Friday, December 23, 2016

လွမ်းရစ်လေဦး တက္ကသိုလ် ရေး မင်းသစ်

လွမ်းရစ်လေဦး တက္ကသိုလ်
ရေး မင်းသစ်
ဆို။ မောင်ကို
ခြေဆင်း။        ။         လွမ်းလေ ရစ်ပေ ဦးတော့ အမိတက္ကသိုလ်၊ လွမ်းရစ်လေဦး အမိတက္ကသိုလ်
A
(မြကျွန်းညိုညို၊ ကွန်းရိပ်ခိုဆဲ၊ ခွဲခွာသွားရတော့မယ်၊ ဘဝအစ နကို ကထဲ….က၊ တသသ ဒို့  အသဲ….မှာ၊ အစစခိုတွဲ…….၊ အို… အလှအပလို့ ပဲ မှတ်တယ်) ၂
B
အင်းလျားကန်မင်းအလှ၊ ကံ့ကော်ပင်တန်း (နန်း)၊ သစ်ပုတ်ပင်မင်း၊ ကျောင်းတော်မဟာဝယ်၊ ကျင်လည်ခဲ့ဘဝ၊ မေ့ရခက်တယ်၊ လွမ်းစရာ၊ ဟိုရေတမာပင်တန်း၊ တူစုံလှမ်းဖူးတယ်၊ နီလာပင်စိန်ပန်းနဲ့  လမ်းခွဲတော့မယ်၊ အနေဝေးသော်လဲကွယ်၊ စိတ်အတွေးနဲ့ လွမ်းနေမယ်ထင်တယ်
Cho
(လွမ်းရစ်လေဦး တက္ကသိုလ်ရယ်၊ အမိတက္ကသိုလ်ရယ်၊ ကျွမ်းမဖြစ်လို့ လဲ ခွဲခွာမယ် သွားတော့မယ်ကွယ်၊ အနွမ်းတဆစ်ဘဝလမ်းတကွေ့ မှာကွယ်) ၂။
C
(အစာဝလို့  ဌာနပြန်တယ်၊ မထင်စေချင်ဘူးကွယ်၊ သဘာဝရဲ့  ရှုခင်းစုံတယ် ဒီပရဝုဏ်အလယ်၊ ထာဝရဖြင့် (တော့) သတိရနေမယ်၊ ဒို့ ဝိဥာဏ်တွယ်) အတောင်အလက်စုံ သိုက်မြုံကြားက ထွက်သွားရတဲ့ ငှက်ငယ်ပမာနှယ်၊ ကျင်လည်ရာ ဘဝက၊ လွမ်းတသသ လွမ်းတသသ တမ်းတလို့ ပဲ မှန်းဆနေတော့မယ်
အော်၊ လွမ်းလေရစ်ပေဦးတော့ အမိတက္ကသိုလ် (လွမ်းရစ်လေဦး အမိတက္ကသိုလ်)၃

ကိုမင်းသစ် (ဘိုင်အို)က တက္ကသိုလ် အနုပညာအသင်းဆိုဖို့ ဆိုပြီးပေးထားတာ၊ အသင်းခန်းမှာဆိုတယ်၊ ဥပဒေ နှုတ်ဆက်ပွဲ ဆိုဖူးတယ်၊ ကျနော် ၁၁၈ ဖေါင်ကြီး ကျောင်းဆင်းပွဲ သုံးဖူးတယ်၊ ဖေါင်ကြီး ကျောင်းအုပ်ကြီးက အတင်းတောင်းနေလို့  ရူးချင်ရောင်ဆောင်ခဲ့ရတယ်
သင်္ကေတ ပြန်ထုတ်ပြီးပြီး အသံသွင်းပြီးမှ ထပ်ဖြန့် မယ်တဲ့ မြင့်အောင်က

ပျောက်သွားမှာစိုးလို့ 

No comments:

Post a Comment