Thursday, December 29, 2016

အိမ်အပြန်

တစ်ယောက်ကတော့ နွမ်းလျ အိမ်ပြန်ရောက်ချေပြီတကား
-
ကိုမောင်မောင်သန်း ကျနော်လွမ်းတယ်ဗျာဆိုရင်
-
အနုပညာအသင်းခန်းထဲမှာ စန္ဒယား တစ်လုံးနဲ့ 
ခလေးတွေစုပြီး မြို့ မသီချင်းတွေ notes စာအုပ်ထဲရှိသမျှ အကုန်ချတီး
-
ဘေးကနေ ထိုင်နားထောင်နေပြီး
-
ပြီးတာနဲ့  အလွမ်းပြေသွားပြီဗျာဆိုပြီး ထွက်သွားတဲ့ဆရာ
-
နောက်ဆုံးမြင်လိုက်ရတာ
-
အင်ဗွိုင်းခမ်းမမှာ
-
ကိုမောင်မောင်သန်း ကျနော် အမေရိကားသွားတော့မယ်လို့  နှုတ်ဆက်သွားတဲ့ဆရာ
-
အိမ်ပြန်ရောက်လာပြီပေါ့
-
သွားနှင့်ဆရာရေ
ပုံ credit Vitctor Victor Tan တက္ကသိုလ်ဘုန်းကြွယ်

No comments:

Post a Comment