Monday, November 14, 2016

ဆရာ မင်းကြီးဦးအောင်မြင့်

ဆရာ မင်းကြီးဦးအောင်မြင့် (၁)

25 August 2011 at 13:10
ဆရာ မင်းကြီးဦးအောင်မြင့် (၁)
ကျွန်တော်တို့  ကိုဒိုက်တို့ ပဲ ကရေဇီဖြစ်တယ်ထင်တဲ့ ရှေးဟောင်းမြို့ တော်တွေ ကိစ္စ အကြောင်းကြောင်းကြောင့် ကျွန်တော် အမြန်မှတ်စုတွေမှာ တင်လိုက်ရတယ်။ မထင်ပဲ လူငယ်တွေကလဲ စိတ်ဝင်စားကြတယ်။ စာမူတွေဟာ ကျွန်တော့်ဆရာကြီး မင်းကြီးဦးအောင်မြင့်ရဲ့ ဘ၀တသက်တာ လုပ်ငန်းများပါပဲ။ ကျွန်တော် ကြည်ညိုလေးစားရတဲ့ ဆရာ့အကြောင်းကို သူ့ ဝါသနာအတိုင်း ရှေးဟောင်းမြို့ တော် ပြန်လည် တူးဖေါ်လိုက်ပါတယ်။ ဆရာ့အကြောင်းရေးရင်း ကျွန်တော်တို့ ဌာနအကြောင်းလဲ မှတ်တမ်းတင်ထားခြင်ပါတယ်။
မင်းကြီးဆိုတဲ့ အခေါ်၊ ကျွန်တော်တို့ သစ်တောဌာနမှာ အင်္ဂလိပ်မင်းများက Chief Conservator; Conservator; Extra Assistant Conservator ဆိုပြီး ရာထူးတွေ သတ်မှတ်ထားတယ်။ Conservator နဲ့  Extra Assistant Conservator ကြားမှာ District Forest Officer (DFO) ဆိုတာရှိလေရဲ့ ၊ မြန်မာလိုဆိုရင် ပထမ သုံးနေရာကို မင်းကြီးချူပ်၊ မင်းကြီး၊ သစ်တောဝန်ထောက်လို့  ခေါ်ပါတယ်၊ ဒီအက်ဖ်အိုကိုတော့ သစ်တောဝန် (သစ်တောခရိုင်ဝန်)လို့ ခေါ်တယ်။
အခုခေတ်မှာ ဒီအခေါ်အတိုင်း ပြည်သူ့ ရဲတွေ ခေါ်တုန်းပါပဲ၊
အခုအချိန်မှာ ဆရာဦးအောင်မြင့်ဟာ အသက်အကြီးဆုံး သစ်တောအရာရှိဟောင်း ဖြစ်သလို အားလုံးက မင်းကြီးလို့ ပဲ ခေါ်နေကြတုံးပါ။ နောက်ဆုံး မင်းကြီးအနေနဲ့  တာဝန်ထမ်းခဲ့တာ သစ်တောသယံဇာတ စာရင်းကောက်ယူရေး စီမံကိန်းမှာပါပဲ၊ ပင်စင်ယူတဲ့ နေ့  ကျွန်တော်ဖိတ်ခြင်းခံရလို့  မှတ်မှတ် ရရ ရောက်ပါတယ်။ အဲဒီနေ့ က ဆရာ့ကို ညွှန်ချူပ်က ဆရာပင်စင်ယူပေမဲ့ ကျန်တဲ့ ပညာရပ်တွေ (ဂီတ၊ ပန်းပု၊ ပန်းချီ၊ ကာတွန်း၊ ရှေးဟောင်းသုတေသန) စသည်တို့ နဲ့  ဘ၀ကို နေထိုင်သွားနိုင်ကြောင်း။ ပြသနာမရှိကြောင်းတွေ ရွှမ်းရွှမ်းဝေအောင် ပြောသွားတာတွေ့ လိုက်ရတယ်၊ အဲဒီအချိန်တုန်းက (၁၉၈၆) ကျွန်တော်က ရန်ကုန်တစ်ပိုင်းရဲ့  သစ်တောမြို့ နယ်မှုးပါ၊ လက်ထောက်တိုင်းတာဝန်ခံလဲ လုပ်တယ်၊ ကျောက်တန်းဘက်မှာ ကျွန်တော့်ကားဆိုက်တာနဲ့  အသုဘအိမ်လို ကုန်ပါပြီတော်ဆိုပြီး သစ်စက်ပိုင်ရှင်ကတော်တွေ အော်ငိုရအောင်ကို လူတွေကို ဒုက္ခပေးတဲ့ ကောင်ပေါ့၊ လူမှုရေးနားမလည်တာ အဲဒီကထဲကပဲ။
ဆရာက တခွန်းပဲ ပြန်ပြောတာ မှတ်မိတယ်။ ဘာတွေ ပညာရပ်တွေ ဘယ်လောက်ပဲ စုံစုံ ကိုယ်က ဘယ်လောက် contribute လုပ်နိုင်တယ်ဆိုတာက အဓိကပါတဲ့။
 

ဆရာ မင်းကြီးဦးအောင်မြင့် (၂)
ဆရာ့ကို ကျွန်တော် ပထမဆုံး ဆုံဘူးတာ မိထ္ထီလာမှာ စတုတ္တနှစ်ကျောင်းသားဘ၀ အခု ပျဉ်းမနားမိုးစွေမှာ တောဆင်းပြီး အပူပိုင်းဒေသ လေ့လာရေး၊ ၁၉၇၄ခုနှစ်မှာ slow 45 ဆိုတဲ့ သစ်ထုတ်ရေးက တီအီ ၁၁ ကားများနဲ့  သွားကြရင်း မင်းကြီးကို ဂါရ၀ပြုပါတယ်၊ အဲဒီကထဲက သတိထားလိုက်မိတာ ကင်မရာလေးတစ်လုံး အမြဲပါပါတယ်၊ စကားပြောရင် ပြုံးပြုံးနဲ့  အေးအေးဆေးဆေးပြောတယ်၊
အဲဒီ ခေတ်က သစ်တောစိုက်ခင်းတွေဟာ အပူပိုင်းဒေသမှာကို တကယ်အောင်မြင်ပါတယ်၊
နောက် မတွေ့ လိုက်တာ ၁၉၈၅မှာ မြို့ နယ်မှုးသင်တန်းတက်တော့မှပဲ တချိန်လာပို့ ချပါတယ်။ ကောင်းကင်ဓါတ်ပုံတွေအကြောင်းကို စိတ်ဝင်စားအောင်ပို့ ချရင်း (ကျွန်တော်တို့ ပါမောက© မင်းကြီးဦးထွန်းကျော်လိုပဲ မြေဖြူတစ်ချောင်းနဲ့ ပဲ မှတ်စုမပါ ပြောနိုင်သူတွေပါ) အခုပြီးခဲ့တဲ့ ၂၀၁၀အစအထိ ကျွန်တော့်ဘ၀ဖြစ်ခဲ့ရတဲ့ Remote Sensing ဆိုတဲ့ စကားလုံးလေးကို မိတ်ဆက်သွားပါတယ်။
မင်းကြီးနဲ့  ကျွန်တော်နဲ့ နောက်ကို သားအဖလို ပတ်သက်တော့မယ်ဆိုတာ ကြိုမတွေးမိပါဘူး၊ ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ ကျွန်တော်က သိပ် အကျိုးမပေးခဲ့ဘူးလေ
ရေးနေတုန်း ကိုဝင်းမောင်သန့်  မေးလာပါတယ်
ကိုမောင်မောင်သန်းရေ။ မေးခွန်းလေးတခု ခွင့်ပြုပါ။ ဦးအောင်မြင့် ဟာ ထားဝယ်သားလားဗျ။ ဟုတ်ရင် သူ .ဖခင်ဟာ ၁၉၃၀ပထမကောလိပ် သပိတ် က ခေါင်းဆောင် ဦးဘရှင်(ထားဝယ်)ဆိုတာဘဲ ဗျ။ အမျိုးမကင်း လို့ မေးကြည့်တာပါ။ မဟုတ်ရင်လဲ တောင်းပန်ပါတယ်။ …
ကျွန်တော်လဲ ဟဲဟဲ သစ်တောဌာနရဲ့  အဘိဓါန်ကြီး မင်းကြီးချူပ်ဟောင်း ဆရာဦးတင်လှကို လှမ်းဆက်ရတော့ပါတယ်ခင်ဗျာ။
ဟုတ်ပါတယ် ကိုဝင်းခင်ဗျား၊ ဆရာဟာ ထားဝယ်သားပါ၊ ဆရာ့အဖေတို့ နာမည်တွေ ရွှေတိဂုံဘုရားမှာ ရေးထိုးထားပါတယ်။ ၀ဏကျော်ထင်ဘွဲ့ ကိုလဲ ရှမ်းပြည်ဘက်မှာ တာဝန်ထမ်းဆောင်စဉ်ရဘူးပါတယ်။ တကသိုလ်ကို ဆေးကျောင်း အရင်သွားပြီးမှ သစ်တောကို ၁၉၅၀ကနေ ၁၉၅၃အထိတက်ခဲ့ပါတယ် စစ်ပြီးခေတ် သစ်တောတကသိုလ် တတိယအသုတ်ပါပဲ။
သင်တန်းမှာတွေ့ ပြီးတော့ ကျွန်တော် ပြောထားတဲ့ ပင်စင်ယူတဲ့ နေ့ ကျမှ မြင်လိုက်ပါတယ်။
ဒီကြားထဲမှာ ဘ၀ဇာတ်ဆရာက ကျွန်တော့်ကို တော်တော်မွှေလိုက်ပါတယ် ပညာတော်သင်စာမေးပွဲဖြေပြီး နယ်သာလင်ကို ကျောင်းသွားတက် ပြန်လာတော့ ကောင်းကင်ဓါတ်ပုံပညာသင်လာလို့ ဆိုပြီး သယံဇာတစာရင်းကောက်ယူရေး စီမံကိန်းရဲ့  ကောင်းကင်ဓါတ်ပုံဌာနစိတ်ကို ပို့ ထဲ့လိုက်ပါတယ်။ အတူတက်သူ မြို့ နယ်မှုးတစ်ယောက်က သူ့ မြို့နယ်သူကို ဒုဝန်ကြီးရဲ့  ကိုယ်နေရာကိုယ်ပြန်ကျဆိုတဲ့ မှတ်ချက်အရ ပြန်သွားပေမဲ့ ကျွန်တော့်နေရာကိုတော့ အာဏာသိမ်းထားသူများကြောင့် နေရာမရှိတော့ပါဆိုတဲ့ မှတ်ချက်နဲ့  စီမံကိန်း ကျွန်တော်ရောက်သွားပါတယ်။
အဲဒီမှာ ဘယ်သူမှပြောကြမှာမဟုတ်တဲ့ မင်းကြီးရဲ့ အကြောင်းတစ်ခု တအံ့တသြတွေ့ လိုက်ရပါတယ်၊
ကိုအောင်မြင့်မှာ သစ်တောကအပြင်ကျန်တဲ့ လုပ်စရာတွေ အများကြီးပါဗျာဆိုတဲ့ အဲဒီအချိန်က ညွှန်ချူပ်ရဲ့ နှုပ်ဆက်စကား ကြောင့်လားမသိ၊ သစ်တောဆိုင်ရာ စာအုပ်စာတမ်းများ၊ တစ်ဘ၀လုံးလုပ်ထားခဲ့တဲ့ သုတေသန စာစောင်များ အားလုံးကို ထားပစ်ခဲ့တာ တွေ့ လိုက်ရပါတော့တယ် ခင်ဗျား။

ဆရာ မင်းကြီးဦးအောင်မြင့် (၃)
၁၉၈၈ခုနှစ် အဲဒီ ကောင်းကင်ဓါတ်ပုံဌာနစိတ်မှာ ကျွန်တော် မင်းကြီးထားခဲ့သော စာအုပ်စာတမ်းများ၊ မင်းကြီးလေ့ကျင့်သင်ကြားပေးခဲ့သော ညီငယ်များ၊ မင်းကြီးစခဲ့သော အလုပ်များနဲ့  နပမ်းလုံးလိုက်နိုင်လို့   နဲနဲ လူလူသူသူဖြစ်သွားတယ်လို့ ပြောရမှာပါ၊ တစ်ခုတော့လဲကျန်ပါသေးတယ် မင်းကြီးရော ကျွန်တော်ရော နယ်သာလင်နိုင်ငံ အိုင်တီစီရဲ့  အင်မတန်ကောင်းမွန်တဲ့ ထရိန်နင်ကို ရပါတယ်။ သစ်တောသယံဇာတ စီမံကိန်းဟာ သူ့ လူ သူရွေး သူ့ လေ့ကျင့်ရေး အစီအစဉ်နဲ့ သူ နိုင်ငံခြားတွေလွှတ်ပြီး ဆောင်ရွက်နေတဲ့ စီမံကိန်းပါ၊ ကျွန်တော်တစ်ယောက်ပဲ ပတ်ကား မြို့ နယ်မှုးတစ်ယောက်ကနေ မနေတတ် မထိုင်တတ် မလုပ်တတ်လို့  စီမံကိန်းက လေ့ကျင့်ခြင်း မပြုပဲ ကိုယ့်ဘာသာကိုယ် ကွန်ပျူတာ ပရိုဂရမ်မင်းက အစ တတ်မြောက်ပြီး ရောက်သွားတာ။ အဲဒီမှာ Vax 11-750 Mini Computer ကို ပုပ်ရဟန်းမင်းကြီး အိပ်ဆောင်လို ထိမ်းသိမ်းထားတဲ့ ကွန်ပျူတာဆရာများ၊ သယံဇာတစာရင်းကောက်တဲ့ အဖွဲ့ ကို ကူလီခေါင်းသာသာထားပြီး၊ အသက်တွေ ချွေးတွေနဲ့  ရင်းလာရတဲ့ ဒေတာတွေကို ကွန်ပျူတာထဲရောက်သွားတာနဲ့ စာရင်းကောက်တဲ့လူတွေ ဘယ်လိုမှ ထိခွင့်မရတဲ့ စံနစ်များ။
မြေပြင်စာရင်းကောက်တာကို အလွှာခွဲဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ထုတ်တဲ့ သစ်တောမြေပုံများ၊ ကောင်းကင်ဓါတ်ပုံ ဖတ်တဲ့အဖွဲ့  မြေပုံ အော့ဖ်ဆက်နဲ့ ၇ိုက်တဲ့ အဖွဲ့ တွေ
နောက်မှပဲ သတ်သတ်ရေးပါတော့မယ်ဗျာ၊ ကျွန်တော် လုံးပမ်းနေရတဲ့ ပထမ ၂နှစ်လောက်မှာ ဆရာနဲ့ လုံးဝ မတွေ့ ရပါ၊ ဘာတွေလုပ်နေလဲ မသိပါ၊ ၃နှစ်လောက်ကြတော့မှ ဆရာကျောင်းသားတွေ ခေါ်လာပါတယ်၊ ရန်ကုန် တကသိုလ် ရှေးဟောင်းပညာဌာနမှာ ကောင်းကင်ဓါတ်ပုံတွေ သင်ပေးနေတယ်၊ လေ့ကျင့်ဘို့  နမူနာပြဘို့ ဆိုပြီး ကျွန်တော်တို့ ဆီခေါ်လာပါတယ်။
ဆရာတပည့်တွေ ပြန်ဆုံကျပြီ၊ ဒါပေမဲ့ သစ်တောအကြောင်းတွေ နဲနဲမှ မဟဘူး၊ ကျွန်တော် အဲဒီအချိန်ထဲက သစ်တောဖုံးလွှမ်းမှု ၁၉၉၀ကို ဂြိုလ်တုဓါတ်ပုံသုံးပြီး တိုင်းနေတာ ဘာမှမေးလို့ မရ၊ တစ်ခုပဲရှိတယ် ၁၉၅၃လောက်ကထဲက ဆရာတိုင်းခဲ့တဲ့ မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု ၅၇%ဟာ အင်မတန် Conservative ဖြစ်တဲ့ တိုင်းတာမှုဖြစ်ကြောင်း အင်မတန်ကောင်းတဲ့ တောတွေကိုပဲ သစ်တောအနေနဲ့  သတ်မှတ်ခဲ့တာ ဖြစ်ကြောင်းပြောပါတယ်၊
အဲဒီအချိန်မှာ ဆရာ့ ရှေးဟောင်းမြို့ တော်စာအုပ်ကို စရေးနေပါပြီ။ လိုတဲ့ ဓါတ်ပုံတွေ လာရှာတယ်၊ စာတမ်းက အရင်ကရေးခဲ့တဲ့ သုံးမြို့ လောက်ပဲရှိမယ်ထင်တယ်။
၁၉၉၃မှာ ကျွန်တော် ဘ၀ပြောင်းလို့  အလွယ်တကုပြောရရင် ၀န်ကြီးရုံးရောက်သွာတယ်၊ ဆရာနဲ့  အဆက်ပြတ်သွားတယ်၊ ကံကောင်းသွားတာက နီပေါကို အိုင်တီစီတုံးက အခြေခံပဲသိခဲ့တဲ့ Geographic Information Systems and Remote Sensing ကို တစ်လတိတိ သွားသင်းလိုက်ရတာရယ် အက်ဖ်အေအိုမှာ တစ်နှစ်နဲ့ ခြောက်လတိတိ ဒေါ်လာလဲရ ပညာလဲရ အင်းလေး၊ ကင်းတား ဖူးကြီးဆည် ရေဝေရေလဲများ မြေအသုံးချမှုဆိုင်ရာ ပညာရှင်အနေနဲ့  သွားလုပ်လိုက်ရတာပါပဲ။
အက်ဖ်အေအိုက အလုပ်ဆက်လုပ်ချင်ရင် အလုပ်ထွက်ရမယ် ဒါတောင်မှ ခြောက်လနားပြီးမှ ပြန်ခန့် နိုင်မယ်လို့  ရာဇသံပေးပါတယ် ဘာလုပ်မလဲ ပြန်လာတာပေါ့၊ ညွှန်ချူပ်ကလဲ မပေးတော့ဘူး၊
ကျွန်တော့်ကို ဒိတစ်ခါတော့ ၀န်ကြီးရုံးက မင်းနဲ့  ငါတို့ နဲ့  မကိုက် သစ်တောပြန်ဆိုပြီး ပြန်ပို့ လိုက်ပါရောဗျာ။
တော်သေးတာပေါ့ အလုပ်တွေက ရှိနေလို့ ။
အဲဒီမှာ ဆရာနဲ့ ပြန်တွေ့ ရပါပြီ၊ ဒိကြားမှာ လှုပ်ရှားခဲ့တဲ့ ကိစ အ၀၀ကနေ ဆရာ့အတွက် ကျွန်တော် အားဖြည့်နိုင်တာကတော့ အေ၃အရွယ် ရှာ့ပ်ကာလာစကင်နာတစ်လုံး (၁၉၉၅ခုနှစ်မှာ အဲဒီစကင်နာဟာ မြန်မာပြည်မှာ ကြေး။မြေနဲ့  ကျွန်တော့်ဆီမှာနဲ့  ၂လုံးပဲ ရှိတယ်။ ဂျီပီအက်စ် နည်းပညာနဲ့  ၈ျီပီအက်စ် ၃လုံး၊ နောက် ဂျီအိုင်အက်စ် နည်းပညာ၊ ဒီ၈ျီတယ် မြေပုံထုတ် နည်းပညာ။



( ခြုံလွှာလက်​​ဆောင်​ . တွံ​တေးသိန်းတန်​ )

( ခြုံလွှာလက်​​ဆောင်​ . တွံ​တေးသိန်းတန်​ )

ပျံ့ပျံ့ငယ်​သင်း......​လေညှင်း.....သုန်​သုန်​ ၀တ်​မှုံညီခိုင်​ညှာဝင်း.......ကြိုင်​စွာသင်း မြိုင်​ယံအတွင်း...​မွှေး...ရနံ့ထုံရှာ ရဂုံဝဠာဆီ...က မို့မို့မှိုင်း...... ရှု​လေတိုင်း ​ဖြေမဆည်​နိုင်​တာ......​ဆွေး......သူမှာ လွမ်းအားပို.လို့ အသည်းဘ၀င်​မချိစရာ.......
ဝဿန်​လွန်​​မြောက်​လို့ ​ဆောင်း..ဦးလည်း​ရောက်​ပြန်​​လေပြီတစ်​ခါ မိုးထက်တိမ်​ပန်း..... ခက်​ညွန့်​​ဝေ​ဝေဆာ ​လေသာပြတင်း....က ​မျှော်​ယင်း​စောင့်​​နေမှာ တစ်​​နယ်​စီခြား..... ချစ်​ကျွမ်းသူများ....... လွမ်းတာ​ဆွေးတာ ဖယ်ကာထားလို့ ​ဖြေသိမ့်​ရ​ပေမှာ ချစ်​သူရှိမယ့်​​နေရာ ​မျှော်​ရည်​မှန်းလို့ ​မောင်​ကြီးအ​ရောက်​လာမှာ
ညိုမ​ယောင်​ပြာ...လဲ့ ဇာ.ချဲ့တဲ့​ဗွေအာကာမှာ တိမ်​လွှာ တိမ်​ရိပ်​က ​မှေးစက်​လို့မ​ပျော်​နိုင်​ပါ သီ​ခေါင်​မြင့်​ဖျား...မိုးအလား..​တောင်​ထွဋ်​များစွာ ၀န်းရံလို့ခြံရံကာ ​မောင့်​ချစ်​သူ​မေတစ်​ပါး...ချမ်းရှာ​ရော့မှာ ​အေး..ရှာ​ရော့မှာ ​နွေး.​စေမယ့့်​ကမ္ဗလာခြုံလွှာ ​ဝေး...ရပ်​ဆီက​​မောင်​ကြီး​စေတနာ ပါးလိုက်​ချင်​ပါရဲ့ ဒီ...​ဆောင်း​ဟေမာန်​အခါ.....
( ခြုံလွှာလက်​​ဆောင်​ . တွံ​တေးသိန်းတန်​ )


ကမ္ဘာ့ဂီတ ပိုချချက်များ ၄၁ပုဒ် ဆရာဦးသန်းမြင့် မြန်မာ့ အသံ

ကမ္ဘာ့ဂီတ ပိုချချက်များ ၄၁ပုဒ် ဆရာဦးသန်းမြင့် မြန်မာ့ အသံ

ကန်မြဲအေးကျော် စုစည်းမှု

ကန်မြဲအေးကျော် စုစည်းမှု (၁)

21 June 2012 at 09:33
ဆရာချစ်ဦးညို (ပန်းရည်ဘဏ်တိုက်မှ)

နတ်တော်လဆန်း ၁ ရက်ကို ဗဟိုပြုလျှက် စာဆိုတော်ပွဲများ ဖြိုင်ဖြိုင်လှုပ်ရှားနေကြပြီ။ သက်ကြီးဝါကြီး၊ စာပေ ပညာရှင်များအား ကန်တော့ပွဲ၊ စာပေဟောပြောပွဲ၊ စာပေဆွေးနွေးပွဲ၊ စာဆိုတော်အထိမ်းအမှတ်ပွဲများ ကျင်းပကြပြီ။ စာရေးဆရာများလည်း ပြည်အနှံ့ လှည့်လည်ကြပြီ။ လေးစားအပ်သော စာဖတ်သူတို့နှင့် ရင်းနှီးချစ်ခင်စွာ တွေ့ဆုံကြပြီ၊ မေးကြ၊ ဖြေကြ၊ ဝေဖန်ကြ၊ ဆွေးနွေးကြ၊ တိုက်ချွတ်ဆေးကြောကြပြီ။ ချီလေတဲ့ ချီလေ၊ ဤမြေမှ ထိုတောင်တန်း၊ အပြန် အပြန်လားကွယ့်၊ အသွား အသွားပါဗျို့၊ မိုးလေသာခိုက် သယ်ယူလိုက်ပါ့၊ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်။

အကြောင်းတရားနှင့် အကျိုးတရား ဆက်စပ်မိပြီးနောက်တွင် ပန်းရည်ဘဏ်တိုက်ကို ဆိုရမည်မှာ ပါးစပ်အရသာ ရှိလာပါသည်။ နှုတ်၊ လျှာ၊ အာတွေ့ရုံမျှမက ရင်ဖြင့်လည်း တစ်ဝကြီး နှလုံးခွေ့လာပါသည်။ ဤသို့သော ထူးကဲသိမ်မွေ့ သည့်ရသကို ပေးစွမ်းနိုင်သည့် ကျေးဇူးရှင် တေးပြုဆရာ၏ ကျေးဇူးကိုလည်း ဆင်ခြင်မိလာပါသည်။

တေးပြုဆရာကား အထက်အညာ မြင်းခြံတစ်ဝိုက်၊ ကန်မြဲဇဂျမ်းရွာသား ဆရာကိုအေးကျော် ဖြစ်လေသည်။ ဆရာ ကိုအေးကျော်တဲ့။ နိုင်ငံကျော် နာမည်ကြီး လျှမ်းလျှမ်းတောက်သီချင်းရေးဆရာ မဟုတ်။ လူသိမများ ဟိုအညာကျေး လက်တောရွာက ပုဂ္ဂိုလ်။ သူ့ရုပ်ပုံလွှာသည် မှေးမှိန်ဝေသီလွန်းလှသည်။ ပန်းရည်ဘဏ်တိုက်ကို ကျွန်တော် သိသော်လည်း သူ့ကို ကျွန်တော်မသိ။ ထိုနည်းတူ ကျွန်တော်တို့အသည်းစွဲကြိုက်ရသော သာလေစွရွှေညာမြေ (လုံမလေး)၊ ရုပ်သေးပွဲ သွားရအောင် (ခင်အုန်းမြင့်လေး)၊ မိုးဦးတေး (ကိုဘသောင်း)၊ တောင်တော်ပုပ္ပါး (ကိုဘသောင်း)၊ တေးများ၏ လက်ရာရှင် များလည်း ဆရာကို အေးကျော်ပင်ဖြစ်ကြောင်း သိလာသောအခါ သူ့အပေါ် စိတ်ဝင်စားညွတ်နူး စိတ်များက ဖြတ်ဖြတ်နိုး ကြားလာလေသည်။

အရိုးခံလှ ကြွယ်ဝပေသော ဤတေးများ၏လက်ရာတွင် ကိုအေးကျော်သည် မည်သူနည်း။ မည်သို့နည်း။

ကိုအေးကျော်သည် ဆေးရွက်ခူးသူ၊ ကွမ်းရွက်ရောင်းသူ၊ ဆေးရွက်ကွမ်းကုန်ကူးသူ။ ကုန်ကူးသည်ဟု ဆိုရငြား သီချင်းရေးဖို့ကလွဲပြီး တစ်လောကလုံးမှာ ဘာကိုမျှ စိတ်မ၀င်စားသူဖြစ်သောကြောင့် ရောင်းသမျှဈေး၊ ကူးသမျှကုန်ရှုံးသည် ချည်းပင်။

သူသွားလေရာပင် မျဉ်းကြောင်းမပါသော အကြမ်းစာအုပ်တစ်အုပ်ပါသည်။ ခဲတံတစ်ချောင်း၊ ဖယောင်းတိုင်နှင့် မီးခြစ်ဘူးပါသည်။ ရောက်သည့်ဈေး၊ ရောက်သည့်ပွဲရုံတွင် ဖယောင်းတိုင်ထွန်းကာ အကြမ်းစာအုပ်တွင် ခဲတံဖြင့် သီချင်းရေးသည်။ အချိန်တိုင်းမှာလည်း သီချင်းရေးဖို့ တွေးသည်။ လောက မျက်မြင်အလှ၊ မျက်ကွယ်အလှတို့နောက်သို့ စက္ကန့်နှင့်သမျှ သူတစေ့စပ်စပ်လိုက်ကြည့်သည်။ သီချင်းစာသား၊ စကားလုံးလေးတွေ ဘယ်လိုဖန်ဆင်းမည်ဆိုတာပဲ သူ တွေးသည်။

သီချင်းတွေ ရေးရာတွင်လည်း သူ့မှာ ရေးချင်လို့ ရေးတာပဲ ရှိသည်။ မရေးရမနေနိုင်သောကြောင့် ရေးသော သီချင်းရေးဆရာ ဖြစ်သည်။ မြန်မာ့အသံပို့ဖို့ ဓာတ်ပြားတိုက်နှင့် ဆက်သွယ်ဖို့ အဆိုတော်တစ်ဦးဦးထံအပ်ဖို့ သူ့မှာ ရည်ရွယ်ချက်အလျင်းမရှိ။ သီချင်းရေးခ ရလိုမှု၊ နာမည်ကျော်ကြားလိုမှု သူ့ခေါင်းထဲမှာ မရှိ။ သူ့ပန်းရည်ဘဏ်တိုက်သော် မှာပင် ကဗျာဆရာကြီးတစ်ဦးက (ဦးတင်မိုး) အစီအစဉ်လုပ်ပေးသောကြောင့် တိုင်းသိပြည်သိ သီချင်းအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။ ဉာဏ်ပူဇော်ခ ငွေ ၂၀၀ ကျော်ကို စာတိုက်မှတစ်ဆင့် လက်ခံရာတွင်လည်း ငွေလွှဲစာဖြတ်ပိုင်း၌ ““အေးကျော်”” ဟူသော လက်မှတ်မှတစ်ပါး ဘာမျှမပြန်ကြား။ ရန်ကုန်သို့ခေါ်သော်လည်း သူ မလိုက်။
သီချင်းရေးဖို့မှအပ လောကကြီးသည် သူ့အတွက် ဘာမှစိတ်ဝင်စားရာမရှိသောအရာ ဖြစ်နေသည်။
သူ့အကြောင်း အတော်လေးသိသော တစ်ရွာတည်းသား ကဗျာဆရာကြီးအား ကျွန်တော် မေးကြည့်ပါသည်။ သူက
တသသ ဖြေလေသည်။ (ဆရာဂျမ်းခေါ် ဦးတင်မိုး)

““ကိုအေးကျော်ဟာ သီချင်းရေးဖို့ အသက်ရှင်နေတဲ့သူပဲ။ မျက်လုံးတွေကလည်း စူးစူးရှရှအရောင်တွေ တောက်နေ တယ်။ ဘာကိုမဆို အလေးအနက်ကြည့်တယ်။ ဘာပဲမြင်မြင် ကြားကြား၊ ဒါကို သီချင်းစာသားဖြစ်အောင် ဘယ်လိုကူး ပြောင်းလိုက်ရမလဲဆိုတာကိုပဲ အမြဲတွေးနေတာ။ စီးပွားရေးဆိုတာ ဝေးရော၊ သူကိုယ်တိုင် ထမင်းစားတာတောင်မှ သူ့အစ်မကြီးက စိတ်တိုတိုနဲ့ကျွေးတဲ့ ထမင်းရော၊ ဟင်းရော ရောပုံထားတဲ့ အိုးလေးနဲ့ပဲ မညည်းမညူစားတာ၊ ဘာဆိုတာ ဘာတစ်ခုကိုမှ အားကျမရှိဘူး””

““ကုန်းစောင်းမှာ အိမ်ထောင်ကျဖူးတယ်၊ ဇနီးရော သားသမီးပါ ဆုံးပါးသွားကြရှာတယ်””

““သူ့သီချင်းတွေ မြန်မာ့အသံက ဓာတ်ပြားရပြီး လွှင့်နေတာလည်း သူမသိဘူး၊ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားရိုက်တော့ ဆရာမင်းကျော်နဲ့ ဆရာဦးသုခတို့ရဲ့ လိုလားချက်အရ ဒီစကားလုံးရဲ့ မူလပိုင်ရှင်ဖြစ်တဲ့သူ့ကို ဂုဏ်ပြု ချီးမြှင့်ချင်လို့ ရန်ကုန်ကိုခေါ်တော့ သူက ငြင်းတယ်လေ””

““သီချင်းအဖြစ် ရောက်မလာတဲ့ သူ့စာတွေ အများကြီးရှိဦးမယ်၊ ကိုယ်တစ်ပိုင်းတစ်စ နှုတ်ရဲ့ရထားတာလေးတစ်ရှိ ရှိတယ်၊ ဘယ်လောက်အတွေးစိပ်တဲ့သူလဲ၊ ဘယ်လောက်စကားလုံးနိုင်တဲ့သူလဲ စဉ်းစားကြည့်””

ဆရာရွတ်ပြသည်။ ကျွန်တော် ကောက်မှတ်လိုက်သည်။ တစ်ပိုင်းတစ် ထိုစကားလုံးမှာ
““သံသရာဘ၀ ဓာတ်ပြားပြင်ဆီ နာမ်ခန္ဓာနှစ်ဝ ဇာတ်လျားအစဉ်သည် ကံကြမ္မာက အပ်သွားတင်လေပြီ””

““သူ အခု ဘယ်မှာနေသလဲ”” ဟု မေးပါသည်။

““မရှိတော့ဘူးဗျာ၊ ကိုအေးကျော် ဆုံးသွားရှာပြီ၊ ဘယ်နှခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်တုန်းက ဆုံးသွားမှန်း ဘယ်သူမှ မသိကြဘူး၊ ဘာရောဂါမှန်းလည်း မသိဘူး၊ ဆုံးတာ သုံးလေးနှစ် ရှိသွားပြီတဲ့၊ သူ့အစ်မ ဒေါ်ဆယ်တင်တောင် မမှတ်မိဘူး၊ သူ့တူလေးပြောတော့ မိုးတွေရွာနေတုန်း နွားတင်းကုပ်ထဲမှာ ခွေခွေလေး ဆုံးနေတာပဲတဲ့လေ””

““ “အို ဘယ့်ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက် သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်” တဲ့လား ကိုအေးကျော်ရယ်””
(ဆရာချစ်ဦးညို ပန်းရည်ဘဏ်တိုက်)

အဆိုတော်က မြန်မာသံစဉ်တွေကို ဆိုတတ်တဲ့ နီနီဝင်းရွှေတေးရေး ကတော့ ကန်မြဲအေးကျော်,လင်းခေးလုလင်တဲ့မြန်မာလူမျိုးများ  မြန်မာသံစဉ် သီချင်းများကိုချစ်မြတ်နိုးနိုင်ကြပါစေ..


ဒေါ်နုနုရည် (ကျေးဇူးတင်ဖူး....တင်တတ်နိုင်ပါစေ) မှ

သစ်စိမ်းနံ့ မွှေးမြတဲ့ သစ်ပင်လေးကြောင့်လဲ (pleasure) ရဖူးတယ်။ ရေနွေးကြမ်းလေးတကျိုက်၊ ငါးခြောက်ဖုတ်လေးတကိုက်ကြောင့်လဲ ရဖူးတယ်။ ပုပ္ပါးကို မြင်းခြံလမ်းဘက်က ကြည့်ရင် ပိုလှတယ်ဆိုလို့... အဲဒီ (pleasure) ကို ရဖို့ အတွက် မြင်းခြံလမ်းကနေ သွားဖူးတယ်။ ဟုတ်တာပေါ့...။ လှပါဘိ ပုပ္ပါး၊ လွမ်းမောစရာ ကောင်းပါဘိ ပုပ္ပါး..။ ကျွန်မ ပုပ္ပါးကို စရောက်ဖူးတဲ့ အချိန်ကစပြီး၊ ရောက်တဲ့ အခါတိုင်း အခါတိုင်းလဲ စိတ်ထဲမှာ ခံစားထိခိုက် ကြေကွဲနေတတ်တယ်။ ပုပ္ပါး တောင်ကြီးက စိမ်းညို့ပြာမှိုင်း.... လို့.....။ စကားစိမ်း စကားဝါ ပန်းရနံ့တွေကလဲ တတောလုံး၊ တတောင်လုံး ကြိုင်လို့ လှိုင်လို့။

ပုဂံပြည့်ရှင် နော်ရထာအတွက် ပုပ္ပါးက ကွမ်းကို ဆက်ဖို့၊ ပန်းကို ဆက်ဖို့ လာခဲ့ရတဲ့ ကိုဗျတ္တနဲ့ ပုပ္ပါးသူလေး မယ်ဝဏ္ဏတို့ရဲ့ မေတ္တာပန်းရနံ့ဟာလည်း ဟောဒီတတောလုံး တတောင်လုံးမှာ သင်းပျံ့လို့ နေပေလိမ့်မယ်လို့....။

ဒီနေရာလေးမှာများ ပုဂံက ချစ်သူအလာကို မယ်ဝဏ္ဏခမျာ မျှော်ရှာလေသလား၊ ဟောဟို .. စကားဝါပင်ကြီး အောက်မှာများ ချစ်သူနှစ်ဦး စကားလက်ဆုံ ပြောမကုန် ဖြစ်ခဲ့ကြသလေလားလို့လည်း ကျွန်မ လျှောက်တွေးတတ်တယ်။ အဲဒီလိုအချိန်များမှာ ပုပ္ပါးနဲ့ ပတ်သက်တဲ့ သီချင်းတွေထဲမှာ ကျွန်မ အကြိုက်ဆုံး လွမ်းစရာအကောင်းဆုံးသီချင်း။ ကန်မြဲကိုအေးကျော်ရေးပြီး ရေဒီယိုအဆိုကျော် ကိုမြသောင်းဆိုတဲ့ တောင်တော်ပုပ္ပါး သီချင်းကိုများ သတိရမိလိုက်ရင် ဒါမှမဟုတ် ပုပ္ပါးတောင်ထိပ်ကနေ လော်စပီကာနဲ့ ဖွင့်လိုက်ရင် ကြက်သီးမွှေညင်းထပြီး မျက်ရည်ဝဲအောင် လွမ်းရတယ်။ ကိုအေးကျော်ရဲ့ သီချင်းကလေ ဘယ်လောက်များ စကားလုံးတွေ လှလိုက်သလဲ ဆိုရင်....။

"xx နဂါးလိမ်ကျော်ဆစ်ကxx စကားဝါတောင်တော်ပန်း လွမ်းဆွတ်ပါ့မေရယ်xx ပန်းခက်က ဝေတယ်xx ဘယ်သူပြိုင်လို့ လှပါတော့နိုင်xx" တဲ့.....။

ခဲတံအတိုလေးတတို၊ ဗလာစာအုပ် အစုတ်လေးတအုပ်၊ ဖယောင်းတိုင်တို၊ မီးချစ်ဗူးလေး တဗူးထည့်ထားတဲ့ လွယ်အိတ်နွမ်းလေးလွယ်ပြီး ကန်မြဲရွာကနေ မြင်းခြံကို ဆေးရွက်ကြီးအထမ်းကြီး ထမ်းရောင်းရရှာတဲ့ သူတဦးရဲ့ ရုပ်ပုံလွှာဟာ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်' လို စကားလုံးမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ရုပ်ပုံလွှာတဲ့လား.....။

ကန်မြဲရွာသား နိုင်ငံကျော်ကဗျာဆရာကြီးက ပြောပြ ခဲ့ဖူးလို့။ 'တောင်တော်ပုပ္ပါး' လို၊ 'ပန်းရည်ဘဏ်တိုက်' လို သီချင်းမျိုးရဲ့ ဖန်တီးရှင် တေးရေးဆရာရဲ့ ဘ၀ ရုပ်ပုံလွှာကို ကျွန်မ သိခဲ့ရဖူးတယ်။

ပုပ္ပါးရောက်တိုင်း ဒီသီချင်းကို ဆိုမိမြဲ...။ ဒီသီချင်းကြောင့်လဲ ပုပ္ပါးကို ပိုပြီး ခံစားတတ်စေခဲ့တာပေါ့။



ကမ္ဘာကျော်သွားတဲ့ ဆရာနေ၀င်းမြင့်ရဲ့ ဟောပြောချက်ထဲက ကောက်နှုတ်ချက်

ဒါကြောင့် ကျွန်တော်တို့ ခံစားတတ်သောနှလုံးသားနဲ့ ခံစားတတ်သောစိတ်ရှိဖို့လိုပါတယ်။ ကျွန်တော် သီချင်းလေးနှစ်ပုဒ် နှိုင်းယှဉ်ဆိုပြပြီးရင် ကျွန်တော်တို့ ဟောပြောချက် သိမ်းပါ့မယ်။ ပထမသီချင်းလေးက ရုပ်သေးပွဲသွားရအောင် တဲ့ မြင်းခြံက ကန်မြဲကိုအေးကျော်တဲ့ ချီလေတဲ့ချီလေ ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့သာချီပါလေ။ ပန်းရည်ဘဏ်တိုက် ကိုအေးကျော် နွားတင်းကုပ်ထဲမှာ ခဲတံလေး တံတွေးဆွတ်ပြီးရေးတာ သိပ်ဆင်းရဲရှာတယ်။ တောင်တော်ရွှေပုပ္ပါး လဲသူရေးပါတယ်။ သိရီမင်္ဂလာ အညာမြေ၏ မဏ္ဍိုင်၊ တောင်သုံးလုံးဆိုင်၊ ဒီထဲမှာ မြင်းခြံသားတွေပါပါလိမ့်မယ်။ သိရီမင်္ဂလာ အညာမြေ၏..မဏ္ဍိုင်… . တောင်သုံးလုံးဆိုင်..ထက်ကုံးမို့ မို့ မှာ ကြွခုံးလို့ ယှဉ်ကာပြိုင် ဣဒြနီလာ.. ပြာပြာမှိုင်းမောက်..မြခနောက်သို့ ဆိုင်… လေးထောင်ကျော်ပေ မြင့်မား၊ ဝင့်ကြွားပေစွ မြင့်မားလေစွ မိုးကောင်းကင် တိုင်..မြင်းခြံခရိုင် တခုတည်း..တောင်ပုပ္ပါး ကဗျည်း ကျောက်စာ တိုင်… နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်းခိုင်… လှမ်းဆွတ်ပါ့မေရယ် ပန်းခက်က ဝေတယ်.. ဘယ်သူ ပြိုင်လို့  လှပါတော့နိုင်… ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတဲ့ ကိုအေးကျော်ရဲ့ စာလုံးရှစ်လုံး ကို ဒါရိုက်တာဦးသုခက ငွေ၅၀၀ပေးဝယ်တယ်။

အင်မတန်အနုပညာမြောက်တဲ့ သီချင်းရေးဆရာ အင်မတန် ဆင်းရဲရှာတယ်။ မြင်းခြံဈေး ထဲမှာ ကွမ်းရွက်ကလေး ရောင်းရတယ်။ တစ်နေ့တော့ သီချင်းလေးတစ်ပုဒ်သူရေးတယ်။  မြင်းခြံသူလေး ရုပ်သေးပွဲ ဟိုဘက်ရွာသွား ကြည့်မဲ့ အဖြစ်ကလေးကို သူရေးတယ်။ သူတို့ရွာသူလေးတစ်ယောက် အင်မတန်ဆင်းရဲတယ်။  
ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…ရုပ်သေးပွဲက ဒီခေတ်လို ကျွန်တော်တို့က ကြော်ငြာလို့ရတာ မဟုတ်ဘူး။ လက်ကမ်းကြော်ငြာပေးလို့ရတာမဟုတ်ဘူး။
ဗေထိ..ဗေထိ..ဗေထိ..ညနေ(၄) နာရီ လောက် ဆို အသံပေးရပြီ။ ဒီအသံကြားရင် ရုပ်သေးပွဲရှိပြီ။ ဒီကနေ့မှ သွားမကြည့်ရင် နောက်(၅)နှစ်လည်း မသေချာ။  နောက်(၁၀)နှစ်လည်း မသေချာတော့ အမေ..သမီးသွားကြည့်ပါရစေ။ အမေကို ခွင့်တောင်း ..သမီး ရယ် ဘယ်သူနဲ့ လိုက်မှာလည်း..ရွာကပေါ့ လှည်းတွေနဲ့ပေါ့.. အစ်ကိုတို့နဲ့ လိုက်မှာပေါ့။

ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်…တိုးဟေ့ ပျော်ပျော်၊ အရှေ့ရွာမှာ.. စင်တော် ရုပ်သေးကို..နောက်ညတွေ မမြင်ရရင်၊ လွမ်းရလိမ့်လေး… ဒီနေ့မှ မကြည့်ရရင် လွမ်းလို့ ဆုံးမှာမဟုတ်ဘူး အမေ.သွားကြည့်ပါရစေ။ ကိုအေးကျော်က သီချင်းလေးကို ဒီလိုစတယ်.. ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းတို့ ဗေထိဆော်တဲ့အသံကြားတော့ ရင်တွေခုန်ပြီ။ ပွဲကြည့်ချင် လို့..ရုပ်သေးပွဲကြည့်ချင်လို့..သမီးရယ် ရေလေးတော့ ခပ်ခဲ့ပါဦး။ သူမျာလှည်းနဲ့ လိုက်ရမှာ..အမေ…ရဲ့၊ ဒုက္ခပါပဲ..ရေခပ်တော့ လက်ယက်တွင်းကလေး ကနေ စစ်စစ်ခပ်ရမှာ အမေ သမီးဘယ်မှီမှာတုန်း..။ မှီပါသယ် သမီးရယ် ကိုယ့်အစ်ကိုတွေပဲ နေပါဦးရှင်လို့.. တားထားရင်နေကြမှာပါ။ ရေလေးခပ်ခဲ့ပါဦး။
အမေက ခွင့်ပြုမယ်ဆိုတော့ စံပယ်ပန်းလေးတွေသီ… ရေစိုဝတ် လေးနဲ့ အုပ်ထား။ တဘက်ကလေး ပွဲမှာခြုံဖို့..တဘက်ကလည်း ကောင်းကောင်းမရှိတော့  အဟောင်းကို ပဲ မဲနယ်ပြာနေအောင်ဆိုးပြီး..
လှမ်း..အမေကသွားဟဲ့ဆို .. ဒီတဘက်လေးခြုံ စံပယ်ပန်းလေးပန်ပြီးလိုက်ရမှာ..။ သနပ်ခါး ကလည်း
တောသူများ ပီပီ ကျောက်ပြင်က တခြမ်းပဲ့နေတယ်။ နတ်သမီးကျွန်းထဲမှာ ပိုးလောက်လန်းက
လေးငါးဆယ်ကောင်နဲ့။ သနပ်ခါးကလည်း အပွေးမရှိ၊ မှန်ကလည်း ပြဒါးမပါ.. မှန်ဘောင်လေး ဘက်မှာ နှစ်ဖက် က မပါဘူး။ ထရံထိုးချိတ်ထားပြီးတော့ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့သွေး. ထွက်လာတာလေး ပါးလိမ်း..ရေအိုးလေး
ကောက်ပြီး လှည်းလည်းလှမ်းကြည့်၊ ဒါလေးကိုအေးကျော်က သီချင်းကို ၀တ္ထုလေးဖြစ်အောင်ရေးတယ်။

ရေခပ်ပြန် ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ၊ ဒေါင်းတောက်အောင်မွှေ၊ စံပယ်ခွေ ဘယ်သူဖွက်ပေါ့ စိတ်ပျက် ပေါ့အေ။ လှောင်စမ်းနဲ့ ယောင်းမရေ၊ လှောင်စမ်းနဲ့..ယောင်းမရေ၊ ရှာချေအုန်းလေ။
မောင်ကြီးရေ.. မောင်ကြီး ရေ.. စောင့်ပါဦး… စံပယ်ခွေ ပန်ချေအုန်းမလေ၊ တဘက်ပြာ ခြုံလိုက်အုန်းမလေ…
ရေခပ်ပြန်..ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ..ဘယ်သူဖွက်သွားမှန်းမသိဘူးအရေးထဲ.. ကသီတယ်ဆိုတဲ့
မြန်မာစကား..ဒီနေ့တော့ ကသီချက်တော့ ငါ့ ဆွမ်းလေးတောင် မမှီဘူးဟေ့. ကျွန်တော့်မိဘများပြောတဲ့ ကသီတယ် ဆိုတဲ့ အညာသုံးလေးထည့်ထားတယ်။ ရေခပ်ပြန်..ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ..
ဒေါင်းတောက် အောင် မွှေ.. ဒေါင်းတောက်တယ်တဲ့..ဒေါင်းမကြီးတောထဲ သားသမီးပျောက်ရင် လည်ပင်းကြီး
ထောင်ပြီး တောက်.. တောက် နဲ့ အော်လေ့ရှိတယ်။ အဲဒီတော့မှ ကလေးတွေက ဒေါင်းလေးတွေက
ပြေးလာတယ် အမေ့အသံ ဆိုပြီး..အဲဒီတော့မှ အတောင်အလက်သိမ်းပြီး အမလေး အမေဖြင့် ရှာလိုက်ရတာ..ဒေါင်းတောက်တယ်ဆိုတာ ဒါကိုပြောတာ.. ဒီစာလေး ထည့်ထားတာ..ရေခပ်ပြန်
ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ၊ ဒေါင်းတောက်အောင်မွှေ.. ဒေါင်းမကြီးများ သားသမီး ရှာသလို ရှာရတယ်..ဒေါင်းတောက်တယ်ဆိုတာ.. ကနေ့တော့အေ ဒေါင်းကိုတောက်လို့ ငါ့လေ ဆွမ်းမမှီပါဘူးတော့
ပြောကြတယ်။ ဒေါင်းတောက်တယ်ဆိုတာ ဒါပါ။  စံပယ်ခွေ ဘယ်သူဖွက်ကြ.. စိတ်ပျက်ပေါ့အေ
…လှောင်စမ်းနဲ့ ယောင်းမရေ၊ လှောင်စမ်းနဲ့..ယောင်းမရေ၊ ရှာချေအုန်းလေ.. လှည်းလည်း လှမ်းတားရသေး တယ်။ မောင်ကြီးရေ.. မောင်ကြီးရေ..စောင့်ပါဦး…။ စံပယ်ခွေ ပန်ချေအုန်းမလေ၊ တဘက်ပြာ
ခြုံလိုက်အုန်း..မလေ…သီချင်းလေးက ၀တ္ထုဖြစ်တယ်နော်..မျက်စိထဲ မြင်ယောင်ပါ ဆက်ရေးတယ်

ဘယ်အချိန်သွားတာလဲ..တောလှည်း တွေက.. ဟို ချောင်းရိုးစ ထန်းတောဆီမှာ နေ၀င်တဲ့ အချိန်သွားကြတယ်။
"ဘုတ်ဝါနီနေညိုကျ ချောင်းရိုးစ ထန်းတောဆီ၊ လေးတွဲ့တွဲ့မြည်၊ လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး..။ တောလှည်းတွေဆိုတော့ လှည်းဆီက မပါဘူး။ အီ အီ နဲ့ အဆိုတော်ကြီး ဒေါ်ခင်အုန်းမြင့်လေးက ဒီသီချင်း ဆိုတော့ လှည်းသံပါအောင်ဆိုတယ်။ လှည်းတန်းက တ  အီ  အီ … စည်ပါတဲ့ ရုပ်သေး..။

ဘုတ်ဝါနီနေညိုလှ.. မြတ်စွာဘုရားရဲ့သင်္ကန်းတော်ရောင် အနောက်မှာ ထွန်းပနေပြီ။ ဘုတ်ဝါရောင် ဆိုတာ နီညိုရောင် သင်္ကန်းတော် ရောင် လိမ္မော်ရောင်လေး..ကျီးနဲ့ဘုတ်က တစ်ယောက်နဲ့ တစ်ယောက်ပြောတယ်။ အံမာ..ကိုဘုတ် ခင်ဗျား အတောင်က လက်စသတ်တော့ မြတ်စွာဘုရား သင်္ကန်းတော်ရောင်ပါလားဗျ။ ဘုတ်ကပြန်ပြောတယ်.. အို ကိုကျီး ခင်ဗျားလည်း စိတ်ဓါတ်မကျပါနဲ့ ခင်ဗျားအသားအရေ ကလည်း မြတ်စွာဘုရား သပိတ်တော်ရောင်ပါပဲဗျ။ ဘုတ်ကျီးမြှောက်၊ ကျီးဘုတ်မြှောက် ဆိုတာ ဒါကိုပြောတာ..နော်..အခုလဲ သင်္ကန်းတော်ရောင်.. "ဘုတ်ဝါနီ နေညိုလှ ချောင်းရိုးစ ထန်းတော ဆီ၊ လေးတွဲ့တွဲ့မြည်၊ လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး..ထားတော့ မြင်းခြံ ဆင်းရဲတဲ့ မိန်းကလေး ပွဲသွားကြည့်တာ။ ကျွန်တော်တို့ မန္တလေးသူများ ပွဲသွားကြည့်တော့ အမလေး.. ခေါင်းက ဘီးစပတ်ကြီး တစ်တောင်လောက်နဲ့ စိန်ဆံထိုးကြီးက ကွမ်းသီးလုံးလောက်ထိုးလို့..လည်ပင်းမှာစိန်က ဆယ်ရတီနဲ့ လှည်းပေါ်မှာ မှိုင်းလုံးခံကော်ဇောကြီးခင်းလို့..ဘယ်လ်ဂျီယမ်ကလာတဲ့ ကော်ဇောကြီးခင်းလို့။ အပေါ်မှာထမင်း တောင်း နဲ့၊ လဘက်တောင်းနဲ့ ရုပ်သေးဆရာဆုချဖို့ ဆေးပေါ့လိပ်ထဲမှာ ရွှေဒင်္ဂါးတွေ လည်း ထဲ့လိုက်လို့။ ရွှေခြေချင်းကြီးတွေကလည်း တစ်ဘက်ငါးကျပ်သားကွင်းကြီးတွေနဲ့ ထမိန်ကလည်း တရုတ်ပြည် ကွမ်းတုံ ဖဲထမိန်။  ပုံတော်ဖိနပ် က ခြောက်လက်မလောက်နဲ့။ ဟိုး..ကွမ်းတုံကလာတာပေါ့ မြန်မာကတော့ ကွမ်းတုံခေါ်တဲ့ ဂွမ်ဒေါင်း ထမိန်၊ ကတ္တီပါထမိန်ကြီး အထက်ဆင်က ငါးလက်မလောက်နဲ့ ဗိုက်ပေါ်တင်ဝ တ်…အကျီင်္ကလည်း လက်ကျယ်ကတ္တီပါ အကျီင်္နဲ့ မန္တလေးရွှေမြို့တော်သူများ ရပ်ကြီးသူများ ပွဲသွားကြည့်တာနဲ့ ခုန တောကကလေး ပွဲသွား ကြည့်တာမတူဘူး..နော်..
ဆင်အပ်တန်ဆာ သည်နွားမှာလ...လူမပြောနဲ့ ရပ်ကြီးသူများ ပွဲသွားကြည့်တော့ ရှေ့က နွားနှစ်ကောင်တောင်.. ကျင်ခတ်ပ၀ါကြီးတွေနဲ့ ဟိုမှာ တောသူလေးက တဘက် မဲနယ်ဆိုးပြီးခြုံရတယ်။ ဒီမှာ လူမပြောနဲ့ တိရစ္ဆာန်တောင်မှ..ကျင်ခတ်ပ၀ါကြီး တစ်ဘက်တစ်ချက်ခြုံလို့.. တရုတ်တန်း ဦးလူကလေး..ရေးတယ်.. ရပ်ကြီးသူယိုးဒယား အစအဆုံးလဲ ဆိုပြချင်ပါတယ်။ အချိန်လည်းနည်း လို့  နှိုင်းယှဉ်ရုံလေး ကျွန်တော်ပြောပါရစေ။ ဆင်အပ်တန်ဆာ သည်နွားမှာလ... ကျင်ခတ်ပ၀ါကြီးတွေနဲ့ချည်ထား ပါလို့ အသော့လျင်မြန် နွားကြော့ယဉ်ဟန် နှင်တန်ကိုင်လို့ မောင်း..ပိုးပ၀ါ ဆာပါးပေါင်..ပုံတောင်းမှာ ကောင်းရာသို့ပင်  အဲဒီလိုပဲ နေ၀င်ချိန်ပဲ…နေ၀င်ချိန် နီးလေခဲ့ရင် စီးလေခဲ့ပြင် ဟီး ဟေး ဟဲ့လို့နှင်.. နတ်သွင် လေးလေးလေ့ လုံခင်၊ တွေးလေ့လေ့ ဆင်ခြင် အဝေးကြီးကမြင် ပြလမ်းပေါ်တွင် ပျော်ရွှင် ခင်တို့ လှည်း.. အသံလေးစာစာနဲ့ ပျော်ကြတာပေါ့။ ပြလမ်းပေါ်တွင် ပျော်ရွှင် ခင်တို့ လှည်း..ဘီးသံကမစဲ..ပုဝါမျိုးအစုံစုံ နေအဖုံသို့လင်း..ရွှေမှုန်စကြဲ..
(၀င်းဦး ရပ်ကြီးသူ)

ညနေခင်း မန္တလေးပြလမ်းတွေပေါ်မှာ .. မန္တလေးသူများ ပွဲသွားကြည့်တဲ့အခါ နေရောင်ကျတဲ့အခါ တဖျတ်ဖျတ်နဲ့ စိန်ရောင်မြရောင် ပတ္တမြားရောင်တွေ တစ်ဖျတ်ဖျတ်နဲ့ ရုပ်သေးပွဲ သွားကြည့်တဲ့ ဘ၀ နှစ်ခု ကျွန်တော်ပြောခဲ့ပါပြီ။ မဲနယ်လေးဆိုးပြီး စပယ်ပန်းလေးပန်ပြီး သနပ်ခါးလေး တစ်ဘက်တစ်ချက်၊ တောလှည်းနဲ့ ပွဲသွားကြည့်တဲ့ လုံမပျိုလေးနဲ့ ရပ်ကြီးသူများက မန္တလေးမှာ ပွဲသွားကြည့်တဲ့ ဘ၀နှစ်ခု၊ နှိုင်းယှဉ်တဲ့အခါ ကျွန်တော်တို့ ခံစားရတယ်။ ဘာပြောချင်တာလဲ ဆိုတော့ သီချင်းဂီတကဗျာကို ခံစားတာ မတ်တပ်၊ ဖတ်ကာ မတ်တပ်၊ ခံစားတာမတ်တပ်မဟုတ်ပဲနဲ့ နက်နက်ဘယ်လို စပ်ခဲ့ သီခဲ့ ဖွဲ့ခဲ့ကြသလဲ အနုပညာ ကို ဘယ်လိုပေါင်းစပ်
ဖော်ကျူးကြသလဲဆိုတဲ့ စိတ်ခံစားမှုမျိုးကိုပါ ကျွန်တော်တို့ သားသမီးတွေကို ကျွန်တော်တို့ သင်ပေးရ လိမ့်မယ်။ ကျွန်တော်တို့မှာ အလုပ်တွေ အများကြီးရှိပါသေးတယ်။

ဒါကြောင့် ကျွန်တော့ ဟောပြောချက်က လည်း (၇)မိနစ်ကျန်တဲ့ အတွက် ကျွန်တော်နိဂုံးချုပ်ပါ့မယ်။
ခေတ်ဟာ မြစ်ရေလို တစ်သိမ့်သိမ့်စီးဆင်းနေပါတယ်။ ကျွန်တော်ပြောလို့ ရှေးကလို ယောင်ဆံထုံးကြီးနဲ့ ထိုးကွင်းဒူးကျနဲ့ ဒေါင်းလန်းကြီးနဲ့ထမင်းစားဖို့ ကျွန်တော်မဆိုလိုပါ။ ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေ..အောက်ပြေစုံ လှေတော်ထိုး ပိုးမှာလိုက်တယ် လို့.. ယက်ကန်းကျ ထမိန်ကြမ်းနဲ့နေဖို့ ကျွန်တော်မဆိုလိုပါ။ ရိုးလွန်းတော့ အ.ပါတယ်။ ကျွန်တော်တို့ သမိုင်း မအ အောင်.. ကျွန်တော်တို့ ယဉ်ကျေးမှု မ အ အောင်..ကျွန်တော်တို့ ရဲ့ အနုပညာ မ အ အောင်..ခေတ်ကာလနဲ့ အညီ ညွှတ်ပြောင်း ပြောင်းလဲရတ�
ကျွန်တော်ကိုယ်တိုင် စာမရေးနိုင်သေးလို့  ဆရာကြီးတွေ ရေးတဲ့အထဲက အကြိုက်ဆုံးတွေ ကောက်နှုတ်ပေးထားပါတယ် ခင်ဗျားတို့  ခံစားကြည့်ပါအုံး


သာလေစွ ရွှေညာမြေ
တေးရေး - ကန်မြဲ ကိုအေးကျော်
တေးဆို - ခင်ညွန့်ရီ


တမျိုးပျော်စရာ မြရောင်အဆင်းမို့ မိုးပေါ်မှာလရောင်လင်းလို့ အရွယ်အဆင်းလှတဲ့ သူငယ်ချင်းမတို့ ဘယ်မငြင်းကြနဲ့ တကယ်မတင်းကြဖို့ စကားထာဝှက်မယ် ဗိုင်းငင်ရင်းက အညာအထက်နယ် ဝိုင်းပြင်တလင်းမှာ လေ လေ လေ....

(ကိုလူပျို ဆရာရဲ့ ဆရာရဲ့ လာခဲ့စေချင်ပေ.... ပျိုဖြူကို မညာနဲ့ မညာနဲ့ မှာတဲ့ရွှေစင်မေ)၂

 ရောင်ကြီးဗွေ မောင်ကြီးရေ မောင်ကြီးရေ ရောင်ကြီးဗွေ ရွှေလိပ်ပြာ ရွှေမှာဆင်းမဟေ့ ငွေရိပ်မှာ ဘဝင်မှာခွေ့မလေ့ ရေကန်နဘေးတွေ့လို့ မှာခဲ့သလေ ပုလွေသံလေး ထေ့လို့လာမတဲ့ဟေ  လေ လေ လေ....

တောင်ကြီးတွေကာ ကာပစေ  ရောင်ကြီးဗွေ လာ လာ မလေ....သန်းခေါင်ယံ လွန်ပြီလေ ညောင်ကံတွန်ပီအေ...သာလေစွ ရွှေညာမြေ မောင်ကြီးလာလမ်း မြော်မှန်းကြိုမယ်လေ....


 မိုးဦးတေး 
တေးရေး- ကန်မြဲကိုအေးကျော်
တေးဆို- မြင်းခြံကိုဘသောင်း


ခါဝဿန် ရှစ်ခွင်သိုင်း...မှိုင်းမို့မို့ ဆိုင်းစို့စို့...ဝိုင်းလို့လို့ ရွာဟန်ပြင်... 
ဂျိုးဂျိမ်းသံ တညံညံနဲ့   ရှစ်တိုင်းအံ့ပုံ...     လျှပ်သားပျံဟုန် ပတ်ဝိုင်းသံစုံ.....   
ဂျိမ်းဂျိမ်းမြည်ဟီး အာလမ္ဗရာစည်ကြီးတီးသလို... ရွှေပစ္ဇုန် 

(ဝတိံ ပိုင်းဆီက  တိမ်မှိုင်းဆင့်လို့ လွှင့်ကာသာခြုံ    မဲမှောင်စို့ သဲမရောင်ငြို့ရင် ပျိုခင်တွေအကုန်)၂ 
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ....

ယမထာ ရွှေကြိမ်မြှောက်ခါနဲ့  "ဟဲ့" ငေါက်ပါလို့နှင်...၊ ခြူလုံးသံ ညံညံပေး.... လေးဘက်ခွါစုံ ပြေးထွက်လာပုံ.... နွားပြာညိုတစ်ရှဉ်းတွင် ဦးခေါင်းမော့မော့ ကျော့ကျော့သာ....ဟို.........

(တို့တောင်သူ လယ်သမား တကယ်မအားတာဖြင့်ယုံ....အညာမြေကျေးတောအရပ်က ကမ္ဘာမြေသွေးကြော ဆက်ကြပါကုံ....)၂
(လမ်းကလေးတွေ အဖုံဖုံ၊ ပန်းကလေးတွေ အစုံစုံ....)၂
(မိုးသံ  လေသံ တောသံ ဟိန်း မြစိမ်းရောင် ပင်ရဂုံ)၂
ယာလယ်ခင်းမှာ ယိမ်းသမ ဟန်လိုပုံ
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ....

 (တို့တောင်သူ လယ်သမား တကယ်မအားတာဖြင့်ယုံ....အညာမြေကျေးတောအရပ်က ကမ္ဘာမြေသွေးကြောဆက်ကြ ပါကုံ....)၂
(လမ်းကလေးတွေ အဖုံဖုံ၊ ပန်းကလေးတွေ အစုံစုံ....)၂
(မိုးသံ  လေသံ တောသံ ဟိန်း မြစိမ်းရောင် ပင်ရဂုံ)၂
ယာလယ်ခင်းမှာ ယိမ်းသမ ဟန်လိုပုံ
တို့ရွာအတွင်းဆီက ယာခင်းဆင်းကြ ညီညာစုံ ကဗျာသီချင်းလေးနဲ့ တီးကြမှုတ်ကြကကြ ဗေဗိန်ဗုံ.....


ရုပ်သေးပွဲ သွားရအောင်
 ရေး ကန်မြဲအေးကျော်
ဓါတ်ပြားအဆို ခင်အုန်းမြင့်လေး

သီချင်း ရှာဖွေပေးသူ YanWin Taung Da Gar

(ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းကဗေထိခေါ်၊ တိုးဟေ့ ပျော်ပျော်၊ အရှေ့ရွာပေါ် စင်တော်ရုပ်သေး၊ နောက်ညတွေ မမြင်ရရင်၊ လွမ်းရလိမ့်လေး။) ၂။
"ရေခပ်ပြန် ကသီလှပေါ့၊ ဘီးမှန်ကဘယ်ဆီနေ၊ ဒေါင်းတောက်အောင်မွှေ၊ စံပယ်ခွေ ဘယ်သူဖွက်ကြ စိတ်ပျက်ပေါ့အေ။အို ပြောင်ပါနဲ့ ယောင်းမရေ၊ လှောင်ပါနဲ့ ယောင်းမရေ၊ ငိုချင်ပေါ့အေ၊ (မောင်ကြီးရေ ) ၃ စောင့်ပါဦး၊ စံပယ်ခွေ ပန်ခဲ့အုံးမလေ၊ တဘက်ပြာ ခြုံခဲ့အုံးမလေ၊"

"ဘုတ်ဝါနီနေညိုကျ ချောင်းရိုးစ ထန်းတောဆီ၊ လေးတွဲ့တွဲ့မြည်၊ လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး။
နွားညီနောင် ချိုကုတ်ကို ကြိုးလှုပ်ပါ့လေး
မိနှင်းယုံ ညီမလေး မွှေးပါဘိ တလှိုင်လှိုင် မွှေးပါဘိ တလှိုင်လှိုင်
ဆောင်ပန်းပေါ်ထိုင်၊ ယိုင်နေပေါ့လေး ၊ လှည်းအဖေါ် ကြာရင်ဝေး ဟားတိုက်သံ မြိုင်မြိုင်လေး
မောင်းကြစို့ အပြေး၊ မောင်းကြစို့ အပြေး
မောင်းကြစို့ အပြေး

ဟဲ့ရာကျော်.. ဒိုးလေး (လို့ထင်တာပဲ) ပြေးပါတော့.. သယ်..ငါရိုက်လိုက်ရ..XXXX အယ်ငါ့သားနှစ်ကောင် ဟဲ့ XXXX ရုံန်းပါတော့လားဟဲ့ရှေ့က ရုန်းပါဟ..ရုန်းပါဟ (ဟေး)

ကိုမောင်မောင်သန်းရေ
ဒီသီချင်းရဲ့ စာသားက ဆရာဥိးတင်မိုးရဲ့ ကဗျာပါ။ ကဗျာခေါင်းစဉ်ကလဲ ရုပ်သေးပွဲသွားရအောင်..ဖြစ်ပါ

တယ်။
သံစဉ်ကတော့ ဆရာလင်းခေးပဲဖြစ်မယ်ထင်ပါတယ်။
စာသားတချို့လွဲနေတာလေးတွေ ပြင်ပေးလိုက်ပါတယ်။
"စပယ်ခွေပန်ခဲ့အုန်းမလေ တဘက်ပြာခြုံခဲ့အုန်းမလေ"
"နွားညီနောင်ချိုကုတ်ကို ကြိုးလှုပ်ပါ့လေး"
"မိနှင်းယုံညီမလေး မွှေးပါဘိတလှိုင်လှိုင်....မွှေးပါ
ဘိတလှိုင်လှိုင်"
ဒါလောက်ပါဘဲ။ ကျန်တာတွေမှန်ပါတယ်.။ (ဒေါ်နုနုရည် (အင်းဝ))


တောင်တော်ပုပ္ပါး
 ရေး ကန်မြဲ ကိုအေးကျော်
ဆို မြင်းခြံ ကိုဘသောင်း

 [(သီရိ မင်္ဂလာ အညာမြေ၏ မဏ္ဍိုင် တောင်သုံးလုံးဆိုင်) ၂၊ စက်ကုံးမို့ မို့ မှာ ကြွခုံးလို့ ယှဉ်ကာပြိုင်ဣဒြနီလာ ပြာပြာမှိုင်းမှိုင်း၊ မြခနောက်သို့ ဆိုင် လေးထောင်ကျော်ပေ မြင့်မား၊ ဝင့်ကြွားပေစွ မြင့်မားလေစွ မိုးကောင်းကင်တိုင်..မြင်းခြံခရိုင် တခုတည်းသော ရွှေပုပ္ပါး တဲ့ ကဗျည်း ကျောက်စာတိုင်...]၂။

(နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ် ပန်းခက်ကဝေတယ်)၂၊ ဘယ်သူပြိုင်လို့  လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ ကေခိုင် တောင်တော်ပန်းမို့  မွှေးရနံ့ ကြူသင်းကြိုင်

မြရွှေတောင် ပုပ္ပါး မြင့်မား ၀တိန်တိုင်၊ စုံတောမြိုင် ဂနိုင်ချောင်က... ပန်းစကား မာလာကြိုင်၊ ရွှေနဲ့ များ ယိုးစွဲ  ထင်မှားနိုင်၊ ဟေ၀န်စုံမြိုင်၊ ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည် ဘွေဆိုင် ကြည်နူးဖွယ် ကေသီခိုင် ကြွမြန်းခဲ့တော့ ပုပ္ပါး တောင်မဏ္ဍိုင်၊
 တောင်သူ ယာသမား အညာသားတို့ ရဲ့  ပြဒါးမှတ်တိုင် ရွှေမိုးတွေ ညို့ လို ညိုရင် ခမေါက် ကိုယ်စီဆောင်းခါ လယ်ယာခင်း ဆင်းကြမြိုင်မြိုင် ချောင်းကလျှံ ကန်ရေ တိုး သီးနှံတွေ ဖြိုးလို့ ဝေကာမြိုင်မြိုင် စိမ်းညို့ ညို့  ယိမ်းလို့ လို့  မြသား ယာမြေ ရှုမညီးနိုင် စကားစိမ်း ကြိုင်ကြိုင် စကားဝါလှိုင်လှိုင် ချူလှဲ့  မေ ရဲ့  ပုပ္ပါးတောင် မဏ္ဍိုင်၊
(နဂါးလိန် ချော်ဆစ်က စကားဝါတောင်တော်ပန်း လှမ်းဆွတ်ပါ့မေရယ် ပန်းခက်ကဝေတယ်)၂၊ ဘယ်သူပြိုင်လို့  လှပါတော့နိုင် လှမ်းဆွတ်တော့ ညိုနွဲ့ ကေခိုင် တောင်တော်ပန်းမို့  မွှေးရနံ့ ကြူသင်းကြိုင်
 “ရင်သပ်ရှုမောလောက်ဖွယ် ထူးမဆန်းသော စိမ့်စမ်းသွယ် ရစ်လည်ဘွေဆိုင်”
ဆိုတဲ့  စာသားဟာ ဓါတ်ပြားသွင်းတော့ ဆရာလင်းခေးလုလင်ပြင်ပစ်တာပါ။
သနားစရာကောင်းတဲ့ ရေးသူ ကန်မြဲကိုအေးကျော်ရဲ့ မူရင်းစာသားလေးက
ပိုလှ၊ပို အဓိပါယ် ရှိပါတယ်။
“လူသား ကိုဗျတ္တနဲ့ ဘီလူးပန်းစား မယ်ဝဏတို့ မေတ္တာသွယ်ပြိုင်” ကသာမူရင်းစာသား
အမှန်ပါ။
ပီးတော့  ရွှေမိုးတွေ ညို့လိုညို့ရင် အပိုဒ်မှာလဲ အမှန်က      ပုပါးမှာ မိုးညို ညိုရင်
ချောင်းသွင်သွင်ဆင်း ဧရာမြစ်မင်းသို့တိုင်  ဦးတင့်တယ် တူသံဟိန်း မိုးနတ်မောင်ချိမ်းပါလို့ တူယှဉ်ကာပြိုင်”ကအမှန်ပါ.။ပီးမှ စိမ်းညို့ညို့ဆက်ပါတယ်။ 


1:49 PM    

ဆရာမ ဒေါ်နုနုရည်(အင်းဝ)နဲ့ ဆရာအောင်ကျော်တိုးတို့  ပြင်ပေးတဲ့စာသားနဲ့ မှတ်ချက်များပါခင်ဗျာ
Top of Form


ပန်းရည်ဘဏ်တိုက်
ရေး ကန်မြဲအေးကျော်

ဓါတ်ပြားအဆို ခင်သစ်လွင်
-         ချီလေတဲ့ ချီလေ ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့ သာ ချီပါလေ၊ လေအညွတ် ရွှေဝတ်ကယ်မှုန်၊ ၀တ်ရည်လု ၀ိုင်းစုကာသာ ပြုံ။
-         မြတ်ပန်းရဂုံ၊မြတ်ပန်းရဂုံ၊ မြတ်ပန်း.......ရဂုံ၊
အပြန်အပြန် အပြန်လားကွဲ့ ၊ အသွား အသွား အသွားပါဗျို့ 
ခေါက်တုံ့ လူးလာ ကူးကာသယ်ဖို့ ကြုံ၊
-         (ပျံလေတဲ့ ပျံလေ တောင်တန်းတွေ ကျော်ကာလှမ်း ပျံသန်းကြပါကုန်
အိုဘယ့် ပျားငယ် ပျားသူငယ်ရယ် မိုးလေသာခိုက်၊ သယ်ယူလိုက်ပါ့ ပန်းရည်ဘဏ်တိုက် ဆောက်ကြပါလေကုန်)၂။
-         (ချီလေတဲ့ ချီလေ ဤမြေမှ ဟိုတောင်တန်း ကျော်လှမ်းလို့ သာ ချီပါလေ၊ လေအညွတ် ရွှေဝတ်ကယ်မှုန်၊ ၀တ်ရည်လု ၀ိုင်းစုကာသာ ပြုံ။)၂။


စာသားကတော့ ကိုချစ်ဦးညို စာအုပ်က နဲနဲ ပြင်ရတယ်
အသံဖိုင်က ကိုပေါက် မန္တလေး၊ လှိုင်းကနေ ကူးလာတာ အရည်အသွေး အတော်ကောင်းပါတယ်

မောင်ကြီး နိဗ္ဗာန်ဆော်
တေးရေး-ကန်မြဲကိုအေးကျော်
တေးဆို-ခင်အုံးမြင့်လေး


"သဗ္ဗေ သုံးဆယ့်တစ်ဖြာ အဝိဇ္ဇာထဲ ဤမှောင်ထဲမှ လွတ်ကဲလှစွာ လူတို့ရွာမူ ဘယာဖိစီး မောဟကြီး၍ အပြီးအပယ် ကျတတ်လွယ်သည်  မှတ်ဖွယ်သတိ အစဉ်ရှိ၍ လှည့်လည်နှိုးဆော်  နိဗ္ဗာန်ဆော်က အော်ကာထုတ်ခြောက် ရောက်ရပါသည် "

 (ဝါတွင်းဝါပတ် အခါကြရင် ဆွမ်းလောင်းကြ(လုံးချ)ဖို့ ရွာလုံးပတ်လည် လှည့်ကာနှိုးဆော် မောင်ကြီး နိဗ္ဗာန်ဆော်....  သူမပါ အလှူတကာ ဟင်းချက်တွေက တကယ်ညံ့သနော် နိဗ္ဗာန်ဆော် နိဗ္ဗာန်ဆော်  မောင်ကြီး နိဗ္ဗာန်ဆော်... ဒယ်မွှေ ယောင်းမကြီး... ဟန်ပါပါထမ်းလာပြီး သူလှမ်းခဲ့ရာ... မပင်ပန်းပါ တင့်လန်းစွာ ဆေးတံကို ပါးစောင်မှာခဲ ရောင်ညိုတွဲနဲ့  မောင်ကြီး နိဗ္ဗာန်ဆော်)၂

"မနက်ဖြန် တမန်ဦးစေတီ ဆွမ်းလောင်း(အလုပ်/လုံး) အားထုတ်ကြပါဗျိုး" 
(ရပ်ရွာသန့်ရှင်းရေး ရှေ့ဆုံးကပါမြဲနော် ရွှင်ရွှင်ပျော်ပျော်... စိုက်ရေးပျိုးရေး လူစုကာပေးပါလို့... ပါဝင်ရပါသနော်... ကန်မြောင်း ပြည်အရေး သူမနှေး ဒို့ရွာ(ဒိုးယို)လမ်းကအော်)၂

"တစ်အိမ်တစ်ယောက်ကြ ပေါက်တူးပေါက်ပြားယူပြီး ကန်တူးရန် ထွက်ကြပါဗျိုး" 
(သူကြီးရဲ့ အချစ်တော်၊ (ဪ) တစ်ရွာလုံးရဲ့ အချစ်တော် သုံးလေးခေတ်ပြောင်း လက်ဟောင်းအစစ်ပါနော်)၂

အိုးစည် ဒိုးပတ် ခြင်းခတ်ရာမလဲ သူဘဲဇော်.... ကျေးဇူးရှင် မောင်ကြီး  နိဗ္ဗာန်ဆော်...

ဝါတွင်းဝါပတ်....................................................  ကျေးဇူးရှင် မောင်ကြီး  နိဗ္ဗာန်ဆော်...


ဦးအံ့ကြီး လက်ရွေးစင် သီချင်းများ

ဘဂျမ်းဘယ်မလဲ

ဒုက္ခော တော်ကြာ အဲ့ကောင် ဘဂျမ်းဆိုတဲ့ကောင် ၆၆(ဃ)နဲ့ ဆွဲကွာဆိုရင် ဘယ်လိုလုပ်မလဲ စတင်တဲ့ ကောင် Htoon Aung Kyaw လိုက်သွားပါ
-
တန်ဆောင်တိုင် ကာတွန်းပြပွဲလုပ်တဲ့ လမ်းက လူကြီးတွေလဲ သတိထားကြ ဘဂျမ်းကို ထုတ်ပေးပါဆိုပြီး လာလိမ့်မယ်၊ ပါတီရဲကြီးတွေ အဲလေယောင်လို့  ပြည်သူ့ ရဲကြီးတွေက ဘာမှ သိတာမဟုတ်ဘူး နော ဦးဦး သန်းစိုး

ဖြေလျှော့ပေးပါ

ဖြေလျှော့ပေးပါ

2 November 2012 at 12:11
မနေ့ က အမျိုးသား အဆင့် ဆွေးနွေးပွဲမှာ မေးခွန်းတခု အမေးခံရတယ်

ကျနော့်ကို မေးတာတော့မဟုတ်ပါဘူး

သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးတယောက်က panelist တွေကို တင်ပြပါတယ်

မထိခိုက်ကြအောင် ပြောကျရရင် အစိုးရဌာနတွေက သူတို့ ပြည်နယ်အစိုးရတွေ development project တွေ လုပ်တဲ့အခါမှာ အဆင်ပြေနိုင်ရေးအတွက် ဥပဒေများကို ဖြေလျှော့ပေးကြပါလို့ ၊ တင်ပြ တောင်းဆိုသွားပါတယ်၊ ပြောတဲ့ ကိစ္စကိုတော့ မရေးလိုပါ၊ သူက အများရှေ့ မှာ ပြောပေးမဲ့ ကျနော်က ဒီမှာ ရေးရင် အတွယ်ခံရအုံးမယ်

ကျနော်က landuse plan, environmental law, basin management, green city approach တွေ ဆွေးနွေးထားတော့ ကျနော်ရှိတယ်ဆိုပြီး ပြောပုံပဲ။
panelist ခေါင်းဆောင်ကလဲ မျက်မှန်းတန်းနေပြီဆိုတော့ သက်ဆိုင်ရာ ဌာနကိုယ်စားလှယ် ဆွေးနွေးနိုင်ရင် ဆွေးနွေးပေးပါ၊ မဆွေးနွေးရင်လဲ ရပါတယ်တဲ့၊ နားလည်ပေးတယ်ပေါ့။

ဘယ်ရမလဲ Zaw Kanlant ဘကြီးပဲ

ကျနော့် adrenalin flow တွေတက်လာတာကို သတိထားမိလိုက်တယ်၊ တကယ်ဆိုရင် ကျနော်က အ၇မ်းကို စကားထစ်တဲ့တယောက်ပါ၊ ဒါပေမဲ့ စိတ်ဒါမျိုးဖြစ်သွားရင် မထစ်တော့ဘူး၊ ပြောချင်တာ ပြောတော့တာပဲ

ကျနော့် အဖြေ၊ ဒါမှမဟုတ် ဆွေးနွေူးချက်ပေါ့။

ကျနော်တို့ က ပြည်နယ်အစိုးရတွေက ဒါမျိုးကိစ္စတွေ၊ စီးပွားရေးသမားတွေက ဒါမျိုးကိစ္စတွေ မေးလာခဲ့ရင် ပြန်ဖြေကြရပါတယ်၊ ဖြေတဲ့အချိန်မှာ ကျနော်တို့ က ၀န်ထမ်းတွေပါ၊ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ ဝန်ထမ်းတွေပါ၊ ကျနော်တို့ ကို ထိန်းကျောင်းနေတာတွေ၊ ကျနော်တို့ က ထိန်းသိမ်းထားရတာတွေက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေပါပဲ

ပြန်ဖြေတဲ့ အဖြေတွေ သဘောထားမှတ်ချက်တွေက ကျနော်တို့ ပါစင်နယ် ခံယူချက်တွေမဟုတ်ပါဘူး တည်မြဲ အမိန့် တွေ ဥပဒေတွေ၊ နည်းဥပဒေတွေက ပြောတဲ့စကားတွေပါ၊
ပြန်ဖြေ၇တဲ့လူဟာ တောထဲက ကျေးရွာသား ဖြစ်ဖြစ် (ကျနော်တော်တော် စကားလုံးရှာလိုက်သေးတယ်) backing ရထားတဲ့ (ဘယ်သူ့ ဆီကဆိုတာတော့ ထဲ့မပြောလိုက်ပါဘူး) စီးပွားရေး သမားဖြစ်ဖြစ် အဲဒီအတိုင်းပါပဲ၊ တညီတညာထဲ ဖြေမှာပါပဲ

အဲဒီ ညီညာမှုကိုပဲ rule of law လို့ ကျနော် နားလည်ထားပါတယ်။၊ နောက် ကျင့်သုံးကြပါလို့ သမတကြီးက လမ်းညွှန်ထားတဲ့ Good Governance တို့ Clean government တို့ ဆိုတာကလဲ ဒါပဲလို့ ခံယူပါတယ်

(ပြောရင်းနဲ့ adrelanin ကပိုမြင့်လာတယ်)

ဆွေးနွေးတဲ့ case ဆိုရင် နဲနဲ ကြုံတုန်းပြောချင်ပါတယ်၊ Eco-tourism ဆိုတာ သူ အသုံးချတဲ့ ကာကွယ်ရေး ဧရိယာProtected area system တွေရဲ့ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရမှာပါ၊ ဟိုတယ်ကို အဲဒီနေရာတွေမှာ ဆောက်ရင် မညီတော့ပါဘူး၊ အင်းလေးထဲက ဟိုတယ်တွေလဲ ကမ်းစပ်တွေ ရေထဲတွေ ဆောက်ကြတာလဲ Eco-tourism concept နဲ့ မကိုက်ပါဘူး၊ အကောင်းဆုံးက အေးသာယာလို နေရာမှာ ဟိုတယ်ဇုံထားပြီး အဲဒီကမှ အင်းလေးထဲကို ပို့ ကြည့်ရှု့ ခိုင်းတာ အကောင်းဆုံးပါပဲ။

နောက်ဆုံး ပြောလိုက်မိတာ

ဖြေလျှော့ပေးပါဆိုတဲ့စကား၊

ဥပဒေတွေ နည်းဥပဒေတွေ ဖြေလျှော့ခြင်းမလုပ်နိုင်ပါဘူး၊ အုပ်ချုပ်သူဆိုတဲ့ အစိုးရ အဖွဲ့ တွေကပဲ ဖြေလျှော့ကျတာပါ၊ ဒိတော့ ဖြေလျှော့စေချင်ရင် အဲဒီ အဖွဲ့ အစည်းတွေကိုသာ ပြောပါတော့လို့ 
ကျနော့် ပြောတာတွေထဲမှာ အဖြေပါပါပြီနော်လို့ ပြောလိုက်တဲ့အခါမှာ panelist leader က စကားချောအောင် သုံးသပ်လို့ သိမ်းပလိုက်ပါတယ်။

workshop ပြီးတဲ့အချိန် ကျနော့်ကို ဘယ်သူမှ နှုတ်မဆက်ကြဘူးဗျာ 

ဖြေလျှော့ပေးလိုက်ရတဲ့ ရလဒ် လက်ရှိ ၁၄-၁၁-၂၀၁၆ အနေအထား