Thursday, December 29, 2016

သုံမှုံမျက်ထား

သုံမှုံမျက်ထား
စာဆို။  ။ မသိ
ဆိုသူ။  ။ မောင်ကို
(သုံမှုံမျက်ထားနဲ့ တော်ပါပေ့ခင်၊ စိမ်းပြီလို့ ထင်) ၂
(အိုခင်ရယ် မောင့်အပူ မအေး၊ လွမ်းတာနဲ့ ဆွေး) ၂
(နှမသည် ခင်လေး တွေးမြင်မိယောင် မင်းဘာလို့  ရှောင်) ၂
အိုခင်ရယ် ခင့်မိဘတွေ သဘောတူတာကို ယူမယ်ကြံရော့သလား၊ (သောကမီးတွေပွားပါလို့  အကြောင်းကံရယ် ဆိုးလေပေါ့ကွယ်) ၂။ (နှမအပေါ်ဝယ် ချစ်မိတဲ့ အရေး (ကြောင့်)တွေးကာပင် ရင်လေးမိပေါ့ကွယ်) ဘယ်နတ်ကယ် ဘယ်ဒေဝါရယ် ကူညီဝိုင်းပါလို့  မှိုင်းမကာရယ်၊ (ရက်ရက်စက်စက် သနားမဖက် ပြုရက်ပေ့ကွယ်) ၂၊ ခင်လေးနဲ့  ဝေးရတော့မယ်၊ တစ်ယောက်ထဲ လောက အလယ်ဝယ်၊ အကြောင်းကံရယ် နုံချာလေပေါ့ကွယ် ခင်နဲ့  ဆုံတွေ့ ပရစေ့ကွယ်၊ သက်ဝေရယ် ဆုံတွေ့ ပရစေ့ကွယ်

No comments:

Post a Comment