Saturday, December 31, 2016

နှစ်ဟောင်းကို မင်္ဂလာရှိသော နှုတ်ဆက်ခြင်း

တစ်ချိန်တုံးကတော့ မောင်ကို့ ဘဝက ဒီလို
နှစ်ဟောင်းကို မင်္ဂလာရှိသော နှုတ်ဆက်ခြင်း (တစ်)
2 January 2012 at 10:56
ရွှေကျီးညို ဆိုတဲ့ သီချင်းလေးနဲ့ အသက်၆၀ကျော်အဖွားကြီး အမေမြိုင် (ဒေါ်ငွေမြိုင်) ကို အလှုမှာ ကခိုင်းတော့ အဲဒီအချိန်ရဲ့ ဝန်ကြီးချူပ် ဦးနုက ကျုပ်တို့ ငယ်ငယ်က ဒီအမေမြိုင်ကို စွဲခဲ့ရဘူးပါသဗျာဆိုပြီး ကျိတ်ဝန်ခံသွားကြောင်း အမေဒေါ်အမာက ပြည်သူချစ်သော အနုပညာသည်များစာအုပ်မှာ ဖေါ်ပြထားသဗျ။ အမေမြိုင်ရဲ့  ကြာသီချင်းကိုလည်း နဂါးဒေါ်ဦးရဲ့  အလှုပွဲတစ်ခုမှာ အတင်းကခိုင်းလို့ ကတော့ နဂါး ကိုယ်စားလှယ်ကြီး တစ်ယောက်က သူတို့  ငယ်ငယ်က ဘယ်လောက် ရူးခဲ့ကြသလဲဆိုတာကို ဝန်ခံကြလေရဲ့ 
ဟုတ်ပ အငြိမ့်မင်းသမီးစစ်စစ်များရဲ့ ကြာပစ်တာကို မကြည့်ရတာကြာပေါ့၊ အပြင်အငြိမ့်တွေမှာလဲ ကြာမရှိတော့ဘူးထင်တယ်၊ စတိတ်ရှိုးတွေ၊ လူပျက်တွေရဲ့ အကတွေ မဟုတ်တာတွေ လွှမ်းမိုးနေတဲ့ ပရိတ်သတ်က တောင်းဆိုတာပါဆိုတဲ့ အကြောင်းပြချက်နဲ့ ပျက်စီးနေတဲ့ အငြိမ့်ခန်းတွေမှာ ခန့် ခန့် ညားညား ပြင်ဆင်ထားတဲ့ အငြိမ့်မင်းသမီးတစ်ယောက်ရဲ့  ကြာမျက်လုံးကလေးကို မခံစားရတာကြာပေါ့။
တနေ့ က ၂၀၁၁ရက် နောက်ဆုံးည ၀န်ထမ်းမိသားစုများ ပျော်ပွဲရွှင်ပွဲတွေရဲ့ ဆုပေးပွဲအခမ်းအနားလုပ်ပါတယ်၊ ကျွန်တော်တို့ ရဲ့  ဘက်စုံသုံး multiple use အင်ကြင်းခန်းမကြီးမှာပေါ့၊ နိုင်ငံတကာ နဲ့ ပြည်တွင်း ဆီမီနာတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ သင်တန်းတွေ (တခါတရံနေရာမရရင် ကွန်ပျူတာသင်တန်း အခန်းကန့် ပြီး ကျွန်တော်ကိုင်ပလိုက်တာပါပဲ) အပြင် ၀န်ထမ်းတွေအတွက် ဖျော်ဖြေပွဲများ ဆောင်ရွက်ပါတယ်၊ မလုပ်ဘူးတာ မင်္ဂလာဆောင်နဲ့ အားကစားပဲကျန်ပါတော့တယ် (ဆပ်ကပ်ကအစ ကဘူးတယ်)။
ယဉ်ကျေးမှု အဖွဲ့ ပေါ့ဗျာ၊ ဒီတစ်ခါရွာစားက စိန်လှငွေ၊ ကျွန်တော် ကျွန်တော့်အဖွဲ့ နဲ့ သီချင်းတိုက်နေတုံး သူဆိုင်းလာဆင်ရင်း ပြုံးပြုံး ပြုံးပြုံးနဲ့ လာနှုတ်ဆက်သွာတယ်၊ ကျောင်းတုန်းကထဲက သူက ရေတပ် စိန်မြင့်ခိုင်ရဲ့ တပည့်ထင်ပါ့။
ဝန်ထမ်းတွေ ပျော်အောင်လုပ်ရတာ၊ တာဝန်ခံ၇တဲ့ လူကတော့ မချောင်ဘူး၊ ဒါပေမဲ့ အောင်အောင်မြင်မြင်ပဲ အားလုံး ပြိုင်ပွဲတွေ ပြီးသွားတယ်၊ မြန်မာသံစဉ်၊ စတီရီယိုသံစဉ်အပြင်၊ ဆုရဘူးထားတဲ့ လူတွေ မပြိုင်နဲ့ ဆိုပြီး ကျွန်တော့်ကို ၀ိုင်းပြီး သမထားတဲ့ ဆုံးဖြတ်ချက်ကို ညွှန်ချူပ်ရဲ့ ပြိုင်ချင်မှာပေါ့ကွာ၊ သူတို့ ကို ပညာရှင်တန်းဆိုပြီး သတ်သတ်ပြိုင်ခိုင်းကွာဆိုတဲ့ စကားကြောင့် ဆုသုံးမျိုး တမျိုးကို နှစ်သိမ့်ဆုအပါအ၀င် လေးဆု ပေါင်း ၁၂ဆုပေးနိုင်ခဲ့တယ်။
ထမနဲပွဲကို ၂၉ရက်နေ့ ကလုပ်တယ်၊ မင်းခြောက်လုံးပတ်အဖွဲ့ နဲ့ တီးကွာဆိုပေမဲ့ ခြောက်လုံးပတ်ဆရာက အဖေသေလို့ ဆိုပြီးတောပြန်သွားလေရဲ့ ၊ ကျွန်တော်ပြောဘူးသလိုပဲ မြန်မာဝိုင်းက ခြောက်လုံးပတ် (ပတ်မချောင်)က အရေးကြီးတာ သူမရှိ ဘာမှလုပ်မရ။ ဒါနဲ့ ပဲ မြန်မာ Guinness book သာရှိရင် စံချိန်တင်လို့ ရမယ်၊ ထမနဲပွဲကို (အပြင်က ခေါ်လာတဲ့ ဒိုးပတ်ဝိုင်းလေးတော့ပါရဲ့ ) စန္ဒယား ကိုသိန်းမြင့်သန်း လိုက်ဝယ်ပေးထားတဲ့ Yamaha ARIUS YDP-V240 (သိတဲ့လူများ အဲဒီအကောင် ဘယ်လောက် ဈေးကြီးတယ်ဆိုတာ သိကြမှာပါ)ရယ် သူကထွက်တဲ့ ဒ၇မ်ဆက်တွေရယ်၊ lead, rhythm, base ဂီတာသုံးလက်ရယ်၊ လုံးဝကို နောက်ဆုံးပေါ် စတီရီယို ပေါက်ကွဲသံစဉ်များနဲ့ လုပ်လိုက်၇ပါကြောင်း၊ နပန်းဆံရယ်၊ ချစ်အာ၇ုံရယ်ကလွဲရင် ကျွန်တော့်တာဝန်က စတိုင် နံပတ်တွေရယ် တင်ပို နံပါတ်တွေ၇ယ် ၇ိုက်ထဲ့ရုံပဲ၊
ပါချူပ်၇ဲ့ စာစုတွေမှာ အမေအိုကြီးလို့ တင်စားထားတဲ့ သစ်တောတက္ကသိုလ်က ကျွန်တော်တို့ ခေတ် ရဲ့ (၁၉၇၀-၇၆) ရဲ့ အစဉ်အလာကို ဂီတာ ပညာရှင်များမွေးထုတ်ချင်းကိစ္စမှာတော့ ထိန်းသိမ်းထားစဲပါ၊ အခုမှ လုပ်သက် ၂နှစ်ရှိသေးတဲ့ တောအုပ်ကြီး ညိငယ်များနဲ့ အဘိုးကြီး ညွှန်မှုးတို့ ရဲ ထမနဲပွဲ ဂီတာဝိုင်းပေါ့ဗျာ၊
အဲ ရေးရင် ဘေးတွေ ရောက်ပြန်ပြီ၊
ကဲ ဆုပေးပွဲကြီးပြီးလို့ ယဉ်ကျေးမှုဖျော်ဖြေနေပါပြီ၊ ရေးစရာတွေကတော့ တွေ့ သေးတာပဲ
စတာက အပျိုတော်ယိမ်း။
မောင်ကို မောင်ကို (မင်းဘာမဆို အပြစ်တင်တဲ့ စိတ်တွေဖျောက်)
ဒါပေမဲ့ မရဘူးဗျာ ရေး၇မှာပဲ။
အပျိုတော် ၁၂ခန်းလို့ ရေးတော့မလို့။
ကျောင်းမှာ စတီးတုန်းက ၁၂ပုဒ်တိတိရှိထင်ပါ့၊
လေးကျွန်းစကြာ လူပျိုမောင်ထွေး၊ (ကန်တော့ပွဲနဲ့ စင်တိုင်ခြင်း)
မင်္ဂလာရယ်မှ မဏ္ဍိုင်လေ သိကြားနတ်သံ၊ နောက် တကြိမ်ရယ်မှ နှစ်ကြိမ်လေ ရွာတော်ရှင် နတ်သံ(နတ်သံပစ်ခြင်း)
အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်၊ သန်းခေါင်ကို ညမှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ၊ ပုဆိုးကွက်ဝါ ကြက်ပြာပိုက်ပါလို့ ၊ လောင်းစရာရွှေမရှားပါဘု၊ ရွှေနန်းသူ ယဉ်လေနွဲ့ ရယ်၊ ချစ်လို့ ရယ်လို့ ထင်ပါသလေ မင်ရှာရော့သလား၊ ညနေ ညနေ စီတယ်လေ၊ (ယိမ်းအကများ၊ နတ်ယိုင်အက၊ ကြက်တိုက်အက၊ အပျိုတော် ပလို့ (ဖင်ပစ်ကတာကအစပါပါ့)
နတ်ယိုင်မှာ ရွှေပြုံးကို သွားမယ်လို့  ငှက်ခါးတဲ့ သုံးတောင် ပြောင်လောက်အောင်သွေး၊ နောက် မရှက်ဘူးလား မကြောက်ဘူးလား သောက်ခေါ်ကျူးတဲ့ မင်းညီနောင်။
နောက်ဆုံး ကျွန်တော်လေ ရွှေပြုံးသားနဲ့ ချတယ်။
အဲ ၁၂မျိုးလို့ ပြော၇တာပေါ့၊
အခုတော့ အပျိုတော် ၁၂ခန်းလို့ ပြောမရတော့ပါ၊ အတူလေး၇ယ်တဲ့ရယ်၊ နောက် လောင်းစရာ ငွေမရှာပါဘု၊ ပြီးတာနဲ့ ညနေညနေစီ၊ ၃ပုဒ်ပဲကတယ်၊ နောက် နတ်ဒိုးတွေနဲ့ ဘယ်လိုဆုံးသွားမှန်းကို မသိတော့ဘူး။
နောက်အက မကိုဋ်အက၊ သုံးယောက်ကတယ်၊ လူ၇ွှင်တော်တွေက တကယ်တော့ အကပညာရှင်တွေလို့ နောက်ပိုင်းမှာ ပြောပါတယ်။ေ၇ွတညာယိုးဒယားနဲ့ ၊ တကယ့် ယိုးဒယားအငွေ့ အသက်တွေ လွှမ်းမိုးနေတဲ့ အကပါပဲ၊ ဆိုင်းဝိုင်းကြီးနဲ့ ရွေတညာကို တီးတာ (ကျောင်းမှာတုံးက သီချင်းကြီးဝိုင်းလွှင့်တော့ေ၇ွတညာကို ရွာစား ဌေးဝင်းက ကြေးနောင်ကို ပတ္တလျားလက်ခတ်လေးနဲ့ တီးပေးတာ မှတ်မိနေပါတယ်၊ ရွေတညာဟာ ကြေးသွားလို့ ဆိုတဲ့အတိုင်း ကြေးနောင်သံလေးနဲ့ ၊ သူ့ ရဲ့ အဖိအနှိပ် အ၀ိုက်ကလေးတွေနဲ့ မှာ ဆီအိမ့်နေတဲ့ ခံစားမှုကို ပေးနိုင်တာပါပဲ၊ ဌေးဝင်းဟာ အဲဒီလို အိုင်ဒီယာတွေ ထုတ်နိုင်တယ်ဗျ ၊ ရေနံချောင်း ရေနံမြေမှာ ပွဲသွားကကြတုံးက အငြိမ့်ခန်းမှာ (၁၉၇၈) ဌေးဝင်းက ဒိုးတီးတာဝန်ကျတယ်၊ ဒိုးဆရာ၂ယောက် စင်ပေါ်တက်ပြီး ကတော်မူကြတယ်လေ၊ မင်းသမီးက အလှု့ ရှင်သီချင်းနဲ့ ကတယ်၊ အဆိုပုဒ်အဆုံးမှာ ပါတဲ့ အလှု့ ရှင်မှန်း အားလုံးက သိကြပါတယ်ရှင် ---တိုင်ပေါ်အလံစိုက်ချင်ဆိုတဲ့ နရီ နှစ်ဝါးစာလေးထဲမှကို ဗျောကြီး တဗြုံးဗြုံးနဲ့ ကောက်ထုပလိုက်တာ၊ ပရိတ်သတ်ကတော့ထားလိုက် စာပေဟောပြောပွဲ ပြီးလို့ စင်ပေါ်ကနေ ပွဲကြည့်နေတဲ့ သွားလေသူ ကိုသုမောင်က ပြေးဆင်းလာပြီး ဒိုးဆရာ ဌေးဝင်းကို ခင်ဗျားဗျာ ခင်ဗျားဗျာနဲ့ ကျောကို လာထုတာ)။
နှစ်ဟောင်းကို မင်္ဂလာရှိသော နှုတ်ဆက်ခြင်း(နှစ်)
2 January 2012 at 12:17
မနေ့ က ပါချူပ်နဲ့ ပွဲအကြောင်းတွေ စားမြုံ့ ပြန်ကြရင်း နတ်အကဟာ တကယ့်ကို မြန်မာ့ရိုး၇ာစစ်စစ်ဖြစ်ကြောင်းပြောမိတယ်၊ မကိုဋ်အကက ဘယ်လောက်ကောင်းအောင်ကက ကောင်းလေလေ ယိုးဒယားနိုင်ငံရဲ့ အငွေ့ အသက်ကို ခံစား၇လေလေပဲ။
ကျွန်တော့် ယူဆချက်ကတော့ ရိုးရာယုံကြည်မှုကနေ ပေါက်ဖွားလာတဲ့အကတွေကမှ တကယ့်ရိုးရာပါပဲ။
နောက် အကတွေ ပြီးသွားတော့ အငြိမ့်ခန်းစပါတယ်၊ ကျွန်တော်က ရုံးခန်းပြန်လာပြီး တရားဝင်သစ်ကိစ္စ ဒေါ်ကြီးစိုး (အမေးနွားကျောင်းသူ)ကို ပြန်ရှင်းနေတုံး၊ ပွဲခင်းထဲမှာ (အဲ ပွဲခမ်းမ ထဲမှာ) ပြသနာပေါ်နေလေရဲ့ ။
ကျွန်တော်လဲ ပြန်ထိုင်ရော စီမံညွှန်မှုးက ကပ်ပြောတယ် ခုနက မေးနေတယ် `၀င်းဝင်း´ကို `ဆောင်းလရာသီ´ ဆိုခိုင်းထားတယ်တဲ့။ ခင်ဗျားအဖွဲ့ ထဲမှာ ၀င်းဝင်းဆိုတာ၇ှိလား ကျွန်တော်မရှင်းလို့ ပြန်ပြန်မေးနေတော့ ဆရာသမားက မောင်မောင်သန်းသွားမေးလို ပြောလိုက်လို့ ၊
ကျွန်တော်လဲ ကြောင်သွားတယ် နောက်မှ သတိရတယ် `ဆောင်းလရာသီ´က `ဒေါ်ဝင်းဝင်းအေး´ ဆောင်းအငြိမ့်မင်းသမီးဆိုထားတာလေ ညွှန်ချူပ် အသဲစွဲသီချင်း။ ဟုတ်ပြီ ကျွန်တော်သိပြီဆိုပြီး အငြိမ့်စင်နောက်ကို သွားရပြန်သကော၊ စတိတ်ဂ်ျ ဒါရိုက်တာလုပ်နေသော ဦးကျော်ဆွေ (အဆိုရှင် လ/ထညွှန်မှုးထင်ပါ့) က ဆရာဘာများလဲတဲ့ (စောစောပိုင်းက ကျေညာသူတွေကိုပဲ ဆုတော်ငွေတွေ လာလာပေးနေတာ ဒိတစ်ခါကျော်လာပြီဆိုတော့ ပြသနာသယ်လာပြီဆိုတာ သိတယ်။ သူတို့ ကလဲ ကျွန်တော်တို့ ဆီလာကရင် သီချင်းဂျီးများလွန်းလို့  အင်မတန်ညီးတာကလား။
ဆရာရေ ဆောင်းလရာသီလေး လုပ်ပါအုံးဗျာ၊
ဟာဗျာ မစခင်ကပဲ လက်ရည်တပြင်တည်းဆိုလို့ သီချင်းတပုဒ် ဖြုတ်ပြီး အငြိမ့်ထဲမှာ ဆိုဘို့ လုပ်ထားတာ၊ အခု နောက်တစ်ပုဒ်ဆိုရင် ကျွန်တော်တို့ ခွင်တွေ ပျက်ကုန်ပြီ။ နှစ်ပုဒ်မဖြုတ်နိုင်တော့ဘူး၊ တပုဒ်ပဲရနိုင်မယ်၊ ပြန်ပြောပေးပါ ဘယ်အပုဒ်ဖြုတ်၇မလဲ၊
ဘယ်သီချင်းဆိုခိုင်းလို့ လဲဆိုပြီး အငြိမ့်မင်းသမီးက မေးလိုက်သံ ကြားလိုက်ရပါတယ်၊ အဲဒီအချိန် ဒုတိယမင်းသမီးထွက်နေပြီဆိုတော့ ကျွန်တော်ကြောင်သွားတယ်၊ ယဉ်ကျေးမှု ရွှေ့မြန်မာ အငြိမ့်က နှစ်လက်ပဲ ကလေ့ရှိတာဗျ၊ စပ်မစုနိုင်ဘူး ပွဲခင်းထဲ ပြန်ပြေးရပြန်တယ်၊ အေး လက်ရေတပြင်တည်းဖြုတ်လိုက်ကွာဆိုတာနဲ့ ကျွန်တော် စင်နောက် ပြန်ပြေးရပြန်ရော။
နောက်ဆုံးမင်းသမီးက ဒေါ်မြင့်မြင့်ကြည်ကိုးဗျား၊ ဘယ်သူက ကခိုင်းတာလဲဆိုပြီး သူမေးနေသံလဲ ကြားခဲ့ရတယ်၊ ညှိပြီး ပြန်အထွက် ခမ်းမကြီးဘေး ကွက်လပ်မှာ လူတစ်ယောက် ဒိုရေမီဖါတွေ အော်လို့ ၊ လားလား သစ်တောရောက်နေတဲ့ ဆိုင်းဆရာက စိုက်ပျိုးေ၇းလား ပြည်ထောင်စုဘဏ်လားမသိတဲ့ ပွဲက (ယဉ်ကျေးမှုက ဒီညကို စီးပွာရေးသောင်းကျန်းပြီး ၃ပွဲတောင် လက်ခံထားဆိုပဲ) မောင်းသမားကို လက်ကိုင်ဖုန်းနဲ့ သီချင်းချပေးနေတာ၊ ကျွန်တော် ဟာ ဖက်စ်နဲ့ ထိုးပေး၇မလားဆိုတော့ ဟိုဘက်က နံပါတ်မသိလို့ ဘာဆရာတဲ့ ကျေးဇူးပါတဲ့၊ အော် ငါတို့ ဆိုင်းလောကကြီး တယ်တိုးတက်နေပါလားဆိုပြီး ပီတိတွေ လွှမ်းသွားလေရဲ့ ။
မြင့်မြင့်ကြည်ထွက်လာပါပြီခင်ဗျား၊
လှသဗျား အသက် ၄၇နှစ်ဆိုတာ မယုံရဘူး
မိတ်ကပ်က တကယ်ကောင်းဗျာ၊ မျက်နှာကလေးကို မှုံနေတာပဲ၊ ဓါတ်ပုံတွေ မရသေးလို့  တင်ပေးမယ်။
ကတာတွေဘာတွေတော့ သိပ်မရေးတော့ပါဘူး၊ အစမှာရေးထားတဲ့ ကြာကြာ။
ဒုတိယအပုဒ်အနေနဲ့ ဆောင်းလရာသီကို ဆိုပါတယ်၊ ရာသီနဲ့ လဲ အကိုက် နောက် တောင်းဆိုထားတဲ့ သီချင်းလေးဆိုပြီး ဆိုကကရင်း
ကြာတချက်ပစ်လိုက်ပါသဗျား။
ကျွန်တော် ကိုယ့်မြင်လိုက်တာကို မယုံနိုင်လို့ ၊ ပြည်ထောင်စုဝန်ကြီး မိသားစုက စင်တည့်တည့်မှာ သီချင်းတောင်းတဲ့ ကျွန်တော့်ဆရာက ညာဘက်မှာ၊ ညာဘက်ကို သေသေချာချာ ကြာတစ်ချက် ပစ်ထဲ့လိုက်တာ။
မာလာဆောင် လူရွှင်တော် ကျွန်တော့်မဒမ်က ညွှန်ချူပ်နောက် တတန်းကျော်မှာလေ၊ သူကိုယ်တိုင်လဲ သေသေချာချာ မြင်လိုက်တယ်၊ သူကတော့ လူရွှင်တော်ပြီပြီ ရှင့်ဆရာတော့ ညအိပ်ရတော့မယ်မထင်ဘူးတဲ့။
ကျွန်တော့်ညီတော်မောင် ပါချူပ်ကတော့ (သူက ဆရာ့နောက်ကအတန်းမှာ) အကိုကလဲ ကျွန်တော့ဆီကို ပစ်တာပါတဲ့ အတင်းဝင်လုနေရဲ့ ၊ Daw Kyi Kyi Soe ကို ဘိုင်စကယ်နောက်ခုံကနေ တင်နင်းတယ်ဆိုတဲ့ ကိုမြင့်ဦး။
ကျွန်တော်အခု ကနေတဲ့ ဒိဗွီဒီကို တောင်းထားတဲ့ အဲဒိနေရာကို screen capture လုပ်ပြီး ပြန်တင်ပေးအုံးမယ်၊
ရှေ့ တည့်တည့်ကနေ မြင်လိုက်ရတဲ့ ကျွန်တော်တောင် အခုအထိ ရင်ထဲ အဲဒီကြာအကြည့်လေးက နွေးနေတုံးဗျ (မဒမ်က ဘာဖြစ်လို့ မြင့်မြင့်ကြည်ကို ငါးသောင်းလောက် ဆုမချလဲဆိုထားလို့ ပြောရဲတာဗျား)
အခုစာရေးနေတုံးလဲ ဆရာ့ဆီက မင်းတို့ အတွက်ဆိုပြီး ဘလက်လေဘယ်အပါအ၀င် ခြင်းကြီးတခြင်းရောက်နေကြာင်းပါ၊ ဂုဏ်ပြုခြင်းကြီး (တီးဝိုင်းသမားတွေကို ပေးကြောင်း အခုတင် confirm ရပါတယ်)
ယဉ်ကျေးမှုအဖွဲ့ တွေလဲ သူတို့ လျှောက်ထားတဲ့ သစ်ပါမစ်လေးတွေ ကျကြပါစေလို့ ဆုတောင်းပါတယ်။
(လူ၇ွှင်တော် ၀မ်းတူးနဲ့ အာပြဲ တို့ ကတော့ ပါမစ်ရရင် ဘာလုပ်မှာလဲဆိုတော့ အိမ်ဆောက်ဘို့ မဟုတ် သွားကြားထိုးတံနဲ့ မီးခြစ်ဆံ လုပ်ဘို့ ပါတဲ့ခင်ဗျား!!!!!!!)
အမှန်တော့ သူတို့ နဲနဲပိုသွားပါတယ် သွားကြားထိုးတံနဲ့ မီခြစ်ဆံရောင်း၇လောက်အောင်တော့ မဆိုးသေးပါဘူး၊ အခုဟာက အီကြာကွေးအဆင့်ပဲ ရှိပါသေးတယ်ခင်ဗျား
ပျော်ပျော်ပါးပါး ၂၀၁၂

Thursday, December 29, 2016

သုံမှုံမျက်ထား

သုံမှုံမျက်ထား
စာဆို။  ။ မသိ
ဆိုသူ။  ။ မောင်ကို
(သုံမှုံမျက်ထားနဲ့ တော်ပါပေ့ခင်၊ စိမ်းပြီလို့ ထင်) ၂
(အိုခင်ရယ် မောင့်အပူ မအေး၊ လွမ်းတာနဲ့ ဆွေး) ၂
(နှမသည် ခင်လေး တွေးမြင်မိယောင် မင်းဘာလို့  ရှောင်) ၂
အိုခင်ရယ် ခင့်မိဘတွေ သဘောတူတာကို ယူမယ်ကြံရော့သလား၊ (သောကမီးတွေပွားပါလို့  အကြောင်းကံရယ် ဆိုးလေပေါ့ကွယ်) ၂။ (နှမအပေါ်ဝယ် ချစ်မိတဲ့ အရေး (ကြောင့်)တွေးကာပင် ရင်လေးမိပေါ့ကွယ်) ဘယ်နတ်ကယ် ဘယ်ဒေဝါရယ် ကူညီဝိုင်းပါလို့  မှိုင်းမကာရယ်၊ (ရက်ရက်စက်စက် သနားမဖက် ပြုရက်ပေ့ကွယ်) ၂၊ ခင်လေးနဲ့  ဝေးရတော့မယ်၊ တစ်ယောက်ထဲ လောက အလယ်ဝယ်၊ အကြောင်းကံရယ် နုံချာလေပေါ့ကွယ် ခင်နဲ့  ဆုံတွေ့ ပရစေ့ကွယ်၊ သက်ဝေရယ် ဆုံတွေ့ ပရစေ့ကွယ်

အိမ်အပြန်

တစ်ယောက်ကတော့ နွမ်းလျ အိမ်ပြန်ရောက်ချေပြီတကား
-
ကိုမောင်မောင်သန်း ကျနော်လွမ်းတယ်ဗျာဆိုရင်
-
အနုပညာအသင်းခန်းထဲမှာ စန္ဒယား တစ်လုံးနဲ့ 
ခလေးတွေစုပြီး မြို့ မသီချင်းတွေ notes စာအုပ်ထဲရှိသမျှ အကုန်ချတီး
-
ဘေးကနေ ထိုင်နားထောင်နေပြီး
-
ပြီးတာနဲ့  အလွမ်းပြေသွားပြီဗျာဆိုပြီး ထွက်သွားတဲ့ဆရာ
-
နောက်ဆုံးမြင်လိုက်ရတာ
-
အင်ဗွိုင်းခမ်းမမှာ
-
ကိုမောင်မောင်သန်း ကျနော် အမေရိကားသွားတော့မယ်လို့  နှုတ်ဆက်သွားတဲ့ဆရာ
-
အိမ်ပြန်ရောက်လာပြီပေါ့
-
သွားနှင့်ဆရာရေ
ပုံ credit Vitctor Victor Tan တက္ကသိုလ်ဘုန်းကြွယ်

သစ္စာတိုင်

သည်တောင်ရိုး
ကျားဆိုးပေါရဲ့။
မောင့်အချစ်
မျှစ်ချိုးလိုက်ခဲ့။ ။


ဗိုလ်စိန်မှန်

21 May 2013
ဆဲမှ ဖြစ်တဲ့ ကိစ္စလေးတခု ဖတ်ဘူးတယ်
မြစ်ဝကျွန်းပေါ်မှာ ရောင်စုံသူပုန်တွေ ၀ိုင်းနေတော့၊ ဖျာပုံလား မြို့ ကိုစီးတော့မယ်၊ ငွေတိုက်ကိုလဲ ဖေါက်တော့မယ်၊ မြို့ ကိုလဲ လုတော့မယ်
အဲဒီမှာ ဗိုလ်စိန်မှန်က (နောက်တော့ ဗိုလ်မှုးစိန်မှန် ကျဆုံး) ငွေတိုက်ကို အရင်ဖေါက်ပလိုက်တယ်၊
ပြီး အရပ်သားတွေကို ငွေ၃၀၀ ရိုင်ဖယ်တလက်၊ ကျဉ်ဆံပေးပြီးတော့ အရေးပေါ်ကာကွယ်ရေးတပ်ဖွဲ့ ပြီး သူပုန်တွေကိုခံချတယ်
တိုက်ပွဲကျတဲ့လူတွေကို ချက်ခြင်း မိသားစုတွေကို ထောက်ပံ့ကြေး ထုတ်ပေးတော့ ရွတ်ရွတ်ချွံချွံ တိုက်ကြတာပေါ့။
ဒါနဲ့ ပဲ မြို့ ကမကျတော့ဘူး သူပုန်ဘေးကနေ (သူပုန်စီးပြီး ပြသနာမျိုးစုံတက်မဲ့ဘေးကရော) လွတ်သွားတယ်၊
မကြာမှီမှာပဲ ဗိုလ်စိန်မှန်ဆီကို ပြည်ထဲရေးဌာနက စာတစောင်ပို့ လာတယ်
လူကြီးမင်း ----ငွေတိုက်မှ ထုတ်ယူသွားသော အစိုးရပိုင်ငွေ သိန်း---ဆယ်အတွက် မည်သို့ မည်ပုံ သုံးစွဲခဲ့သည်ကို ရှင်းတမ်းပေးပို့ ပါ၇န်တဲ့။
ဗိုလ်စိန်မှန်ပြန်ပို့ တဲ့ ရှင်းတမ်းက တပ်မတော်မှာ နာမည်ကြီးကျန်ခဲ့တယ်
စာရွက်ပိုင်းလေးမှာရေးပေးပြီး လက်မှတ်ထိုးပေးလိုက်တာ
ရီးရီးရီး
အဲဒါတွေ အသုံးပြုသည် ရီး
ပုံ
စိန်မှန် တဲ့

Friday, December 23, 2016

လွမ်းရစ်လေဦး တက္ကသိုလ် ရေး မင်းသစ်

လွမ်းရစ်လေဦး တက္ကသိုလ်
ရေး မင်းသစ်
ဆို။ မောင်ကို
ခြေဆင်း။        ။         လွမ်းလေ ရစ်ပေ ဦးတော့ အမိတက္ကသိုလ်၊ လွမ်းရစ်လေဦး အမိတက္ကသိုလ်
A
(မြကျွန်းညိုညို၊ ကွန်းရိပ်ခိုဆဲ၊ ခွဲခွာသွားရတော့မယ်၊ ဘဝအစ နကို ကထဲ….က၊ တသသ ဒို့  အသဲ….မှာ၊ အစစခိုတွဲ…….၊ အို… အလှအပလို့ ပဲ မှတ်တယ်) ၂
B
အင်းလျားကန်မင်းအလှ၊ ကံ့ကော်ပင်တန်း (နန်း)၊ သစ်ပုတ်ပင်မင်း၊ ကျောင်းတော်မဟာဝယ်၊ ကျင်လည်ခဲ့ဘဝ၊ မေ့ရခက်တယ်၊ လွမ်းစရာ၊ ဟိုရေတမာပင်တန်း၊ တူစုံလှမ်းဖူးတယ်၊ နီလာပင်စိန်ပန်းနဲ့  လမ်းခွဲတော့မယ်၊ အနေဝေးသော်လဲကွယ်၊ စိတ်အတွေးနဲ့ လွမ်းနေမယ်ထင်တယ်
Cho
(လွမ်းရစ်လေဦး တက္ကသိုလ်ရယ်၊ အမိတက္ကသိုလ်ရယ်၊ ကျွမ်းမဖြစ်လို့ လဲ ခွဲခွာမယ် သွားတော့မယ်ကွယ်၊ အနွမ်းတဆစ်ဘဝလမ်းတကွေ့ မှာကွယ်) ၂။
C
(အစာဝလို့  ဌာနပြန်တယ်၊ မထင်စေချင်ဘူးကွယ်၊ သဘာဝရဲ့  ရှုခင်းစုံတယ် ဒီပရဝုဏ်အလယ်၊ ထာဝရဖြင့် (တော့) သတိရနေမယ်၊ ဒို့ ဝိဥာဏ်တွယ်) အတောင်အလက်စုံ သိုက်မြုံကြားက ထွက်သွားရတဲ့ ငှက်ငယ်ပမာနှယ်၊ ကျင်လည်ရာ ဘဝက၊ လွမ်းတသသ လွမ်းတသသ တမ်းတလို့ ပဲ မှန်းဆနေတော့မယ်
အော်၊ လွမ်းလေရစ်ပေဦးတော့ အမိတက္ကသိုလ် (လွမ်းရစ်လေဦး အမိတက္ကသိုလ်)၃

ကိုမင်းသစ် (ဘိုင်အို)က တက္ကသိုလ် အနုပညာအသင်းဆိုဖို့ ဆိုပြီးပေးထားတာ၊ အသင်းခန်းမှာဆိုတယ်၊ ဥပဒေ နှုတ်ဆက်ပွဲ ဆိုဖူးတယ်၊ ကျနော် ၁၁၈ ဖေါင်ကြီး ကျောင်းဆင်းပွဲ သုံးဖူးတယ်၊ ဖေါင်ကြီး ကျောင်းအုပ်ကြီးက အတင်းတောင်းနေလို့  ရူးချင်ရောင်ဆောင်ခဲ့ရတယ်
သင်္ကေတ ပြန်ထုတ်ပြီးပြီး အသံသွင်းပြီးမှ ထပ်ဖြန့် မယ်တဲ့ မြင့်အောင်က

ပျောက်သွားမှာစိုးလို့ 

Wednesday, December 14, 2016

မသမ္မာအာဇီဝ ဖြစ်ရတော့မလား

သမ္မာအာဇီဝဆိုတဲ့ စကားကို ခုခေတ် တွင်တွင်သုံးကြတယ်
-
ငယ်ငယ်ကနားလည်တာရှင်းတယ်၊ ငါးပါးသီလနဲ့ အညီ နေထိုင်စားသောက်ခြင်းလို့ အကြမ်းဖျင်း ကလေးသိသိခဲ့တာ
-
တကယ်တော့ ဓမ္မစကြာတရားတော်ထဲက စာသားပဲ
-
ကျနော် မြို့ နယ်မှုးတာဝန်တွေ ထမ်းဆောင်ခဲ့ရတုံးက
-
စည်းစိမ်တွေ ပျက်အောင် အများကြီး လုပ်ခဲ့ဘူးတယ်၊ တရားစွဲ ထောင်ချခဲ့ရတာတွေရှိတယ်
-
ခုခေတ်အနေနဲ့ ကျတော့ ဆင်းရဲသားတွေရဲ့  livelihood ကို ဖျက်စီးသူလို့  သမုတ်ကျမှပဲ
-
ကျနော်နားလည်နေတာကတော့ သမ္မာအာဇီဝဟာ governance နဲ့ ညီတဲ့ livelihood ဖြစ်ရမယ်
-
အခုတော့ ဆင်းရဲတာနဲ့ပဲ bad livelihood သမားတွေက သူတို့ ပဲ သမ္မာအာဇီဝနဲ့  ကျင့်ကြံနေသယောင်ဖြစ်ကုန်ပြီ
-
ဆင်းရဲတာနဲ့  မဟုတ်တာလုပ်တာတွေကို စောင့်ကြည့်တာတို့  ခွင့်လွှတ်ထားတာတို့  လုပ်ခဲ့တာတွေ များတော့
-
အခုမှ ပြန်စရတဲ့ Good governance အတွက် အခု သတင်းထောက်တစ်ယောက် အသက်စွန့် ရပြီလေ
-
အဲဒီ လူသတ်တဲ့လူတွေက သူတို့  livelihood အတွက်လုပ်တာတွေ မှန်တယ်လို့ ထင်နေတဲ့လူတွေလေ
-
ဒါ သစ်ပဲရှိသေးတယ်၊ ဒီထက်ဆိုးတဲ့ မူးယစ်ဆေးဝါးဆိုရင် ပိုဆိုးတော့မယ်၊ ရွှေတူးတာ သတ္တုတူးတာ ကျောက်စိမ်းတူးတာဆိုတဲ့ မှော်တွေက မြန်မာပြည်ကို ဒုက္ခပေးနေတယ်ဆိုပေမဲ့ လုပ်နေတဲ့ လုပ်သားတွေအတွက်တော့ သူတို့ စိတ်မှာ သမ္မာအာဇီဝ ဖြစ်သွားပြီ၊ လယ်စိုက်တဲ့ အချိန် တောင်ယာစိုက်တဲ့ အချိန်လောက်ပဲ ရွာပြန်လာပြီး ကျန်တဲ့အချိန်တွေ ၃မျိုးလောက်ပဲရှိတယ် မှော်ထဲသွားမလား၊ နိုင်ငံခြားနြ့ တခြားအရပ်သွားလုပ်မလား၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးနဲ့  ပျက်စီးနေမလား
-
တိုင်းရင်းသူ ဆရာမလေးတယောက်က ပြောဘူးတယ် ဟုတ်မဟုတ်တော့မသိ၊ သူတို့  ဘာသာဝင် ဆင်းရဲတဲ့လူတွေကျတော့ ဒါတွေက ဘုရားက သူတို့  သုံးဖို့  ဖန်ဆင်းပေးထားတယ်ထင်နေကြပြီတဲ့၊ (မှန်မမှန်တော့ မသိပါ၊ ကိုယ်တိုင် မမေးမိသေး)
-
လုပ်လို့ မရပါဘူးကွာဆိုတဲ့ စကားတွေကိုပဲ နားမဆန့် အောင်ကြားနေရတယ်
-
တစ်ဖက်စွန်းမှာ ဆင်းရဲလွန်းလို့  ဆိုးနေကြတယ်ဆိုတဲ့လူတွေကို
-
တခြားတစ်ဖက်စွန်းမှာလဲ ခေတ်အဆက်ဆက် အုပ်ချူပ်သူတွေကို အိပ်ထဲထည့်ပြီး ဆိုးနေကြတဲ့ ချမ်းသာသူတွေကို
-
ဒါနဲ့ပဲ ဒီမိုကရေစီလဲ မြန်မာနိုင်ငံမှာ နာမည်ပျက်အုံးမှာပဲ
-
ဒီလောက် အခြေခံ သီလ အရေးကြီးနေချိန်မှာ
-
ဘာသာရေးခေါင်းဆောင်တွေက သင်းကွဲနေကြလေရဲ့ 
-
နိုင်ငံရဲ့  sector တိုင်းကိုကြည့်လိုက် နေရာတိုင်းကို ကြည့်လိုက် သမ္မာအာဇီဝကို ဖျက်စီးလိုက်ကြတာ
-
အင်းလေးကန်ကြီးထဲ၊ မေးကြည့်ပါ သူတို့  ကိုယ်တိုင်သိပါတယ် မဟုတ်တာတွေလုပ်နေတာ၊ ဒါပေမဲ့ sponser donor တွေအမြင်မှာ သမ္မာအာဇီဝပဲ
-
ပေါင်းသတ်ဆေးတွေ၊ ဓါတ်မြေသြဇာတွေနဲ့ လဲ သမ္မာအာဇီဝပဲ
-
ကလေးတွေကို မဟုတ်တဲ့ဟာတွေ ရောင်းနေတဲ့လူတွေ အစားအစာတွေကို ဆေးမျိုးစုံထိုးနေတဲ့လူတွေ သမ္မာအာဇီဝတွေပဲ
-
ရှေးဟောင်းဘုရားတွေကို ဟိုတယ်တွေနဲ့  ဖျက်ဆီးနေသူများ အဆင့်မြင့် သမ္မာအာဇီဝတွေ
-
အရာရာ သမ္မာအာဇီဝတွေလုပ်ကြလွန်းလို့ 
-
အခု ကျနော်လုပ်နေတဲ့ ကျိုးစားနေတဲ့ အမှန်တရားကို ပြန်ပြီး မင်းမူစေချင်တဲ့ အလုပ်တွေကို မသမ္မာအာဇီဝလို့ တောင် နာမည်တတ်ရမလိုပါကလား