Thursday, December 1, 2016

မြန်မာပြည်သား

ကျနော် အသက်ကြီးနေပါပြီ
-
လာမဲ့ ခရစ်စမတ်မှာ ၆၄နှစ် ပြည့်တော့မယ်
-
မြန်မာပြည်သူ ပြည်သား တစ်ယောက်အနေနဲ့  လက်ရှိ ခံယူချက်ကို ပြောချင်တယ်
-
နိုင်ငံသား တစ်ယောက်ဖြစ်လာရင် နိုင်ငံသား တာဝန်တွေရှိတယ်၊ ဖွဲ့ စည်းပုံမှာ ပါပြီးသားပဲ၊ အခြေခံတာဝန်တွေပေါ့
-
နဲနဲထပ်တိုးပြောရရင်
-
ကိုယ်ပိုင် စီးပွားရေး နဲ့  အသက်မွေးဝမ်းကျောင်းကြောင်းဖို့  ရွေးကြမယ်
-
နိုင်ငံ့ဝန်ထမ်းနဲ့  အသက်မွေးဝမ်းကျောင်းကြောင်းဖို့  ရွေးကြမယ်
-
နိုင်ငံဝန်ထမ်းမှာမှ ကာကွယ်ရေးဝန်ထမ်းတွေက လိုင်းတလိုင်းလို ဖြစ်နေပေမဲ့ ကျနော့် အမြင်မှာတော့ အတူတူပါပဲ၊ ဘာမှ ထူးတာမရှိ
-
ကိုယ်ပိုင်လုပ်ငန်း မလုပ်နိုင်ရင် အခြား ပုဂ္ဂလိက လုပ်ငန်းတွေမှာ ဝန်ထမ်းတွေ အနေနဲ့ ဝင်ကြမယ်

-
ပြည်တွင်းမှာ အဆင်မပြေရင် ပြည်ပတောင် ထွက်ပြီး ငွေရှာကြမယ်၊
-
တချို့ ကတော့ အခုခေတ်ကနေစပြီး နိုင်ငံကို အုပ်ချူပ်တဲ့ လူတွေအနေနဲ့ နိုင်ငံရေး သမားတွေ လုပ်ကြမယ်
-
အုပ်ချူပ်ခွင့်ရရင်ရမယ် မရရင် မရဘူးပေါ့၊ ရတဲ့လူက အစိုးရဖြစ်ပြီး မရတဲ့လူက အတိုက်အခံပေါ့
-
ဒါပဲ ရှိဖို့ လိုတယ်
-
အဲ လူ့ ဘောင်ထဲ မနေချင်ရင် သက်ဆိုင်ရာ သာသနာ အသီးသီးမှာ သာသနာ့ ဝန်ထမ်းတွေ လုပ်ကျ၊ လူ့ ဘောင်ကနေ ထွက်
-
ဘေးထိုင် ဘုပြောဆိုတာ တကယ်တော့ ဒိထဲမှာ မပါဘူး

-
စတုတ္တမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေလဲ ပွင့်ပွင့်လင်းလင်း ပြောရရင် ပုဂ္ဂလိက စီးပွားရေးပါပဲ
-
လက်နက်ကိုင် ပုန်ကန်သူဆိုတာလဲ ဒိထဲမှာ မပါဘူး
-
ခုလိုခေတ်မှာ တခြားနိုင်ငံသားခံယူသူတွေ တခြားနိုင်ငံသွား မှီခိုသူတွေ ကျနော်တို့  ပြည်သူ စာရင်းမှာ မပါဘူး
-
ရှင်းရှင်းလေးပဲ ခံယူတယ်၊ ရှင်းရှင်းလေးပဲ အလုပ်လုပ်မယ်
-
ကိုယ့်တာဝန်သူ ကိုယ်ကျေကြပါ
-
သမတကြီးကနေ အောက်ဆုံး လုပ်သားပြည်သူတွေအထိ

No comments:

Post a Comment