Saturday, October 29, 2016

ယောသူတို့ ရွာ

ယောသူတို့ ရွာ
ပုံပြတေးဆို ခုခြေခိုက်စရာမို့ လုံမလေးကိုနော်ဗျာ သူ့ အမေရိုက်ပါလို့ 
ကျနော့်ဘ၀မှာ ပထမဆုံး ဆိုဖြစ်သော ကာရာအိုကေ သီချင်း၊ သီချင်းဗွီဒီယိုခွေကို ကာရာအိုကေ ဖန်ရှင်ပါမှန်း အဲဒီတော့မှသိရသော ကျနော့် တီဗွီနှင့် အောက်စက်နှင့်ချိတ်၍ ဆိုမိသည်။
နောင် အကြောင်းအမျိုးမျိုးနှင့် ကေအိုများတွင်ဆိုရသည်။ ထူးထူးခြားခြား ဝတို့ တိုင်းပြည် ပန်ဆန်းက မြန်မာစားသောက်ဆိုင်မှာ ဆိုတော့ ဗိုလ်ကြီးအောင်ကျော်ထူးက ဘာလည်း မြန်မာပြည်ကို လိုက်ဖို့ ခေါ်နေတာလာလို့ အစခံခဲ့ရသေးသည်။
ဒီသီချင်းဆိုမိတိုင်း ယောသူတစ်ယောက်ကို သတိရမိ။
ကျနော့် တပည့်လို့ ဆိုရမဲ့ တယောက်၊ ကျနော် စတုတ္တနှစ် ကျောင်းသားဘ၀။ အနုပညာအသင်း ပတ္တလျားသင်တန်းတွင် သင်တန်းအကူဆရာအနေနှင့် တာဝန်ယူနေခဲ့သောအချိန်များ။
အဲဒီနှစ် ကျနော့်ဘ၀ အပြောင်းအလဲ များလှပါသည်။
တစ် ဆရာဦးဟန်စိန်ထံမှ ပတ္တလျားနှင့် အဆင့်မြင့် ပတ်ပျိုးသီချင်းများ အများကြီး ရလိုက်သည်။ သူငယ်ချင်းများထံမှာ ပြန်တက်သည့် သီချင်းများနှင့်ပေါင်းက ရွှေရင်ဘောင် ငွေရင်ဘောင်၊ ဖြေနိုင်ပေါင်။မြူဝန်းလို့ ခို၊ အောင်မြေသာစံ၊ ဒီပါအေးမြ၊ စသည်မှ ဟေ၀န်စုံမြိုင်တွင် ဆုံးသွားသည်။
ပထမဆုံး တစ်ယောက်ကို ဟေ၀န်စုံမြိုင် စာသားကို ကူးခိုင်းမိလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ လမ်းခွဲရသည်။ ရက်ပေါင်း ခုနှစ်ရာမဟုတ် တစ်သက်တာ အခွဲ
အိမ်တွင်လည်း အဖေနှင့် အမေ လမ်းခွဲကြသည်။
ခေါင်းတွေ ထူပူနေပါသည်။ ကျောင်းကလည်း စတုတ္တနှစ။် ခြောက်နှစ်သင်ရသော သစ်တောပညာတွင် ဤနှစ်သည် သိပ္ပံဘာသာများနှင့် ၀ိဇ္ဇာဘာသာများ စတင် ရောယှက်သောနှစ်၊ ကျောင်းပြီးသည်အထိလုပ်ရမည့် စာတမ်းများ စရသည့်နှစ်။ အလုပ်တွေများနေလို့ သာ ရင်တွင်းမှ အပူများ မေ့နေသည်။ မဒမ်မောင်ကိုကလည်း အဲဒီအချိန်က သူ ဒါရိုက်တာလုပ်ခဲ့သော ဇာတ်လမ်း၏ ရလဒ်ကြောင့် ထွက်ပြေးနေသောအချိန်များ။
ကျနော် စိတ်ဖြေရာအနေနှင့် ဆိုင်းတီးသည့်အလုပ်၊ အကတိုက်ပေးရသည့်အလုပ်၊ ပတ္တလျားသင်တန်းတွင် သင်တန်းပေးရသည့်အလုပ်၊
အဲဒီအချိန်တွေကြားမှာ အဲဒီ ယောသူကလေးကို ဆုံခဲ့ရခြင်းပါ။
တကယ့်ကို ယောသူဆိုတဲ့ ညိုပြာညက် အသားအရောင်နဲ့ ၊ ပတ္တလျားခန်းကိုလာရင် သနပ်ခါး အဖွေးသား၊ သနပ်ခါးယနံ့ သင်းပျံ့ ပျံ့ နှင့်၊ အနီးရှိ သီရိဆောင်သူတွေပေကိုး၊ ကျောင်းဆင်းပြီးမှာ အေးအေးဆေးဆေး ရေမိုးချိုးလာကြပုံ၊ ခေါင်း အမြဲလျှော်လာပုံ ဆံပင် ဖါးလျားချချထားသည်။ သူငယ်ချင်းနှစ်ယောက် အမြဲပါသော်လည်း ဘေးမှာသာ ငုတ်တုတ်။
ကျနော် ပုံမှန်ပဲ ဆက်ဆံခဲ့ပါသည်၊ တံတျာတေရှင်ကို အလွယ်တကူပဲ သူတက်ပြီးသွားသည်၊ အချိန်က ကျနော် တောဆင်းခါနီးအချိန်၊ တောဆင်းဖို့ ပြင်ဆင်နေသည့်အချိန်၊
ညနေပိုင်း (မိန်းကလေးအချိန်များ တပတ် နှစ်ကြိမ်သာရှိပါသည်) ပုံမှန်လာလေ့ရှိသူကို သတိတော့ အနည်းငယ် ထားမိသည်၊ ဒါကလွဲ၍ မပို၊
ဆရာ ကျမ နောက်နေ့ တွေ မလာတော့ဘူး
ဟင်ဘာဖြစ်လို့ 
ကျောင်းစာတွေ ကြည့်ရအုံးမယ်
ပတ္တလျား မတီးတော့ဘူးလား
အိမ်မှာ အကိုတွေ ပတ္တလျားတီးကျတယ်၊ သူတို့ ဆီက ပြန်တက်တော့မယ်
အော် အိမ်
ဟုတ် ကျမတို့ ဂန့် ဂေါကပါ
အော် ယောနယ်သူတွေပဲ
ဒါပေမဲ့ဆရာ ကျမ ဆရာ့ကို ကန်တော့ချင်လို့  မနက်ဖြန်ညနေတော့ လာခဲ့အုံးမယ်
ကျနော် အထူးအဆန်းဖြစ်နေပါ၏၊ အဲဒီအချိန်ထိ ကျနော် တစ်ခါမှ ကန်တော့ မခံဘူး
နောက်နေ့ ညနေ ကျနော့်ကို ကန်တော့သည်။ သူ ကန်တော့သော ပစ္စည်းများကြည့်၍ ကျနော် ရီနေမိသည်။ သူ့ မျက်နှာကတော့ ခပ်တည်တည်၊ ဆရာ ဒါတွေ သုံးရမယ်နော်တဲ့
ဟုတ်ကဲ့၊ ဟုတ်ကဲ့
ကျနော့် ဘ၀ထိုထိုမှ သူပျောက်သွားတော့သည်။ ကျနော်လည်း တောဆင်းသွားရင်းက ဝေဒနာမျိုးစုံခံစားရင်း သူ့ ဇာတ်လမ်းသူ ပြန်ပြီးကပေသော မဒမ်မောင်ကို၏ အားပေးစာနှင့် ဘ၀က တမျိုးပြန်ပြောင်းသွားပြန်သည်။
ကျနော်တို့ နောက်ဆုံးနှစ်၊ စိတ်ပညာ အဓိက ကျောင်းဆင်းပွဲ သီချင်းတွေလာတိုက်ကြသည်။
ဆရာ
အော်၊ ဘာလို့ အသင်းခန်း မလာတော့တာလဲ
စာတွေလုပ်နေရလို့ ပါ၊ မလိုက်နိုင်မှာစိုးလို့ 
ဟ ငါတို့ လဲ ကျောင်းသားတွေပါပဲဟာ စာကတော့ ဒီလိုပဲ ကျိုးစားရတာပေါ့
ဒါကတော့ ဆ၇ာကိုး (မကျဲတကျဲ ရီနေသည်)
သူတို့ ဆိုသော သံပြိုင်သီချင်းကို ကျနော်က ခြောက်လုံးပတ်သွားတီးပေးလိုက်ရသည် ၊ မှတ်မှတ်ရရ။ သူတို့ စန္ဒယားဝိုင်းနှင့် သူတို့ ၊
အော
နာမည် မမေးမိ
လုံးဝကို မသိလိုက် မမေးလိုက်
-
ဝှက်ဖဲကတော့ ကျနော့်ကို ကန်တော့သော ပစ္စည်းများ
ကျနော် ဘယ်လောက် အဲဒီအချိန် တေပေနေသည်ကို သဘောပေါက်စေသော ပစ္စည်းများ
သွားပွတ်တံတချောင်း
သွားတိုက်ဆေး တဗူး
လပ်စ် ဆပ်ပြာခဲ နှစ်ခဲ
အ၀တ်လျှော်ဆပ်ပြာ ရွှေဝါ နှစ်တောင့်
ဒါပါပဲဗျား
စာတွေပိနေလို့ စိတ်ညစ်တာနဲ့ ကောက်ရေးလိုက်တာ
သီချင်းကတော့ ဒီမှာ ကျနော့်အသံနဲ့ 
https://soundcloud.com/maungko/yawthudoeywa-1

No comments:

Post a Comment