား၊ မင်းတရားကြီးဟာ တပည့်တော်တို
့ကို လျစ်လျူရှုထားသဖြင့် ငတ်မွတ်ခေါင်းပါး ဒုက္ခများနေပါသောကြောင့် ကယ်တော်မူပါဘုရား’
ဟု လျှောက်ကြားလေသည်။ ထိုအခါ ကျောက်တော်ကြီး ဘုရားက ‘ဒါယကာတို့ မင်းတို့ ရှင်ဘုရင်
သဘောထားက ငါ့ကို တောဘုရားရယ်လို့  တယ်ပြီး အရေးလုပ်တာမဟုတ်၊ ထိုကြောင့် မြို့ ထဲမှာရှိတဲ့
မောင်ရခိုင် (မဟာမြတ်မုနိ)ဆီသွားချေကြ’ ဟု မိန့် ကြားလိုက်သဖြင့် လယ်ကူလီ အဖွဲ့ ကြီးမှာ
မဟာမြတ်မုနိ ဘုရားကြီးထံ ချဉ်းကပ်၍ ရှေးနည်းတူ လျှောက်ထားပြန်လေသည်။ သို့ ရာတွင် မဟာမြတ်မုနိဘုရားကြီးက…
‘ဒါယကာတို
့၊ မင်းတို့ ဘုရင်က ငါ့ကို ရခိုင်က ပင့်လာတုန်းကသာ အရေးစိုက်တာ၊ ခုဆိုရင် အနီးအနားရှိ
ဒါယကာ ဒါယကာမများကြောင့်သာ ဆွမ်းနပ်မှန်အောင် စားနေရတာ၊ ရွှေကျောင်းပြောင်ပြောင် ၀မ်းဟောင်ဟောင်မို
့ငါ မကယ်နိုင်ဘူး၊ တောင်ခြေမှာရှိတဲ့ မင်းတို့ ရှင်ဘုရင် ကောင်းမှုတော် မောင်ဖြူ (ကျောက်တော်ကြီး)
ထံ သွားချေကြ’
ဆိုပြန်သဖြင့်
လယ်ကူလီအဖွဲ့ ကြီးမှာ ကျောက်တော်ကြီး ဘုရားသို့ ပြန်ရောက်ကြပြန်လေသည်။ ကျောက်တော်ကြီးကလည်း
မကယ်နိုင်သဖြင့် နောက်ဆုံးတွင် ‘ ဒါယကာတို့  မန္တလေးတောင်ပေါ်က မောင်ရပ် (ဗျာဒိတ်ပေးဘုရား)
ဆီသို့ သွားကြချေ’ ဟု ညွှန်လိုက်ပြန်သောကြောင့် လယ်ကူလီ အဖွဲ့ ကြီးမှာ မန္နလေးတောင်ရှိ
ရပ်တော်မူ ဗျာဒိတ်ပေး ကိုယ်တော်ကြီးထံ ချဉ်းကပ်၍ ရှေးနည်းအတူ တင်လျှောက်ကြရာ ဗျာဒိတ်ပေးကိုယ်တော်ကြီးက…
‘ ဒါယကာတို
့.. မင်းတို့ ကို မင်းတို့ ဘုရင်က ပစ်ထားတာ ဘယ်လောက်ကြာပြီလဲ’
ဟုမေးလေသည်။
လယ်ကူလီအဖွဲ့ ကြီးကလည်း ၀မ်းသာအားရဖြင့် ‘မှန်လှပါ သုံးနှစ်သုံးမိုး ရှိပါပြီ ဘုရား’
ဟု အားကိုးအားထားဖြင့် ဖြေလိုက်လေသည်။ ထိုအခါ ဗျာဒိတ်ပေး ကိုယ်တော်ကြီးက…
‘ဒါယကာတို
့၊ မင်းတို့ ကို မင်းတို့ ရှင်ဘုရင်က သုံးနှစ်သုံးမိုး ပစ်ထားတာ ဘာကြာသေးသလဲ၊ ငါ့မှာ
မန္တလေးရွှေမြို့ တော်ကြီး စတည်ကတည်းက မင်းတို့ ရှင်ဘုရင်က မတ်တပ်ရပ်ပြီး လက်မြှောက်ခိုင်းထားတာ
ခုထက်ထိ လက်မြှောက်ရတုန်းပဲ၊ မချရသေးဘူး ဒါယကာတို့ ’
ဟူ၍မိန့် ကြားရာ
တစ်နန်းတော်လုံး ပွဲကြည့်ပရိသတ်များမှလည်း ဣနြေ္ဒ မဆည်နိုင်အောင် ပွဲကျသွားလေသည်။ မင်းတရားကြီးမှာလည်း
ရယ်ရွှင်လျက် ‘တယ်ရှုပ်တဲ့ ကောင်တွေပဲ၊ လယ်ကူလီတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါဘိ’
ဟု မိန့် ကြားတော်မူလေသည်။
(မြန်စာပြန်
့၊ အနုပညာလောက(၁) နှာ ၁၇၉-၁၈၁၊ ရှေးခေတ်ဇာတ်သဘင်၊ နန်းညွန့် ဆွေ)
တစ်ခါတွင်လည်း
နန်းတော်တွင်း၌ မူးမတ်များ မဟုတ်မတရားပြုကျင့်လျက် အဂတိလိုက်စားသဖြင့် ပြည်သူလူထု နစ်နာလျက်ရှိသောကြောင့်
မင်းတရားကြီး သိရှိရန် ဇာတ်စင်မှနေ၍ ထွင်ရပြန်လေသည်။ ဆန်ဝယ်ခိုင်းသောအခန်းတွင် ဆန်တစ်ပြည်
ငွေတမတ်ပေးရမည်ကို သုံးပဲဖိုးဝယ်ခဲ့သဖြင့် ဆန်သည်က ပြည်တောင်းကို စောင်း၍ပေးလိုက်လေသည်။
ထိုအခါတွင်မှ အ၀ယ်ခိုင်းသူက မူးမဟုတ် မတ်မဟုတ်စောကြောင့် ပြည်စောင်းပေးရကြောင့် ပြောပြရာ
မင်းတရားကြီးလည်း နန်းတော်မှ မူးမတ်များ အကြောင်းသိရှိသွားက အမိန့် တော်နှင့် ပြုပြင်
ပြောင်းလဲ စေရလေသည်။
(မြန်စာပြန်
့၊ အနုပညာလောက(၁) နှာ ၁၇၈-၁၇၉၊ ရှေးခေတ်ဇာတ်သဘင်၊ နန်းညွန့် ဆွေ)
No comments:
Post a Comment